News @ M-Media

Blog

  • လန်ဒန်မြို့လယ်ကောင်တွင် ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွား

    လန်ဒန်မြို့လယ်ကောင်တွင် ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွား

    မတ် ၂၂၊ ၂၀၁၇
    M-Media

    – လန်ဒန်မြို့လယ်ကောင်ရှိ ပါလီမန်အဆောက်အဦးတွင် ယနေ့နေ့လည်၌ အကြမ်းဖက်တိုက်ခိုက်မှုဟု ယူဆရသည့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    တိုက်ခိုက်သူမှာ ပါလီမန်အဆောက်အဦးတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့် ထိုးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ၎င်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ထိုဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားပြီး စုံစမ်းမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုကြောင့် ၀က်စ်မင်စတာ တံတားပေါ်တွင် အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ သွေးများ အလွန်ထွက်နေကာ၊ သတိလစ်မှုများလည်း ရှိနေသည်။

    တိုက်ခိုက်သူမှာ သေဆုံးသွားပြီလား၊ အသက်ရှင်နေလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

    Ref : Aljazeera

  • ခေတ်သစ်လူငယ်ကစားသမားများမှာ ကလေးဆိုးများဖြစ်သည်ဟု မော်ရင်ဟို ဝေဖန်

    ခေတ်သစ်လူငယ်ကစားသမားများမှာ ကလေးဆိုးများဖြစ်သည်ဟု မော်ရင်ဟို ဝေဖန်

    မတ် ၂၂၊ ၂၀၁၇
    M-Media

    – ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ဘောလုံးကစားသမားများမှာ ရင့်ကျက်မှုအားနည်းလာပြီး မိမိတို့ကိုယ်ကို ဆိုးရွားသည့် ၀န်းကျင်တွင် နှစ်မြုပ်ထားကြသည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    နည်းပြဘ၀ကို လွန်ခဲ့သည့် နှစ် ၂၀ က စတင်ခဲ့သော မော်ရင်ဟိုမှာ ပေါ်တို၊ ချယ်ဆီး၊ အင်တာနှင့် ရီးယဲလ်မက်ဒရစ် အသင်းများဖြင့် ဆုဖလားများကို ဆွတ်ခူးရရှိခဲ့ပြီး နာမည်ကျော် ကစားသမားများစွာနှင့်လည်း လက်တွဲခဲ့ရသည်။

    လက်ရှိတွင် မန်ယူအသင်းအား ဦးဆောင်ကာ ပရီးမီးယားလိဂ်နှင့် ယူရိုပါတို့တွင် ယှဉ်ပြိုင်နေရသည့် မော်ရင်ဟိုက လွန်ခဲ့သည့် ၁၀ နှစ်ကကဲ့သို့ လူငယ်ကစားသမားများကို မတွေ့ရတော့ ဟုဆိုသည်။

    “ကျွန်တော် ကမ္ဘာသစ်တစ်ခုမှာ နေသားကျအောင် ဆောင်ရွက်ရပါမယ်။ လက်ရှိ လူငယ်ကစားသမားတွေရဲ့ ကမ္ဘာပါ။ အသက် ၂၃ နှစ်အရွယ်မှာတင် ရင့်ကျက်နေပြီး၊ ဘောလုံး၊ အလုပ်၊ အသက်မွေးဝမ်းကြောင်းတွေကို ချင့်ချိန်နိုင်တဲ့ လမ်းပတ်လို ကစားသမားမျိုးနဲ့ အသက် ၂၃ နှစ်သာရှိပြီး ကလေးလိုဖြစ်နေတဲ့ အခုခေတ် လူသ
    စ်တွေအကြား ခြားနားမှုကို နားလည်အောင် လုပ်ရပါမယ်။ ဒီနေ့ ကျွန်တော်ဟာ အဲဒီလူငယ်တွေကို ‘ကောင်လေးတွေ’ လို့ခေါ်ပြီး ‘လူကြီးတွေ’ လို့ မခေါ်ပါဘူး။ ဘာ့ကြောင်လည်းဆိုတော့ သူတို့တွေဟာ ကလေးဆိုးတွေ ဖြစ်နေပြီး သူတို့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာတိုင်းကလည်း သူတို့ရဲ့ ဘ၀အတွက်၊ အလုပ်အတွက် အကူအညီမဖြစ်ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင် လွန်ခဲ့သည့် ၁၀ နှစ်က အ၀တ်လဲခန်းတွင် မည်သည့်ကစားသမားမှ မိုဘိုင်းဖုန်းမသုံးကြောင်း၊ ယနေ့အချိန်တွင် ထိုအချက်ကို လက်ခံရမည်ဖြစ်ပြီး တားမြစ်ပါက ပြဿနာသာ ဖြစ်မည်ဖြစ်ကြောင်း၊ မိမိမှာ လူငယ်ကစားသမားများကို နာလည်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref : Goal

  • MNDAA လက်နက်ကိုင်အဖွဲ့၏ တရုတ်ဘဏ်စာရင်း ပိတ်မှုကို မြန်မာ ကြိုဆို

    MNDAA လက်နက်ကိုင်အဖွဲ့၏ တရုတ်ဘဏ်စာရင်း ပိတ်မှုကို မြန်မာ ကြိုဆို

    မတ် ၂၂၊ ၂၀၁၇
    M-Media

    MNDAA အဖွဲ့က ဘဏ်စာရင်းဖွင့်ထားသည့် တရုတ် စိုက်ပျိုရေးဘဏ် လိုဂို

    – ကိုးကန့်ဒေသတွင် လှုပ်ရှားနေသည့် တိုင်းရင်းသား မဟာမိတ်လက်နက်ကိုင်အဖွဲ့ MNDAA ၏ ဘဏ်ငွေစာရင်းကို တရုတ်က ပိတ်ပစ်လိုက်မှုအတွက် ကျေးဇူးတင်သည်ဟု မြန်မာအစိုးရက ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ် (AgBank) တွက် အပ်ထားသည့် MNDAA ၏ ငွေစာရင်းကို ပြီးခဲ့သည်တစ်ပတ်က ပိတ်ပစ်လိုက်သည်ဟု သတင်းထွက်ပေါ်လာခဲ့ပြီး ဘဏ်တာဝန်ရှိသူများကမူ မိမိတို့အနေဖြင့် ဘဏ်လုပ်ငန်းများအကြောင်းကို ထုတ်ပြောခွင့်မရှိကြောင်း၊ သို့သော်လည်း အကြမ်းဖက်မှု၊ ရာဇ၀တ်မှုတို့နှင့်
    ဆက်စပ်သည့် ဘဏ်စာရင်းများကို လက်ခံမည်မဟုတ်ကြောင်း VOA သတင်းဌာနသို့ ပြောကြားခဲ့သည်။

    တရုတ်၏ ထိုလုပ်ရပ်အတွက် ကျေးဇူးတင်သည်ဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

    “ဒီလုပ်ရပ်ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ နယ်စပ်ဒေသမှာ တည်ငြိမ်အေးချမ်းရေးဟာ နှစ်နိုင်ငံစလုံးအတွက် ဘုံအကျိုးစီးပွား ဖြစ်ပါတယ်။ ဒါဟာ တရုတ်ရဲ့ အင်မတန် အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်ပါပဲ” ဟု ဦးဇော်ဌေးက ဆိုသည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟွာချွမ်ယင်းက မိမိအနေဖြင့် AgBank ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တိတိကျကျ မသိရသေးကြောင်း၊ မိမိတို့မှာ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ဆိုသည့်မူကို အမြဲတမ်းထိန်းသိမ်းထားပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေကို လေးစားကြောင်း၊ တရုတ်ပိုင်နက်ကို အသုံးပြု၍ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိခိုက်စေမည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ခွင့်ပြုသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

    MNDAA အဖွဲ့၏ AgBank စာရင်းသို့ တိုက်ရိုက် သို့မဟုတ် မိုဘိုင်းငွေလွှဲမှုစနစ်မှနေ၍ ၂ နှစ်နီးပါးအတွင်း ကန်ဒေါ်လာ ၅ သိန်းကျော် ၀င်ရောက်ခဲ့သည်။

    အဆိုပါလက်နက်ကိုင်အဖွဲ့မှာ ယခုလအစောပိုင်းက ကိုးကန့်ဒေသတွင် အစိုးရစစ်တပ်ကို တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အတွက် နှစ်ဖက် အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားနေသည်။

    Ref: Reuters

  • တိုက်တန်းနစ်သင်္ဘောပျက်ကို ခရီးသွားများ သမုဒ္ဒရာအောက်အထိ ဆင်း၍ ကြည့်ရှုနိုင်တော့မည်

    တိုက်တန်းနစ်သင်္ဘောပျက်ကို ခရီးသွားများ သမုဒ္ဒရာအောက်အထိ ဆင်း၍ ကြည့်ရှုနိုင်တော့မည်

    မတ် ၂၂၊ ၂၀၁၇
    M-Media

    တိုက်တန်းနစ်သင်္ဘော နစ်မြုပ်သည့်အချိန်ကို ပုံဖော်ထားပုံ

    – ၁၉၁၂ ခုနှစ်မှာ ယူကေကန အမေရိကန်အသွား မြောက်အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ နစ်မြုပ်သွားခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောပျက်ကြီးရှိရာ ရေအောက်ကြမ်းပြင်အထိ ခရီးသွားနိုင်မယ့် အစီအစဉ်တစ်ခုကို ၂၀၁၈ ခုနှစ် မေလမှာစတင်မယ်လို့ သိရပါတယ်။

    ဒီခရီးစဉ်ကို လန်ဒန်အခြေစိုက် ခရီးသွားကုမ္ပဏီတစ်ခုဖြစ်တဲ့ Blue Marbel Private က စီစဉ်တာဖြစ်ပြီး ငွေကြေးအမြောက်အများ သုံးစွဲနိုင်တဲ့ ခရီးသွားတွေအတွက် ၂၀ ရာစုက အဆိုးဝါးဆုံး ရေကြောင်း ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားရာနေရာအထိ သွားရောက်နိုင်မှာ ဖြစ်ပါတယ်။

    ၈ ရက်တာကြာမြင့်မယ့် ဒီခရီးစဉ်ကို ကနေဒါနိုင်ငံ နယူးဖောင်းလန်းက စတင်မှာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ တိုက်တေနီယံ၊ ကာဘွန်၊ ဖိုက်ဘာတွေနဲ့ အထူးတည်ဆောက်ထားတဲ့ ရေအောက်သွား သင်္ဘောငယ်လေးတွေနဲ့ အတ္တလန်တိတ် သမုဒ္ဒရာအောက် ၂ မိုင်ကျော်မှာရှိတဲ့ တိုက်တန်းနစ် သင်္ဘောပျက်ကြီးကို သွားရောက်ကြည့်ရှုရမှာပါ။

    ဒီခရီးစဉ်အတွက် တစ်ဦးကို ကန်ဒေါ်လာ တစ်သိန်းကျော်လောက် ကျသင့်ပေမယ့် ပထမဆုံး ခရီးစဉ်အတွက် လူက ပြည့်သွားပြီဖြစ်ပါတယ်။

    ဒီငွေကြေးပမာဏဟာ တိုက်တန်းနစ် သင်္ဘောကြီး ဆောက်သက်တမ်ကနေ နယူးယောက်ကို ထွက်ခွာတဲ့အချိန် ပထမတန်းလက်မှတ်ဖြစ်တဲ့ ကန်ဒေါ်လာ ၄၃၅၀ နဲ့ တန်ဖိုးချင်းသွားညီမျှတယ်လို့ Blue Marble Private က ဆိုပါတယ်။

    ရေအောက်ကို ဆင်းပြီး ကြည့်ဖို့က ၃ ရက် သတ်မှတ်ထားပြီး တစ်ရက်ကို ၃ နာရီလောက် ကြာမြင့်မှာပါ။

    Blue Marble Private ကုမ္ပဏီကို တည်ထောင်သူ အဲလိဇဘက် အဲလစ်က နှစ်ပေါင်း ၁၀၀ လောက် ထိတွေ့ခြင်းမရှိတဲ့ အနုပညာလက်ရာအများအပြားရှိရာနေရာကို ကြည့်လို့ရမယ့် အခွင့်အရေးဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    နောက်ထပ် ဒီလို ခရီးသွားအစီအစဉ်ကို ၂၀၁၉ ခုနှစ် နွေရာသီမှာ ထပ်လုပ်မယ်လို့လည်း သူက ဆိုပါတယ်။

    တိုက်တန်းနစ်သင်္ဘောပျက်ရှိရာ ရေအောက်ကြမ်းပြင်အထိ ခရီးသွားမယ့်အစီအစဉ်ကို စီစဉ်ပေးတာဟာ Blue Marble Private ကုမ္ပဏီတစ်ခုတည်းတော့ မဟုတ်ပါဘူ။ လော့စ်အိန်ဂျလိစ်အခြေစိုက် Bluefish ကုမ္ပဏီကလည်း ၂၀၁၈-၁၉ လောက်မှာ ဒီနေရာကို ခရီးသွားတွေ ပို့ပေးမယ့်အစီအစဉ် ရှိနေပါတယ်။

    Ref : CNN

  • ထရမ့်နှင့် လူမည်းအမတ် အိမ်ဖြူတော်တွင် တွေ့မည်

    ထရမ့်နှင့် လူမည်းအမတ် အိမ်ဖြူတော်တွင် တွေ့မည်

    မတ် ၂၂၊ ၂၀၁၇
    M-Media

    CBC ဥက္ကဌ စီဒရင် အလ် ရစ်ခ်ျမွန်း

    – အမေရိကန် အထက်လွှတ်တော် လူမည်းနိုင်ငံရေးသမားများအဖွဲ့ဖြစ်သော Congressional Black Caucus (CBC) မှာ အမေရိကန်ရှိ အာဖရိကန်-အမေရိကန်လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအတွက် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု သိရသည်။

    ထရမ့်နှင့် CBC ၏ အမှုဆောင် ကော်မတီတို့မှာ မတ်လ ၂၂ ရက်နေ့တွင် တွေ့ဆုံမည်ဟု အိမ်ဖြူတော်က အတည်ပြုထားပြီး၊ ပြန်ကြားရေးဝန်ရှိသူ ရှောင် စပိုက်ဆာက ထရမ့်မှာ ဆွေနွေးမှုများပြုလုပ်ရန် အထ်လွှတ်တော်အမတ်များကို ဖိတ်ကြားထားသည်ဟု ပြောကြားခဲ့သည်။

    CBC ကို အထက်လွှတ်တော်အမတ် ၄၉ ဦးဖြင့် ဖွဲ့စည်းထားပြီး အများစုမှာ ဒီမိုကရက်များဖြစ်ကြသည်။

    ရီပက်ဘလစ်ကန်အမတ်တစ်ဦးဖြစ်ပြီး CBC ၏ ဥက္ကဖြစ်သော စီဒရင် အလ် ရစ်ခ်ျမွန်းက မိမိနှင့် အမှုဆောင် ကော်မတီဝင် ၅ ဦးမှာ အာဖရိကန်-အမေရိကန် လူ့အဖွဲ့အစည်း၏ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရန် ထရမ့်၏ ဖိတ်ကြားမှုကို လက်ခံခဲ့ပြီး ထရမ့်က အဆိုပြုထားသော ဘက်ဂျက်ကိစ္စ၊ ပညာရေး၊ ရာဇ၀တ်မှုဆိုင်ရာတရားရေး ပြုပြင်ပြောင်းလဲမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စများလည်း ပါဝင်မည်ဟု ပြောကြားခဲ့သည်။

    ထရမ့်မှာ မဲဆွယ်စဉ်က လူနေထူထသည့်နေရာများတွင် လူမည်းများအပေါ် ရာဇ၀တ်မှုကျူးလွန်ခြင်းကို လျော့ချပေးခြင်း၊ အလုပ်အကိုင်များဖန်တီးပေးခြင်း၊ ပညာရေး အခက်အခဲများကို ဖြေရှင်းပေးခြင်းတို့ကို ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့သည်။

    သို့သော်လည်း ဇန်န၀ါရီ ၁၉ ရက်နေ့က ထရမ့်သို့ CBC မှ ပေးပို့သော စာတွင် ထိုကတိပြုထားမှုမှာ လုံလောက်မှုမရှိဟု ပြောကြားခဲ့သည်။

    Ref: Press TV