News @ M-Media
Blog
  • လန်ဒန်အကြမ်းဖက်မှုကိုရှုတ်ချသည့် လှုပ်ရှားမှု ဗြိတိန်မွတ်စလင်အမျိုးသမီးများ ပြုလုပ်
    လန်ဒန်အကြမ်းဖက်မှုကိုရှုတ်ချသည့် လှုပ်ရှားမှု ဗြိတိန်မွတ်စလင်အမျိုးသမီးများ ပြုလုပ်
    မတ် ၂၇၊ ၂၀၁၇
    M-Media
    – ဗုဒ္ဓဟူးနေ့က လန်ဒန်မြို့လယ်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ကွယ်လွန်သေဆုံးသွားသူ၊ ထိခိုက်ခံစားရသူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့အတွက် မွတ်စလင်အမျိုးသမီးအဖွဲ့တစ်ခုဟာ ယမန်နေ့က လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
    ခါလစ်မာဆွတ်ဆိုသူက ၀က်စ်မင်စတာ တံတားပေါ်မှာ ပြည်သူတွေကို ကားနဲ့လိုက်တိုက်မှုကြောင့် မွတ်စလင် အမျိုးသမီးတစ်ဦးအပါအ၀င် လူ ၃ ဦး သေဆုံးခဲ့ပြီး၊ ပါလီမန်အဆောက်အဦးရှေ့မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း မာဆွတ်က ဓားနဲ့ ထိုးသတ်ခဲ့ပါသေးတယ်။
    “ဗုဒ္ဓဟူးနေ့က ဒီမှာဖြစ်တဲ့ အဖြစ်အပျက်ရဲ့ ခံစားရမှုက သိပ်ပြင်းထန်ပါတယ်။ ကားနဲ့ တိုက်သတ်ခံလိုက်ရတဲ့ ပြည်သူတွေကို အမှတ်ရပြီး ဒီမှာ ကျွန်မတို့ မတ်တပ်ရပ်နေတာဟာ သိပ်ပြီးတော့ ကြေကွဲဝမ်းနည်းစရာလည်း ကောင်းပါတယ်” လို ဆာရ်ဘီတန်က အသက် ၄၀ အရွယ် ဆရာဝန် ဖာရီဟာခန်းက ပြောကြားခဲ့ပါတ
    ယ်။
    ဒီလို လက်ချင်းချိတ်ပြီး စီတန်းမတ်တပ်ရပ်တဲ့ လှုပ်ရှားမှုဟာ အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချပြီး၊ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တယ်ဆိုတာ ပြသဖို့လည်းဖြစ်တယ်လို့ ဒီမွတ်စလင်အမျိုးသမီးတွေက ဆိုပါတယ်။
    “လန်ဒန်မှာ တိုက်ခိုက်မှုဖြစ်တော့ ကျွန်မ တိုက်ခိုက်ခံရသလိုပါပဲ။ ဒါက ကျွန်မတို့အားလုံးကို တိုက်ခိုက်မှုပါ။ အစ္စလာမ်သာသနာက ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို ရှုတ်ချပါတယ်။ ဒါဟာ ကျွန်မတို့အတွက် စက်ဆုပ်ရွံရှာစရာကောင်းတဲ့ လုပ်ရပ်ပါပဲ” လို့ အသက် ၅၇ နှစ်အရွယ် ဆာရာ ၀ါစင်မ်က ပြောကြားခဲ့ပါတယ်။
    နောက်ထပ် မွတ်စလင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အိုက်ရှာ မာလစ်ကတော့ အခု လှုပ်ရှားမှုက ဒီမိုကရေစီကို ထောက်ခံရာမှာ လန်ဒန်မြို့သူမြို့သားတွေဟာ စည်းလုံးညီညွတ်မှုရှိတယ်လို့ ဖော်ပြတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    အငြိမ်းစာ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ မေရီ ဘန်းနက်က ဒီလှုပ်ရှားမှုမှာ သူမ ပါဝင်တာဟာ “ပြယုဂ်လေးတစ်ခု” ဖြစ်တယ်လို့ ဆိုပါတယ်။
    “လန်ဒန်မှာ ကျွန်မတို့ နှစ်သက်တဲ့ပုံစံနဲ့ ရှေ့ဆက်လျှောက်မယ်၊ နှစ်သက်တဲ့ပုံစံ ဆက်လုပ်သွားမယ်ဆိုတာကို တိတ်ဆိတ်ငြိမ်သက်တဲ့နည်းလမ်းနဲ့ ပြသဖို့ ကျွန်မ ဒီမှာ ရောက်နေတာပါ။ ဒါဟာ ကျွန်မရဲ့မြို့ပါ။ ဒီလှုပ်ရှားမှုဟာ သေးငယ်တဲ့ ပြယုဂ်ကလေးတစ်ခု ဖြစ်ပေမယ့် ဘ၀ဆိုတာ ဒီလို သေးငယ်တာလေးတွေ စုပေါင်းပြီး ဖွဲ့စည်းထားတာ မဟုတ်လား” လို့ မေရီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ဗုဒ္ဓဟူးနေ့က အကြမ်းဖက်တိုက်ခိုက်မှုကို လန်ဒန်ရဲ့ မွတ်စလင်မြို့တော်ဝန် ဆာဒစ်ခန်း အပါအ၀င် ယူကေက ထင်ရှားတဲ့ မွတ်စလင်တွေ၊ မွတ်စလင်အသင်းအဖွဲ့တွေက ရှုတ်ချခဲ့ကြပြီး ထိခိုက်ခံစားရသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးဖို့ ရန်ပုံငွေတွေကိုလည်း မွတ်စလင်တွေက ကောက်ခံပေး
    ကြပါတယ်။
    Ref: Dailymail
  • တပ်မှူးတစ်ဦး အသတ်ခံရပြီးနောက် ဟားမက်စ်က ဂါဇာနယ်စပ်ကို ပိတ်ပစ်
    တပ်မှူးတစ်ဦး အသတ်ခံရပြီးနောက် ဟားမက်စ်က ဂါဇာနယ်စပ်ကို ပိတ်ပစ်
    မတ် ၂၇၊ ၂၀၁၇
    M-Media
    – အကြီးတန်းတပ်မှူးတစ်ဦး အသတ်ခံခဲ့ရပြီးနောက်ပိုင်းတွင် အစ္စရေးနှင့် ကပ်နေသည့် ဂါဇာနယ်စပ်ကို ဟားမက်စ်အာဏာပိုင်များက ပိတ်ပစ်ခဲ့ပြီး ထိုသတ်ဖြတ်မှုမှာ အစ္စရေးနှင့် အပေါင်းအပါများ၏ လက်ချက်ဟုလည်း ပြစ်တင်ပြောဆိုခဲ့သည်။
    မာဇန် ဖက်ဟာမှာ သောကြာနေ့နှောင်းပိုင်းက ဂါဇာစီးတီးရှိ ၎င်း၏ နေအိမ်အ၀င်အ၀တွင် သေနတ်ဖြင့် ပစ်သတ်ခံရကာ သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။
    ဟားမက်စ်ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီယဒ် အလ်-ဘိုဖမ်က ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ အစ္စရေးနှင့်ကပ်နေသည့် ဘီအစ် ဟာနွန် စစ်ဆေးရေးဂိတ်ကို နောက်ထပ် ကြေငြာချက် မထုတ်ခင်အထိ ပိတ်ထားမည်ဟု ကြေငြာခဲ့သည်။
    ထို့ပြင် လူသားချင်းစာနာထောက်ထားမှု အခြေအနေများအတွက်မူ နယ်ခြားကို ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ဖက်ဟာ သတ်ဖြတ်ခံရမှိုလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
    ထိုလုပ်ကြံခံရမှုအတွက် ဟားမက်စ်က မည်ကဲ့သို့ တုန့်ပြန်သွားမည်ဆိုသည်ကို ထုတ်ဖော်ပြောဆိုမည်မဟုတ်ဟု အကြီးတန်း ဟားမက်စ်တာဝန်ရှိသူ မဟ်မူဒ် အလ်-ဇာဟာရ်က ပြောကြားခဲ့ပြီး “ယခုကဲ့သို့ ကြီးမားသည့် ရာဇ၀တ်မှုတွင် မိမိတို့ပြည်သူများ၏ သွေးများကို အချီးအနှီးအဖြစ်ခံမည်မဟုတ်” ဟုလည်း ဆို
    သည်။
    ဂါဇာကို အုပ်စိုးနေသည့် ဟားမက်စ်အဖွဲ့က ဖက်ဟာမှာ ဦးခေါင်းကို အသံတိတ်သေနတ်ဖြင့် ၄ ချက် ပစ်ခံခဲ့ရပြီး အစ္စရေးနှင့် အပေါင်းအပါများမှာ ထိုတိုက်ခိုက်မှုအတွက် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။
    အသက် ၃၈ နှစ်အရွယ် ဖက်ဟာမှာ အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှ အကြီးတန်း ဟားမက်စ်တာဝန်ရှိသူတစ်ဦးဖြစ်ပြီး အစ္စရေးနိုင်ငံသားများကို တိုက်ခိုက်ရန် ကြံစည်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အစ္စရေးက ၎င်းအား တစ်သက်တစ်ကျွန်း ၉ ကြိမ် ချမှတ်ခဲ့သည်။
    သို့သော်လည်း ဂါဇာ၌ အစ္စရေးစစ်သား ဂီလဒ် ရှာလစ်နှင့် ပါလက်စတိုင်းအကျဉ်းသား ၁၀၀ ကျော် လဲလှယ်မှုတွင် ဖက်ဟာမှာ ဂါဇာကမ်းမြှောင်၌ ပြန်လည် လွတ်မြောက်လာခဲ့သည်။
    အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖက်ဟာ အသတ်ခံရမှုနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
    Ref: Aljazeera
  • အစ္စရေး၏ ရာဇ၀တ်မှုများတွင် ပါဝင်နေသည့် ကန်ကုမ္ပဏီများကို အီရန်က ပိတ်ဆို့
    အစ္စရေး၏ ရာဇ၀တ်မှုများတွင် ပါဝင်နေသည့် ကန်ကုမ္ပဏီများကို အီရန်က ပိတ်ဆို့
    မတ် ၂၆၊ ၂၀၁၇
    M-Media
    – အစ္စရေး၏ ရာဇ၀တ်မှုများနှင့် အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးနေသည့် အမေရိကန် ကုမ္ပဏီ ၁၅ ခုကို ပိတ်ဆို့မှုပြုလုပ်လိုက်ကြောင်း အီရန်က ယနေ့တွင် ကြေငြာလိုက်ပြီး အီရန်နှင့် လုပ်ငန်းများ လုပ်ဆောင်နေသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ် တစ်ဒါဇင်ခန့်ကို အမေရိကန်က ပိတ်ပင်မှု ပြုလုပ်ခဲ့ပြီး ၂ ရက်အကြာတွင် ပေါ်
    ထွက်လာခြင်းလည်း ဖြစ်သည်။
    အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် အဆိုပါ ကုမ္ပဏီများမှာ အစ္စရေးက ပါလက်စတိုင်းပိုက်နက်များအား သိမ်းပိုက်ကာ ပါလက်စတိုင်းပြည်သူများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် ပူးပေါင်းပါဝင်မှု၊ အစ္စရေးအစိုးရ၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ပံ့ပေးနေမှု၊ ကုလ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၃၃၄ ကို ချိုးဖောက်ကာ ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ဆောက်လုပ်နေသည့် အိမ်ယာများတွင် ကူညီပံ့ပိုးပေးမှုတို့ကို တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။
    ထို့ကြောင့် အဆိုပါ ကုမ္ပဏီများနှင့် ငွေကြး၊ စီးပွားရေး ဆက်ဆံမှုများကို တားမြစ်လိုက်ပြီး၊ အီရန်နိုင်ငံအတွင်းရှိ ၎င်းတို့၏ ပစ္စည်းများကို သိမ်းဆည်းကာ၊ ထိုလုပ်ငန်းများနှင့် ပတ်သက်သူများကိုလည်း ဗီဇာမပေးတော့ဟု ကြေငြာချက်က ဆိုသည်။
    ထို့ပြင် အမေရိကန်က အီရန်နှင့် လုပ်ငန်းများလုပ်ဆောင်နေသည့် ကုမ္ပဏီများကို ပိတ်ပင်ခြင်းမှာ ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးထားသည့် JCPOA နျူသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း အီရန်က ပြောကြားခဲ့သည်။
    သောကြာနေ့က အမေရိကန်မှာ အီရန်၏ ဒုံးကျည်တီထွင်ထုတ်လုပ်ရေး အစီအစဉ်အတွက် အရေးကြီးသော နည်းပညာ လွှဲပြောင်းပေးမှု၊ အီရန်၊ မြောက်ကိုရီးယားနှင့် ဆီးရီးယားသို့ တင်ပိုမှု ပိတ်ပင်ထားခြင်းကို ချိုးဖောက်မှုတို့အတွက် နိုင်ငံခြားကုမ္ပဏီနှင့် လူပုဂ္ဂိုလ် ၃၀ ခန့်ကို ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။
    အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေငြာချက်တွင် မိမိတို့၏ ငြိမ်းချမ်းသော ဒုံးကျည်စွမ်းအားမှာ ခြိမ်းခြောက်မှုများ မြင့်တက်လာချိန်တွင် မိမိတို့၏ ကာကွယ်ရေးအင်အားကို တိုးမြင့်ရန် အခွင့်အရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Press TV
  • လန်ဒန်တိုက်ခိုက်မှုတွင် ထိခိုက်ခံစားရသူများအတွက် ဗြိတိန်မွတ်စလင်တစ်ဦး ရန်ပုံငွေ ရှာဖွေပေး
    လန်ဒန်တိုက်ခိုက်မှုတွင် ထိခိုက်ခံစားရသူများအတွက် ဗြိတိန်မွတ်စလင်တစ်ဦး ရန်ပုံငွေ ရှာဖွေပေး
    မတ် ၂၆၊ ၂၀၁၇
    M-Media
    – ကြာသာပတေးနေ့က လန်ဒန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူ ဗြိတိန်မွတ်စလင်တစ်ဦးက အဲဒီတိုက်ခိုက်မှုမှာ ထိခိုက် ခံစားခဲ့ရသူတွေကို ထောက်ပံ့ဖို့အတွက် ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
    မူဒါဆာ အဟ်မဒ်ဆိုသူဖြစ်ပြီး အကြမ်းဖက်သမားက တိုက်ခိုက်နေတဲ့အချိန်မှာ ၀က်စ်မင်စတာတံတားအနီးက အဆောက်အဦးတစ်ခုပေါ်မှာ ရှိနေခဲ့တာပါ။
    “ကျွန်တော် အဲဒီမှာ ရှိနေခဲ့ပြီး တုန်လည်း တုန်လှုပ်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဘာဖြစ်လဲဆိုတာကို ကျွန်တော် မြင်တွေ့ခဲ့လို့ပါ။ ထိခိုက်ခံစားခဲ့ရသူတွေအတွက် တစ်ခုခု လုပ်ပေးရမယ်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော့် ရန်ပုံငွေကို အလျင်အမြန် ရှာဖွေချင်တာကြောင့် အဲဒီညနှောင်းပိုင်းမှာပဲ ဒီ
    လှုပ်ရှားမှုကို လုပ်လိုက်ရတာပါ” ဟု အဟ်မဒ်က ပြောကြားခဲ့ပါတယ်။
    နောက်ပြီး ဒီရန်ပုံငွေရှာဖွေရေးဟာ တိုက်ခိုက်မှုအတွင်း ထိခိုက်ခံစားရသူတွေကို ကူညီပေးဖို့ အဓိကဖြစ်ပြီး ကျန်ရစ်သူ မိသားစုတွေအတွက် အထောက်အပံ့ဖြစ်စေဖို့၊ စာနာထောက်ထားမှု ဖြစ်စေဖို့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
    အဟ်မဒ်က ဒီရန်ပုံငွေရှာဖွေရေးအတွက် သူငယ်ချင်းတွေကိုပါ စည်းရုံးအကူအညီတောင်းခဲ့ပြီး မနေ့က နေ့လည်အထိ အမေရိကန်ဒေါ်လာ ၃၃၅၀၀ လောက်ရနေကာ လှူဒါန်းသူက ၁၀၀၀ ကျော်လောက် ရှိနေပါပြီ။ အဟ်မဒ်ရဲ့ ပစ်မှတ်ကတော့ ဒေါ်လာ ၃၇၀၀၀ လောက် ရရှိဖို့ဖြစ်ပါတယ်။
    Muslims United for London လို့ အမည်ပေးထားတဲ့ ဒီလှုပ်ရှားမှုကို ဗြိတိန်မွတ်စလင်လွှတ်တော်အမတ်တွေကလည်း ထောက်ခံအားပေးခဲ့ကြပါတယ်။
    Ref: Aljazeera
  • အဆိပ် (Quote)
    အဆိပ် (Quote)
    မတ် ၂၆၊ ၂၀၁၇
    M-Media
    “လိုအပ်သည်ထက်ပိုနေသည့် မည်သည့်အရာမဆို အဆိပ်အတောက်ဖြစ်လေသည်။ သြဇာအာဏာ၊ ကြွယ်ဝမှု၊ ဆာလောင်မွတ်သိပ်မှု၊ အတ္တစိတ်၊ လောဘ၊ ပျင်းရိမှု၊ အချစ်၊ ရည်ရွယ်ချက်၊ အမုန်းတရားနှင့် အခြားအရာများပင်။” (ရူမီ)
    ရူမီ ဘယ်သူလဲ
    —————–
    ရူမီမှာ ၁၃ ရာစု ပါရှန်း ကဗျာဆရာ၊ အစ္စလာမ့်ဒဿနညာရှင်နှင် ဆူဖီသူတော်စင်ဖြစ်ပြီး ၎င်းရေးသားခဲ့သည့် ကဗျာများမှာ အထူးကျော်ကြားသည်။ ၎င်း၏ ကဗျာများကို ဘာသာစကားပေါင်းစုံဖြင့် ဘာသာပြန်ဆိုကာ ဖြန့်ချီကြပြီးအမေရိကန်တွင် ယနေ့အချိန်အထိ ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်နေဆဲဖြစ်သည်။