News @ M-Media

Blog

  • ဗြိတိန်မွတ်စလင်တစ်ဦး အကြိမ် ၃၀ ဟဂ်ျပြုခဲ့

    ဗြိတိန်မွတ်စလင်တစ်ဦး အကြိမ် ၃၀ ဟဂ်ျပြုခဲ့

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    britain

    – ဗြိတိန်နိုင်ငံမှ မွတ်စလင်တစ်ဦးမှာ ဟဂ်ျခရီးစဉ်ကို အကြိမ်ပေါင်း ၃၀ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ဗြိတိန်မွတ်စလင်အဖွဲ့ကို ဦးဆောင်၍ ဟဂ်ျခရီးစဉ် လာရောက်ခဲ့သည်ဟု သိရသည်။

    မွတ်စ်တာဖာ မိုဟာမက်ဆိုသူဖြစ်ပြီး ဗြိတိန်မှ ဟဂ်ျဘုရားဖူးခရီးသည် ၂၀၀ ကို ဦးဆောင်လာခြင်းဖြစ်သည်။

    “သူတို့အတွက် ကျွန်တော် စကားပြန်လုပ်တယ်။ ဟဂ်ျမှာဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး လမ်းညွှန်ပေးတယ်။ ကျွန်တော့်တိုင်းပြည်က ဘုရားဖူးတွေကို ဒီလို ကူညီပေးရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ထို့ပြင် ပထမဆုံး ဟဂ်ျပြုရန် လာရောက်ကြသူများအား လမ်းညွှန်ပေးရသည့်အတွက် မိမိအနေဖြင့် ကျေနပ်မိသည်ဟုလည်း ၎င်းက ဆိုသည်။

    “များသောအားဖြင့် သူတို့က ဒါနဲ့ပတ်သက်ပြီး ကြောက်ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အတွက် ဒါက စိမ်းနေတယ်လေ။ ဟဂ်ျပြုမှု ပြီးဆုံးသွားတဲ့အခါ သူတို့မျက်နှာက ထွက်လာတဲ့အပြုံးဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ နှစ်တော်တော်များများ ဟဂ်ျပြုခဲ့တာကနေ ကျွန်တော် အတွေ့အကြုံတွေအများကြီး ရခဲ့ပါတယ်။ သာသနာအကြောင်း ပိုသိလာတယ်။ ကျွန်တော့်ကို ကူညီနိုင်မယ့် လမ်းညွှန်နိုင်မယ့်သူတွေနဲ့လည်း ကျွန်တော် မိတ်ဆွေဖွဲ့ထားပါတယ်”

    ဟဂ်ျပြုရာတွင် လွယ်ကူစေရန် ဆော်ဒီနိုင်ငံက စီစဉ်ထားမှုကိုလည်း မွတ်စ်တာဖာကာ ချီးကျူးခဲ့ပြီး ၎င်း၏ သား ၄ ယောက်၊ ၎င်း၏ ဇနီးသည်နှင့် ဖခင်တို့ကိုလည်း မိမိကပင် ဟဂ်ျသို့ခေါ်ဆောင်ကာ လမ်းညွှန်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဗြိတိန်မွတ်စလင်အဖွဲ့တွင် ဟဂ်ျ ၁၀ ကြိမ်ပြုဖူးသူ မိုဟာမက် အေသင်းမ်ဆိုသည့် အမျိုးသားတစ်ဦးလည်း ပါဝင်သည်။

    Ref : IINA

  • အာဆီယံ ၃ နိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် ယမန်နှစ်တွင် လူ ၁ သိန်းကျော် သေဆုံး

    အာဆီယံ ၃ နိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် ယမန်နှစ်တွင် လူ ၁ သိန်းကျော် သေဆုံး

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    haze

    – ၂၀၁၅ ခုနှစ်အတွင်း အရှေ့တောင်အာရှတွင် မီးခိုးငွေ့များကြောင့် သေဆုံးသူဦးရေမှာ ၁ သိန်းကျော်ရှိခဲ့သည်ဟု အမေရိကန်ပြည်ထောင်စုရှိ ဟားဗတ်နှင့် ကိုလံဘီယာတက္ကသိုလ်တို့မှ သုတေသီများက ခန်းမှန်းတွက်ချက်ကာ ပြောကြားခဲ့သည်။

    အင်ဒိုနီးရှား တောမီးလောင်မှုကြောင့် ဖြစ်ပွားခဲ့သည့် မီးခိုးဖုံးလွှမ်းမှု နောက်ဆက်တွဲအဖြစ် အင်ဒိုနီးရှားတစ်ဝှမ်းနှင့် အိမ်နီးချင်း စင်ကာပူ မလေးရှားတို့တွင် ဖြစ်ပွားခဲ့သည့် သေဆုံးမှုများကို တွက်ချက်ထားခြင်ဖြစ်ပြီး အင်ဒိုနီးရှားတွင် ၁၉ ယောက်မျှသာ သေဆုံးခဲ့သည်ဆိုသော အာဏာပိုင်များ၏ ထုတ်ပြန်မှုနှင့် အလွန်အမင်း ကွာဟနေသည်။

    “တကယ်လို့ ဘာပြောင်းလဲမှုမှ မလုပ်ဘူးဆိုရင်တော့ ဒီသေမန်းတမန်မီးခိုးမြူတွေက တစ်နှစ်ပြီးတစ်နှစ် သေဆုံးမှုနှုန်းတွေ မြင့်တက်စေမှာပါ။ အဓိကအချက်ကို ချက်ခြင်း မဆောင်ရွက်ဘူးဆိုရင် လူ့အသက်ဆုံးရှုံးမှုတွေဟာ ရာဇ၀တ်မှုတစ်ခု ဖြစ်လာမှာပါ” ဟု Greenpeace Indonesia လှုပ်ရှားမှုကို ဆောင်ရွက်နေသည့် ယူယွန် အင်ဒရာဒီက ပြောကြားခဲ့သည်။

    ထိုတွက်ချက်ထုတ်ပြန်မှုနှင့်ပတ်သက်၍ အင်ဒိုနီးရှား ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မည့်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

    အင်ဒိုနီးရှားတွင် ဆီအုံးပင်နှင့် စက္ကူပျော့ဖက်ပင် စိုက်ပျိုးရန်အတွက် မြေနေရာများ အမြန်ရှင်းလစ်ပစ်ရန် သစ်တောကို မီးရှို့ရာမှ ပေါ်ထွက်လာသည့် ယင်းမီးခိုးများမှာ နှစ်စဉ်ကြုံတွေ့နေကျ ပြဿနာတစ်ခု ဖြစ်နေသည်။

    ယခုထုတ်ပြန်လိုက်သည့် အချက်အလက်ကို Environmentl Research Letters တွင် ဖော်ပြထားပြီး ဂြိုဟ်တုအချက်အလက်များ၊ မီးခိုးအုပ်ဆိုင်းရာဒေသမှ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ၊ လေထုညစ်ညမ်းမှု တိုင်းတာရေး စခန်းများ စသည်တို့မှ ရရှိသည့် အချက်အလက်များကို ပေါင်းစပ်ဖော်ထုတ်မှုအရ ယမန်နှစ်က ထိုသုံးနိုင်ငံတွင် လူပေါင်း ၁၀၀,၃၀၀ ဦးမှာ ပုံမှန်ထက်စော၍ သေဆုံးခဲ့သည်ဟု တွေ့ ရှိခဲ့ရသည်။

    အင်ဒိုနီးရှားတွင် ၉၁၆၀၀ ဦး၊ မလေးရှားတွင် ၆၅၀၀ ဦး၊ စင်ကာပူတွင် ၂၂၀၀ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

    Re : Bangkokpost

  • အိမ်အကူများ အတွက် အကာအကွယ်ပေးမယ့် ဥပဒေတခု လိုအပ်ပြီ

    စက်တင်ဘာ ၂၀ ၊ ၂၀၁၆
    M-Media
    domestic-worker-abuse-case2

    ဆယ်ကျော်သက်အရွယ် အိမ်အကူအမျိုးသမီး နှစ်ဦးကို ညှင်းပမ်းနှိပ်စက်ခံရမှုကို သတင်းထောက် တဦးရဲ့ ဖော်ထုတ် မှုကြောင့် ပေါ်ပေါက် ခဲ့ရပြီး အဆိုပါ ညှင်းပမ်းနှိပ်စက်သည့် အင်းဝအပ်ချုပ်ဆိုင်မှ အမျိုးသမီးနှစ်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေတွင်  ကျောက်တံတားမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
    ၅ နှစ်တွင်း ဖြစ်ပွားခဲ့သည့် မြန်မာအိမ်အကူနှင့် အလုပ်သမားများအား ဆိုးရွားရက်စက်သည့် ကျွန်ပြု ညှင်းပမ်းနှိပ်စက်မှုများမှ အချို့ကို သတင်းအဟောင်းများမှ စုစည်းဖော်ပြလိုက်ပါတယ်။
    ၁) သရုပ်ဆောင် မေဇွန်ရဲ့ နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အိမ်အကူ
    —————————————————-
    မေဇွန် မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင် အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် ၁ ရပ်ကွက် ဗဟိုလမ်းတွင် ၂၀၁၂ ခုနှစ် စက်တင် ဘာ ၁၀ ရက်ညက အိမ်အကူမလေး သေဆုံးမှုတွင် မေဇွန်မှာ စိတ်အလိုမကျပါက အိမ်အကူများ အား ညဉ်းပန်းနှိပ်စက်ခြင်းများ ရှိကြောင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်နှင့် နံရံများဖြင့် ရိုက်ခြင်း၊ ပက်လက်လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းနှင့် ကိုယ်တိုင်မရိုက်ပါက အိမ်အကူနှစ်ဦးအား ကြက်မွေး တစ်ချောင်းပေး၍ ၄င်းစိတ်ကျေနပ်သည်အထိ ရိုက်ခိုင်းခဲ့ကြောင်း ၀န်ခံချက်အရ သိရသည်။
    ၂) ဗိုလ်မှူးကျော်နုမော်၏ ဇနီးမှ ၈ နှစ်သမီး အိမ်အကူအား ညှင်းပန်းနှိပ်မှု
    ————————————————————–
    ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ တိုက်အမှတ် 25 (C/4) နေအိမ်တွင် အိမ်ရှင် ဒေါ်ရင်ရင်နွယ် မှ အသက် ၈ နှစ်အရွယ် မစုဝေ ကို ကိုယ်လုံးတီးချွတ်၊ နေပူထဲ ဒူးထောက်ခိုင်း၊ ပါးစပ်ထဲ ဆားသိပ်ကာ နှိပ်စက်နေသော
     
    ညှဉ်းပန်းခံ ခဲ့သည့် ဓါတ်ပုံများ ဆိုရှယ်မီဒီယာ၌ ပြန့်နှံ့ခဲ့ပြီး ဒေါ်ရင်ရင်နွယ်အား တရားစွဲဆိုခဲ့သည်။ ဒေါ်ရင်ရင်နွယ်၏ ခင်ပွန်းမှာ ထိုအချိန်အခါက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ဖြစ်ပြီး နောက်ပိုင်းတွင် အရေးယူခြင်းခံခဲ့ရသည်။
    ၃) အိမ်အကူများကို ညှဉ်းပန်းနှိပ်စက်ပြီး ခွေးလှောင်အိမ်ထဲ ထည့်ခဲ့တဲ့ Pandora အဆီချလုပ်ငန်း..
    ——————————-
    “ကျွန်မပါးကို အချက်၅၀လောက် မနားတိုင်း အရိုက်ခံခဲ့ရတာပါ”
    “ကျွန်မကို ခွေးလှောင်အိမ်ထဲမှာလည်း ရက်၂၀ကျော်လောက် ထည့်ထားပါ။ ထမင်းလည်း မကျွေးဘူး။ ရေလည်း မတိုက်ဘူး။ ရေသောက်ချင်ရင် ခွေးတိုက် တဲ့ ရေကိုဘဲ ကျွန်မသောက်ရတယ်”
    မဇာလီဝင်းကို ရွှေဆွဲကြိုး ခိုးသည် ဟု ဆိုကာ ရိုက်နှက်ခြင်း၊ သုံးညဆက်တိုက် မအိပ်စေဘဲ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခွေးလှောင်အိမ်အတွင်း ခွေးများနှင့်အတူ အိပ်စက်စေခြင်း စသည်တို့ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
    ၄။ အိမ်အကူကို မီးပူနှင့် ကပ်သည့် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး
    ——————————————
    ပဲခူးမြို့တွင် လွန်ခဲ့သည့်(၂၅.၃.၂၀၁၂)နေ့က ပဲခူးမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်(၃၆-နှစ်)မှ ၄င်းအိမ်တွင် အိမ်အကူ အဖြစ် အလုပ်လုပ်ကိုင်သူ မအေးယုအောင်(၁၅-နှစ်)အားမီးပူနှင့် ထိုးခဲ့သဖြင့် မအေးယုအောင်၏ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ဒါဏ်ရာများ ရရှိခဲ့သည်ကိုအမှတ်(၃) ရဲစခန်းမှတဆင့် ပဲခူးမြို့နယ် တရားရုံး သို့ တိုင်တန်းခဲ့ရာတွင် (၉.၅.၂၀၁၃)နေ့တွင် ပဲခူးမြို့နယ်တရားသူကြီး  ဒေါ်ခင်မေယုမှ တရားလိုနှင့် သက်သေများကို ခေါ်ယူစစ်ဆေးခဲ့ပြီး တရားခံဟု စွပ်စွဲခံရသူသည် တရားရုံး၏ရှေ့မှောက်သို့ ယနေ့အချိန်အထိ လာရောက်ဖြေရှင်း ဆောင်ရွက်မှု မရှိသေးသဖြင့် ဒေါ်ဖြူဝင်းသက်အား ပဲခူးမြို့နယ် တရားရုံးမှ တရားခံပြေး အဖြစ်ကြေငြာထား  ကြောင်းသိရှိရသည်။
    ၅) မြောက်ဒဂုံက အိမ်အကူ မသန်းသန်းအိ နှိပ်စက်ခံရမှု
    ——————————————-
    ၂၀၁၅ ခုနှစ် ဇူလိုင် ၂၅ ရက်အတွင်း ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၁ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လုပ်ကိုင်နေသော ၁၄ နှစ်အရွယ် မသန်းသန်းအိ၏ ဦးခေါင်း၊ ကျော၊ လက်၊ ရင်ဘတ်တို့ကို တုတ်၊ စတီးယောက်မဖြင့် ရိုက်နှက်ခဲ့သည်ဟု
     
    စွပ်စွဲခံထားရသည့် အိမ်ရှင်အမျိုးသမီး၊ သမီးနှင့် သားမက်ဖြစ်သူတို့၏ အမှုကို မြို့နယ်တရားရုံးတွင် စစ်ဆေးနေသည်။
    ၆) စင်ကာပူတွင် မြန်မာ အမျိုး သမီး အိမ်ရှင် တစ်ဦးမှ မြန်မာ အိမ်အကူ တစ်ဦးအား နှိပ်စက်ညှင်းပမ်းမှု
    ———————————————————
    စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ မြန်မာအမျိုးသမီးတစ်ဦးက ၎င်း၏မြန်မာအိမ်ဖော်အား နှိပ်စက်ကာ ဗီဒီယိုရိုက်ထားမှုဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာ လတွင် ဒဏ်ငွေဒေါ်လာ ၁၂၀၀၀ ကျော် ချမှတ်ခံရသည်။ အသက် ၃၄ နှစ်ရှိ ဒေါ်မေသူစံကျော်ငြိမ်း
     
    သည် အသက် ၂၅ နှစ်အရွယ် မြန်မာအိမ်အကူ အား ၂၀၁၂ အောက်တိုဘာတွင် အလုပ်စ၀င်ပြီး တစ်ပတ်ခန့်အကြာတွင် စတင်နှိပ်စက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်
    ၇)Thai fishing company named Pusaka Benjina Resources ထိုင်း ကျွန်ပြုမှု
    ———————————————-
    “အလုပ်က တစ်နေ့ကို ၂၄ နာရီ ပြတ်တယ်လို့ကိုမရှိပါဘူး။ အိပ်ချိန်စားချိန်တောင် မရနိုင်ဘူး။ ကျန်းမာရေး စောင့်ရှောက်မှု အနေနဲ့ကတော့ ကိုယ့်မြန်မာအချင်းချင်းပဲ ပြန်စောင့်ရှောက်ရတာပါ။ သူတို့ဘက်က ဘာမှ မလုပ်ပေးပါဘူး။ ပင်လယ်ထဲမှာ တစ်ခါထွက်ရင်
     
    သုံးလေးလလောက်ကြာတယ်။ အစားအသောက် ကျတော့လည်း အဆင်ပြေသလိုပဲ စားလိုက်ရတာပါပဲ။ ကျန်းမာရေးကြောင့် မလုပ်နိုင် မကိုင်နိုင်ရင်လည်း နှိပ်စက်တာတွေ ရှိပါတယ်။ လှေသားဖျားလို့နာလို့ အိပ်ရင်လည်း ပျင်းလို့အိပ်တယ်ပဲထင်တယ်။ ရိုက်နှက်တယ်။
     
    ရေနွေးပူနဲ့ပက် နိုးတာတွေ လုပ်တယ်။ ကျွန်းပေါ်မှာ မြန်မာတွေသင်္ချိုင်း လုပ်ပေးထားတယ်။ နေမကောင်းလို့ သေသွားတဲ့ မြန်မာတွေကို အဲဒီမှာပဲမြှုပ်ရတယ်။ ဒီလာခါနီးတောင် နေမကောင်းလို့သေသွား တဲ့ ကောင်လေး နှစ်ယောက်ကို မြှုပ်ပေးခဲ့ရတယ်” ဟု ရန်ကုန်သို့
     
    ပြန်လည်ရောက်ရှိလာသည့် ရေလုပ်သားတစ်ဦးဖြစ်သည့် မွန်ပြည်နယ်မှ မောင်သန်းဦးက ပြောကြားသည်။
    ၂၀၁၅ နှစ် တွင် AP ဂျာနယ်လစ်များဖြစ်သော အက်စ်သာ ထူးစံ၊ မာဂီ မာဆန်၊ ရိုဘင် မက်ဒိုဝဲလ်နှင့် မာသာ မန်ဒိုဇာ၏ ထိုကဲ့သို့ ဖော်ထုတ်မှုကြောင့် မြန်မာနိုင်ငံသားများအပါအ၀င် ကျွန်ပြုခံလုပ်သား ၂၀၀၀ ကျော် လွတ်မြောက်ခဲ့ပြီး တာဝန်ရှိသူ တစ်ဒါဇင်ခန့်ကို
     
    ဖမ်းဆီးရမိခဲ့သည်။
     
ဲမြတ်သူရအောင် စုစည်းဖော်ပြသည်။
     
  • ယာယာတိုးယေး နိုင်ငံတကာကစားသမားဘ၀မှ အနားယူ

    ယာယာတိုးယေး နိုင်ငံတကာကစားသမားဘ၀မှ အနားယူ

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    tore

    – မန်ချက်စတာစီးတီးအသင်း၏ အိုက်ဗရီကို့စ်ကွင်းလယ်လူ ယာယာ တိုးယေးက ၎င်းအနေဖြင့် နိုင်ငံတကာ ကစားသမားဘ၀မှ အနားယူလိုက်ပြီဟု ကြေငြာခဲ့သည်။

    အသက် ၃၃ နှစ်အရွယ်ရှိ တိုးယေးမှာ ၂၀၀၄ ခုနှစ်မှစ၍ အိုက်ဗရီကို့စ် လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခွင့် ရခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် အိုက်ဗရီကို့စ်အသင်းက အာဖရိကနိုင်ငံများဖလားကို ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း နိုင်ငံအသင်းမှ အနားယူထားသည်။

    မတ်လက အသင်းလူစာရင်းတွင် ပါဝင်ခဲ့သော်လည်း ယနေ့တွင်မူ တိုးယေးက အနားယူကြောင်း Twitter စာမျက်နှာမှတစ်ဆင့် ကြေငြာခဲ့သည်။

    “ချမှတ်ဖို့ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ မျိုးဆက်သစ်တွေကို လမ်းဖွင့်ပေးရပါမယ်။ နိုင်ငံအသင်းအတွက် ၁၄ နှစ်ကြာ ကစားပြီးတဲ့နောက်ပိုင်းမှာ အိုက်ဗရီကို့စ်နဲ့အတူ စွန်စားမှုကို ကျွန်တော် အဆုံးသတ်ပါတော့မယ်။ အားပေးသူတွေ၊ ကျွန်တော့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု တိုးယေးက ၎င်း၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    လက်ရှိတွင် တိုးယေးမှာ မန်စီးတီးအသင်းတွင် ရုန်းကန်နေရပြီး နည်းပြသစ် ဂွာဒီယိုလာအောက်တွင် အရေးပါသည့်ပွဲ တစ်ပွဲသာ ပါဝင်ကစားခွင့် ရထားသည်။

    Ref: Goal

  • ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့ တွေ့ဆုံကာ ပြဿနာများ ဖြေရှင်းရေး သဘောတူခဲ့ကြ

    ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့ တွေ့ဆုံကာ ပြဿနာများ ဖြေရှင်းရေး သဘောတူခဲ့ကြ

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    hasina
    ၂၀၁၄ ခုနှစ် မတ်လ ၃ ရက်နေ့က နေပြည်တောင်ရှိ လွှတ်တော်အဆောက်အဦးတွင် တွေ့ဆုံကြစဉ်

    – နှစ်နိုင်ငံအကြားရှိနေသည့် ကိစ္စရပ်များကို ဆွေးနွေးမှုနည်းလမ်းမှတစ်ဆင့် ဖြေရှင်းသွားမည်ဟု မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိခ်ဟာဆီနာတို့က သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    နယူးယောက်ရှိ ကုလရုံးချုပ်တွင် ပြုလုပ်နေသည့် ၇၁ ကြိမ်မြောက် အထွေထွေညီလာခံတွင် ခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံစဉ် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ ပြန်ကြားရေးအရာရှိ အစ်ဟ်ဆာနူလ် ကရမ်င်ကမူ ၎င်းတို့နှစ်ဦးမှာ နှစ်နိုင်ငံအကြား အဓိကထားရမည့် ပြဿနာများအကြောင်းကို ဆွေးနွေးခဲ့ကာ ဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းရန် သဘောတူညီခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    ထိုတွေ့ဆုံမှုအတွင်း ရှိခ်ဟာဆီနာက ရခိုင်ပြည်နယ်အရေးဖြေရှင်းရန် ဖွဲ့စည်းထားသည့် ကိုဖီအန်နန်ဦးဆောင်သော အကြံပေးကော်မရှင်ကို ကြိုဆိုသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့နိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒအား လုံးဝ သည်းမခံသည့် ပေါ်လစီကို ကျင့်သုံးပြီး မိမိတို့မြေကို အသုံးပြု၍ အခြားနိုင်ငံများတွင် အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ခြင်းကို မည်သည့်အခါမှ ခွင့်ပြုသွားမည်မဟုတ်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်။

    မိမိတို့မှာ အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းကာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးကို ထိထိရောက်ရောက်ဆောင်ရွက်နေကြောင်းလည်း ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

    ထို့နောက် ၀န်ကြီးချုပ်၏ ဘင်္ဂလားဒေ့ရှ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က လက်ခံခဲ့သည်။

    Ref: prothom-alo.com