News @ M-Media

Blog

  • ဆီးရီးယား ထိပ်တန်းအာကာသပညာရှင် စစ်ပွဲကြောင့် ဒုက္ခသည်ဘ၀ရောက်ခဲ့ရ

    ဆီးရီးယား ထိပ်တန်းအာကာသပညာရှင် စစ်ပွဲကြောင့် ဒုက္ခသည်ဘ၀ရောက်ခဲ့ရ

    ဧပြီ ၁၃၊ ၂၀၁၇
    M-Media

    – ဆီးရီးယားက ဒုက္ခသည်တွေထဲမှာ မိုဟာမက် ဖာရစ်ဆိုတဲ့ လူတစ်ယောက် ပါဝင်လာတယ်ဆိုတာ သိပ်တော့ အံ့သြစရာမဟုတ်ပါဘူး။ ဒါပေမယ့် အံ့သြစရာက ဖာရစ်မှာ အခြားဆီးရီးယားပြည်သူတွေနဲ့ မတူတဲ့ ၀ိသေသတွေ ရှိနေတာပါ။

    ဖာရစ်ဟာ အာကာသထဲကို သွားရောက်ဖူးတဲ့ ဆီးရီးယားနိုင်ငံရဲ့ တစ်ဦးတည်းသော အာကပညာရှင်ဖြစ်ပြီး အာရပ်ကမ္ဘာရဲ့ ဒုတိယမြောက်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ လက်ရှိ တူရကီမှာ ခိုလှုံနေရတဲ့ ဖာရစ်ဟာ အာဆတ်အစိုးရဖက်ကနေ ဘက်ပြောင်းသွားတဲ့ သူတွေထဲမှာ ကြီးကြီးမာစတာတစ်ယောက်လည်း ဖြစ်ပါတယ်။

    ရုရှားစကားကို ကောင်းကောင်းပြောတတ်တဲ့ ဖာရစ်ဟာ ၁၉၈၇ ခုနှစ်မှာ ဆိုဗီယက်အဖွဲ့နဲ့အတူ ၂၀၀၁ ခုနှစ်အထိ ကမ္ဘာပတ်လမ်းကြောင်းက အကြီးဆုံး ဂြိုဟ်တုဖြစ်တဲ့ Mir အာကာသစခန်းကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ သူဟာ တစ်ပတ်တာ နေထိုင်ခဲ့ပြီး စမ်းသပ်မှုတွေ၊ ဆီးရီးယားနိုင်ငံကို ဓာတ်ပုံရိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    သာမန်မိသားစုက ဆင်းသက်လာတဲ့ ဖာရစ်ဟာ လေယာဉ်မှူးဖြစ်ပြီ ၂ နှစ်အကြာမှာပဲ ဆိုဗီယက် မဟာမိတ်တွေအတွက် မော်စကိုမှာတက်ရမယ့် သင်တန်းကို တက်ရောက်ဖို့ အရွေးခံခဲ့ရပါတယ်။

    အာကာသမှာ နေခဲ့ရဲ့အချိန်ဟာ ဖာရစ်ရဲ့ ဘ၀အမြင်ကို ပြောင်းလဲစေခဲ့ပါတယ်။

    “အာကာသယာဉ်ရဲ့ ပြတင်းပေါက်ကနေ ကမ္ဘာကြီးကိုကြည့်ဖူးတဲ့အခါ သူတို့၊ ငါတို့ဆိုတာ မရှိသလို၊ နိုင်ငံရေးဆိုတာလည်း မရှိပါဘူး” လို့ ဖာရစ်က Gurdian သတင်းစာကို ပြောဖူးပါတယ်။

    အာကာသသို့ သွားရောက်ခဲ့သည့် ဖာရစ် (လယ်) နှင့် သူ၏အဖွဲ့

    သူဟာ ‘အာရပ်ကမ္ဘာရဲ့ နီးလ် အမ်းစထရောင်း’ လို့ ရည်ညွှန်းခံခဲ့ရပြီး ကမ္ဘာမြေကို ပြန်လည်ရောက်ရှိတဲ့ အခါမှာတော့ ဆီးရီးယားနိုင်ငံရဲ့ အမျိုးသား သူရဲကောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ လေဆိပ်တစ်ခု၊ လမ်းတွေကိုလည်း သူ့ရဲ့ နာမည်မှည့်ကာ ဂုဏ်ပြုခဲ့ပါတယ်။

    ဖာရစ်ဟာ ဆီးရီးယားလူငယ်တွေကို အာကာသ၊ နက္ခတဗေဒဆိုင်ရာနဲ့ ပတ်သက်ပြီး ပိုမိုသင်ကြားလိုတာကြောင့် နိုင်ငံအတွင်း အာကာသသိပ္ပံစင်တာ တည်ထောင်ရေး တိုက်တွန်းခဲ့ပေမယ့် အဲဒီအချိန်က သမ္မတ ဟာဖက်ဇ် အလ်-အာဆတ် (လက်ရှိ သမ္မတ ဘာရှာ အလ်-အာဆတ်၏ ဖခင်) က သူ့ရဲ့ တောင်းဆိုမှုကို လက်မခံခဲ့ပါဘူး။ ဒါ့ကြောင့် လေကြောင်းကောလိပ်မှာ တိုက်လေယာဉ်နည်းပြအဖြစ် ဖာရစ်က တာဝန်ထမ်းဆောင်ခဲ့ရပြီး ဗိုလ်ချုပ်ရာထူးကို ရရှိခဲ့ပါတယ်။

    အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကနေ အကြမ်းဖက်မှုကို ပြောင်းသွားပြီး အစိုးရကလည်း အရပ်သားတွေကို တိုက်ခိုက်လာတဲ့အခါ ဖာရစ်ဟာ နိုင်ငံကနေ ထွက်ပြေးပြီး လက်ရှိ တူရကီနိုင်ငံက အစ္စတန်ဘူလ်မြို့မှာ နေထိုင်နေပါတယ်။

    အသက် ၆၉ နှစ်အရွယ် ဖာရစ်ဟာ သူ့ရဲ့ မွေးရပ်ဇာတိ အဲလစ်ပိုကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်သွားမယ်လို့ စိတ်ကူးနေပါတယ်။

    လက်ရှိမှာ တူရကီကို ၀င်ရောက်လာတဲ့ ဆီးရီးယားဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး တူရကီအစိုးရကို အကြံဉာဏ်ပေးမှုတွေ လုပ်နေပြီး စပိန်က အာဆတ်ဆန့်ကျင်ရေးအဖွဲ့ ‘ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆီးရီးယား အမျိုးသား ညှိနှိုင်းရေး ကော်မတီ’ ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

    Ref: Globalcitizen

  • မာလာလာကို ကနေဒါက ဂုဏ်ထူးဆောင်နိုင်ငံသား ချီးမြှင့်

    မာလာလာကို ကနေဒါက ဂုဏ်ထူးဆောင်နိုင်ငံသား ချီးမြှင့်

    ဧပြီ ၁၃၊ ၂၀၁၇
    M-Media

    – ပါကစ္စတန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်းဖြစ်သူ မာလာလာ ယူဆွဖ်ဇိုင်မှာ ကနေဒါနိုင်ငံ၏ ဂုဏ်ထူးဆာင်နိုင်ငံသားအဖြစ် ယမန်နေ့က အပ်နှင်းခံခဲ့ရသည်ဟု သိရသည်။

    “ရှင်တို့တိုင်းပြည်ရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ကျွန်မ ရိုးသားစွာ ခံယူပါတယ်” ဟု မာလာလာက အိုတာဝါတွင် ပြလုပ်ခဲ့သည့် သူမအား ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားခဲ့သည်။

    ကနေဒါလွှတ်တော်အမတ်များ၊ နိုင်ငံအတွင်းမှ ထင်ရှားကျော်ကြားသူများက မာလာလာအား မတ်တတ်ရပ်၍ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြသည်။

    “ပထန်လူမျိုးဖြစ်ရတဲ့အတွက် ပါကစ္စတန်နိုင်ငံသား ဖြစ်ရတဲ့အတွက် ကျွန်မဟာ အမြဲတမ်း ဂုဏ်ယူပါတယ်။ သူရဲကောင်းတွေရှိတဲ့ ရှင်တို့ရဲ့တိုင်းပြည်က ဂုဏ်ထူးဆောင်နိုင်ငံသားတစ်ယောက် ဖြစ်ရတာကိုလည်း ကျွန်မ ကျေးဇူးတင်ပါတယ်။ ဗီဇာလိုနေသေးပေးမယ့် ဒါက သပ်သပ်ပေါ့လေ” ဟု မာလာလာက အရွှန်းေ
    ဖာက် ပြောကြားခဲ့သည်။

    အသက် ၁၇ နှစ်အရွယ် ၂၀၁၄ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည့် မာလာလာမှာ ယခုတစ်ပတ် အစောပိုင်းတွင်လည်း ကုလ၏ ငြိမ်းချမ်းရေးသံတမန်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

    ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒူက ယမန်နေ့အခမ်းအနားတွင် မာလာလာအား ဂုဏ်ထူးဆောင်နိုင်ငံသားလက်မှတ်နှင့် ကနေဒါအလံတို့ကို ပေးအပ်ခဲ့သည်။

    “မာလာလာရေ – ခင်ဗျားရဲ့ဇာတ်လမ်းက ကျွန်တော်တို့အားလုံးကို လေးစားအားကျမှု ဖြစ်စေပါတယ်။ ခင်ဗျားကို ကနေဒါနိုင်ငံသားတစ်ယောက်လို့ သတ်မှတ်ရတဲ့အတွက် ကျွန်တော်တို့အားလုံးလည်း ဂုဏ်ယူပါတယ်” ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

    မာလာလာမှာ ကနေဒါဝန်ကြီးချုပ်နှင့် သီးသန့်တွေ့ဆုံရန် ရှိနေပြီး ကနေဒါ လွှတ်တော်တွင်လည်း မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

    Ref: Aljazeera

  • အမေရိကန်နှင့် ဆက်ဆံရေးဆိုးရွားလာကြောင်း ရုရှားသမ္မတပူတင် ဖွင့်ဟ

    အမေရိကန်နှင့် ဆက်ဆံရေးဆိုးရွားလာကြောင်း ရုရှားသမ္မတပူတင် ဖွင့်ဟ

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – သမ္မတထရမ့် တက်လာပြီးနောက်ပိုင်း အမေရိကန်နှင့် ရုရှားတို့၏ ဆက်ဆံရေးမှာ ဆိုးရွာလာခဲ့သည်ဟု ရုရှားသမ္မတ ပူတင်က ယနေ့တွင် ဖွင့်ဟပြောကြားလိုက်ပြီး ဆီးရီးယားအစိုးရနှင့် အဆက်ဖြတ်ရန် အမေရိကန်၏တောင်းဆိုမှုကိုလည်း ပယ်ချလိုက်သည်။

    “ပူးပေါင်းလုပ်ဆောင်တဲ့နေရာ အထူးသဖြင့် စစ်တပ်ဖက်မှာ ယုံကြည်မှုအဆင့်ဟာ တိုးတက်မလာဘဲ ဆိုးရွားသွားတယ်လို့ ပြောနိုင်ပါတယ်” ဟု ပူတင်က နိုင်ငံပိုင်ရုပ်သံနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဆီးရီးယားသမ္မတ အာဆတ်အား ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်တစ်ပတ်က သူပုန်များသိမ်းပိုက်ထားရာ မြို့တစ်မြို့သို့ အာဆတ်အစိုးရက ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဆိုသည့် အပြစ်တင်မှုများကို ပယ်ချခဲ့ကာ အာဆတ်၏ ရန်သူများက လုပ်ကြံခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    စောစောပိုင်းကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်နှင့် တွေ့ဆုံစဉ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ ဆီးရီးယားအား အမေရိကန်က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုမှာ တရားမ၀င်ဘဲ ၀ါရှင်တန်အနေဖြင့် ကြိုတင်တွက်ဆမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြော
    ကြားခဲ့သည်။

    အမေရိကန်က ဆီးရီးယား၏ အနာဂတ်တွင် အာဆတ်အတွက် နေရာမရှိဘဲ ရုရှားအနေဖြင့် အာဆတ်အစိုးရအား ပံ့ပိုးပေးနေမှုများကို ရပ်တန့်ရန် ပြီးခဲ့သည့်ရက်ပိုင်းက သတိပေးခဲ့သည်။

    Ref: Aljazeera

  • အာဂျင်တီးနားတွင် ဘောလုံးသမားများ သပိတ်မှောက်

    အာဂျင်တီးနားတွင် ဘောလုံးသမားများ သပိတ်မှောက်

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – အာဂျင်တီးနားတွင် ဘောလုံးကစားသမားများက လခမရရှိသည့်အတွက် သပိတ်မှောက်သောကြာင့် ဘောလုံးရာသီ ပထမဆုံးပွဲများကို ရပ်ဆိုင်းခဲ့ရသည်ဟု သိရသည်။

    အစိုးရက ရုပ်သံထုတ်လွှင့်ခွင့်မှ ရရှိသည့် အကျိုးအမြတ်များကို ခွဲဝေပေးခြင်းမရှိသောကြောင့် အမှတ်ပေးပြိုင်ပွဲဝင် အသင်းများမှ ကစားသမားများ လခမရသည်မှာ ၄ လခန့် ရှိနေပြီဖြစ်သည်။ ထိုကိစ္စ ပြေလည်ရန်အတွက် အစိုးရက ကန်ဒေါ်လာ ၂၂ သန်း ထုတ်ပေးထားသော်လည်း အဆင်မပြေသေးပေ။

    အာဂျင်တီးနား ဘောလုံးသမားများ သမဂ္ဂ (FAA) ကမူ အစိုးရ၏ ထိုကဲ့သို့ ကြားဝင်မှုက ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း မိမိတို့အနေဖြင့် သောကြာနေ့တွင် စီစဉ်ထားသည့်ပွဲများကို ကစားမည်မဟုတ်ကြောင်း စောစောပိုင်းက ပြောကြားခဲ့သည်။

    ထို့ကြောင့် ဘောလုံးရာသီ ပထမဆုံးပွဲအဖြစ် သောကြာနေ့ညနေ့တွင် ကစားမည့် ပွဲများကို ရပ်ဆိုင်းသည်ဟု အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် AFA က ပြောကြားခဲ့သည်။

    အစိုးရက ထုတ်ပေးမည့်ငွေမှာ အင်္ဂါနေ့အထိ ရရှိရန် မရှိသေးဘဲ FAA ကမူ ကလပ်အသင်းများမှာ အကြွေးများ ၀ိုင်းနေသည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်တစ်ပတ်ကလည်း AFA မှာ ထိပ်တန်းပွဲစဉ်များအတွက် ရုပ်သံထုတ်လွှင့်ခွင့် စာချုပ်ကို ဖျက်သိမ်းခဲ့သည်။

    Aljazeera

  • တိုယိုတာက သက်ကြီးစောင့်ရှောက်ရေးစက်ရုပ် ဈေးကွက်တင်မည်

    တိုယိုတာက သက်ကြီးစောင့်ရှောက်ရေးစက်ရုပ် ဈေးကွက်တင်မည်

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရာတွင် အကူအညီပေးနိုင်မည့် စက်ရု့တစ်ခုကို ယခုနှစ်နှောင်းပိုင်းတွင် ဈေးကွက်တင်သွားမည်ဟု ကမ္ဘာ့ နံပါတ် ၂ မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီ တိုယိုတာက ယနေ့တွင် ကြေငြာလိုက်သည်။

    အဆိုပါ ပြန်လည်ထူထောင်ရေးစက်ရုပ်ကို ၁၀ စုနှစ်တစ်ခုကြာ ဖန်တီးခဲ့ပြီးနောက် လက်ရှိတွင် ဈေးကွက်တင်ရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုသည်။

    အောက်ပိုင်းသေနေသည့် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ပေးနိုင်မည့် ထိုစက်ရုပ်ကို ဆေးရုံများနှင့် အခြားသော စောင့်ရှောက်ရေးစင်တာများက တစ်လလျှင် ယန်း ၃၅၀၀၀၀ (ကန်ဒေါ်လာ ၃၁၉၆.၉၃) ဖြင့် ငှားရမ်းသုံးစွဲနိုင်မည်ဖြစ်ပြီး ကနဦးတွင် ယန်း ၁ သန်း ပေးသွင်းရမည်ဖြစ်သည်။

    “ဒီဟာ (စနစ်) က သက်ကြီးရွယ်အိုတွေကို ကူညီနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ဘ၀တွေကို ပိုမို လွတ်လပ်စေကာ သူတို့ကို စောင့်ရှောက်နေသူတွေအတွက်လည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်” ဟု တိုယိုတာက ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ပြိုင်ဘက်ဟွန်ဒါကမူ ထိုကဲ့သို့ စက်ရုပ်များကို လွန်ခဲ့သည့် ၂ နှစ်အရင်ကတည်းက ဈေးကွက်တင်ခဲ့ပြီးဖြစ်သည်။

    ဂျပန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အိုအများဆုံး တိုင်းပြည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၂၆.၇ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်နှင့် အထက် ဖြစ်နေသည်။

    အလုပ်အကိုင်လုပ်နိုင်သည့် လူဦးရေ လျှော့ကျလာမှုကြောင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းများတွင် လုပ်သားများ ရှားပါးလာခဲ့သည်။

    Ref: CNA