မတ် ၇၊ ၂၀၁၆
M-Media
– မိမိတို့အသင်း ချန်ပီယံပြးလမ်းကြောင်းပေါ် ရောက်နေသော်လည်း မိမိတွင် ဖိအားများမရှိဘဲ ပြိုင်ဘက်များ၏ ပွဲများကို ကြည့်ရှုခြင်းအစား Call of Duty ဂိမ်းပင် ကစားသည်ဟု လက်စတာတိုက်စစ်မှူး ဂျာမီဗာဒီက ပြောကြားလိုက်သည်။
ပရီးမီးယားလိဂ်ရာသီပြီးဆုံးရန် ၉ ပွဲသာလိုတော့သည့်အချိန်တွင် လက်စတာမှာ ဒုတိယနေရာမှ စပါးကို ၅ မှတ်ဖြတ်ကာ ဇယားအား ဦးဆောင်ထားနိုင်သည်။ ပြီးခဲ့သည့်တစ်ပတ်က စပါးနှင့် တတိယနေရာမှ အာဆင်နယ်တို့မှာ ၀က်စ်ဟမ်းနှင့် ဆွမ်ဆီးတို့အား အရေးနိမ့်ကာ လက်စတာအတွက် အသာရစေခဲ့ပြီး ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် ဗာဒီက ထိုပွဲများကို မကြည့်ဟု ဆိုသည်။
“ဗုဒ္ဓဟူးနေ့က အဲဒီရလဒ်တွေက ကျွန်တော်တို့အတွက် အသာရစေခဲ့တယ်လို့ လူတော်တော်များများ ပြောတာကို ကျွန်တော် ကြားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ Play Station နဲ့ Call of Duty ကစားနေတာပါ။ ရာသီအစတုန်းက ကျွန်တော်တို့ကို ဘယ်သူမှ အခွင့်အရေး မပေးခဲ့ပါဘူး။ လူတိုင်းက ကျွန်တော်တို့ဟာ တန်းမဆင်းရရေးပဲ ကြိုးစားရမယ်လို့ ပြောခဲ့တာပါ။ ကျွန်တော်တို့ တန်းမဆင်းရတော့ဘူးဆိုတာ သိတဲ့အချိန်အထိပဲ ကျွန်တော်တို့မှာ ဖိအား ရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ အေးဆေးပါပဲ” ဟု ဗာဒီက ပြောကြားခဲ့သည်။
Ref: Goal