News @ M-Media

Tag: Yangon

  • ဥပဒေ ဒီပလိုမာကို အွန်လိုင်းမှတဆင့် ရယူနိုင်

    ဥပဒေ ဒီပလိုမာကို အွန်လိုင်းမှတဆင့် ရယူနိုင်

    စက်တင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    လင်းလင်း

    ရန်ကုန်   ။         ။   အွန်လိုင်းမှတဆင့် သင်ယူနိုင်သော ဥပဒေ ဒီပလိုမာ သင်တန်းကို ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေရေးရာဌာနသို့ အွန်လိုင်းမှ လျှောက်ထားနိုင်ကြောင်း သိရသည်။

    စာမေးပွဲဖြေဆိုရာ၌ ရုံးချိန်ပြင်ပ ဖြေဆိုလိုသူများအတွက် ပိုမိုအဆင်ပြေစေရန် နံနက် ၆ နာရီမှ ည ၆ နာရီ အထိ သတ်မှတ်ပေးထာကြောင်း၊ ယခုနှစ်တွင် ဒုတိယ အသုတ် ဒီပလိုမာသင်တန်း ပထမနှစ်ဝက်ဖြေဆိုသူ ၁၀၀-ကျော်ရှိပြီး ပထမ အသုတ် ဒီပလိုမာသင်တန်း ဒုတိယနှစ်ဝက်ဖြေဆိုသူ ၅၄-ဦးရှိကြောင်း ဖြေဆိုပြီး ရက်ပိုင်းအတွင်း၌ ရလဒ်များကို Online ၌ ထုတ်ပြန်ပေးမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေ ဒီပလိုမာကို www. yudeonline.com.mm မှ လျှောက်ထားနိုင်ကြောင်း သိရသည်။

    ရန်ကုန်အဝေးသင်တက္ကသိုလ်ရှိ ကျန်ဘာသာရပ်များလည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှစပြီး အွန်လိုင်းမှတစ်ဆင့် ဒီဂရီပေးနိုင်ရန် စတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

    ရန်ကုန်အဝေးသင်တက္ကသိုလ်ဥပဒေရေးရာဌာနအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဥပဒေဒီပလိုမာသင်တန်းကို ၂၀၁၂-ခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဒီပလိုမာသင်တန်းကို နှစ်ဝက် စာသင်ကာလ နှစ်ခုနှင့် တစ်ခုကို ၅-လတာ သတ်မှတ်ကာ ပထမနှစ်ဝက်တွင် ဘာသာရပ် ၅-ခု သင်ကြား ခဲ့ကြောင်း ဘာသာရပ်တစ်ခုလျှင် ဥပဒေပညာရပ်နှစ်ခု သင်ကြားရန်ပြဠာန်းထားသည်။ ဒုတိယနှစ်ဝက်တွင်လည်း ဥပဒေပညာရပ် ၄-ခု ပြဋ္ဌာန်း သင်ကြားပေး ပြီး အဲဒီအနက် ဥပဒေဘာသာရပ်တစ်ခုကို စာတမ်းပြုစုတင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်ပါမောက္ခ ဒေါ်မမလေးမှ ပြောကြားခဲ့သည်။

    ကိုးကား >> ကြေးမုံသတင်းစာ

  • Yangon:: သင်္ဃန်းကျွန်းရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းအား မီးကွင်းပြစ်၍ မီးရှို့ရန်ကြံစည်

    စက်တင်ဘာ ၄၊ ၂၀၁၃
    M-Media
    သုတ

    IMG_20130904_015732
    ရန်ကုန် ။ ။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ခ-ရပ်ကွက်ရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းအား ယနေ့ စက်တင်ဘာလ ၄-ရက် မနက် ၁း၄၅-နာရီခန့်က မီးကွင်းပစ်ပြီး မီးရှို့ရန်လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

    ယင်း အစ္စလာမ်ဘာသာရေးစာသင်ကျောင်းသည် သင်္ဃန်းကျွန်းမြို့နယ် ခ-ရပ်ကွက်တွင်ရှိပြီး မဒ်ရဆာ ဂျာမေ့အာ အာရဗီယာ သအ်လီမွလ်ကုရ်အာန် စာသင်ကျောင်းဖြစ်သော်လည်း ဟာဖိဇ်ဆိုလိုင်မန်ကျောင်းဟု အများသိကြသည့် ကျောင်းဖြစ်သည်။ မီးတုတ်ပစ်၍ မီးလောင်စေရန် လုပ်ဆောင်သော်လည်း ကျောင်းသားများနိုးလာပြီး ရပ်ကွက်အတွင်းမှ လူအများရောက်ရှိလာခြင်းကြောင့် ကျောင်းမှာမီးလောင်ခဲ့ခြင်း မရှိပါ။ မီးကွင်းပစ်သူအား လိုက်လံဖမ်းဆီးကြသော်လည်း မီးကွင်းပစ်သူမှာ ကားမောင်း၍ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

    ဖြစ်စဉ်အား စုံစမ်းရာ “အခုမနက်အစောကြီး နံနက် ၁း၄၅-နာရီလောက်မှာ ကျောင်းဝင်းရှေ့သို့ လူတစ်ယောက် ရောက်လာပြီး ကျွတ်ကျွတ်အိတ်နဲ့ ထည့်ထားတဲ့ ဆီထုတ်ကို ပစ်လိုက်တယ်။ ပြီးတော့ မီးတုတ်ကို ထပ်ပစ်တယ်။ အဲဒါကို မြင်လိုက်တာက ကျောင်းဝင်းနဲ့ မျက်နှာချင်းဆိုင်အိမ်က မြင်လိုက်တာ။ သူတို့ကလည်း အိပ်မပျော်လို့ အိမ်ရှေ့ ထွက်ရင်း မြင်လိုက်တော့ အော်လိုက်တယ်။ ကျောင်းသားတွေလည်း နိုးသွားတယ်၊ ရပ်ကွက်က လူတွေလည်း ၀ိုင်းလာပြီး မီးကွင်းပစ်တဲ့သူကို လိုက်တာမမိလိုက်ဘူး။ ကျောင်းမှာက ကျောင်းသား ၂၇၀ လောက်ရှိတယ်။ ၂၀၀-လောက်က အဲ့ဒီကျောင်းမှာပဲ ကျောင်းအိပ်ကျောင်းစားနေတယ်။ ၇၀-လောက်ကတော့ နေ့ကျောင်းတက်တဲ့သူတွေပါ။ မီးကွင်းပစ်ခံရတဲ့ကျောင်းဆောင်က ၃- ထပ်ကျောင်းဆောင်ပါ။ ကျောင်းဝင်းထဲမှာ အဆောက်အဦး ၂-ခုရှိပါတယ်၊ တစ်ခုက အဲ့ဒီ ၃-ထပ်ကျောင်းဆောင်ဖြစ်ပြီး နောက်တစ်ခုက ဆရာနေတဲ့ အိမ်လေးပါ။ အားလုံးနိုးလာကြတော့ မီးတော့ မလောင်လိုက်ပါဘူး။”ဟု ကျောင်းအနီးရှိ ဒေသခံတစ်ဦးမှ ပြောပြပါတယ်။

    မီးကွင်းပစ်သူ တရားခံကိုတော့ ယခုအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပဲ ကျောင်းဝင်းရှေ့တွင် ရဲလုံခြုံရေး အစောင့်များ ချထားသည်။

    IMG_20130904_080739

     

    IMG_20130904_080745

  • လိုင်လသုရ်ညဥ့်မြတ် စယ်ရီ ထမင်းကျွေးမွေးသည့်မြင်ကွင်း (ရန်ကုန်)

    သြဂုတ်လ-၆ ရက်-၂၀၁၃

    M-Media

    kadal

    ရမဿွာန်(ဥပုသ်လ)၏ နေ့ကြီးရက်ကြီးဖြစ်သော လိုင်လသုရ်ကသရ်ညဥ့်မြတ်တွင် ရန်ကုန်မြို့ ဘိုကလေးဈေးလမ်း (အောက်လမ်း)ရှိ ရှေ့တွင် ဗလီေ၇ှ့တွင် မနက် စယ်ရီ(ဝါထမင်း)  ထမင်းကျွေးမွေးသည့် မြင်ကွင်းဖြစ်ပါသည်။ သြဂုတ်လ ၆-ရက် မနက် စယ်ရီ ထမင်း အတွက် မည်သူမဆို လွတ်လပ်စွာ လာရောက်စားသုံးနိုင်ရန် စီစဉ်ပြုလုပ်ပြီး ကျွေးမွေးခြင်းဖြစ်ပါသည်။

    More Photo =>http://goo.gl/uWMGI3

  • တရားမ၀င် လယ်သိမ်းခဲ့ခြင်းအား ပိုင်ရှင်မှ တရားစွဲဆိုရန် ပြင်ဆင်နေကြောင်းသိရ

    ဇူလိုင်-၁၇၊၂၀၁၃
    M-Media
    အိမေ

    P7170145

    ရန်ကုန် ။         ။    ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာအုပ်စု မြစိမ်းရောင်ကွင်း အမှတ် ၃၆၉ အား မဟာရွှေတောင် ဖွံ့ဖြိုးမှုကုမ္ပဏီ မှတရားမ၀င် လယ်သိမ်းခဲ့ခြင်းအား ပိုင်ရှင်မှ တရားစွဲရန်ဆောင်ရွက် နေပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ ကို ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ (၁၇)ရက် နေ့လည် ၁-နာရီ တွင် MJN ( မြန်မာဂျာနယ်လစ်နက်ဝက်လ်) ရုံးခန်း ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    “ဒီလယ်မြေတွေက ကျွန်တော်တို့ ဘိုးဘွား ပိုင်လယ်ပါ။၂၀၁၁ ခုနှစ် အထိလည်း စိုက်ပျိုးရေး ဘဏ်ကနေ ချေးငွေနဲ့ ဒီလယ်ပေါ်မှာ စပါးစိုက်ပျိုးခဲ့ပါတယ်။၂၀၁၂ ခုနှစ် မေလ ၂၆ ရက်တွင်  မိုးဦးကျကာလဖြစ်သောကြောင့် စပါးစိုက်ပျိုးရန် လယ်တဲထိုးခြင်းနှင့် ပတ်ဝန်းကျင်တွင် လယ်မြေများ အရောင်းအ၀ယ် လုပ်နေကြခြင်းကြောင့် လယ်ကွက်မမှားစေရန် ခြံခတ်ခြင်းနှင့် လယ်တဲထိုးခြင်းကို မိသားစုနှင့်အတူ လုပ်ကိုင်နေစဉ် ဦးစန်းပွင့်နှင့် လူ ၁၅ ဦး ခန့်ရောက်လာပြီး ဦးစန်းပွင့်က “သူပိုင်သောလယ်ဟုဆိုကာ” လယ်ကွက်အတွင်းမှထွက်ပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်။

    ပြည်ထောင်စု သမ္မတနိုင်ငံတော် အစိုးရဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဦးစီး ဌာန နေပြည်တော် စက်မှုလက်မှု လုပ်ငန်းအတွက် မဟာ ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီ အား အသုံးပြုရန် ၂၀၁၁ခုဇွန်လ ၈ ရက်နေ့စွဲဖြင့် စတင် ခွင့်ပြုခဲ့ကြောင်းသိရသည်။၂၃.၅.၂၀၁၂ ရက်တွင် ရွှေတောင် ကုမ္ပဏီမှ လယ်သမားများ နစ်နာကြေးအဖြစ် လယ်တစ်ဧက ကို သိန်း ၈၀ အလျော်ပေးခဲ့သော်လည်း ကျွန်တော်ပိုင် လယ်မြေအား လျော်ကြေး မပေးသည့် အပြင် လယ်မြေထဲမှ မောင်းထုတ်ခြင်းကို ခံခဲ့ရပါသည်။

    ဒီလယ်မြေကို စက်မှုလက်မှု လုပ်ငန်းအတွက် မသုံးဘဲ ဦးစန်းပွင့်ထံသို့ ရွှေတောင်ကုမ္ပဏီမှ ထပ်ဆင့်ရောင်းချခဲ့ခြင်းကြောင့် ကျွန်တော်တို့မှာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့က လယ်သမားတွေဖြစ်တဲ့ အတွက် လယ်အလုပ်ပဲ လုပ်တတ်တာမို့လို့ လယ်မြေတွေပဲ ပြန်လိုချင်ပါတယ်။”ဟု လယ်ပိုင်ရှင် ဦးသောင်းညွန့်က ပြောကြားသည်။

    အဆိုပါမြေကွက်အား ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီ နှင့်ရောယှက် မှုမဖြစ်စေရန် ခြံစည်းရိုးခတ်မည်ဖြစ်ကြောင်း ၊ရွှေတောင်ကုမဏီအား အကြောင်းကြားထားပြီးဖြစ်ကြောင်း ၊ပြုလုပ် ခွင့်မပေးပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

    ဓါတ်ပုံများ ကြည့်ရန်။ Click Here

  • သန်လျင်မှ အသိမ်းခံရ လယ်မြေများ ပြန်ရရေး ဆန္ဒပြပွဲမှ အသံများ

    ဇူလိုင် ၁၆၊ ၂၀၁၃
    M-Media
    ဆူးထက်

    သန်လျင် ရေနံချက် စက်ရုံမှ တရားမ၀င် သိမ်းထားသည့် လယ်မြေများ ပြန်လည် ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲမှ အသံများ

    P7160013
    သန်လျင် ။         ။         သန်လျင် ရေနံချက် စက်ရုံမှ တရားမ၀င်သိမ်းထားသည့် လယ်မြေများ ပြန်လည်ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲမှ အသံများကို စုစည်းတင်ပြလိုက်ပါတယ်။

    “ကျွန်တော်တို့ လယ်ယာမြေတွေက သန်လျင် ရေနံချက် စက်ရုံဘေး သင်ပေါင်းတောနှင့် ပဲခူးမြစ်ဘေးမှာ ရှိတဲ့ လယ်ယာမြေတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ လယ်ယာမြေတွေကို သန်လျင်ရေနံချက် စက်ရုံက စွမ်းအင် သင်တန်းကျောင်းဆောက်မည့် အကြောင်းပြပြီး ၁၉၉၂-ခုနှစ်မှာ ရေနံချက် စက်ရုံမှာ လုံခြုံရေး ယူနေတဲ့ ဗိုလ်မှူးတစ်ဦး၏ နှုတ်မိန့်နဲ့ လယ်သမားများကို လူရော၊ တိရစ္ဆာန် မမြင်ချင်ဘူး။ သုံးရက်အတွင်း ပြောင်းပါဆိုလို့ ပြောင်းပေးခဲ့ရပါတယ်။ လယ်သမားတွေဆီက လယ်ဧက (၃၀၀)ကျော်၊ ဓနိခြံ ဧက (၁၀၀)၀န်းကျင်နှင့် ငါးကန်များ သိမ်းဆည်းခဲ့ပါတယ်။ ကွန်တော်ကတော့ လယ်(၁၅)ဧက၊ ဓနိခြံ (၂၆)ဧကနှင့် ငါးကန် (၃)ကန် သိမ်းဆည်းခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ လယ်သမားများဟာ စိတ်ဆင်းရဲမှုကြီးစွာနဲ့ ဒုက္ခမျိုးစုံ ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ လယ်ယာမြေများကို တရားဥပဒေမဲ့ မတရား သိမ်းဆည်းထားတဲ့ အတွက် လယ်သမားများ ကိုယ်စား လယ်ယာမြေများ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေး အတွက် အခုလို စုပေါင်း ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်ပါတယ်” ဟု လယ်သမား မိသားစုများမှ ဦးမျိုးဦးမှ ဆန္ဒပြပွဲသို့ ရောက်ရှိလာကြသော မီဒီယာများနှင့် ပြည်သူများသို့ သူ၏ ရင်တွင်းခံစားချက်များကို ထည့်သွင်းပြောကြားခဲ့သည်။

    လယ်ယာမြေ သိမ်းဆည်းခံရချိန်မှ ယခုချိန်ထိ ဒုက္ခဆင်းရဲ ခံစား ရပုံများကို ဗိုလ်ချုပ်ရွာမှ လယ်သူမကြီး ဒေါ်လှလှခင်က “ကျွန်မ လယ်လုပ်လာတဲ့ သက်တမ်းက ကြာပါပြီ။ ၁၉၈၉-၉၀ ခုနှစ်လောက်ထဲက စွမ်းအင် သင်တန်းဆောက်မယ် ဆိုပြီး အပြင်ကို ဖယ်ခိုင်းခဲ့ပါတယ်။ ကျွန်မဟာ မိမိပိုင် လယ်ယာမြေကနေ အရွယ်မရောက်သေးတဲ့ နှစ်နှစ်အရွယ် ကလေးကို လက်ဆွဲပြီး မျက်ရည်စက်လက်  ရွာပြင်ရဲ့ လယ်ပြင်ထဲမှာ တဲပုတ်လေးတွေ ထိုးပြီး ကင်းတက်လိုက်၊ မြွေတက်လိုက်နဲ့ ဒုက္ခ ဆင်းရဲကြီး ကင်းစွာနဲ့ နေခဲ့ရပါတယ်။ စိတ်ဆင်းရဲခြင်း များစွာနဲ့ နေခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ သားသမီးတွေလည်း အတိ ဒုက္ခရောက်ခဲ့ရပါတယ်။ ကျွန်မတို့ ဒုက္ခရောက်ခဲ့ရတဲ့ နှစ်၂၀ကျော် ကာလအတွက် ဒီကနေ့ ဒီအချိန်မှာတော့ ကျွန်မတို့ ဆုံးရှုံးခဲ့ရတဲ့ လယ်မြေတွေ၊ ကျွန်မတို့ရောက်ခဲ့ရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းစာတဲ့ အနေနဲ့ လယ်မြေတွေ ပြန်ရဖို့ အတွက် ခုလို ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။ ဆုံးရှုံးခဲ့ရတဲ့ ကျွန်မကိုယ်တိုင် လယ်လုပ်လာခဲ့တဲ့ ကျွန်မတို့ရဲ့ နာမည်ပေါက် လယ်ယာမြေတွေပါ။ အဲဒီ မြေတွေ ပြန်မရမချင်း၊ ကျွန်မတို့အတွက် စီစဉ်မှု ဘာမှ မလုပ်ပေးမချင်း ခုလို ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ကျွန်မနည်းတူ ဒီမှာရောက်ရှိနေတဲ့ သူတွေ အားလုံးဟာလည်း ဘ၀မှာ လက်တွေ့ ခံစားခဲ့ရတဲ့ လယ်သမားတွေပါပဲ။ နိုင်ငံတော် သမ္မတကြီးနဲ့ တကွ လယ်ယာမြေ စုံစမ်း စစ်ဆေးရေး အဖွဲ့ကနေ စုံစမ်း စစ်ဆေးပြီး ကျွန်မတို့ရဲ့ လယ်ယာမြေတွေကို ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးပါလို့ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။

    သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေး ကော်မတီမှ အတွင်းရေးမှူး ဒေါ်မြမြလှိုင်က “လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှု ပြည်သူများ မနစ်နာစေရန် စုံစမ်း စစ်ဆေးရေး ကော်မတီ” အပါအ၀င် ဌာနကြီး(၁၄)ခုကို စာတင်ထားခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကြီးနဲ့ လွှတ်တော်တို့မှ လယ်သမားများ ဆန္ဒပြခွင့်ရအောင် လမ်းဖွင့်ခွင့်ပြု ပေးထားလို့ တောင်းဆို ရခြင်း ဖြစ်ပါတယ်။ သမ္မတကြီးနဲ့ လွှတ်တော်က ခွင့်ပြုပေမယ့် အောက်ခြေမှာ ရှိတဲ့ စစ်တပ်တွေ၊ ဌါနဆိုင်ရာ အကြီးအကဲတွေကတော့ မသိကျိုးကျွန် ပြုနေကြပါတယ်။

    နိုင်ငံတော် အတွက် မရှိမဖြစ် အရေးပါတဲ့ လယ်သမားများကတော့ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အစစအရာရာ ဆုံးရှုံးပြီး ဆင်းရဲ ဒုက္ခမျိုးစုံ ခံစားနေရပါတယ်။ လယ်သိမ်းစဉ် အချိန်ကလည်း ခလရ၊ ၉၀ မှ လာရောက်ပြီး လူ၊ ကျွဲ၊ နွား ဘာမှ မမြင်ချင်ဘူး ဆိုပြီး ဖယ်ရှားခိုင်းခဲ့တာပါ။ တရားဝင် လျော်ကြေးပေးတာမျိုးလည်း မရှိခဲ့ပါဘူး။ တရားဝင် စာနဲ့ပေနဲ့ သိမ်းခဲ့တာ မဟုတ်ပါ။ ပါးစပ်မိန့်နဲ့ စွမ်းအင် သင်တန်းကျောင်းဆောက်မယ် ဆိုပြီး သိမ်းခဲ့တာပါ။ တိုင်းပြည်အကျိုးစီးပွား တိုးတက်ရန် အတွက် စွမ်းအင် သင်တန်းကျောင်း ဆောက်ခဲ့ရင် ကျွန်မတို့ လယ်သမားများ သဘောတူ ကြည်ဖြူကြမှာပါ။

    အခုတော့ သင်တန်းကျောင်း မဆောက်တဲ့အပြင် ရေနံချက် စက်ရုံမှ အလုပ်သမားများကို တစ်ဧက(၁၀)တင်းနှုန်းနဲ့ ယနေ့ထိ သီးစားချစားခဲ့ကြတာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပါပြီ။ ဒါကြောင့် ကျွန်မတို့ ဆီက သိမ်းဆည်းထားတဲ့ လယ်တွေကိုဘဲ ပြန်လိုချင်ပါတယ်။ သင်ပေါင်းတောရှိ ဓနိခြံ၊ ငါးကန်နဲ့ လယ်မြေတွေမှာ အိမ်ယာတွေ တည်ထားတာ ပုဂ္ဂလိက လုပ်ငန်းရှင်များလက်ထဲ ရောက်ရှိနေပါတယ်။လယ်သမားတွေက တရားဝင်စာနဲ့တင်ပြ၊ လူကိုယ်တိုင် ဆန္ဒဖော်ထုတ်ပေမယ့် အရေးယူ ပေးတာ မရှိတဲ့အပြင် လျစ်လျူရှူခဲ့ကြပါတယ်။

    ယခု သမ္မတနဲ့ လွှတ်တော်က စစ်တပ်သိမ်း လယ်မြေတွေကို ပြန်ပေးဖို့ ပြုလုပ်နေပြီလို့ သိရပါတယ်။ ကျွန်မတို့ လယ်မြေတွေကတော့ တပ်က သိမ်းပေးပြီး ရေနံက လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

    ဒါကို မကျေနပ်လို့ အခုလို လမ်းမပေါ်ထွက်ပြီး အများပြည်သူ သိရှိအောင် ဒုတိယအကြိမ် ဆန္ဒ ဖော်ထုတ်ကြခြင်း ဖြစ်ပါတယ်” ဟု M-Media သို့ပြောသည်။

    သန်လျင် ဗိုလ်ချုပ်ရွာမှ လယ်သမားကြီး  ဦးတင်ဝင်းက ” ပထမအကြိမ် ဆန္ဒထုတ်ဖော်တုန်းက အကျိုး အကြောင်း ဘာမှအဖြူ အမဲမသိရလို့ အခုဒုတိယအကြိမ် ထပ်ပြီ ဆန္ဒ ထုတ်ဖော်တာပါ။ အစိုးရဘက်က ဘာမှ မလုပ်ပေးသေးဘူးဆိုရင်လည်း ကျွန်တော်တို့ကတော့ ဆက်ပြီး ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်နေမှာပါ။ ကျွန်တော်တို့ရဲ့အခက်အခဲတွေကို နိုင်ငံတော်ကပဲ ဖြေရှင်းပေးမှ ရမှာဖြစ်တဲ့ အတွက် နိုင်ငံတော်ကိုပဲ အားကိုးပြီးတောင်းဆို မေတ္တာရပ်ခံနေတာပါ။ နိုင်ငံတော်မှာ ရှိတဲ့ အဖွဲ့အစည်းတွေက လယ်သမားကြီးတွေကို သက်ညှာတဲ့ အနေနဲ့ စဉ်းစားပြီးတော့ ဆောင်ရွက်ပေးကြပါ။ ဘာဖြစ်လို့လဲဆိုတော့ သိမ်းဆည်းခံထားရတဲ့လယ်သမား မိသားစုတွေဟာ အတော်လေး အတိဒုက္ခ ရောက်ခဲ့ရတာပါ။ သိမ်းဆည်းသွားတဲ့အချိန်ကစပြီး အခုချိန်အထိ  ဘာပံ့ပိုးမှုမှမရှိပါဘူး။

    ကျွန်တော်က လယ်ဧက ၁၀ ဧက အသိမ်းခံခဲ့ရပါတယ်။ လယ်မြေသိမ်းတုန်က သင်တန်းကျောင်းဆောက်မယ် ပြောပြီး အခုချိန်ထိ ဘာသင်တန်းကျောင်းမှ မဆောက်ပါဘူး။ အဲဒီသိမ်းထားတဲ့မြေတွေ ထဲကို ၀င်လို့လည်းမရဘူး။ ဘာမှလည်း လုပ်ကိုင်လို့ မရဘူး။ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက် ဒီလယ်ယာမြေတွေ မှာ စပါး စိုက်ပျိုးပြီးအေးချမ်းစွာ လုပ်ကိုင် စားသောက်လာခဲ့တာပါ။ လယ်မြေတွေ မရှိတော့တဲ့ အတွက် လယ်သမားမိသားစုတွေ အများကြီးဒုက္ခရောက်နေရပါတယ်။ ကျွန်တော်တို့အိမ်မှာ မိသားစုဝင် ၉ ဦးရှိပါတယ်။ ကျွန်တော်က အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် မိသားစု စားဝတ်နေရေး အတွက် လယ်သမားက လယ်ယာမြေပဲ လုပ်ကိုင်တတ်သူတစ်ဦးဖြစ်ပေမယ့် လယ်ယာမြေတွေ မရှိတော့တဲ့နောက် အပြင်မှာ ရရာ ကျပန်း အလုပ်ကို လုပ်ကိုင် ရှာဖွေ ကျွေးမွေး လာခဲ့ရတာ ခုဆို နှစ်ပေါင်း ၂၃နှစ်ကျော်လာပါပြီ။  အဲလို လုပ်ကိုင် စားသောက်လာခဲ့ရတဲ့ အတွက် ကလေးတွေရဲ့ ပညာရေးရော၊ စီးပွားရေးရော အကုန်လုံး ကျပ်တည်း ဒုက္ခရောက် နေပါတယ်” ဟု M-Media သို့ပြောသည်။

    ယခု လက်ရှိ သိမ်းဆည်းထားသော လယ်ယာမြေ နယ်မြေများအား ပုဒ်မ (၁၄၄) ကန့်သတ်တားမြစ် နယ်မြေ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

    ဓါတ်ပုံများကြည့်ရန် => Click Here