News @ M-Media

Blog

  • IS က မူဆိုးလ်တွင် တစ်ရက်တည်း အရပ်သား ၁၆၀ ကျော်ကို သတ်ပစ်ဟု ကုလ လူ့အခွင့်အရေးအဖွဲ့ ပြော

    IS က မူဆိုးလ်တွင် တစ်ရက်တည်း အရပ်သား ၁၆၀ ကျော်ကို သတ်ပစ်ဟု ကုလ လူ့အခွင့်အရေးအဖွဲ့ ပြော

    ဇွန် ၆၊ ၂၀၁၇
    M-Media

    – အီရတ်နိုင်ငံ မူဆိုးလ်မြို့ရှိ IS အကြမ်းဖက်အဖွဲ့မှာ ပြီးခဲ့သည့်တစ်ပတ်က တစ်ရက်တည်းတွင် အရပ်သား ၁၆၀ ကျော်ကို သတ်ပစ်ခဲ့ပြီး မြို့တွင်းမှ ထွက်ပြေးမှုကို တားဆီးရန်ဖြစ်သည်ဟု ကုလက ပြောကြားလိုက်သည်။

    “IS နဲ့ အခြားအကြမ်းဖက်အဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ကမ်းကုန်နေပါပြီ။ မနေ့က မူဆိုးလ်မြို့အနောက်ပိုင်း အလ်ရှီရာရပ်ကွက် လမ်းတွေပေါ်မှာ အသက်ခံထားရတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေရဲ့ပုံကို ကျွန်တော့် ၀န်ထမ်းက ကျွန်တော့်ကို ပြပါတယ်။ မြို့ထဲက ထွက်ပြေးတာကို တားဆီးဖို
့အတွက် IS အဖွဲ့ဟာ အနည်းဆုံး လူပေါင်း ၁၆၃ ယောက်ကို ပစ်သတ်ခဲ့တာပါ” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဇိုက် ဘင် ရာအဒ် အလ်ဟူစိန်က ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    ဟူစိန်၏ ပြောရေးဆိုခွင့်ရှိသူ ရူပါ့တ် ကိုလ်ဗီလီကမူ အဆိုပါ သတ်ဖြတ်မှုမှာ ဇွန်လ ၁ ရက်နေ့က ဖြစ်ခဲ့သည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။

    မူဆိုလ်းတွင် IS က ထိန်းချုပ်ထားသည့် ကျန်ရှိနေမြေများအား သိမ်းပိုက်နိုင်ရေးအတွက် မေလနှောင်းပိုင်းမှစ၍ အီရတ်စစ်တပ်မှာ ကြီးမားသည့် ထိုးစစ်ဆင်မှုတစ်ခု ပြုလုပ်ခဲ့သည်။

    အကူအညီပေးရေး အဖွဲ့များက မူဆိုးလ်မြို့တိုက်ပွဲများတွင် ပိတ်မိနေသည့် ထောင်နှင့်ချီသော အရပ်သားများအတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

    ယူနီဆက်ဖ်ကလည်း IS ထိန်းချုပ်ရာ ဒေသများတွင် ကလေးငယ်ပေါင်း ၁ သိန်းခန့်မှာ အလွန် အန္တရာယ်ရှိသည့် အခြေအနေတွင် နေထိုင်နေရသည်ဟု သတိပေးထားသည်။

    Ref: Aljzeera

  • မောင်သော်က (ခ) ဗိုလ်မှူးဘသော်  ကွယ်လွန်ခြင်း (၂၆)နှစ်ပြည့်အခမ်းအနား ပြုလုပ်မည်။

    မောင်သော်က (ခ) ဗိုလ်မှူးဘသော် ကွယ်လွန်ခြင်း (၂၆)နှစ်ပြည့်အခမ်းအနား ပြုလုပ်မည်။

    ဇူလိုင် ၆ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    စာပေလောကတွင် ထင်ရှားသည့် စာရေးဆရာကြီး တစ်ဦးဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူများထဲက တစ်ဦးဖြစ်သည့် စာရေးဆရာကြီး မောင်သော်က ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အမှတ်တရ အထိမ်းအမှတ် အခမ်းအနားတရပ်ကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၁ ရက်တွင်   Yangon Book Plaza၊ မှာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

    အခမ်းအနားတွင်  ဆရာ မောင်သော်ကနှင့် ပတ်သက်သည့် အမှတ်တရ အကြောင်းအရာများပြောကြားခြင်း၊ စာအုပ်များ ပြသခြင်း၊ ဆရာမောင်သော်က ကဗျာများ ရွတ်ဖတ်ခြင်းတို့နှင့် တက်ရောက်သူတိုင်းကို ဆရာမောင်သော်က အမှတ်တရ မှတ်တမ်းစာအုပ်လေးများ ကမ်းခြင်းတို့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရပါတယ်။

    ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူ စာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်)  ၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးခဲ့ခြင်းဖြစ်ပါတယ်။

    အခမ်းအနားအစီအစဉ်
    ————————-
    နေ့စွဲ – ၁၁.၆.၁၇
    အချိန် – နေ့လယ် ၁ နာရီ
    နေ့ရာ – Yangon Book Plaza၊ ငါးလွှာ၊ သံဈေး၊ လမ်းမတော်လမ်း၊ ရန်ကုန်။ (၁၇ လမ်းရှိ သံဈေး ၀င်ပေါက်တွင် သီးသန့် ဓာတ်လှေကားရှိပါသည်)

    မောင်သော်က (ခ) ဗိုလ်မှူးဘသော်  နှင့် ပတ်သက်သည့် သတင်းဆောင်းပါးများ ဖတ်လိုလျှင်
    http://www.m-mediagroup.com/news/tag/mgthawka

  • ကာတာသံတမန်ပြဿနာကြောင့် ပင်လယ်ကွေ့စီးပွားရေးတွင် ဒေါ်လာ ဘီလီယံနှင့်ချီ ဆုံးရှုံးနိုင်

    ကာတာသံတမန်ပြဿနာကြောင့် ပင်လယ်ကွေ့စီးပွားရေးတွင် ဒေါ်လာ ဘီလီယံနှင့်ချီ ဆုံးရှုံးနိုင်

    ဇွန် ၆၊ ၂၀၁၇
    M-Media

    – ကာတာနဲ့ အာရပ်ပင်လယ်ကွေ့ နိင်ငံများတွေအကြား သံတမန်ရေးရာ သဘောထားကွဲလွဲမူဟာ ကုန်သွယ်မူနဲ့ ရင်းနှီးမြုပ်နှံမှု နှေးကွေးတာ၊ ရေနံဈေးနှုန်းကျဆင်းမှုကို ရင်ဆိုင်နေရတဲ့အချိန် ဒေသတွင်း ငွေချေးမှုမှာ မတန်တဆ ဈေးပေးရတာတွေ ဖြစ်လာပြီး ကန်ဒေါ်လာ ဘီလီယံနဲ့ချီ ဆုံးရှုံးနိုင်ပါတယ်။

    ဆော်ဒီ၊ အီဂျစ်၊ ယူအေအီးနဲ့ ဘာရိန်းတို့က ကာတာနဲ့ ကုန်လမ်း၊ ရေလမ်း ၊ လေကြောင်းလိုင်း အဆက်သွယ် ဖြတ်တောက်ဖို့ တနင်္လာနေ့က ဆုံးဖြတ်လိုက်တာကြောင့် ဖြစ်လာမယ့် စီပွားရေးပြသနာကို နိုင်ငံပိုင်ရန်ပုံငွေ ကန်ဒေါ်လာ၃၃၅ ဘီလီယံ အကူအညီနဲ့ ကာတာက ရှောင်းရှာနိင်မယ့် အနေထားမှာ ရှိပါတယ်။

    ကာတာက အသစ်ချဲ့ထွင်ထားပြီး ဧပြီလမှာတင် ကန်ဒေါ်လာ ၂.၇ ဘီလီယံဖိုး တင်ပို့နိုင်ခဲ့တဲ့ ဆိပ်ကမ်းတွေကနေ သဘာဝဓာတ်ငွေ့အရည်ကို ဆက်လက်တင်ပို့နိုင်မှာဖြစ်ပေမယ့်၊ သင်္ဘောတွေနဲ့လာပြီး ဆော်ဒီနယ်စပ်ကိုဖြတ်ကာ တင်သွင်းရတဲ့ ကုန်ပစ္စည်းအ၀င်လမ်းကတော့ အခုအချိန်မှာ ပိတ်သွားပါပြီ။

    ကာတာရဲ့ အဓိက စတော့ဈေးကွက် အညွှန်းကိန်းဟာ ၇ ရာခိုင်နှုန်းကျော်ကျော်လောက် ကျဆင်းသွားခဲ့ပြီး၊ ဒူဘိုင်းရဲ့ စတော့ဈေးကွက်တွေကလည်း ၀.၇ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ဆော်ဒီရဲ့ အဓိက စတော့ရှယ်ယာ အညွှန်းကိန်းဟာ ကျဆင်းသွားပေမယ့် နောက်ပိုင်းမှာ ၀.၅ ရာခိုင်နှုန်းလောက် ပြန်တက်လာခဲ့ပါ
    တယ်။

    စီပွားရေး ခက်ခဲလာမူ

    ကာတာနိုင်ငံအတွင်းက စူပါမားကတ်တွေမှာ ပုံမှန်ထက်ပိုတဲ့ ၀ယ်ယူမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

    အလ်ဂျာဇီးရားသတင်းဌာနက သွားရောက်ခဲ့တဲ့ ငွေလဲဆိုင်တွေမှာလည်း တနင်္လာနေ့မှာ ငွေလဲမှုနှုန်းဟာ မြင့်တက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ အခြေနေမျိုး ရှိတယ်လို့ ဘဏ် မန်နေဂျာတွေက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

    အငြင်းပွားမူ ဆက်လက်ဖြစ်နေဦးမယ်ဆိုရင်တော့ ပင်လယ်ကွေ့နိင်ငံများ ပူပေါင်းဆောင်ရွက်ရေးကောင်စီ(GCC) အဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးနယ်ပယ် တော်တော်များများကို ဆိုးဆိုးဝါးဝါး ထိခိုက်လာနိုင်ပါတယ်။

    ဒူဘိုင်း၊ ဒိုဟာနဲ့ အဘူဒါဘီကို အခြေပြုပြီး ပြေးဆွဲနေတဲ့ ဒေသတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာလည်း သံတမန်ရေးရာ တင်းမာမှုကြောင့် ဆုံးရှုံးမူနဲ့ ရင်ဆိုင်ရမယ့် အနေထားမှာ ရှိပါတယ်။

    GCC နိုင်ငံတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုကို အလွန်အမင်း မှီခိုအားထားနေရတာကြောင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုဟာ နည်းနည်းသာရှိပြီး ဒါက အခုလိုတင်းမာမှုကြောင့် စီးပွားရေးကျဆင်းမှုအတွက် အခုအခံ ဖြစ်ပါလိမ့်မယ်။

    GCC နိုင်ငံတွေအတွင်း ဒူဘိုင်းဟာ ကာတာရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပေမယ့် ကမ္ဘာနဲ့ချီရင်တော့ အဆင့် ၅ မှာသာ ရှိပါတယ်။

    ကုန်သွယ်ရေးအချက်အလက်တွေရ ဆော်ဒီနဲ့ အခြား GCC နိုင်ငံတွေဟာ ကာတာနိုင်ငံရဲ့ စတော့ဈေးကွက်မှာ ပါဝင်မှု ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းသာ ရှိတယ်လို့ သိရပြီး၊ ဒါက သူတို့အားလုံး ထွက်သွားရင်တောင် ကာတာစတော့ဈေးကွက်က ပြိုလဲသွားမှာ မဟုတ်ဘူးလို့ ပြသနေပါတယ်။

    နိုင်ငံခြားဘဏ်လုပ်ငန်ရှင် အချို့က သံတမန်ရေးရာ တင်းမာမှု ဆက်လက်တည်ရှိနေဦးမယ်ဆိုရင် ငွေထုတ်ချေးတာတွေ အဆုံးသတ်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “တကယ်လို့ အငြင်းပွားမူဟာ သိပ်မကြာဘူးဆိုရင်လည်း အဲဒီအကျိုးဆက်ဟာ တော်တော်ကြီးမားနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက ကာတာနဲ့ အခြား GCC နိုင်ငံဆိုပြီး ခွဲမှာမဟုတ်ပါဘူး။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေကလည်း GCC နိုင်ငံတွေကို လက်ရှောင်ကြမှာပါ။ တကယ်လို့ ကာတာက အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့နေတယ်၊ ဒါမှဟုတ် ဒါကို ခွင့်ပြုနေတယ်ဆိုတာ မြင်လာရရင် သူတို့တွေလည်း သတိထားကြမှာပါ” လို့ နိုင်ငံရေးအရ အထိအခိုက်မခံမှုကြောင့် အမည်မဖော်လိုသူ ပင်လယ်ကွေ့အခြေစိုက် နိုင်ငံတကာ ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

    ၂၀၁၄ တုန်းကလည်း ဆော်ဒီ၊ ယူအေအီးနဲ့ ဘာရိန်းတို့ဟာ ကာတာကနေ သူတို့ရဲ့ သံတမန်တွေကို ပြန်လည်ရုပ်သိမ်းတာမျိုး လုပ်ခဲ့ပြီး ၈လထိ ကြာမြင့်ခဲ့ပါတယ်။ ဒါပေမယ့် ပို့ဆောင်ရေး အဆက်အသွယ်တွေမဖြတ်တောက်တာကြောင့် ဈေးကွက်နဲ့ စီးပွားရေးအပေါ်မှာ နည်းနည်းသာ ထိခိုက်ခဲ့ပါတယ်။

    အခုတစ်ခါမှာတော့ ဆော်ဒီက “ကာတာကို သူ့လို အဆက်အသွယ်ဖြတ်တောက်တာမျိုး လုပ်ဆောင်ဖို့ ညီအစ်ကိုနိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေ၊ နိုင်ငံတကာကုမ္ပဏီတွေနဲ့ ချက်ခြင်း နားလည်မှုရယူရေး ဥပဒေကြောင်းအရ လုပ်ဆောင်မှု စတင်တော့မယ်” လို့ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • အင်္ဂလန်လက်ရွေးစင်အသင်း မရိန်းတပ်ဖွဲ့ လေ့ကျင့်ရေးစခန်းတွင် သွားရောက်လေ့ကျင့်

    အင်္ဂလန်လက်ရွေးစင်အသင်း မရိန်းတပ်ဖွဲ့ လေ့ကျင့်ရေးစခန်းတွင် သွားရောက်လေ့ကျင့်

    ဇွန် ၆၊ ၂၀၁၇
    M-Media

    – စနေနေ့တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ စကော့တလန်အသင်းနှင့် ကစားရန် ပြင်ဆင်သည့်အနေဖြင့် အင်္ဂလန် လက်ရွေးစင်အသင်းမှာ တော်ဝင်မရိန်းတပ်ဖွဲ့၏ လေ့ကျင့်ရေးစခန်းတွင် ၄၈ နာရီကြာ သွားရောက် လေ့ကျင့်ခဲ့သည်ဟု သိရသည်။

    ဒီဗွန်မြို့ရှိ ကွန်မန်ဒိုလေ့ကျင့်ရေးစခန်းတွင် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့က သွားရောက်လေ့ကျင့်ခဲ့ခြင်းဖြစ်ပြီး ထိုအစီအစဉ်ကို နည်းပြ ဆောက်သ်ဂိတ်က စီစဉ်ခဲ့သည်။

    “ကောင်လေးတွေကို မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုနဲ့ ထိတွေ့စေချင်ပါတယ်။ သူတို့မမျှော်လင့်ထားတဲ့ အရာမျိုးပေါ့။ မရိန်းစစ်သားတွေက မမျှော်လင့်ထားတဲ့ ကို့ယို့ကားယား အတွေ့အကြုံတွေကို ပြောပြတယ်။ ဒါကလည်း ကမ့်က လေ့ကျင့်မှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။ အသင်းအဖွဲ့တစ်ခုအနေနဲ့ ခက်ခဲတဲ့အေ
    ခြနေကို အသားကျအောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ဆိုတာမျိုးပေါ့” ဟု ဆောက်သ်ဂိတ်က FA ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ကမ္ဘာပေါ်ရှိ လက်ရွေးစဉ်အဖွဲ့များထဲမှ တစ်ဖွဲ့နှင့် အသင်းသားများကို ထိတွေ့စေချင်ကြောင်း၊ မိမိတို့နှင့်မတူသည့် နောက်ထပ်ကမ္ဘာတစ်ခု ရှိနေသည်ကို မြင်စေချင်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ထိုလေ့ကျင့်မှုအတွင်း ဟင်းလင်းပြင်၌ ညဘက် စခန်းချခြင်းလည်း ပါဝင်သည်။

    Ref: BBC

  • အကြမ်းဖက်များအား အစ္စလာမ့်ထုံးစံအတိုင်း သဂြိုဟ်ရေး အစ္စလာမ့်ဓမ္မပညာရှင်များ ငြင်းဆန်

    အကြမ်းဖက်များအား အစ္စလာမ့်ထုံးစံအတိုင်း သဂြိုဟ်ရေး အစ္စလာမ့်ဓမ္မပညာရှင်များ ငြင်းဆန်

    ဇွန် ၆၊ ၂၀၁၇
    M-Media

    ဗိတိန်ရဲတပ်ဖွဲ့က အကြမ်းဖက်သား ၃ ဦးထဲက ၂ ဦးရဲ့ အမည်တွေကို ထုတ်ပြန်ခဲ့ပြီး ခူရမ် ရှာဇဒ်ဘတ်နဲ့ ရာချစ် ရီဒူနီဖြစ်တယ်လို့ ဆိုပါတယ်။

    – တနင်္ဂနွေနေ့ မနက်ပိုင်းက လန်ဒန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူတွေကို အစ္စလာမ့် ထုံးတမ်းအရ ဈာပနအခမ်းအနားပြုလုပ်ပေးဖို့ ယူကေ အစ္စလာမ့်ဓမ္မပညာရှင်များအဖွဲ့ကြီးက ငြင်းဆိုလိုက်ပါတယ်။

    လန်ဒန်တံတားမှာ ဗန်ကားနဲ့ဝင်တိုက်ကာ ဘိုရိုဈေးမှာ တွေ့ကရာလူကို ဓားနဲ့လိုက်ထိုးတဲ့ အဲဒီတိုက်ခိုက်မှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ပြီး ၄၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အကြမ်းဖက်သမား ၃ ဦးကို အသေပစ်သတ်နိုင်ခဲ့ပါတယ်။

    အဲဒီအကြမ်းဖက်သမား ၃ ဦးထဲက တစ်ဦးဟာ လန်ဒန်မြို့က ဗလီတစ်ခုမှာ ရှေ့ဆောင်အီမာမ်က တရားဟောနေစဉ် ၀င်ရောက်နှောက်ယှက်ခဲ့လို့ ဆွဲထုတ်ခံရသူဖြစ်တယ်လို့ ဆိုပါတယ်။

    ဗြိတိန်ရဲတပ်ဖွဲ့က အကြမ်းဖက်သား ၃ ဦးထဲက ၂ ဦးရဲ့ အမည်တွေကို ထုတ်ပြန်ခဲ့ပြီး ခူရမ် ရှာဇဒ်ဘတ်နဲ့ ရာချစ် ရီဒူနီဖြစ်တယ်လို့ ဆိုပါတယ်။

    “အစ္စလာမ့်ရဲ့ အရေးပါတဲ့ ၀ိနည်းတွေအရ ကျွန်တော်တို့ဟာ ဒီကျူးလွန်သူတွေအတွက် အစ္စလာမ့်ထုံးတမ်းစဉ်လာအတိုင်း ၀တ်ပြုဆုတောင်းပေးမှာ မဟုတ်ပါဘူး။ အခြားသော ရှေ့ဆောင်အီမာမ်တွေနဲ့ ဘာသာရေး တာဝန်ရှိသူတွေကလည်း ဒီလိုလုပ်ပေးတာမျိုး မလုပ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ရှေ့ဆောင်အီမာမ်နဲ့ အစ္စလာမ့်ဓမ္မပညာရှင်ပေါင်း ၁၃၀ လောက်ပါဝင်တဲ့ ဒီအဖွဲ့က ဆိုရှယ်မီဒီယာမှာ လွှင့်တင်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီအကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေက အစ္စလာမ့်သင်ကြားမှုနဲ့ လုံးဝ ဆန့်ကျင်နေတာကြောင့် ဒီလို အစ္စလာမ့်ထုံးတမ်းအရ ဈာပနအခမ်းအနား ကျင်းပပေးဖို့ ငြင်းဆိုရတာဖြစ်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ ယူကေက ဘာသာပေါင်းစုံ ခေါင်းဆောင်တွေဟာ ဒီတိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။

    ‘အရှေ့လန်ဒန် ဗလီဝတ်ကျောင်းတော်’ က တရားဟောဆရာတစ်ဦးက မိမိတို့အနေနဲ့ အစွန်းရောက်သမားတွေကို တိုက်ဖျက်သွားမှာဖြစ်ပြီး၊ အဲဒီအုပ်စုတွေက အစ္စလာမ်ဘာသာတရားကို ‘ပုံဖျက်တာ၊ ထင်သလိုအသုံးချတာ’ တွေကိုလည်း တားဆီးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ နောက်ထပ် ညီညွတ်ရမှာဖြစ်ပြီး၊ ကျွန်တော်တို့ကို သွေးခွဲဖို့ ကြိုးစားတဲ့သူတွေကို ဆန့်ကျင်ဖို့ ကျွန်တော်တို့ စုစည်းရပါမယ်။ သွေးအေးတဲ့ ဒီလူသတ်သမားတွေက စနနေနေ့ ညပိုင်းမှာ လန်ဒန်က အပြစ်မဲ့သူတွေကို သတ်ဖြတ်လိုက်ခြင်းဟာ ကျွန်တော်တို့ကို သွေးခွဲနိုင်မှာ မဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒကို ကြိုးကိုင်နေသူတွေကို ရှင်းရှင်းလင်းလင်းပြောချင်တာက – ခင်းဗျားတို့ဟာ အစ္စလာမ်နဲ့ တမန်တော် မုဟမ္မဒ်သခင်ရဲ့ အဓိက သင်ကြားမှုတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာပါပဲ။ ခင်ဗျားတို့ရဲ့ လမ်းမှားမှုဟာ ခင်ဗျားတို့ကို ဖျက်ဆီးလိုက်ပြီး၊ ခင်ဗျားတို့ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ကျဆုံးပါစေလို့ အလ္လာဟ်အရှင်မြတ်အထံတော်မှာ ဆုတောင်းပါတယ်။ ကျွန်တော်တို့ဟာ ဓမ္မအန္တရာယ်ဖြစ်တဲ့ ခင်ဗျားတို့ကို ဆန့်ကျင်မှာပါ။ အကြမ်းဖက်ဝါဒမှာ ဘာသာတရား မရှိပါဘူး” လို့ ‘အရှေ့လန်ဒန် ဗလီဝတ်ကျောင်းတော်’နဲ့ လန်ဒန် မွတ်စလင်စင်တာရဲ့ ဥက္ကဌဖြစ်သူ မိုဟာမက် ဟဘီဘွရ် ရဟ်မန်က ပြောကြားခဲ့ပါတယ်။

    ဗြိတိဝန်ကြီးချုပ် ထရီဇာမေကလည်း အကြမ်းဖက်သမားတွေဟာ ‘အစ္စလာမ့် အမှန်တရားတွေကနေ သွေဖည်နေတယ်’ လို့ တနင်္ဂနွေနေနေ့မနက်မှာ ပြောကြားခဲ့ပါတယ်။

    Ref: Independent