News @ M-Media

Blog

  • ဆီးရီးယားဒုက္ခသည် တစ်ထောင်ကို အာဂျင်တီးနားက ပညာသင်ဆု ပေးမည်

    ဆီးရီးယားဒုက္ခသည် တစ်ထောင်ကို အာဂျင်တီးနားက ပညာသင်ဆု ပေးမည်

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    – ဆီးရီးယားဒုက္ခသည်များကို လာမည့် ၅ နှစ်အတွင်း တက္ကသိုလ် ပညာသင်ဆု ၁၀၀၀ ပေးအပ်မည့် အစီအစဉ်ကို အာဂျင်တီးနားက သောကြာနေ့တွင် ထုတ်ပြန်လိုက်သည်။

    အာဂျင်တီးနားမှာ ပြီးခဲ့သည့်နှစ်အတွင်း ဆီးရီးယားဒုက္ခသည် ၃၀၀၀ ကို လက်ခံရန် ကတိပြုခဲ့သော်လည်း ရာဂဏန်းသာ ရောက်ရှိခဲ့သောကြောင့် လူ့အခွင့်အရေး အဖွဲ့များ၏ ဝေဖန်မှုများ ခံခဲ့ရပြီးနောက် ယခု အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

    မြို့တော် ဗျူနိုအေရီးစ်တွင် သောကြာနေ့က ပြုလုပ်သည် လက်တင်အမေရိကဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွင် အာဂျင်တီးနား ပညာရေးဝန်ကြီး အက်စ်တီဘန် ဘူလ်ရစ်ခ်ျက အစိုးရအနေဖြင့် လက်ရှိတွင် ဆီးရီးယားဒုက္ခသည်များနှင့် အာဂျင်တီးနားနိုင်ငံတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်အတွက် ဒုက္ခသည် ကျောင်းသား ၁၀၀၀ ကို တံခါးဖွင့်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ဒုက္ခသည်များကို အမြဲတမ်းနေထိုင်ခွင့်ပေးရန်း လမ်းကြောင်းနှင့်အတူ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ ဗီဇာကို မိတ်ဆက်ပေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

    ယခု ပညာတော်သင်ဆုများမှာ အာဂျင်တီးနား အစိုးရနှင့် အမေိရကန် NGO Blue Rose Compass တို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ဒုက္ခသည်များအတွက် ပညာသင်ကြားရေးနှင့် အလုပ်အကိုင်တို့အတွက်ပါ အာမခံပေးမည်ဖြစ်သည်။

    ၆ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သည့် ပြည်တွင်းစစ်ကြောင့် ဆီးရီးယားပြည်သူ ၅ သန်းခန့်မှာန် တူရကီ၊ လက်ဘနွန်၊ ဂျော်ဒန်၊ အီရန်နှင့် ဥရောပနိုင်ငံများတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည်။

    Ref: Global citizen

  • ထုတ်ပယ်ခံရမှုအတွက် လက်စတာကစားသမားများကို ရာနီယေးရီ အပြစ်မတင်

    ထုတ်ပယ်ခံရမှုအတွက် လက်စတာကစားသမားများကို ရာနီယေးရီ အပြစ်မတင်

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    – ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းမှ မကြာသေးမီက ထုတ်ပယ်ခံလိုက်ရသည့် ကလော်ဒီယို ရာနီယေးရီက ကစားသမားများ၏ သစ္စာဖောက်မှုကြောင့် ယခုကဲ့သို့ ထွက်ခဲ့ရသည်ဆိုသည့် ပြောကြားမှုများကို ငြင်းဆိုလိုက်သည်။

    ပြီးခဲ့သည့် ဘောလုံးရာသီတွင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ရလဒ်မကောင်းခဲ့သောကြောင့် ရာနီယေးရီမှာ ဖေဖော်ဝါရီလတွင် ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်။

    ထိုအချိန်ကတည်းကစ၍ ရာနီယေးရီမှာ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးခဲ့သော်လည်း ကစားသမားများ၏ သစ္စာဖောက်မှုကြောင့် ယခုအခြေအနေအထိ ဖြစ်သွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    ရာနီယေးရီကမူ ထိုသတင်းများကို ယမန်နေ့တွင် Sky Sport ၏ တွေ့ဆုံမေးမြန်းမှု၌ ငြင်းဆိုခဲ့သည်။

    “နိုး ကျွန်တော် မယုံကြည်ပါဘူး။ ကစာသမားတွေက ကျွန်တော့်ကို ချောက်ချလိုက်တယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ နိုး နိုး နိုး။ ကစာသမားတွေက ရေကုန်ရေခမ်း မကစားတာမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်မှာပါ ဘာ့ကြောင့်လည်းဆိုတော့ အခြားပြဿနာတွေလည်း ရှိတာကိုး ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    သို့သော်လည်း အသင်းက ၎င်းက ထောက်ခံအားပေးသည်ဆိုသည့် ကြေငြာချက်ထုတ်ပြန်ပြီး နှစ်ပတ်အကြာမှာပင် ရာထူးမှ ထုတ်ပယ်ခံရမှုကို တုန်လှုပ်မိခဲ့ကြောင်း ၎င်းက ဖွင့်ဟခဲ့သည်။

    Ref: Telegraph

  • ကိုယ်စွမ်းကိုယ်စ (Quote)

    ကိုယ်စွမ်းကိုယ်စ (Quote)

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    အတောင်များဖြင့် မွေးဖွားလာသူ သင်က အဘယ့်ကြောင့် တွားသွားကာ ဘ၀ကို ဖြတ်သန်းနေပါသနည်း (ရူမီ)

    ရူမီ ဘယ်သူလဲ
    —————–
    ရူမီမှာ ၁၃ ရာစု ပါရှန်း ကဗျာဆရာ၊ အစ္စလာမ့်ဒဿနညာရှင်နှင် ဆူဖီသူတော်စင်ဖြစ်ပြီး ၎င်းရေးသားခဲ့သည့် ကဗျာများမှာ အထူးကျော်ကြားသည်။ ၎င်း၏ ကဗျာများကို ဘာသာစကားပေါင်းစုံဖြင့် ဘာသာပြန်ဆိုကာ ဖြန့်ချီကြပြီးအမေရိကန်တွင် ယနေ့အချိန်အထိ ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်နေဆဲဖြစ်သည်။

  • စင်ကာပူမွတ်စလင် လက်ဝှေ့သမား တိုင်းပြည်အတွက် ပထမဆုံး WBA ချန်ပီယံဘွဲ့ ရယူပေး

    စင်ကာပူမွတ်စလင် လက်ဝှေ့သမား တိုင်းပြည်အတွက် ပထမဆုံး WBA ချန်ပီယံဘွဲ့ ရယူပေး

    ဧပြီ ၁၁၊ ၂၀၁၇
    M-Medias

    – စင်ကာပူနိုင်ငံမှ လက်ဝှေ့သမား မိုဟာမက် ရစ်ဒ၀မ်မှာ SFC 5: Combat Redefined လက်ဝှေ့ပွဲတွင် Asia Super Featherweight တန်း၌ ဗိုလ်စွဲကာ နိုင်ငံ၏ ပထမဆုံး WBA ချန်ပီယံ ဖြစ်လာခဲ့သည်ဟု သိရသည်။

    စနေနေ့က ကစားခဲ့သည့်ပွဲတွင် အသက် ၂၉ နှစ်အရွယ် ရစ်ဒ၀မ်မှာ အင်ဒိုနီးရှားနိုင်ငံ၏ ထိပ်တန်း ဖယ်သာဝိတ်ကစာသမား ၀ါလ်ဒို ဆာဘူကို ဒုတိယအချီတွင် TKO ဖြင့် အလဲထိုး အနိုင်ယူခဲ့ခြင်းဖြစ်သည်။

    ကစားသမား ၂ ဦးစလုံးမှာ ပထမအချီတွင် အပြန်အလှန် ထိုးသတ်နိုင်ခဲ့သော်လည်း ဒုတိယအချီတွင် ရစ်ဒ၀မ်က အသာရခဲ့ပြီး ၂ မိနစ်မှာ ခွဲမှာပင် အနိုင်ရရှိခဲ့သည်။

    စင်ကာပူတွင် Legends Fight Sport လက်ဝှေ့ လေ့ကျင့်ရေးကျောင်းကို တည်ထောင်ထားပြီး နည်းပြချုပ်အဖြစ် ဆောင်ရွက်နေသည့် ရစ်ဒ၀မ်က ၎င်းအနေဖြင့် ဂုဏ်ယူသည်ဟုဆိုသည်။

    “ဒီအနိုင်အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ၀ါလ်ဒိုလို အတွေ့အကြုံရှိတဲ့ လက်ဝှေ့သမားတစ်ယာက်နဲ့ ထိုးခွင့်ရတဲ့အတွကလည်း ကျွန်တော် ပျော်ရွှင်ပါတယ်။ ၂ ချီလောက်နဲ့ သူ မရှုံးဖူးပါဘူး။ ဒါပေမယ့် ကျွန်တော်ကလည်း ခါးပတ်မရဘဲ ကြိုးဝိုင်းထဲက မဆင်းချင်ပါဘူး။ ကျွန်တော်ရဲ့ လေ့ကျင့်ရေးကျောင်းနဲ့ စင်ကာပူနိုင်ငံအတွက် ဂုဏ်တက်အောင် ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ရစ်ဒ၀မ်က ပြောကြားခဲ့သည်။

    WBA မှာ ပရော်ဖက်ရှင်နယ် လက်ဝှေ့လောကတွင် အဓိက အဖွဲ့ကြီး ၄ ခုထဲမှ တစ်ခုဖြစ်ပြီး မိုဟာမက်အလီ၊ မိုက်တိုင်ဆန်နှင့် ဂျော့ဖိုးမန်းတို့ကဲ့သို့ ကန္တ၀င်လက်ဝှေ့ကျော်ကြီးများမှာလည်း WBA ချန်ပီယံဟောင်းများ ဖြစ်ကြသည်။

    စင်ကာပူလက်ဝှေ့ချန်ပီယံရှစ် ဥက္ကဌ အာရ်ဗင်း လာလ်ဝါနီက ရစ်ဒ၀မ်အတွက် ဂုဏ်ယူသည်ဟု ပြောကြားခဲ့သည်။

    Ref: Today Online

  • ရခိုင်စစ်ဆင်ရေးများ အတွင်း ဖမ်းဆီးခံထားရသည့် ကလေးများကို လွှတ်ပေးရန် ယူနီဆက်တောင်းဆို

    ရခိုင်စစ်ဆင်ရေးများ အတွင်း ဖမ်းဆီးခံထားရသည့် ကလေးများကို လွှတ်ပေးရန် ယူနီဆက်တောင်းဆို

    စစ်ဆင်ရေးအပြီး မီးလောင်ပျက်ဆီးခဲ့ပြီးနောက် နေအိမ်များပြန်ဆောက်ရန်ပြင်ဆင်နေသည့် ဝပိတ်ကျေးရွာမြင်ကွင်း။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

    ရန်ကုန်၊ ဧပြီ ၁၀

    ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးခံထားရသည့် ကလေးငယ်များအား ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) က မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။

    မငြိမ်မသက်ဖြစ်နေသည့် ပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်တပ်ကဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများအတွင်း လူပေါင်း ၆၀၀ ခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရပြီးကတည်းက စစ်ဆင်ရေးများ စတင်ခဲ့ခြင်း ဖြစ်သည်။

    အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသူ ရိုဟင်ဂျာ ၇၀,၀၀၀ ခန့်က ၎င်းတို့အား ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းနှင့် အကျဉ်းထောက်များအတွင်း အစာရေစာ ငတ်မွတ်သည့်အကြောင်းများကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးများထံ ပြန်ပြောင်းပြောကြားခဲ့ကြသည်။

    ဖမ်းဆီး ထိန်းသိမ်းခံထားရသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်များလည်း ပါဝင်သည်။

    ဘူးသီးတောင်အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းခံထားရသည့် ကလေးသူငယ် ဒါဇင်ပေါင်းများစွာနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့သည်ဟု ယူနီဆက်၏ ဒုတိယအမှုဆောင်ဒါရိုက်တာ Justin Forsyth က ပြောကြားသည်။

    “အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတဲ့ ကလေးငယ်အချို့ ရှိနေပါတယ်။ ကျွန်တော်တို့ ပြောနေတာလည်း ဒီကိစ္စတွေပဲ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီး စနေနေ့ညနေပိုင်းတွင် ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။

    “ထိန်းသိမ်းခံနေရတဲ့ ကလေးတိုင်းက ကျွန်တော်တို့ကိစ္စပါပဲ” ဟု ၎င်းကပြောသည်။

    အဆိုပါကိစ္စမှာ ပြဿနာတစ်ခုဖြစ်သည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က အသိအမှတ်ပြုသော်လည်း ပြန်လွှတ်ပေးရေးနှင့် ပတ်သက်ပြီး သေချာစွာ ကတိကဝတ်ပြု ပြောကြားခြင်းမရှိဟု ၎င်းကပြောသည်။

    အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးထံ အေက်ဖ်ပီက တနင်္ဂနွေနေ့တွင် ဆက်သွယ်ခဲ့သော်လည်း ၎င်းက တစုံတရာ ပြောကြားခြင်းမရှိပေ။

    ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာရေးသားသူ မစ္စယန်ဟီလီက ၎င်းသွားရောက်ခဲသည့် ဇန်နဝါရီလအတွင်းက ဘူးသီးတောင်အကျဉ်းထောင်တွင် လူ ၄၅၀ ခန့်ကို ထိန်းသိမ်းထားသည်ဟု ပြောကြားသည်။ အများစုမှာ ၎င်းတို့၏ ရှေ့နေများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိကြပေ။

    ရိုဟင်ဂျာကလေးငယ်များအား အခွင့်အရေးများ မရရှိအောင် တားဆီးထားခြင်းက စစ်သွေးကြွများ ဖြစ်လာစေမည်ဆိုသည့်အချက်ကို မြန်မာနိုင်ငံ၏ အရပ်သားအစိုးရအဖွဲ့နှင့် တပ်မတော်အတွင်းတွင် တဖြည်းဖြည်း အသိအမှတ်ပြုလာကြပြီဟု Forsyth ကပြောကြားသည်။

    “အဖြစ်မှန်ကတော့ ခင်ဗျားအနေနဲ့ ဒီအသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး ပြဿနာတွေကို မပြောပဲနေမယ်ဆိုလို့ရှိရင် အဲဒါက ခင်ဗျားကို ပြန်လည်ခြောက်လှန့် လာပါလိမ့်မယ်။ ဖြစ်ပျက်ခဲ့တာမှာလည် ဒါကတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

    သတင်း-အေအက်ဖ်ပီ

    Frontier Myanmar မှ ကူးယူဖော်ပြပါသည်။