News @ M-Media

Blog

  • ဆော်ဒီနှင့် အမေရိကန်တို့ ဒေါ်လာ ၁၁၀ ဘီလီယံတန် လက်နက်စာချုပ် ချုပ်ဆို

    ဆော်ဒီနှင့် အမေရိကန်တို့ ဒေါ်လာ ၁၁၀ ဘီလီယံတန် လက်နက်စာချုပ် ချုပ်ဆို

    မေ ၂၁၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆော်ဒီဘုရင် ဆလ်မန်တို့မှာ ကန်ဒေါ်လာ ဘီလီယံ ၁၁၀ တန်ဖိုးရှိ လက်နက်ရောင်းဝယ်ရေး စာချုပ်တစ်ခုကို ယမန်နေ့တွင် ချုပ်ဆိုခဲ့သည်ဟု သိရသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ယခု လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်မှာ ဒေသတွင်း အီရန်၏ အဖျက်သဘောဆောင်သော လွှမ်းမိုးမှုကို ရင်ဆိုင်ရန် ဆော်ဒီအတွက် အကူအညီ ဖြစ်စေမည်ဖြစ်ကြောင်း၊ သဘောတူညီချက်တွင် ဆော်ဒီအာရေဗျနှင့် ပင်လယ်ကွေ့ဒေသ ရေရှည်လုံခြုံရေး
    အတွက် ကာကွယ်ရေးပစ္စည်းများ၊ ၀န်ဆောင်မှုများ ထောက်ပံ့ပေးရေး ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ယခုသဘောတူညီချက်တွင် အိုဘားမားလက်ထက်က မရောင်းချခဲ့သော ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရောင်းချရန်လည်း ပါဝင်သည်။

    တီလာဆန်နှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတါင် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီးရ်က ယခုဆွေးနွေးမှုမှာ ‘ဆော်ဒီအာရေဗျနှင့် အမေရိကန်တို့အကြား ဆက်ဆံရေး၏ စစ်မှန်သော သမိုင်းဝင်နေ့ဖြစ်ပြီး၊ အစ္စလာမ်ကမ္ဘာ၊ အာရပ်ကမ္ဘာနှင့် အမေရိကန်အကြား ဆက်ဆံရေး အလှည့်အပြောင်းတစ်ခု၏ အစဖြစ်မည်ဟု ယုံကြည်ကြောင်း’ ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတနှင့် ၎င်း၏အဖွဲ့မှာ ယမန်နေ့က ဆော်ဒီသို့ ရောက်ရှိလာပြီး ၂ ရက်တာကြာမြင့်မည့် ၎င်း၏ ခရီးစဉ်တွင် ကန်ဒေါ်လာ ၁၅ ဘီလီယံဖိုး သဘောတူညီချက်များ၊ နားလည်မှုစာချွန်လွှာများကို လက်မှတ်ထိုးရန် ရှိနေသည်။

    Ref: Aljazeera

  • ဆော်ဒီက ထရမ့်ကို နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်

    ဆော်ဒီက ထရမ့်ကို နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်

    မေ ၂၀၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မဒေါ်နယ်ထရမ့်ကို ဆော်ဒီဘုရင် ဆလ်မန်က နိုင်ငံတော်မှ အရပ်သားများကို ပေးအပ်သော အမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ်ကို ချီးမြှင့်လိုက်သည်ဟု သိရသည်။

    ‘ဘုရင် အဘ်ဒူလ်အဇစ် အလ် ဆာအွဒ် လည်ဆွဲ’ ဟု အမည်ရသည့် အဆိုပါ ဂုဏ်ပြုဆုတံဆိပ်ကို ယနေ့တွင် ရီယာ့ဒ်ရှိ ဘုရင့်နန်းတော်၌ အခမ်းအနားဖြင့် ချီးမြှင့်ခြင်းဖြစ်ကာ ‘ဒေသတွင်းနှင့် ကမ္ဘာကြီး လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ထရမ့်၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုကြောင့်’ ချီးမြှင့်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုဂုဏ်ပြုဆုတံဆိပ်ကို ရရှားသမ္မတ ဗလာဒီမီရ် ပူတင်၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနှင့် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားတို့လည်း ရရှိထားသည်။

    ထရမ့်မှာ ဆော်ဒီ-အမေရိကန် နှစ်နိုင်ငံ လုံခြုံရေးနှင့် စီးပွားရေးဆက်ဆံမှုများ အားကောင်းစေရေးအတွက် ရည်ရွယ်ကာ ဆော်ဒီသို့ လာရောက်ခြင်းဖြစ်ပြီး၊ ဆော်ဒီနှင့် လက်နက်ရောင်းချရေးစာချုပ်ကို လက်မှတ်ထိုးခြင်း၊ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းတို့ကို ၂ ရက်တာကြာမြင့်မည့် ၎င်း၏ ခရီးစဉ်အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။

    ထို့ပြင် အစ္စလာမ်နှင့်ပတ်သက်၍ မိန့်ခွန်းတစ်ရပ်ကိုလည်း မနက်ဖြန်တွင် ပြောကြားရန် ရှိနေသည်။

    Ref: Arabnews

  • နှစ်များစွာ အဓမ္မကျင့်ခဲ့သည့် ဟိန္ဒူဘာသာရေးဆရာ၏ ငယ်ပါကို အိန္ဒိယအမျိုးသမီးတစ်ဦး ဖြတ်ပစ်

    နှစ်များစွာ အဓမ္မကျင့်ခဲ့သည့် ဟိန္ဒူဘာသာရေးဆရာ၏ ငယ်ပါကို အိန္ဒိယအမျိုးသမီးတစ်ဦး ဖြတ်ပစ်

    မေ ၂၀၊ ၂၀၁၇
    M-Media

    အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှုကို ထိထိရောက်ရောက် အရေးယူပေးရန် ဆန္ဒပြမှု မြင်ကွင်း

    – အိန္ဒိယရှိ အမျိုးသမီးတစ်ဦးမှာ သူမအား နှစ်ပေါင်းများစွာ အဓမ္မပြုကျင့်ခဲ့သည့် ဟိန္ဒူဘာသာရေးဆရာ တစ်ယောက်၏ ငယ်ပါကို ဖြတ်တောက်ပစ်လိုက်သည်ဟု ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။

    နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် မြို့တော် သီရူဗနန်သာပူရမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ဥပဒေကျောင်းသူက အသက် ၅၄ နှစ်အရွယ် အဆိုပါ ဘာသာရေးဆရာမှာ သူမအား သောကြာနေ့ည နှောင်းပိုင်းတွင် တိုက်ခိုက်ကာ ထပ်မံ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်ဟု ဆိုသည်။

    ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ဂျီ စပါဂျန် ကူးမားရ်က အဓမ္မပြုကျင့်ရန် ကြံစည်သူမှာ ထိုအမျိုးသမီး၏ ဖခင် ကျန်းမာရေးအတွက် ဆုတောင်းပေးရန် အိမ်သို့ မကြာခဏ ၀င်ထွက်သွားလာဖူးကြောင်း၊ အမျိုးသမီးက အဆိုပါ ဘာသာရေးဆရာမှာ သူမကို နှစ်များစွာ စော်ကားခဲ့သည်ဟု ပြောကြားကြောင်း၊ ထိုဘာသာရေးဆရာကို အသက်မပြည့်သူအား လိင်အကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း ပြောကြားခဲ့သည်။

    “ကောင်မလေးဟာ သူ့ကိုယ်သူကာကွယ်ဖို့ ဓားတစ်ချောင်းကို အသုံးပြုခဲ့ပြီး ငယ်ပါကို ဖြတ်ပစ်လိုက်တာပါ” ဟု ကူးမားရ်က ဆိုသည်။

    ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် အမျိုးသမီးက ရဲတပ်ဖွဲ့အား သူမ၏ လုပ်ရပ်အတွက် အကြောင်းကြားခဲ့သည်။ လက်ရှိတွင် သူမမှာ ရဲတပ်ဖွဲ့၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေပြီး နှစ်သိမ့်အားပေးမှုများလည်း ပြုလုပ်နေသည်ဟု ကူးမားရ်က ထည့်သွင်းပြောဆိုခဲ့သည်။

    ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး အရူလ် ဘီ ခရစ္စရှမာက အဓမ္မပြုကျင့်ခံရသူ အမျိုးသမီး၏ ဖခင်မှာ နှစ်များစွာ အိပ်ယာထဲလဲနေသူဖြစ်ကြောင်း၊ မိခင်မှာ ထိုဘာသာရေးဆရာနှင့် သိကျွမ်းပြီး မိသားစုကြုံတွေ့နေရသည့် ပြဿနာများကို ဖယ်ရှားနိုင်ရေး အိမ်တွင် ပုံမှန် ပူဇော်ပသရန် ထိုဆရာကို ခန့်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထိုကဲ့သို့ အဓမ္မပြုကျင်ခံရကြောင်းကို ထိုအမျိုးသမီးက မိခင်အား ပြောပြခဲ့သော်လည်း မည်သည့် တုန့်ပြန်မှုမှ မလုပ်ခဲ့ပေ။ လက်ရှိတွင် မိခင်မှာ မကောင်းမှုတွင် ပါဝင်ကူညီမှုဖြင့် အမှုဖွင့်ခံရနိုင်ကြောင်း ခရစ္စရှမာက ထည့်သွင်းပြောဆိုခဲ့သည်။

    ဟိန္ဒူဘာသာရေးဆရာမှာ ငယ်ပါအဖြတ်ခံရပြီးနောက် နီးစပ်ရာဆေးရုံသို့ သွားရောက် ဆေးကုသမှု ခံခဲ့ရပြီး လက်ရှိတွင် တည်ငြိမ်သည့်အခြေအနေတွင် ရှိနေသည်။

    ကီရာလာပြည်နယ်တွင် သာသနာ့ဝန်ဆောင်များ၏ လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးမှာ ယခင်ကလည်း ရှိခဲ့ပြီး ခရစ်ယာန်ဘုန်းကြီးတစ်ပါးက အဓမ္မပြုကျင့်သောကြောင့် ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦး ကိုယ်ဝန်ရကာ ကလေးမီးဖွားမှုကို ဖုံးကွယ်ထားခြင်းကြောင့် ကီလာရာမှ အခြား ဘုန်းကြီးတစ်ပါးနှင့် သီလရှင်နှ
    စ်ပါးမှာ ပြီးခဲ့သည့်လအတွင်း ဖမ်းခံခဲ့ရသည်။

    ၂၀၁၄ ခုနှစ်တွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်မှုအတွက် ခရစ်ယာန်ဘုန်း ကြီးတစ်ပါးကို ကီရာလာ တရားရုံးက ပြီးခဲ့သည့်နှစ်တွင် ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့သည်။

    Ref: Aljazeera

  • မြန်မာရေတပ်နှင့် ပူးပေါင်းလေ့ကျင့်ရန် တရုတ်စစ်သင်္ဘောများ ရောက်ရှိနေ

    မြန်မာရေတပ်နှင့် ပူးပေါင်းလေ့ကျင့်ရန် တရုတ်စစ်သင်္ဘောများ ရောက်ရှိနေ

    မေ ၂၀၊ ၂၀၁၇
    M-Media

    – တရုတ်ရေတပ်မှ သင်္ဘောများမှာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာရေတပ်နှင့် ပူးပေါင်းကာ ဆက်သွယ်ရေး၊ ရှာဖွေရေး၊ ကယ်ဆယ်ရေးနှင့် အခြားသော လေ့ကျင်ခန်းများကို ပြုလုပ်သွားမည်ဟု တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။

    ၄ ရက်တာ အလည်အပတ်ခရီးစဉ်အဖြစ် ကြာသာပတေးနေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ၀ူကွီယန်းက မြန်မာနိုင်ငံနှင့် မဟာဗျူဟာ ဆက်သွယ်ရေး ခိုင်မာစေရန်၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် တရုတ်က ဆန္ဒရှိကြောင်း၊ ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချ
    မ်းရေး၊ နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်စေရေး ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အဆိုပါ စစ်သင်္ဘောများ လည်ပတ်မှုမှာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုကိစ္စနှင့် ပတ်သက်၍ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ကာလရှည် အငြင်းပွားနေသည့် ကျင့်ဝတ်မူဘောင်တစ်ခုကို နှစ်ဖက် သဘောတူညီသည့်နေတွင် စတင်ခြင်းလည်း ဖြစ်သည်။

    တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့မှာ ယခုသီတင်းပတ်အစောပိုင်းက ဘေဂျင်းတွင် ပြုလုပ်သည့် Belt and Road Forum တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

    Ref : CNA

  • ၂၀၂၂ နှစ် ကမ္ဘာ့ဖလားကျင်းပမည့် ကွင်းတစ်ခုကို ကာတာက ဖွင့်လှစ်

    ၂၀၂၂ နှစ် ကမ္ဘာ့ဖလားကျင်းပမည့် ကွင်းတစ်ခုကို ကာတာက ဖွင့်လှစ်

    မေ ၂၀၊ ၂၀၁၇
    M-Media

    – ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုမည့် ဘောလုံးကွင်းများထဲမှ တစ်ခုကို ပြင်ဆင်ပြီးနောက် ကာတာက ယမန်နေ့တွင် အများပြည်သူသို့ ဖွင့်လှစ်ပြသခဲ့သည်ဟု သိရသည်။

    မြို့တော်ဒိုဟာမှ ‘ခါလီဖာ နိုင်ငံတကာ အားကစားကွင်း’ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုမည့် ကွင်းများတွင် ပထမဆုံး ပြီးစီးသွားသည့် ကွင်းလည်းဖြစ်သည်။

    ၁၉၇၆ ခုနှစ်က ဆောက်လုပ်ခဲ့သည့် အဆိုပါ ဘောလုံးကွင်းကို ကြည့်ရှုသူ ၄ သောင်းကျော် ၀င်ဆံ့နိုင်ငံရန် တိုးချဲ့ခဲ့ပြီး၊ မြက်ခင်းပြင်အတွင်း အပူချိန် ၂၆ ဒီဂရီဆဲလ်စီးယက်စ်၊ ပွဲကြည့်စင်တွင် ၂၈ ဒီဂရီဆဲလ်စီးယက်စ် ရှိနေအောင် အအေးပေးစနစ်ကိုလည်း တပ်ဆင်ထားသည်။

    ထို့ပြင် ပထမဆုံးပွဲအဖြစ် ပြည်တွင်း Emir Cup ဖလားပြိုင်ပွဲ ဗိုလ်ပွဲကိုလည်း ယမန်နေ့တွင် ကစားခဲ့သည်။

    Ref : Alarabiya