News @ M-Media

Blog

  • တူရကီ၏ မအောင်မြင်သော အာဏာသိမ်းမှုတွင် ဂူလမ်မပါဟု ဂျာမနီထောက်လှမ်းရေးပြော

    တူရကီ၏ မအောင်မြင်သော အာဏာသိမ်းမှုတွင် ဂူလမ်မပါဟု ဂျာမနီထောက်လှမ်းရေးပြော

    မတ် ၂၈၊ ၂၀၁၇
    M-Media

    အမေရိကန်နိုင်ငံမှာ အခြေချခိုလှုံနေတဲ့ တူရကီ ဘာသာရေးခေါင်းဆောင် ဖသ်ဟွလ္လာဟ်ဂိုလမ်

    – တူရကီနိုင်ငံတွင် ပြီးခဲ့တဲ့ နွေရာသီက မအောင်မမြင်ဖြစ်သွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကို အမေရိကန်နိုင်ငံမှာ အခြေချခိုလှုံနေတဲ့ ဘာသာရေးခေါင်းဆောင် ဖသ်ဟွလ္လာဟ်ဂိုလမ်က နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်ဆိုတဲ့ တူရကီ အစိုးရရဲ့ စွပ်စွဲချက်တွေအတွက် တူရကီ အစိုးရက ဂျာမဏီနိုင်ငံရဲ့ ဘီအန်ဒီ (ခေါ်) နိုင်ငံရပ်ခြား ထောက်လှမ်းရေး အေဂျင်စီကို သက်သေပြဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ဘီအန်ဒီက ဂျာမန် မဂ္ဂဇင်းတစ်စောင်ကို ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လ ဆယ့်ငါးရက်နေ့က မအောင်မမြင်ဖြစ်ခဲ့တဲ့ တူရကီနိုင်ငံရဲ့ စစ် အာဏာသိမ်းမှု့နောက်ကွယ်မှာ ဆရာကြီး ဂိုလမ်က အကွက်ချ စီစဉ်ခဲ့တယ်ဆိုပြီး တူရကီသမ္မတ တိုင်ယစ်ပ် အာဒိုဂန်နဲ့ တူရကီ အစိုးရတို့က စွပ်စွဲခဲ့ကြပါတယ်။ အဲဒီ အာဏာသိမ်းမှုမှာ ခွဲထွက်ရေးစစ်သားတွေက တင့်ကားတွေ၊ တိုက်လေယာဉ်တွေနဲ့ ဟယ်လီကော်ပတာတွေကို အသုံးပြု ပြီး ပါလီမန် အဆောက်အအုံနဲ့ အရပ်သားအစိုးရတို့ကို တိုက်ခိုက်ခဲ့ရာမှာ လူပေါင်း ၂၄၀ လောက် သေဆုံးခဲ့ပါတယ်။

    “အဆင့်တိုင်း အဆင့်တိုင်းမှာ ယုံကြည်နိုင်လောက်တဲ့ သက်သေပြဖို့ တူရကီအစိုးရက ကြိုးစားခဲ့ပေမယ့် အခုထိတော့ သဲထဲရေသွန် ဖြစ်သွားခဲ့ပုံရပါတယ်” လို့ ဘီအန်ဒီ အကြီးအကဲ ဘရူနိုခါးလ် က စနေနေ့မှာ ထုတ်ဝေတဲ့ Der Spiegel မဂ္ဂဇင်းကို သတင်း အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။

    အာဒိုဂန်နဲ့ တူရကီ အစိုးရကတော့ အာဒိုဂန်ကို ပြန်လည်လွှဲပြောင်းပေးအပ်ဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ သူကတော့ စစ်အာဏာသိမ်းမှုမှာ မပါဝင်ဘူးလို့ ငြင်းဆိုထားပါတယ်။

    ဂိုလမ် လှုပ်ရှားမှုဟာ အစ္စလာမ်မစ် အစွန်းရောက် လှုပ်ရှားမှုလား၊ အကြမ်းဖက် ၀ါဒလားလို့ မေးမြန်းရာမှာ ခါလ်းက “လူမှုရေး အသင်းကြီး တစ်ခု သက်သက်မျှသာ ဖြစ်ပါတယ်၊ ဘာသာရေးနဲ့ လောကီ ပညာရေးအတွက် ထပ်မံ ပံ့ပိုး ပေးလိုတဲ့ အသင်းကြီးတစ်ခုသာဖြစ်ပါတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။

    တူရကီအစိုးရကိုယ်တိုင် ဒီစစ်အာဏာသိမ်းမှုနောက်ကွယ်မှာ ပါဝင်တယ်လို့ မထင်ကြောင်းလည်း သူက ပြောပါတယ်။

    “ဒီအာဏာသိမ်းတာကို အစိုးရက လုပ်တာ မဟုတ်ပါဘူး။ မြန်မြန်သာမနှိမ်နင်းရင် သူတို့ကို အာဏာသိမ်းပြန်သိမ်းလိ့မ်မယ် ဆိုတဲ့ အတွေးနဲ့ စစ်တပ်မှာ အကြီးအကျယ် ရှင်းလင်းဖယ်ရှားမှုကို ဇူလိုင်လ ၁၅ ရက်နေ့ မတိုင်ခင်ကတည်းက အစိုးရက လုပ်ဆောင်ခဲ့ပြီးပါပြီ”

    ဆက်လက်ပြီးတော့လည်း ခါလ်းက ဂျာမနီနဲ့ ဥရောပကို  ရုရှားရဲ့ ရန်စခြိမ်းခြောက်မှု့တွေ တိုးလာနေတဲ့အကြောင်း သတိ ပေးစကားပြောကြားခဲ့ပါသေးတယ်။ “ရုရှားက အနောက်ဖက်နယ်စပ်မှာ သူတို့ရဲ့စစ်အင်အားကို နှစ်ဆ တိုးမြှင့်လိုက်ပါတယ်… အဲဒါတွေ အားလုံးဟာ အနောက်နိုင်ငံတွေကို ခံစစ်သဘောမျိုးလုပ်ထားတယ်ဆိုပီး ယူဆလို့ မရပါဘူး”

    သူက “ရုရှဟာ လာမဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဂျာမဏီနိုင်ငံမှာ ကျင်းပမဲ့ ဖက်ဒရယ် အထွေထွေ ရွေးကောက်ပွဲကြီးကို အတော်လေး လွှမ်းမိုးဖို့ ကြိုးစားလာပါလိမ့်မယ်။ ကျွန်တော်တို့ အနည်ဆုံးတော့ ဒါမျိုးဖြစ်လိမ့်မယ်လို့ တွက်ထားရပါမယ်” လို့လည်း သူက ထပ်ပြီး ပြောကြားခဲ့ပါတယ်။

    အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေကတော့ ရုရှာနိုင်ငံဟာ ၂၀၁၆ ခုနှစ်-  အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ လွှမ်းမိုးခွင့်ရအောင် ကြိုးပမ်းတဲ့အနေနဲ့ ဒီမိုကရက်တွေကို ရီပက်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်စား ဆိုက်ဘာတိုက်ခိုက်မှု့တွေ လုပ်ပေးခဲ့တယ်လို့ ယူဆထားကြပါတယ်။

  • ဘာအတွက် သွေးလှူကြတာလဲ (ရုပ်သံ)

    ဘာအတွက် သွေးလှူကြတာလဲ (ရုပ်သံ)

    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်လူငယ်များ (ဘာသာရေး)  အဖွဲ့ မမလ ဌာနချုပ်မှ ဦးစီးကျင်းပသည့် ၂၃ ကြိမ်မြောက် သွေးလှူဒါန်းပွဲကို မတ်လ ၂၇နေ့တွင် ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်မှာ ပြုလုပ်ခဲ့ပြီး လူမျိုး/ဘာသာပေါင်းစုံမှ သွေးလှူရှင်(၁၃၆)ဦး ပါဝင်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်လူငယ်များ (ဘာသာရေး)  အဖွဲ့မှ ၄ လ တကြိမ် ပုံမှန် သွေးလှူဒါန်းမှုကို ဆောင်ရွက်လျက်ရှိပြီး သွေးလှူဒါန်းမှု ၂၃ ကြိမ်တွင် သွေး(၄၇၇၅) ပုလင်း လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

    ရိုက်ကူး မိုးစက်
    M-Media

  • တိုင်းပြည်အား အကျိုးပြုစေနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့သားကောင်း မွတ်စလင်များအား ဂုဏ်ပြုပွဲပြုလုပ်မည်။

    တိုင်းပြည်အား အကျိုးပြုစေနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့သားကောင်း မွတ်စလင်များအား ဂုဏ်ပြုပွဲပြုလုပ်မည်။

    မတ် ၂၈၊ ၂၀၁၇
    M-Media
    မိုးစက်

    ရန်ကုန်။    ။ နိုင်ငံတော်အား ပညာရပ်များဖြင့် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့သားကောင်း
    မွတ်စလင်များနှင့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရ ထူးချွန်သူများကို မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ်မှ
    ဂုဏ်ပြုပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

    အဆိုပါ ဂုဏ်ပြုပွဲတွင် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး (၃) ဘာသာနှင့် အထက်ရရှိသော
    ကျောင်းသား ကျောင်းသူများ၊ ၂၀၁၆ ခုနှစ်အတွင် Ph.D ပါရဂူ ဘွဲ့ရရှိသူများ၊၊ ၂၀၁၆ ခုနှစ်တွင်
    နိုင်ငံတော်မှ ချီးမြင့်သည့် ဂုဏ်ထူးဆောင် ဆုတံဆိပ် ရရှိသူများ၊ စီးပွားရေး လူမှုရေး အားကစားနယ်ပယ်များတွင်
    နိုင်ငံတော်အဆင့် ဆုရရှိသူများ ကို ဂုဏ်ပြုချီးမြှင့်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။

    အဆိုပါ ဂုဏ်ပြုပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် အတွင်းရေးမှူး
    ဦးကျော်ခင်က “ကျွန်တော်တို့ အခုလိုပြုလုပ်ရခြင်းက အဓိက နိုင်ငံ့သားကောင်းတွေကို ထွက်ပေါ်လာစေချင်တယ်၊
    နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းကနေ ပညာရေးနဲ့ အကျိုးပြုစေချင်တယ်၊ နောက်တစ်ခုက မြန်မာမွတ်စလင်တွေ
    ထဲမှာလည်း ဒီလို ထူးချွန်တဲ့ လူတွေရှိနေတယ်ဆိုတာ သိစေချင်တယ်။ အဲ့ဒါတွေကြောင့် အခုလို ပြုလုပ်ရခြင်း
    ဖြစ်ပါတယ်” လို့ ရည်ရွယ်ချက်နှင့် ပတ်သတ်ပြီး ရှင်းပြပြောဆိုခဲ့ပါတယ်။

    မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ်မှ ပြုလုပ်မည့် နိုင်ငံ့သားကောင်းမွတ်စလင်များနှင့် အရည်အချင်းကိုက်ညီ
    မည့် မည်သူမဆို မိမိတို့နေထိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်များအတွင်း အိမ်ထောင်စုစာရင်း၊
    တက္ကသိုလ်ဝင်ကျောင်းသားများအနေဖြင့် အမှတ်စာရင်းအထောက်အထားများ ဖြင့် မြန်မာမွတ်စလင်အမျိုးသားရေးရာ
    အဖွဲ့ခွဲ ရုံးများကို ဧပြီလ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။

    အသေးစိတ်သိရှိလိုသည်များကို မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ခင်
    ဖုန်း (၀၉၀၁၀၀၃၃) ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

  • တောင်အာဖရိကလွတ်မြောက်ရေး လှုပ်ရှားခဲ့သည့် မွတ်စလင်ခေါင်းဆောင်တစ်ဦး ကွယ်လွန်

    တောင်အာဖရိကလွတ်မြောက်ရေး လှုပ်ရှားခဲ့သည့် မွတ်စလင်ခေါင်းဆောင်တစ်ဦး ကွယ်လွန်

    မတ် ၂၈၊ ၂၀၁၇
    M-Media

    နယ်ဆင်မင်ဒဲလား၏ ဈာပနတွင်တွေ့ရသည့် အဟ်မဒ်

    – တောင်အာဖရိကတွင် လူဖြူ၊ လူမည်း ခွဲခြားမှုအား ဆန့်ကျင်ခဲ့ပြီး နိုင်ငံလွတ်မြောက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ၊ လူဖြူအစိုးရ၏ ရက်စက်မှုများကို ခါးစီးခံခဲ့ရသူ အဟ်မဒ် ကက်သ်ရာဒါမှာ ယနေ့မနက် မနက်ပိုင်းက မြို့တော် ဂျိုဟန်နစ္စဘတ်တွင် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

    အသက် ၈၇ နှစ်အရွယ်ရှိ အဟ်မဒ်ကို ယခုလအစောပိုင်းတွင် ဦးနှောက်တွင် သွေးပိတ်ဆို့မှုကြောင့် ဆေးရုံသို့ တင်ခဲ့ရပြီး ထိုရောဂါဖြင့်ပင် ကွယ်လွန်သွားခြင်းဖြစ်သည်။

    အဟ်မဒ်ကို ၁၉၂၉ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် အိန္ဒိယမှ ရွှေ့ပြောင်းအခြေချသူ မိဘများက တောင်အာဖရိက အနောက်မြောက်ဖက်တွင် မွေးဖွားခဲ့သည်။

    အသက် ၁၇ နှစ်ရွယ်မှာပင် တောင်အာဖရိက လူနည်းစု လူဖြူအသိုင်းအ၀ိုင်းက လူမည်းအပေါ် အနိုင်ကျင့် ဗိုလ်ကျမှုများကို ဆန့်ကျင်ခဲ့ကာ နောင်တွင် နိုင်ငံခေါင်းဆောင်ဖြစ်လာမည့် နယ်ဆင်မင်ဒဲလား၊ အခြား တက်ကြွလှုပ်ရှားသူများနှင့်အတူ ၁၉၆၄ ခုနှစ်တွင် ဖမ်းဆီး တရားစွဲဆိုခြင်း ခံခဲ့ရသည်။

    Rivonia တရားစီရင်မှုဟု ကျော်ကြားသည့် ထိုအဖြစ်အပျက်မှာ တောင်အာဖရိကတွင် လူဖြူအသိုင်းအ၀ိုင်းက ချုပ်ကိုင်ထားသည့် ဆိုးရွားသော တရားရေးစနစ်ကို ကမ္ဘာတစ်ဝှမ်းက အာရုံစိုက်လာခဲ့သည့် ကိစ္စတစ်ခုလည်း ဖြစ်သည်။

    အဟ်မဒ်မှာ ၁၉၆၄ ခုနှစ်တွင် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပြီး ထောင်ထဲတွင် ၂၆ နှစ်နှင့် ၃ လ ကြာမြင့်ခဲ့ကာ အချိန်အများစုကို မင်ဒဲလားနှင့်အတူ နေထိုင်ခဲ့ရသည်။

    လူဖြူလူမည်းခွဲခြားသည့်စနစ် အဆုံးသတ်သွားပြီး အာဖရိကအမျိုးသားကွန်ဂရက်၏ ပထမဆုံးအစိုးရ ပေါ်လာပြီးနောက်ပိုင်း သမ္မတ မင်ဒဲလား၏ လွှတ်တော်ဆိုင်ရာ အကြံပေးအဖြစ် အဟ်မဒ်မှာ ၁၉၉၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။

    ပြီးခဲ့သည့်နှစ် နယ်ဆင်မင်ဒဲလား၏ ဈာပနတွင် အဟ်မဒ်မှာ အလွန်ကြေကွဲဖွယ်ကောင်းသည့် မိန့်ခွန်းတစ်ခု ပြောကြားခဲ့ပြီး မိမိ၏ ညီအစ်ကိုတစ်ယောက် ဆုံးရှုံးသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဟ်မဒ်မှာ တောင်အာဖရိကပြည်သူများအကြားတွင် အလွန်လေးစားခံရသူဖြစ်ပြီး၊ ကိုယ်ပိုင် ဖောင်ဒေးရှင်းတစ်ခု ထူထောင်ကာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး၊ လွတ်လပ်စွာပြောဆိုခွင့် စသည်တို့နှင့်ပတ်သက်၍ အသိပညာပေးမှု လုပ်ငန်းများကို တက်တက်ကြွကြွဆောင်ရွက်ခဲ့သည်။

    Ref: Aljazeera

  • ဦးဝီရသူ တရားဆက်ဟောနေရင် ထောင်ချခံရနိုင်တယ်လို့ ဗန်းမော်ဆရာတော်ကြီးမိန့်

    ဦးဝီရသူ တရားဆက်ဟောနေရင် ထောင်ချခံရနိုင်တယ်လို့ ဗန်းမော်ဆရာတော်ကြီးမိန့်

    ဗန်းမော်ဆရာတော်ကြီး မိန့်ကြားနေစဉ် (ဓာတ်ပုံ − သက်ဆွေ)

    တရားဟောခွင့်တစ်နှစ် ပိတ်ပင်ထားခံရသည့် ဆရာတော် ဦးဝီရသူအနေဖြင့် ဆက်လက် တရားဟောပြောပါက အာဏာဖီ ဆန်မှုဖြင့် ဖမ်း၍ ထောင်ချနိုင် ကြောင်း နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ (မဟန) ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က မိန့်ကြား သည်။

    မတ်လ ၂၇ ရက်တွင် ပုသိမ် မြို့ မြောင်းမြကျောင်းတိုက်သို့ ကြွရောက်လာသော ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် မီဒီယာများနှင့် တွေ့ဆုံစဉ် ဧရာဝတီသတင်းဌာန သတင်းထောက်က တရားဟောခွင့်တစ်နှစ် ပိတ်ပင်ခံရပြီး နောက် ပါးစပ်ကို တိပ်ပိတ်၍ ယခင်ဟောခဲ့သော တရားခွေဖွင့်ပြီး အပူဇော်ခံနေသည့် ဆရာတော် ဦးဝီရသူ၏ လုပ်ရပ်အပေါ် မည်သို့ ဆောင်ရွက်ရန် ရှိပါသလဲဟု လျှောက်ထားရာ ဗန်းမော်ဆရာ တော်က အထက်ပါအတိုင်း မိန့် ကြားခဲ့သည်။

    ‘‘တရားဟောခွင့်ပိတ်လိုက် တာကို သူက ဆက်ဟောရင်တော့ သူဆက်ဟောတဲ့အတွက်၊ အမိန့် မနာခံတဲ့အတွက် ဥပဒေရှိတယ်။ အမိန့်ကို နားမထောင်ဘူး။ ဆက် ပြီးတော့ တရားဟောမယ်၊ မ ဟုတ်တာတွေကို လုပ်ကြံပြီးတော့ သူ့ဟာသူဟောနေတာ။ အဲဒီလို ဟောတဲ့အတွက် ထောင်ချနိုင်ပါ တယ်နော်။ ထောင်ချနိုင်တယ်။ တရားမဟောရဘူးလို့ ဆိုတာကို ဆက်ဟောနေရင်လည်းပဲ အာ ဏာဖီဆန်ရာကျတဲ့အတွက် အဲဒီ အတိုင်း အပြစ်ခံစားရမှာပဲဖြစ်ပါ တယ်’’ဟု ဆရာတော်က မိန့်ကြား သည်။

    ဗန်းမော်ဆရာတော်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့က ကြီးမှူးကျင်းပသည့် တရားဓမ္မသဘင်သို့ ကြွရောက် ရန် ပုသိမ်မြို့သို့ ကြွရောက်လာ ခြင်းဖြစ်သည်။

    ထို့အပြင် မြန်မာနိုင်ငံရှိ ဘာသာကြီးငါးခုသည် ဘာသာတစ်ခုနှင့်တစ်ခု မေတ္တာ၊ ကရုဏာ ရှေ့ထားကာ တစ်ဦးနှင့်တစ်ဦး မထိခိုက်ရန်၊ ကိုယ့်ဘာသာကိုယ်သာ ကောင်းအောင် ဆောင်ရွက်ရန်၊ ဘာသာတစ်ခုနှင့်တစ်ခု ထိခိုက်ကာ ခိုက်ရန်ဖြစ်ပွားပါက ကောင်းကျိုးမရှိနိုင်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်းတည့်အောင်နေသင့်ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။ ဆရာတော်က နတ်ကိုးကွယ်ခြင်းကိုပါရည်ညွှန်း၍ ဘာသာကြီးငါးခုဟု မိန့်ကြားခဲ့သည်။

    ‘‘တစ်ယောက်နဲ့တစ် ယောက် ရန်ဖြစ်ပြီးတော့ သတ် ဖြတ်နေလို့ မတော်ဘူးလေ။ ဗုဒ္ဓ ဘာသာက ခရစ်ယာန်တစ် ယောက် သတ်လိုက်လည်း ကိုယ့် လူမျိုးပဲ။ ခရစ်ယာန်ဘာသာက မွတ်စလင်ဘာသာ တစ်ယောက် ကို သတ်လိုက်လည်း ကိုယ့်တိုင်း ပြည်၊ ကိုယ့်လူမျိုးပဲ၊ ကိုယ်ပဲနစ် နာတာ။ အဲဒါကြောင့်မို့ တစ် ယောက်နဲ့တစ်ယောက် သတ်တာ ဖြတ်တာ မုန်းတာ၊ မုန်းတီးတဲ့ကိစ္စ တွေ မလုပ်ဘဲနဲ့ ကိုယ့်ညီအစ်ကို မောင်နှမ၊ ဆွေမျိုးသားချင်းတွေ လို အောက်မေ့ပြီးတော့ ချစ်ချစ် ခင်ခင်၊ ကြင်ကြင်နာနာ တိုင်းပြည်အတွက် ကောင်းအောင် အမျိုး ဘာသာသာသနာ ညီညွတ်ပြီး တော့ လုပ်ကြပါလို့ သြ၀ါဒပေးပြီး ပါပြီ။ ညီညီညွတ်ညွတ်လုပ်ကြ၊ ရန်မဖြစ်ကြနဲ့၊ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်မှုကိစ္စ တွေ စိတ်မကူးကြနဲ့’’ဟု ဆရာ တော်က မိန့်ကြားသည်။

    ဦးဝီရသူကို မြန်မာတစ်နိုင်ငံ လုံးတွင် မတ်လ ၁၀ ရက်ကစ၍ တရားဟောခွင့်တစ်နှစ် ပိတ်ပင်ခဲ့ ကြောင်း နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့နှင့် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    မစိုးရိမ်တိုက်သစ် နာယက အဖွဲ့ဝင် ဦးဝိစိတ္တာဘိဝံသခေါ် ဆရာတော်ဦးဝီရသူသည် ဘာ သာတစ်ခုနှင့်တစ်ခုအကြား အ မုန်းတရားပွားပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော ဟောပြောမှုများ၊ အမုန်းတရား ကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြား ဘက်လိုက်ဝေဖန်ဟောပြောမှုများကို ဒေသအနှံ့ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ထုတ်ပြန်သော ညွှန်ကြားလွှာအမှတ် (၈၃)၊ (၉၁)၊ (၉၃)နှင့် (၉၄)တို့ကို ဖောက်ဖျက်ကျူးလွန်ခဲ့ သောကြောင့် တစ်နိုင်ငံလုံးတွင် တရားဟောခွင့်ပိတ်ရန် မတ်လ ၁၀ ရက်စွဲဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့အရေးယူရန် မတ်လ ၉ ရက်တွင် ကျင်းပခဲ့သော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါး စုံညီ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။

    ထိုသို့ တရားဟောပြောခွင့် တစ်နှစ်ပိတ်ပင်ခံရပြီးနောက်တစ် နေ့တွင် ဆရာတော်ဦးဝီရသူသည် မတ်လ ၁၁ ရက်တွင် အိမ်မဲမြို့နယ် သီးကွင်းကျေးရွာ၌ ပါးစပ်ကိုတိပ်ဖြင့်ပိတ်ပြီး ယခင်ဟောခဲ့သော တရားခွေဖွင့်ကာ အပူဇော်ခံခဲ့သည်။

    ထို့နောက် မြစ်ကြီးနား၊ မိတ္ထီ လာနှင့် သန်လျင်မြို့နယ်တို့တွင် ပါးစပ်ကို တိပ်ဖြင့်ပိတ်ပြီး တရား ခွေဖွင့်ကာ အပူဇော်ခံခဲ့သည်။မတ်လ ၂၇ ရက် ညက ကော့မှူးမြို့တွင် ၀စီပိတ်တရားပွဲ ပြုလုပ်ခဲ့သည်။

    ‘‘မဟနက တရားဟောခွင့် ကိုပဲ ပိတ်ပင်တာပါ။ တရားပွဲကြွ ခွင့်၊ တရားနာပရိသတ်နှင့် တွေ့ ဆုံခွင့်၊ တရားတိပ်ခွေဖွင့်ခွင့်၊ တရားတိပ်ခွေဖွင့်ပြီး နာယူခွင့် တွေကို ပိတ်ပင်တာမဟုတ်ပါဘူး။ ၀ီရသူကလည်း မဟနဆရာတော် ကြီးများရဲ့ တရားဟောခွင့်ပိတ်ပင် မှုအမိန့်ကို တစ်သဝေမတိမ်းလိုက် နာပါတယ်။ ဒါကြောင့် ချောင်း တောင်မဟန့်၊ နှာတောင်မချေရ လေအောင် ပါးစပ်ကို ပလတ်စ တာကပ်ပြီး ထိုင်နေတာပါ။ အဲဒါ ကို ဘာဥပဒေနဲ့ အရေးယူမှာလဲ ဗျာ…။ စဉ်းစဉ်းစားစားရေးကြပါ။ တိုင်းဥက္ကဋ္ဌက ဆရာတော်ကြီးက မဟနညွှန်ကြားလွှာ (ဂ)အရ ခေါ် ယူအသိပေးတာကို ၀စီပိတ်ဓမ္မသ ဘင်ကျင်းပနေလို့ ခေါ်ယူသတိ ပေးတဲ့ပုံစံမျိုးရေးနေကြတာ၊ပြော နေကြတာ၊ မရှက်ကြဘူးလား။ စောင့်ကြည့်နေကြပါ။ တစ်ပွဲပြီး တစ်ပွဲ ပိုပြီးစည်ကား၊ ပိုပြီးထူးခြားစေရပါမယ်’’ဟု ဦးဝီရသူက ‘ပလတ်စတာတရားပွဲတွေလာဦး မည်’ ခေါင်းစဉ်ဖြင့် မတ်လ ၂၀ ရက်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ရေးသားထားသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်က ဧရာဝတီတိုင်း ငပုတော မြို့နယ် ကျုံးကူးကျေးရွာတွင် ဟောပြောသည့် တရားပွဲ၌ ‘‘ဘိန်း စားယူရင် အမျိုးပျောက်မလား၊ သာသနာကွယ်မလား၊ ကုလားယူ ရင် သာသနာလည်းကွယ်မယ်၊ အမျိုးလည်း ပျောက်မယ်။ အဲဒီ တော့ ကုလားမယူဘဲ ဘိန်းစားယူ ရင် သမီးကျေးဇူးတင်ဖို့ မကောင်း ဘူးလား။ ရွှေချထားရမှာပေါ့။ သူ ကိုယ်တိုင်က လင်ယူရင် ပိုးမွေး သလို ဥထားချင်လို့ ဘိန်းစားယူ တာလေ။ သဘောတူရမှာပေါ့။ ဘာသာလူမျိုးတူနေတာပဲ။ အဲဒီ လိုမှမဟုတ် သမီးဖြစ်တဲ့သူက ဒူပေနာပေခံချင်လို့ အရက်သမား ရွေးထား၊ သဘောတူမလား၊ မ တူဘူးလား’’ဟု ဆရာတော် ဦးဝီရသူက တရားပွဲတွင် တရားနာပရိသတ်များကိုမေးရာ တရားနာပရိသတ်များက ‘တူပါသည်’ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့နောက် ဆရာတော်ဦးဝီရ သူက ‘‘တူတယ်တဲ့နော်။ အရက် သမားကြောင့် လူမျိုးပျောက်မ လား၊ ဘာသာပျက်မလား၊ သာ သနာကွယ်မလား’’ဟု ဆရာတော် က ထပ်မံမေးမြန်းခဲ့သည်။

    ‘‘ကုလားကြောင့် သာသနာ မကွယ်နိုင်ဘူးလား။ ဘာသာ မ ပျက်နိုင်ဘူး။ ကိုယ်ကသာ လုပ် ကျွေးမယ်ဆိုရင်ဗျာ၊ သားမှတ် မှတ် မယားမှတ်မှတ် ပေါင်းသင်း မယ့် ယောက်ျားတွေပေါလိုက် တာ။ မရှိဘူးဆိုပြော၊ သံဃာတွေ လွှတ်ပေးမယ်။ အသောက်အစား လည်းကင်း၊ အဲဒါကို ကုလားသား ရွေးတယ်တဲ့ဗျာ။ အဲဒီတော့ အဲဒီ မိန်းမတွေ ပြောချင်တာ၊ အဲဒီဆန္ဒ တစ်ခုတည်းနဲ့ဆိုရင်တော့ ကုလားမယူပါနဲ့ဟာ။ ကုလားယူမယ့် အစား ခွေးယူကွာ။ ခွေးလည်း ကုလားလောက်တော့ ဖြစ်တယ် ဟ။ ကဲ..ကိုယ့်သမီးက ကုလား မယူဘဲ ခွေးရွေးထားတယ်ဆို သ ဘောတူမလား’’ဟု ဆရာတော်ဦးဝီရသူက ဟောပြောခဲ့သည်။

     

    7Days မှ ကူးယူဖြော်ပပါသည်။