News @ M-Media

Blog

  • Wikileaks တည်ထောင်သူအပေါ် အဓမ္မပြုကျင့်မှုစွဲချက်ကို ဆွီဒင်ပယ်ဖျက်

    Wikileaks တည်ထောင်သူအပေါ် အဓမ္မပြုကျင့်မှုစွဲချက်ကို ဆွီဒင်ပယ်ဖျက်

    မေ ၁၉၊ ၂၀၁၇
    M-Media

    – အမေရိကန်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သည့် Wikileaks ၀ဘ်ဆိုက်ကို တည်ထောင်သူ ဂျူလီယန် အာဆန်နှင့်ပတ်သက်၍ အဓမ္မပြုကျင့်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဆွီဒင်က ယနေ့တွင် ပယ်ဖျက်လိုက်သည်။

    အသက် ၄၅ နှစ်အရွယ် အာဆန်မှာ အမေရိကန်၏ စစ်ရေးနှင့် သံတမန်ရေးဆိုင်ရာ လျှို့ဝှက်ချက်များကို Wilileaks မှတစ်ဆင့် ဖွင့်ချခဲ့ပြီနောက် ဆွီဒင်အစိုးရ၏ တရားစွဲဆိုခြင်းကို ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်ကတည်းက လန်ဒန်မြို့ရှိ အီကွေဒေါ သံရုံးတွင် ခိုလှုံနေသူဖြစ်သည်။

    ဗြိတိန်ရဲတပ်ဖွဲ့ကမူ အာဆန်အနေဖြင့် အီကွေဒေါသံရုံးမှ ထွက်ခွာလျှင် အသေးစား ရာဇ၀တ်မှုများဖြင့် ဖမ်းခံရမည်ဟု ပြောကြားခဲ့သည်။

    အာဆန်၏ကိစ္စကို ကိုင်တွယ်နေသော ဥပရေးရာအဖွဲ့မှ ခရစ္စတိုဖီ မာချန်က ယခုကဲ့သို့ အဓမ္မမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို ပယ်ဖျက်ခြင်းကို ကြိုဆိုပြီး ‘အိပ်မက်ဆိုး အဆုံးသတ်သွားခြင်း’ ဟု ပြောကြားခဲ့သည်။

    ဆွီဒင်အစိုးရ၏ ကြေငြာချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အာဆန်က ပြုံးနေသော ၎င်း၏ ဓာတ်ပုံကို Twitter စာမျက်နှာတွင် လွှင်တင်ခဲ့ပြီး၊ မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။

    Ref: Aljazeera

  • ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အကာအကွယ်မဲ့နေဆဲ မြန်မာအမျိုးသမီးများ

    ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အကာအကွယ်မဲ့နေဆဲ မြန်မာအမျိုးသမီးများ

    မ ၁၈၊ ၂၀၁၇
    M-Media

    ခိုးရာလိုက်သွားပြီးနောက် ခင်ပွန်းဖြစ်သူ၏ ၂ နှစ်ကြာ ပိတ်လှောင် နှိပ်စက်ခံခဲ့ရသည့် မသီရိအောင်တင်

    – မသီရိအောင်တင်တစ်ယောက် ချစ်သူရဲ့ စည်းရုံးမှုကြောင့် ခိုးရာလိုက်ပြေးပြီးတဲ့နောက်မှာ မှောင်မဲနေတဲ့ အခန်းအတွင်း ရက်အနည်းငယ်ကြာအောင် ဆက်တိုက်ပိတ်လှောင်ခံခဲ့ရပါတယ်။ ဒါဟာ ၂ နှစ်တာ ကြာမြင့်ခဲ့တဲ့ သူမရဲ့ ချုပ်နှောင်ခံရမှု၊ နှုတ်နဲ့ စော်ကားခံရမှု အစဖြစ်တယ်လို့ သူမကဆိုပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

    ဖေဖော်ဝါရီလမှာ သူမက ရဲတပ်ဖွဲ့ကို တိုင်ကြားပြီး ၂ ရက်အကြာမှာပဲ သူမရဲ့ချစ်သူဟာ ပြန်ပေးဆွဲမှု၊ ပိတ်လှောင်ထားမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရကာ ထိုက်တန်တဲ့အပြစ်ကို ခံရဖို့ သီရိအောင်တင်တစ်ယောက် မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် မတ်လအစောပိုင်းမှာ အာမခံတောင် မပေးရဘဲ လွှတ်ပေးခဲ့ပြီး ၁၉ ရာစုနှစ်ကတည်းက
    မြန်မာနိုင်ငံမှာ ကျင့်သုံးလာခဲ့တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေအရ ‘သွေးဆောင်ဖျားယောင်းမှု’ နဲ့ ပုဒ်မတပ်ခံခဲ့ရပါတယ်။ ဒါဟာ သစ္စာမရှိတဲ့ ဘ၀လက်တွဲဖော်တွေကို စွဲဆိုတဲ့ ပုဒ်မတစ်ခုဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၁ နှစ်လောက်သာ ကျခံရမှာပါ။ လက်ရှိမှာတော့ ကြားနာမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

    “ဒါဟာ လုံးဝ တရားမမျှတဘူးလို့ ကျွန်မ ခံစားရပါတယ်” လို့ အသက် ၂၁ နှစ်အရွယ် သီရိအောင်တင်က ပြောပါတယ်။

    ဒီမိုကရစီအသွင်ကူးပြောင်းရေးလုပ်ငန်းကြောင့် မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်လာပေမယ့် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကနေ ကာကွယ်ပေးဖို့ ကိစ္စမှာတော့ အပ်တစ်ထောက်လောက်တောင် မရွေ့ပါဘူး။

    ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့နောက်မှာ တော်တော်လေး ကျန်နေခဲ့ပြီလို့ ဇနီးမောင်နှံအကြား အလိုမတူဘဲ အဓမ္မပြုကျင့်မှုကို ပြစ်မှုဆိုင်ရာ ဥပဒေမှာ အသိအမှတ်မပြုထားမှု၊ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ ဥပဒေတွေမရှိမှုကို ထောက်ပြပြီး လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေက ပြောပါတယ်။

    သံတမန်တွေကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံနေရမှုဟာ ‘နှုတ်ဆိတ်နေတဲ့ အရေးပေါ်အခြေအနေ’ ဖြစ်တယ်လို့ ဆိုပြီး၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း ပြစ်မှုဆိုင်ရာဥပဒေရဲ့ မထိရောက်မှုဟာ တရားဥပဒေစိုးမိုးမှုအားနည်းတာ၊ တရားရုံးမှာ ခြစားမှု၊ မိန်းမမုန်းဝါဒရှိနေတာတွေကြောင့်ြ
    ဖစ်တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံရဲ့ ဥပဒေကို ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ခြင်းကနေ အမျိုးသမီးတွေအတွက် အကာအကွယ် ပိုမိုရရှိစေမယ့် ဥပဒေမူကြမ်းတစ်ခုကို ပြည်တွင်း လူ့အခွင့်အရေး အုပ်စုတွေ၊ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်အမတ်တွေကလည်း ထောက်ခံကြပါတယ်။

    ဒါပေမယ့် ဒီဥပဒေမူကြမ်းဟာ ရပ်တန့်နေပြီး ရှေးရိုးစွဲတွေ၊ စစ်ဏာရှင်ဟောင်းနဲ့ ဆက်နွယ်နေပြီး အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နေတဲ့ မဟာဖိုဝါဒီတွေက မူကြမ်းမှာပါတဲ့ ပြင်းထန်တဲ့ အသုံးအနှုန်းတွေကို လျော့ပေးဖို့ ကြိုးစားနေကြတာကြောင့် ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေးဆု
ိင်ရာ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

    “ဒီ တာဝန်ရှိသူတွေက အမျိုးသမီးတွေကိစ္စကို သူတို့စဉ်းစားပေးတယ် ဆိုတာနဲ့တင် လုံလောက်သွားပြီလို့ ထင်နေတာရှင့်။ ဒီထက်ပိုပြီး လုပ်ရမယ်ဆိုတာကို သူတို့မတွေးကြဘူး” လို့ အကျိုးအမြတ်ယူတဲ့အဖွဲ့အစည်း Legal Clinic Myanmar က ဒါရိုက်တာ ဒေါ်လှလှရီက ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ခိုင်ခိုင်မာမာ မှတ်တမ်းတင်ထားမျိုး သိပ်ရှားပါတယ်။ဒါပေမယ့် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရတော့ ဒီပြဿနာဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်ဆိုတာ ပြသနေပါတယ်။

    ၂၀၁၆ ခုနှစ် ကုလရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ လိင်အကြမ်းဖက်မှုဟာ ပုံမှန်လိုလိုဖြစ်နေတယ်လို့ ဖော်ပြထားပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်းမှာ အဲဒီလုပ်ရပ်တွေအတွက် စစ်သား ၆၁ ဦးကို ကာကွယ်ရေးဝန်ကြီးဌာနက တရားစွဲဆိုထားတယ်လို့လည်း ဆိုပါတယ်။

    အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကတော့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုဟာ အမျိုးသားတွေကြားမှာ အရက်၊ မူးယစ်ဆေးစွဲမှုတွေ၊ အမျိုးသမီးတွေ ရိုက်နှက်ခံရတယ်၊ အဓမ္မပြုကျင့်ခံရတယ်ဆိုတာ သူတို့ရဲ့ လုပ်ရပ်ကြောင့် ဖြစ်တယ်ဆိုတဲ့ အတွေးတွေကြောင့် အခြေအနေပိုဆိုးလာတယ်လို့ ဆိုပါတယ်။

    “ဒါက ခံရသူကို သက်သက် အပြစ်တင်တာရှင့်။ ‘ဒီကောင်မဆိုးတယ်။ သူ့ယောက်ျား သူ့ကိုရိုက်တာ နည်းတောင်နည်းသေးတယ်’ ဆိုတဲ့ စကားမျိုးတွေ သူတို့က ပြောကြပါတယ်” လို့ ရန်ကုန်မြို့အခြေစိုက် Strong Flowers Sexuality Education Services က အဗလင်း ယုယုဆွေက ပြောပါတယ်။

    အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဟာ ဥပဒေကြောင်းအရ ရွေးချယ်စရာ နည်းနည်းသာရှိပြီး၊ ၁၉၄၈ ခုနှစ်က အဆုံးသတ်ခဲ့တဲ့ ကိုလိုနီခေတ် ဥပဒေတွေကို မပြောင်းမလဲ ဆက်လက်အသုံးပြုနေတာ၊ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေအများစုက ဒိတ်အောက်နေတာကြောင့်ဖြစ်တယ်လို့ လှုပ်ရှားသူတွေက ပြောပါ
    တယ်။ ဥပမာအနေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ တစ်ခုကိုပြရရင် ပြစ်မှုတွေကို သီးခြား ဖော်ပြထားခြင်းမရှိဘဲ ‘ကာအိနြေ္ဒပျက်ပြားရန် ရည်ရွယ်၍’ အမျိုးသမီးတစ်ဦးအပေါ် ကျူးလွန်မှုကို ရာဇ၀တ်မှုအဖြစ် သိမ်းကြုံး သတ်မှတ်ထားတာမျိုးပါ။

    ရာဇ၀တ်မှုနဲ့ တရားစွဲဆိုဖို့ တရားရုံးရဲ့ သတ်မှတ်ချက်တွေ ပြည့်မီရင်တောင် ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေဟာ ရှေ့နေငှားဖို့၊ စာရေးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏ တောင်းလေ့ရှိတဲ့ လာဘ်ငွေကို ပေးဖို့ မတတ်နိုင်ကြဘူးလို့ ဒေါ်လှလှရီက ပြောပါတယ်။ တစ်ခါတစ်ရံမှာ အိမ်ထောင်ရှင်အမျိုးသမီးတွေက သူတို့ရဲ့ ခင်ပွန်းတွေကို တရားစွဲရင် မိသားစု ဒုက္ခရောက်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

    “ကလေးတွေကို အကျဉ်းသားတစ်ယောက်ရဲ့ သားသမီးတွေအဖြစ် ရှုမြင်တာမျိုး သူတို့ မခံလိုကြပါဘူး”

    လွှတ်တော်ကို တင်သွင်း အဆိုပြုထားတဲ့ ‘အမျိုးသားသမီးများအပေါ် အကြမ်းဖက်မှု တားဆီးရေး ဥပဒေ’ မူကြမ်းကို နိုင်ငံတကာ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်တွေနဲ့ နှစ်ပေါင်းများစွာ ရေးဆွဲလာခဲ့တာပါ။

    ဥပဒေမူကြမ်းကို ဘယ်သူတွေကန့်ကွက်လဲ

    ဒါပေမယ့် လွှတ်တော်ကော်မတီထဲ ရောက်သွားတဲ့အခါမှာတော့ ၀န်ကြီးဌာနတွေက ဝေဖန်သူတွေဟာ လိင်အကြမ်းဖက်မှုကို ရှင်းရှင်လင်းလင်း အဓိပ္ပါယ်ဖွင့်ရမယ်ဆိုတဲ့ အပိုဒ်မျိုး၊ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ လိင်အကြမ်းဖက်တဲ့ စစ်သားတွေကို အရေးယူဖို့ ဖော်ပြထားတဲ့ အပိုဒ်မျိုးတွေကိုပြင်ဆင်ဖြတ်တောက်ပစ်ဖို့ ပြောလာကြတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ကုလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး အခုလုပ်နေတဲ့ ပြန်လှန်သုံးသပ်မှုဟာ ပြဿနာဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

    ဒီမူကြမ်းကို ဝေဖန်သူတွေက တံခါးပိတ်အစည်းအဝေးတွေမှာ ၁၉ ရာစု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မက အမျိုးသမီးတွေကို ကာကွယ်ပေးထားပြီးသားဖြစ်ပြီး ဒီမူကြမ်းဟာ အမျိုးသားတွေကို တစ်ဖက်သက် ပစ်မှတ်ထားတယ်လို့ စောဒကတက်ခဲ့ကြောင်း ဒီဆွေးနွေးမှုမှာ ပါဝင်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

    နောက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ စစ်သားတွေကို အရေးယူရေးဆိုတဲ့ အချက်ကို ကန့်ကွက်မှုက စစ်တပ်ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်တာဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါ်နော်သာဝက ဆိုပါတယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ ဒီလိုပြစ်မှုတွေကို စစ်ခုံရုံးတွေက ကိုင်တွယ်ထားပြီး အရပ်ဖက်ကို မရွှေ့သင့်ဘူးဆိုတာပါပဲလို့ သူမက ထည့်သွင်းပြောကြားပါတယ်။

    “စစ်တပ်က အင်အားကြီးတယ်လေ။ သူတို့ (အချို့အာဏာပိုင်တွေ) က စစ်တပ် စိတ်ဆိုးအောင် မလုပ်ချင်ဘူး” လို့ ရန်ကုန်အခြေစိုက် အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Triangle Women Support Group က ဒါရိုက်တာ ဒေါ်ခင်လေးက ပြောပါတယ်။

    မြန်မာနိုင်ငံကအမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို ကာကွယ်ပေးမယ့် ဥပဒေမူကြမ်းကို ကန့်ကွက်သူတွေထဲမှာ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်း မဘသအဖွဲ့လည်း ပါဝင်ပါတယ်။

    ဒီအဖွဲ့ဟာ ၂၀၁၅ ခုနှစ် စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရလက်ထက်မှာ အတည်ပြုခဲ့တဲ့ မျိုးစောင့်ဥပဒေ ၄ ခု ပေါ်ထွက်လာရေး အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ အဖွဲ့ပါ။ ဒါပေမယ့် အခု အဆိုပြုထားတဲ့ ဥပဒေမူကြမ်းဟာ သူတို့ရဲ့ ဥပဒေတွေကို ထိခိုက်မှာ စိုးရိမ်နေပါတယ်။

    မျိုးစောင့်ဥပေဒရဲ့ သိသာတဲ့ရည်ရွယ်ချက်က မွတ်စလင်လူ့အဖွဲ့အစည်းမှာ လူဦးရေတိုးလာမှုကို တားဆီးဖို့၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေနဲ့ မွတ်စလင်အမျိုးသားတွေအကြား လက်ထပ်တာကို ကန့်သတ်ဖို့ဖြစ်တယ်လို့ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ နယူးဆောက်သ်ဝေးလ်တက္ကသိုလ်က မြန်မာ့ဥပဒေရေးရာ ကျွမ်းကျင်သူ မီလီဆာ ခရောက်ခ်ျက ပြောပါတယ်။ နောက်ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ တိုင်းပြည်ရဲ့ အဓိကလူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်မဲပေးသူတွေကို စွဲဆောင်နိုင်ဖို့အတွက် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကလည်း ဒီမျိုးစောင့်ဥပဒေတွေကို ထောက်ခံခဲ့တယ်လို့ သူမက ထပ်ပြောပါတယ်။

    ဒီမျိုးစောင့်ဥပဒေလေးခုဟာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကို ကာကွယ်ဖို့အတွက် အရေးကြီးတယ်လို့ မဘသ ခေါင်းဆောင်တွေကဆိုပြီး ဥပမာအားဖြင့် အဲဒီအမျိုးသမီးတွေ သူတို့ရဲ့ ဘာသာတရား လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့်ကို အာမခံပေးထားတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အမျိုးသမီးအရေး လှုပ်ရှားသူတွေက ဒီဥပဒေတွေထဲမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေ၊ ဒါမှမဟုတ် အခြားအမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကနေ ကာကွယ်ပေးမယ့် ဖော်ပြချက်မျိုး မပါဝင်ဘူးလို့ ထောက်ပြပါတယ်။

    ဖေဖော်ဝါရီလမှာ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက မနော်သာဝက အခုအဆိုပြုထားတဲ့ ဥပဒေမူကြမ်းဟာ မျိုးစောင့်ဥဒေက အပိုဒ်တွေကို ပယ်ဖျက်မှာဖြစ်ပြီး ဥပမာအားဖြင့် ပဋိသန္ဓေတားဆေးသုံးစွဲမှုနဲ့ပတ်သက်ပြီး အမျိုးသမီးတွေဟာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ဖို့ ခွင့်ပြုတာမျိုးဖြစ်တယ်လို့ Frontier Myanmar ကို ပြော
    ပါတယ်။ ဒါပေမယ့် သူမဟာ အကျယ်တ၀င့် မပြောခဲ့ပါဘူး။ ကုလက မြန်မာနိုင်ငံမှာ မိသားစုစီမံကိန်း လုပ်ငန်းကို ဆန်းစစ်မှုမရှိခြင်းဟာ မီးဖွားစဉ် ကလေးနဲ့ မိခင်သေဆုံးမှုနှုန်းကို မြင့်တက်လာစေတယ်လို့ ပြောကြားထားပါတယ်။

    မဘသ ခေါင်းဆောင်တွေကတော့ ၂၀၁၅ မျိုးစောင့်ဥပဒေကို အစားထိုးမယ့် ဘယ်လို ဆောင်ရွက်မှုမျိုးကိုမဆို သတိပေးထားပြီး သူတို့ကို ထောက်ခံသူတွေရဲ့ ဆန့်ကျင်မှုနဲ့ ကြုံတွေ့မယ်လို့ ပြောထားပါတယ်။

    “NLD က ဒီလိုလုပ်မယ်ဆိုရင် သူတို့ဟာ ကျွန်တော်တို့ရဲ့ ထောက်ခံမှုကို ရရှိမှာ မဟုတ်ပါဘူး” လို့ မဘသမဂ္ဂဇင်းဖြစ်တဲ့ သာကီသွေးဂျာနယ်က အယ်ဒီကာ ကိုအောင်လင်းနိုင်က ပြောပါတယ်။

    အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို ကာကွယ်ရေး အဆိုပြုထားတဲ့ ဥပေဒမူကြမ်းကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခြင်းမပြုဖို့ မဘသဟာ အစိုးရထဲက သူတို့ရဲ့ မဟာမိတ်တွေကို ဖိအားပေးနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေမှာ ရှိနေပါတယ်။

    ဒီဥပဒေကို အတည်ပြုပြီးသွားရင်တောင်မှ NLD ဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ခွာပြဲမှာကြောက်တဲ့အတွက် မျိုးစောင့်ဥပဒေကို ပယ်ဖျက်မှာမဟုတ်ဘူးလို့ ခရောက်ခ်ျက ပြောပါတယ်။ စစ်အစိုးရလက်ထက်မှာ ဥပဒေတစ်ခုရဲ့ ထိရောက်မှုဟာ ဒီဥပဒေကို ထောက်ခံတဲ့သူ ဒါမှမဟုတ် အဖွဲ့စည်းနဲ့ သက်ဆိုင်တယ်လို့ ယေဘူယျအားဖြင့် ပြောလို့ရပါတယ်။ ဒါပေမယ့် အခု ‘ဒီမိုကရေစီတစ်ပိုင်း’ မြန်မာနိုင်ငံမှာတော့ ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေ မရှိသေးဘူးလို့လည်း သူမက ဆိုပါတယ်။

    “တရားရုံးတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ထည့်တာမျိုး မရှိပါဘူး”

    Ref: NY Times

    (New York Times တွင်ဖော်ပြထားသည့် As Myanmar Democratizes, Women’s Rights Lag Behind ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • အရှေ့တရုတ်ပင်လယ်တွင် ကန်လေယာဉ်ကို တရုတ်တိုက်လေယာဉ်များ နှောက်ယှက်

    အရှေ့တရုတ်ပင်လယ်တွင် ကန်လေယာဉ်ကို တရုတ်တိုက်လေယာဉ်များ နှောက်ယှက်

    မေ ၁၉၊ ၂၀၁၇
    M-Media

    – အရှေ့တရုတ်ပင်လယ်တွင် အမေရိကန် ထောက်လှမ်းရေးလေယာဉ်တစ်စင်းကို တရုတ် တိုက်လေယာဉ် ၂ စင်းက ကြားဖြတ်နှောက်ယှက်ခဲ့ပြီး အမေရိကန်က ထိုလုပ်ရပ်မှာ တာဝန်မဲ့သည့် လုပ်ရပ်ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    အမေရိကန်၏ WC-135 လေယာဉ်မှာ ဗုဒ္ဓဟူးနေ့က အရှေ့တရုတ်ပင်လယ်ပြင်တွင် ပျံသန်းနေစဉ် တရုတ်၏ Sukhoi Su-30 တိုက်လေယဉ် ၂ စင်းက ပျံတက်လာကာ ထိုထဲမှ တစ်စင်းမှာ ၄၆ မီတာအနီးထိ ကပ်၍ ပြောင်းပြန် ပျံသန်းမှု ပြုလုပ်ခဲ့သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    “ဒီပြဿနာကို တရုတ်နဲ့ သင့်လျော်တဲ့ သံတမန်ရေးနည်းလမ်း၊ စစ်ဖက်ဆိုင်ရာ ဆက်သွယ်ရေးနည်းလမ်းတွေနဲ့ ဖြေရှင်းနေပါတယ်” ဟု အမေရိကန်လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး လိုရီ ဟုဂ်ျက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယင်းက ထိုကိစ္စနှင့်တပ်သက်၍ မှတ်ချက်မပေးခဲ့ဘဲ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနသို့ ညွှန်းခဲ့ပြီး ၀န်ကြီးဌာနကလည်း မည်သည့် မှတ်ချက်မှ မပေးသေးပေ။

    “အရင်တုန်းကတည်းက အမေရိကန်သင်္ဘောတွေ၊ လေယာဉ်တွေဟာ တရုတ်နိုင်ငံကို အနီးကပ် စောင့်ကြည့်တာမျိုးတွေ ရှိခဲ့ပြီး ဒါမျိုးက နားလည်မှုလွဲတာ၊ ကောက်ချက်ချမှုလွဲတာ၊ ပင်လယ်ပြင်နဲ့ ဝေဟင်မှာ မမျှော်လင့်တဲ့ အဖြစ်အပျက်မျိုးတွေ အလွယ်တကူ ဖြစ်နိုင်ပါတယ်။ အမေရိကန်အနေနဲ့ တရုတ်ရဲ့ ထိုက်သင့်တဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုမျိုးကို လေးစားမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ဟွာချွမ်ယင်းက ပြောကြားခဲ့သည်။

    အမေရိကန်ရုပ်သံဌာန NBC က အဆိုပါထောက်လှမ်းရေးလေယာဉ်မှာ နိုင်ငံတကာ လေပိုင်နက်တွင် နေ့စဉ် လုပ်ငန်းများ လုပ်ဆောင်နေစဉ် ထိုအခြေအနေမျိုး ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ‘အနံ့ခံလေယာဉ်’ ဟု ခေါ်သည့် အဆိုပါ WC-135 လေယာဉ်မှာ လေထုအတွင်း နျူလှုပ်ရှားမှု လက္ခဏာများ ရှိ၊ မရှိကို စစ်ရန် ဒီဇိုင်ထွင်ထားခြင်းဖြစ်သည်။

    Ref: Aljazeera

  • မြန်မာအစိုးရမှာ ဘာသာရေးသည်းမခံနိုင်မှုကို ရပ်တန့်ရန် ပိုအားထုတ်ရမည်ဟု ကုလတာဝန်ရှိသူပြော

    မြန်မာအစိုးရမှာ ဘာသာရေးသည်းမခံနိုင်မှုကို ရပ်တန့်ရန် ပိုအားထုတ်ရမည်ဟု ကုလတာဝန်ရှိသူပြော

    မေ ၁၉၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်း သိသိသာသာ မြင့်တက်လာသော ဘာသာရေးသည်းမခံနိုင်မှုများကို တားဆီးရန်အတွက် မြန်မာနိုင်ငံမှာ ယခုထက် ပိုမိုဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်းဟီးလီက ပြောကြားလိုက်သည်။

    “အမုန်းစကားပြောတာတွေ၊ ခွဲခြားဖို့ လှုံ့ဆော်တာတွေ၊ အမုန်းတွေ၊ အကြမ်းဖက်မှုတွေ၊ ဘာသာရေး သည်းမခံနိုင်မှုတွေအတွက် စိုးရိမ်တယ်လို့ ကျွန်မ အရင်ကလည်း ပြောခဲ့ပြီသားပါ။ ဒါတွေဟာ သိသိသာသာ မြင့်တက်လာပုံပါပဲ။ မွတ်စလင် ဆန့်ကျင်ရေးလှုံ့ဆော်မှုတွေ၊ ဟောပြောမှုတွေအပေါ် လိုအပ်တဲ့ အာရုံစိုက်မှု မရှိဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။ အမြဲတမ်းလိုလို အာဏာပိုင်တွေက ဂရုမစိုက်တာမျိုး တွေ့ရပါ တယ်။ ဒါမျိုးကို ဒီထက်ပိုပြီး ငြိမ်နေလို့ မရတော့ပါဘူး။ အစိုးရအနေနဲ့ ဒီလိုကိစ္စမျိုးတွေကို တွန်းလှန်ဖို့၊ ဖြေရှင်းဖို့အတွက် ထိရောက်တဲ့ ကြိုးပမ်းမှုမျိုး တိုးမြှင့် လုပ်ဆောင်ရပါမယ်” ဟု ယန်ဟီးလီက The Guardian သတင်းစာသို့ ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် အမျိုးသားရေးသမားများက ရိုဟင်ဂျာမွတ်စလင်များ ပုန်းနေသည်ဟုဆိုသော နေအိမ်တစ်အိမ်သို့ ၀င်ရောက်ရှာဖွေရာမှ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့သည်။

    အဆိုပါ အဖြစ်အပျက်မှာ ရန်ကုန်မြို့ သာကေတမြို့နယ်တွင် အစ္စလာမ်ဘာသာရေးကျောင်းနှစ်ကျောင်းကို ပိတ်ပစ်ရန် အာဏာပိုင်များကို အမျိုးသားရေးသမားများက ဖိအားပေးပြီးနောက်ပိုင်း တစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

    မင်္ဂလာတောင်ညွှန်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာအာဏာပိုင်များက ထိုကိစ္စနှင့်စပ်ဆက်၍ လူတစ်ချို့ကို ဖမ်းဆီးခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ The Guardian သတင်းစာ၏ မေးမြန်းမှုကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး အစည်းအဝေးရှိသည်ဟု ပြောကြားခဲ့သည်။

    Ref : The Guardian

  • ကမ္ဘာ့ဆိုက်ဘာတိုက်ခိုက်မှုနယ်ပယ်မှာ မြောက်ကိုရီးယားလက်ဆ ဘယ်လောက်ရှိနေလဲ

    ကမ္ဘာ့ဆိုက်ဘာတိုက်ခိုက်မှုနယ်ပယ်မှာ မြောက်ကိုရီးယားလက်ဆ ဘယ်လောက်ရှိနေလဲ

    မေ ၁၈၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့ကစပြီး ကမ္ဘာတစ်ဝှမ်း အနည်းဆုံး နိုင်ငံပေါင်း ၁၅၀ ကျော်ကို ရိုက်ခတ်သွားတဲ့ ဒေတာပြန်ပေးဆွဲ ဆိုက်ဘာတိုက်ခိုက်မှု ransomware attack) ဟာ မြောက်ကိုရီးယားနဲ့ ဆက်စပ်မှုရှိနိုင်တယ်ဆိုပြီး ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပညာရှင်တွေက ပြောကြားထားပါတယ်။

    ဒါပေမယ့် ဒါကို မြောက်ကိုရီးယားက လုပ်တယ်လို့ တထစ်ချပြောဖို့တော့ သိပ်စောနေသေးတယ်လို့ ဆိုပါ တယ်။

    မြောက်ကိုရီးယားဟာ ကမ္ဘာ့ ဆိုက်ဘာတိုက်ခိုက်မှုလောကမှာ လက်ဆလက်န သေးတဲ့သူ မဟုတ်ပါဘူး။

    မြောက်ကိုရီးယားနဲ့ ဆက်နွယ်နေတဲ့ ဟက်ကာအဖွဲ့ဟာ ဘဏ်တွေကို တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်တယ်လို့ ယုံကြည်ရတဲ့ သမိုင်းတွေလည်း အရင်က ရှိခဲ့ဖူးပါတယ်။

    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ အမေရိကန်ဗဟိုဘဏ်မှာ အပ်ထားတဲ့ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်ရဲ့ ငွေစာရင်းကနေ ကန်ဒေါ်လာ ၁၀၁ သန်းလောက် သီရိလင်္ကာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေဆီ ရောက်သွားခဲ့ပြီး တော်တော်များများက ပြန်မရတော့ပါဘူး။

    နောက်ပိုင်းမှာ ဒီနည်းစနစ်တွေကို အသုံးပြုပြီး အီကွေဒေါ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ဘဏ်တွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ ကျွမ်းကျင်သူတွေက သိရှိခဲ့ပါတယ်။

    ဒါပေမယ့် ဒါက မြောက်ကိုရီးယား လက်စလက်နရဲ့ တစ်စိတ်တစ်ပိုင်းသာ ရှိပါသေးတယ်။ ဧပြီလက အန်တီဗိုင်းရပ်စ်ဆော့ဖ်ဝဲကို ထုတ်လုပ်တဲ့ Kaspersky Lab က Lazarus လို့ခေါ်တဲ့ ဟက်ကာအဖွဲ့ဟာ ကော်စတာရီကာ၊ အီသီယိုးပီးယား၊ ဂါဘွန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရတ်၊ ကင်ညာ၊ မလေးရှား၊ နိုက်ဂျီးရီးယား၊ ပိုလန်၊ ထိုင်ဝမ်၊ ထိုင်းနဲ့ ဥရုဂွေးက ဘဏ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီအဖွဲ့တွေဟာ ပြင်သစ်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ကနေ လမ်းကြောင်းရှာပြီး တိုက်ခိုက်ခဲ့တယ်လို့ Kaspersky က ပြောပေမယ့် ကျွမ်းကျင်သူတွေကတော့ အချုပ်လမ်းကြောင်းတစ်ခုဟာ မြောက်ကိုရီးယားက လာတယ်ဆိုတာကို သတိပြုမိခဲ့ပါတယ်။

    Sony လည်းမလွတ်

    ၂၀၁၄ ခုနှစ်မှာ Sony Pictures ဟာ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုကို အလူးအလဲ ခံခဲ့ရပါတယ်။

    တိုက်ခိုက်ခံရချိန်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ပုံ ဟာသရုပ်ရှင် The Interview ပြသတော့မယ့်အချိန်ပါ။

    ဟက်ကာတွေက ဇာတ်ညွှန်းတွေ၊ ဇာတ်ကားတစ်ခုလုံး၊ မှတ်တမ်းတွေ၊ ရုပ်ရှင်ထဲမှာ ပါဝင်သူတွေနဲ့ ဆိုနီဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေအားလုံးကို ယူဆောင်သွားခဲ့ပြီး ကွန်ပျူတာတွေထဲက အချက်အလက်တွေအားလုံးကို ရှင်းလင်းခဲ့ပါတယ်။

    ခြေရာလက်ရာတွေက Lazarus အဖွဲ့ လုပ်တယ်လို့ ညွှန်ပြနေပြီး အမေရိကန် FBI က ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ မြောက်ကိုရီးယား ရှိနေတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်အစောပိုင်းမှာ အမေရိကန်က ဆိုနီတိုက်ခိုက်မှုမှာ ပါဝင်တယ်ဆိုတဲ့ ကိစ္စအတွက် မြောက်ကိုရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှုအသစ်တွေ ထပ်လုပ်လိုက်ပြီး ဒီတစ်ကြိမ်မှာတော့ အမေရိကန်အစိုးရဲ့ အကြီးတန်းတာဝန်ရှိတွေ ပစ်မှတ်ထား ခံခဲ့ရပါတယ်။

    မြောက်ကိုရီးယားက ဒီတိုက်ခိုက်မှုမှာ သူတို့မပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

    တောင်ကိုရီးယား

    မြောက်ကိုရီးယားရဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ ငွေများများလိုချင်တာ လက်စားချေချင်တာကြောင့်လို့ ယူဆရပေမယ့် တောင်ကိုရီးယားကိုတော့ ပုံမှန်လိုလို တိုက်ခိုက်လေ့ ရှိပါတယ်။

    ဒီဇင်ဘာမှာ တောင်ကိုရီးယားက သူတို့ရဲ့ စစ်ဖက်ဆိုင်ရာ ကွန်ပျူတာကွန်ယက်ဟာ မြောက်ကိုရီးယားရဲ့ ဆိုက်ဘာတိုက်ခိုက်မှုကို ခံခဲ့ရပြီး လျှို့ဝှက်အချက်အလက်တွေ ခိုးယူခံလိုက်ရတယ်လို့ ဆိုပါတယ်။

    တောင်ကိုရိးယားအစိုးရက ထိပ်တန်းတာဝန်ရှိသူတွေရဲ ဖုန်းတွေဟာလည်း ၂၀၁၆ ခုနှစ်အတွင်းမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ပြောပါတယ်။ မြောက်ကိုရီးယားဟာ ‘စိတ်ဝင်စားလောက်မယ့် စာတို’ တွေ ပိုပြီး ဖုန်းတွေထဲက စာတိုတွေ၊ အသံဖိုင်တွေကို ခိုးယူသွားတယ်လို့ ဆို
    ပါတယ်။

    နောက်ပြီး တောင်ကိုရီးယားက ကွန်ပျူတာ ၆ သောင်းလောက်ကို ‘Zombies’ တွေဖြစ်အောင် အလုပ်ခံရတဲ့ ကိစ္စမှာလည်း မြောက်ကိုရီးယားလက်ချက်မကင်းဘူးလို့ စွပ်စွဲခံရပါတယ်။ ဒီလိုလုပ်တာဟာ ဆိုက်ဘာတိုက်ခိုက်မှု လုပ်တဲ့နေရာမှာ ဒီ ကွန်ပျူတာတွေကို သုံးဖို့ပါ။ ၂၀၁၅ ခုနှစ်က တစ်လအတွင်းမှာပဲ မြောက်ကိုရီး
    ယားဟာ ကွန်ပျူတာ ၁ သောင်းလောက်ကို ထိန်းချုပ်ခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောပါတယ်။

    ၂၀၁၃ ခုနှစ်မှာလည်း တောင်ကိုရီးယားက အဓိက ဘဏ်တွေ၊ အသံလွှင့်ဌာနတွေ ချိတ်ဆက်ထားတဲ့ အင်တာနက် ကွန်ယက်ကြီးဟာ ဆိုက်ဘာတိုက်ခိုက်မှုရဲ့ သားကောင်တွေ ဖြစ်ခဲ့ရပြီး ခြေရာခံရာမှာတော့ မြောက်ကိုရီးယားမှာ သွားဆုံးတာကို တွေ့ခဲ့ရပါတယ်။

    Ref: CNN