News @ M-Media

Tag: Yangon

  • သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနား အလွန်စည်ကားခဲ့

    သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနား အလွန်စည်ကားခဲ့

    ဧပြီ ၂၃၊ ၂၀၁၄
    M-Media
    လမင်း

    DSC01238

    ရန်ကုန်  ။       ။       ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်၏ ဈာပနအခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်တွင် NLD အဖွဲ့ဝင်များ၊ အခြားနိုင်ငံရေး ပါတီများ၊ စာပေ အနုပညာအသိုင်းအ၀ိုင်းမှပုဂ္ဂိုလ်များ၊ ဆရာကြီးအား ချစ်ခင်လေးစားကြည်ညိုလှသော ပြည်သူအများက ဆရာကြီးအား နောက်ဆုံးအနေဖြင့် သွားရောက်ဂါရ၀ပြုခဲ့ကြပါသည်။

    ဆရာကြီး၏နောက်ဆုံးခရီးကို ယုဒသာန်ခန်းမမှ ရေဝေးသုသာန်သို့ ကားအစီး ၁၀၀ ကျော်ဖြင့် လိုက်ပါပို့ဆောင်မည့်သူများကို ပို့ဆောင်ပေးခဲ့ပြီး ဆရာကြီး၏ ဈာပနကိုဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများနှင့် ဆရာကြီးဦးဝင်းတင်၏တပည့်များက မြောက်ဥက္ကလာအ၀ိုင်းမှ ရေဝေးသုသာန်ထိ လမ်းလျှောက် ဂါရ၀ပြုခဲ့ကြကြောင်းလည်း သိရသည်။

    ရေဝေးသုသာန်သို့ကားများမထွက်ခွာမီ ယုဒသာန်တွင်ကျင်းပနေသော အောက်မေ့ဖွယ်အခမ်းအနားတွင် ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က “ဆရာကြီးရဲ့ဈာပနာဟာ နိုင်ငံတော်ဈာပနာမဖြစ်ပေမဲ့ ပြည်သူ့ဈာပနာဖြစ်ခဲ့တယ်” လို့ပြောကြားခဲ့ပါသည်။

    ဆရာကြီး၏ အောက်မေ့ဖွယ်အခမ်းအနားကို မြန်မာနိုင်ငံရှိအနယ်နယ်အရပ်ရပ်မှ ပြည်သူများလာရောက်ခဲ့ကြပြီး လူဦးရေ အလွန်များပြားလွန်းသောကြောင့် လည်းကောင်း၊ ရာသီဥတုပူလွန်းသောကြောင့်လည်းကောင်း လာရောက်သူအချို့မှာလည်း မူးမေ့လဲသူများရှိခဲ့ပြီး နာရေးကုညီမှုအသင်းမှအပြင်သို့ ခေါ်ဆောင် သွားခဲ့ရကြောင်း သိရသည်။

    ဆရာကြီးဦးဝင်းတင်သည် ၂၀၁၄ ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဆရာကြီး၏ဂါရ၀ပြုအခမ်းအနားကို ယုဒသာန်တွင် ၂၁ ၊၂၂ ရက်နှင့် ၂၃ ရက်နေ့လည် ၁၂ နာရီအထိထားရှိကာ ဆရာကြီးကိုချစ်သော ပုဂ္ဂိုလ်များလာရောက်ဂါရ၀ပြုခဲ့ကြပြီး ၂၃ ရက်နေ့ ညနေ ၅ နာရီ တွင် ဂူသွင်းသင်္ဂြိုဟ်ခြင်းကို ပြုလုပ်ခဲ့သည်။

  • မိကျောင်းကန် သပိတ်စခန်း ၂၈ ရက်ရှိပြီဖြစ်သော်လည်း ထူးခြားမှုမရှိသေး

    မိကျောင်းကန် သပိတ်စခန်း ၂၈ ရက်ရှိပြီဖြစ်သော်လည်း ထူးခြားမှုမရှိသေး

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media
    လမင်း

    DSC00327

    ရန်ကုန်။ ။ မိကျောင်းကန်လယ်ယာမြေပြန်ရရှိရေးအတွက် တတိယအကြိမ်အဖြစ် သပိတ်စခန်းဖွင့်ကာတောင်းဆိုနေကြသော ပြည်သူများသည် ယနေ့ဧပြီလ ၂၀ ရက်နေ့တွင် ၂၈ ရက်မြောက် ရှိပြီဖြစ်သော်လည်း တစ်စုံတစ်ရာထူးခြားမှုမျိုးမရှိသေးကြောင်း သိရသည်။

    “ကျွန်တော်တို့ အခုထိတော့ဘာမှထူးခြားတာမျိုးမရှိသေးပါဘူး။ သင်္ကြန်ရက်မတိုင်မီတစ်ရက်ကတော့ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင် ဦးခိုင်မောင်ရည် လာရောက်ခဲ့ပါတယ်။ အခုထိလာရောက်ဖြေရှင်းပေးတာမျိုးမရှိသေးပါဘူး” ဟု သပိတ်စခန်းဦးဆောင်သူတစ်ဦးဖြစ်သူ ဦးစိန်သန်းကပြောကြားခဲ့သည်။

    မိကျောင်းကန်ပြည်သူများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းဖြေရှင်းသော်လည်း ပြေလည်မှုမရခဲ့ပါ။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့တွင်လည်းသွားရောက်ကာ ၎င်းတို့နစ်နာမှုများကိုသွားရောက်ပြောကြားခဲ့ကြသည်။

    မိကျောင်းကန်သပိတ်စခန်းတာဝန်ရှိသူများကို ကျောက်တံတားရဲစခန်းမှ ခွင့်ပြုချက်မရှိပဲ သပိတ်စခန်းဖွင့်ထားသောကြောင့် တရားစွဲဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည်အိမ်သို့သွားရောက်ခဲ့ခြင်းကြောင့်လည်း ဗဟန်းရဲစခန်းမှလည်းတရားစွဲဆိုထားကြောင်းသိရသည်။

     

  • ယာဉ်မတော်တဆမှု လျော့အောင် ဆိုင်ကယ် မစီးခိုင်းတာဟု ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးပြော

    ယာဉ်မတော်တဆမှု လျော့အောင် ဆိုင်ကယ် မစီးခိုင်းတာဟု ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးပြော

    ဧပြီ ၁၁၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။      ။ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ်၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေမှာ တစ်လထက် တစ်လမြှင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီထံမှတဆင့် သိရှိရပါသည်။

    ၂၀၁၄ မတ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုပေါင်း ၁၇၁ ခုဖြစ်ပွားခဲ့ပြီး ၂၁၇ ဦးဒဏ်ရာရခဲ့ပြီး သေဆုံးသူ ၃၆ ဦးရှိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အဆင်မြင့် အရာရှိတစ်ဦးက “ကျွန်တော်တို့ဒီလို တစ်လနဲ့တစ်လ မြှင့်တက်လာတာကို လျော့ကျသွားအောင် လုပ်ဆောင်နေပါတယ်။ ပညာပေး လုပ်ငန်းတွေကိုလည်း ရုပ်မြင်သံကြားတွေကနေ၊ လက်ကမ်း စာစောင်တွေထုတ်ပြီး လုပ်နေပါတယ်။ ယာဉ်တိုက်မှု တစ်ခုဖြစ်ပြီဆိုရင် အဲဒီတစ်မှုထဲမှာ လူတွေနှစ်ယောက် သုံးယောက်သေနေကြတာ။ ကားတွေလည်း စည်းကမ်းရှိ၊ လူတွေလည်း စည်းကမ်းရှိရင် ယာဉ်တိုက်မှုနှုန်းတွေလျော့ကျသွားမှာပါ” ဟူ၍ပြောခဲ့သည်။

    ယာဉ်တိုက်မှုများလျော့နည်းစေရန်အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ ရန်ကုန်တိုင်း အတွင်း သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုထားသော မော်တော် ဆိုင်ကယ်များမှအပ တစ်ခြား ခွင့်မပြုထားသော ဆိုင်ကယ်များကိုလည်း ထိရောက်စွာ ဖမ်းဆီးအရေးယူ လျက်ရှိနေကြောင်း သိရသည်။

    “ယာဉ်မတော်တဆမှုလျော့နည်းအောင် ကျွန်တော်တို့က ဆိုင်ကယ်တွေကို မစီးခိုင်းတာပါ။ တချို့တွေက စီးနေကြတုန်းပဲ။ တွေ့ရင်တော့ ဖမ်းပါတယ်။  အခုမတ်လထဲမှာ ဆိုင်ကယ် ၄၀၃ စီးဖမ်းဆီးမိပါတယ်။ လိုင်စင်ရှိက ၂၇၉ စီး၊ လိုင်စင်မဲ့က ၁၂၄ စီးဖမ်းမိပါတယ်။ ဖမ်းမိတာတွေကိုလည်းအရေးယူထားပါတယ်။ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေဆိုရင် ပြည်သူပိုင် သိမ်းထားလိုက်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

    ယာဉ်မတော်တဆဖြစ်မှုကြောင့် သေဆုံးသူ ဦးရေမှာ ဇန်န၀ါရီလတွင် ၂၇ ဦး၊ ဖေဖော်ဝါရီလတွင် ၃၁ ဦးနှင့် မတ်လတွင် ၃၆ ဦးရှိရာ တဖြည်းဖြည်းနှင့် မြှင့်တက် လာကြောင်းကို တွေ့ရသည်။

  • အနုပညာရှင်များ သင်္ကြန်တွင်း ဝတ်ဆင်ဆင်ယင်မှု ထိန်းသိမ်းရန် ရုပ်ရှင် အစည်းအရုံး ကြေညာချက်ထုတ်

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media
    လမင်း
    ရန်ကုန်။ ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သင်္ကြန်ကာလအတွင်း အနုပညာရှင်များ၏ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော ၀တ်စားဆင်ယင်မှုများကို မ၀တ်ဆင်ရန်၊ ရှောင်ကြဉ်ရန် ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
    556099_362712680445593_100001205914159_1072114_441082482_n copy
    ကမ္ဘာတစ်ဝန်းရှိရုပ်ရှင်သရုပ်ဆောင်များ၏ ၀တ်စားဆင်ယင်မှုသည် ယနေ့ခေတ်လူငယ်များ၏ အတုယူဖွယ်ဖြစ်နေလျှက် ရှိနေသောကြောင့် မြန်မာလူမျိုးများနေနှင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန် အားလျော်စွာ သင်္ကြန် ကာလတွင် အနုပညာရှင်များ အနေနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ၀တ်စား ဆင်ယင်မှုများကို မပြုလုပ်ကြရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တိုက်တွန်းနှိုးဆော်သည့် ထုတ်ပြန်ချက်ကို အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးလူမင်းက ထုတ်ပြန်ခဲ့သည်။

    အဆိုပါထုတ်ပြန်ချက်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ အခြားပြည်နယ်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့်လည်း ၀တ်စားဆင်ယင်မှုများနှင့် ပတ်သက်၍ စည်းကမ်းများ ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်းသိရှိရပါသည်။

    ၂၀၁၂ သင်္ကြန်ချိန်ခါတွင် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သူ သင်ဇာဝင့်ကျော်၏ ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ခေါ်ယူ သတိပေးခဲ့သည့်ဖြစ်ရပ်မျိုးရှိခဲ့ဖူးသည်။

    ပုံ စာညွှန်း-၂၀၁၂ သင်္ကြန်ချိန်ခါက အနုပညာရှင်တချို့ ဝတ်စားဆင်ယူမှု
    Photo- internet

  • သင်္ကြန်ကာလ အတွင်း ရန်ကုန်မြို့ လမ်းအချို့ တစ်လမ်းမောင်း စနစ်ကျင့်သုံးမည်

    သင်္ကြန်ကာလ အတွင်း ရန်ကုန်မြို့ လမ်းအချို့ တစ်လမ်းမောင်း စနစ်ကျင့်သုံးမည်

    ဧပြီ ၉၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။        ။ မဟာသင်္ကြန်ကာလအတွင်း ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့ရှိအချို့လမ်းများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း တစ်လမ်းမောင်းစနစ်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

    တစ်လမ်းမောင်းစနစ် ကျင့်သုံးရမည့်လမ်းများမှာ ဆရာစံလမ်း (ကမ္ဘာအေးစေတီလမ်းဆုံမှ စက်မှု ၁ လမ်းဆုံ)အထိ၊ မဟာဗန္ဓုလလမ်း (ပန်းဆိုးတန်းမှ ဆူးလေဘုရားလမ်း) အထိ၊ ကန်တော်ကြီးပတ်လမ်း စသည့်နေရာများတွင် တစ်လမ်းမောင်းစနစ်သာ ကျင့်သုံးရမည်ဖြစ်ကြောင်း သိရသည်။

    “အခုလိုတစ်လမ်းမောင်းစနစ် ကျင့်သုံးရတာဟာ ယာဉ်ကြောကျပ်တဲ့နေရာတွေကို လုပ်တာဖြစ်တယ်။ အရင်လိုပဲနှစ်လမ်းသွားဆိုရင် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ အခုလိုတစ်လမ်းသွားတွေ သတ်မှတ်ပေးလိုက်တော့ လမ်းတွေချာင် သွားပြီး သွားရတာအဆင်ပြေသွားမှာဖြစ်ပါတယ်” ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ အဆင့်မြင့် အရာရှိတစ်ဦးပြောခဲ့သည်။

    သင်္ကြန်ကာလမှာရဲအင်အားတွေလည်း တိုးမြှင့်ထားပါတယ်။ အခုလိုယာဉ်ကြောတွေရှင်းသွားတော့ ယာဉ်တိုက်မှုတွေလည်း လျော့နည်းသွားအောင်ပြုလုပ်ကြောင်း သိရသည်။ တစ်လမ်းသွား အဖြစ်ပြုလုပ်မည့် လမ်းများကိုလည်း ရုပ်မြင်သံကြား၊ သတင်းစာများတွင် ထည့်သွင်း၍ အသိပေးကြေညာထားကြောင်းလည်း သိရသည်။