News @ M-Media
Tag: Yangon
  • သန်လျင်ရေနံချက် စက်ရုံမှ တရားမဝင် သိမ်းထားသည့် လယ်မြေများပြန်ရရေး ဆန္ဒပြ
    ဇူလိုင် ၁၆၊ ၂၀၁၃
    M-Media
    သတင်း – အိမေ
    ဓာတ်ပုံ – ဆူးထက်
    သန်လျင် ရေနံချက် စက်ရုံမှ တရားမ၀င်သိမ်းထားသည့် လယ်မြေများ ပြန်လည်ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်
    P7160009
    သန်လျင် ။         ။         သန်လျင်ရေနံချက် စက်ရုံမှ တရားမ၀င် သိမ်းထားသည့် လယ်မြေများ ပြန်လည်ရရှိရေး အတွက် ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ ၁၆-ရက်၌ ရန်ကုန် တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံး အရှေ့တွင် သိမ်းဆည်းခံ လယ်ယာမြေပိုင်ရှင်များမှ နံနက် ၁၀-နာရီမှ ၁၁-နာရီထိ ဒုတိယ အကြိမ်မြောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
    သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေး ကော်မတီမှ နာယက၊ ၁၉၆၂-ခုနှစ်မှ စ၍ မြေယာ ကော်မတီ ဥက္ကဌ၊ ၁၉၇၄-ခုနှစ်မှစ၍ ဗိုလ်ချုပ်ရွာ ပြည်သူ့ကောင်စီ အဖွဲ့ဝင် တစ်ဦးဖြစ်သော အသက် (၉၆)နှစ် အရွယ် လယ်သမားကြီး ဦးထွန်းလွင်က “နှစ်ပေါင်း ၂၀-ကျော်နီးပါး သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိဖို့ အတွက် ဆန္ဒပြတယ်လို့ မမြင်ပါနဲ့။  သမ္မတကြီးကို ငြိမ်းချမ်းစွာနဲ့ မေတ္တာရပ်ခံတာပါ။ အဲဒီ လယ်ယာမြေတွေပေါ်မှာ စွမ်းအင်သင်တန်းကျောင်း ဆောက်မယ်ပြောပြီး ၁၉၉၂-ခုနှစ်က အပြီးသက် ဖယ်ခိုင်းခဲ့ပါတယ်။ သမ္မတကြီးက လက်မှုလယ်ယာကနေ စက်မှု လယ်ယာ စနစ်ကို ပြောင်းလဲမယ်ဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ ၀မ်းသာစွာနဲ့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ရဲ့ နစ်နာမှုတွေ အတွက် နိုင်ငံတော်ဘက်ကလည်း ပြန်ဖြည့်ဆည်းပေးသင့်ပါတယ်။ အခု သိမ်းထားတဲ့ မြေဈေးတွေက တစ်ဧကကို သိန်းတစ်ရာ နီးပါး ဖြစ်နေပါတယ်။ တစ်ခါမှ မကြားဖူးတဲ့ မြေဈေးတွေပါ။ ဒီလောက်ငွေတွေရရင် အသိမ်းခံထားရတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေ ပြန်မပေးရင်တောင် ထိုက်သင့်တဲ့ နစ်နာကြေးတော့ ပြန်ပေးသင့်ပါတယ်။ ပထမအကြိမ်အနေနဲ့ ဒီနှစ် ဧပြီလ ၂၅-ရက်နေ့ကလည်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အရှေ့မှာ လူဦးရေ (၉၀)နီးပါးခန့်  ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒါက ဒုတိယ အကြိမ်မြောက်ပါ ” ဟုထည့်သွင်းပြောကြားခဲ့သည်။
    အဆိုပါ ဆန္ဒပြပွဲတွင် “တရားမ၀င် သိမ်းထားသည့် လယ်မြေများ ပြန်ပေးပါ” စာတမ်းပါ တီရှပ်များ ၀တ်ဆင်၍ ” တရားဥပဒေ စိုးမိုးရေး ဒို့အရေး”၊ “သန်လျင် ရေနံချက် စက်ရုံမှ တရားမ၀င် သိမ်းဆည်း ထားသော လယ်ယာမြေများ ပြန်လည် လုပ်ကိုင်ခွင့်ပေးပါ” ၊ စာတမ်းများပါသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လူဦးရေ (၈၀)ခန့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
    ဓါတ်ပုံများကြည့်ရန် => Click Here
  • အစ္စလာမ်ဓမ္မဗိမာန် စုပေါင်းဝါဖြေပွဲ ပြုလုပ်
    ဇူလိုင် ၁၅၊ ၂၀၁၃
    M-Media
    သတင်း/ဓာတ်ပုံ – ဆူးထက်
    ရန်ကုန် ။ ။ အစ္စလာမ်ဓမ္မဗိမာန်၏ စုပေါင်းဝါဖြေပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ အစ္စလာမ်ဓိမ္မဗိမာန် ခန်းမ၌ ဇူလိုင်လ ၁၄ရက်နေ့ (တနင်္ဂနွေနေ့)က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    P7140229
    P7140221
    More Photo => Click Here
  • ‘အာဇာနည်နေ့ တို့မမေ့ ၁၀း၃၇၊ ငြိမ်သက်စွာ ဦးညွတ် ဂါရ၀ပြုကြပါစို့’ လှုပ်ရှားမှုပုံရိပ်
    ဇူလိုင် ၁၅၊ ၂၀၁၃
    M-Media
    သတင်းဓာတ်ပုံ – ဆူးထက်
    ရန်ကုန် ။             ။       ဇူလိုင်လ ၁၉-ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများ လုပ်ကြံခံရမှု ၆၆-နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ငြိမ်သက်စွာ ဦးညွှတ် ဂါဝရ ပြုကြရန် လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး ‘အာဇာနည်နေ့ တို့မမေ့ ၁၀း၃၇၊ ငြိမ်သက်စွာ ဦးညွတ် ဂါရ၀ပြုကြပါစို့’ ဟူသည့် စာတမ်းပါ  ၆၆နှစ်မြောက် ၁၉ ဇူလိုင် လှုပ်ရှားမှု ပုံရိပ်များကို ရန်ကုန်မြို့ နေရာတချို့တွင် တွေ့မြင်ရစဉ်။
    P7140208
    P7140209
    P7140210
    P7140211
  • “၁၂၆ လမ်း” လမ်းပေါ်နှင့် နောက်ဖေးလမ်းကြား အထူးသန့်ရှင်းရေး လမ်းသာယာရေးအဖွဲ့ ဆောင်ရွက်
    ဇွန်လ ၁၄၊ ၂၀၁၃
    M-Media
    သတင်းဓာတ်ပုံ-ဆူးထက်
    126th st
    ရန်ကုန် ။           ။           မြို့ပြအင်္ဂါရပ်များနှင့်ညီညွတ်စေပြီး လူထုကျန်းမာရေးအတွက် ရည်ရွယ်၍ လမ်းပေါ်နှင့် နောက်ဖေးလမ်းကြား သန့်ရှင်းရေး စီမံကိန်းကို စတင် အကောင်ထည်ဖော် လုပ်ဆောင်နေကြကြောင်းသိရသည်။
    ရန်ကုန်မြို့တော် နယ်နမိတ်အတွင်းရှိ မြို့နယ်များ၏ ရပ်ကွက်များတွင် လမ်းမပေါ်နှင့် နောက်ဖေးလမ်းကြားသို့ စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်မှုကြောင့် မြို့ပြအင်္ဂါရပ် ချို့ယွင်းရသလို ကျန်းမာရေးအတွက်လည်း ထိခိုက်မှုရှိလာနိုင်တာကြောင့် လမ်းမပေါ်နှင့် နောက်ဖေးလမ်းကြားသို့ စည်းကမ်းမဲ့ အမှိုက်မပစ်ရ အထူးသန့်ရှင်းရေး စီမံကိန်းကို ၁၂၆လမ်း၊ လမ်းသာယာရေး အဖွဲ့မှ စတင်ဆောင်ရွက်နေကြောင်း သိရသည်။
  • မွန်လူမျိုး လူဦးရေစာရင်း ကောက်ယူရေး စီမံချက် သတင်းစာ ရှင်းလင်းပွဲ
    ဇူလိုင် ၁၄၊ ၂၀၁၃
    M-Media
    အိမေ
    DSCF5094
    ရန်ကုန် ။            ။        ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ မြို့နယ်များမှ မွန်လူမျိုး လူဦးရေစာရင်းကောက်ယူရေး စီမံချက်အတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့ ၂၀၁၃-ခု၊ ဇူလိုင်လ ၁၄-ရက် နေ့လည်(၁)နာရီတွင် တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    သတင်းစာရှင်းလင်းပွဲတွင် ဦးနိုင်ဖေတင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မွန်လူမျိုး (၃၀)ခန့်တက်ရောက်ခဲ့ပြီး သတင်းမီဒီယာ (၂၅)ခုခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
    သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းမှာ ရန်ကုန်တိုင်းအတွင်း မွန်လူဦးရေစာရင်း အမှန်မရှိခဲ့သဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်း မွန်လူမျိုး လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ခွင့် ဆုံးရှုံးခဲ့ရသဖြင့် ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းတွင် မွန်လူမျိုး လူဦးရေစာရင်း ရာနှုန်းပြည့်မီပါက မွန်လူမျိုး တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရွေးချယ်ခွင့် ရရှိနိုင်မည်ဟုလည်း သိရသည်။
    ဓါတ်ပုံ များကြည့်ရန်။ Click Here