ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
M-Media
– ကမ္ဘာ့အကောင်းဆုံး ဘာစီလိုနာအသင်းမှာ ချန်ပီယံလိဂ် လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ရန်အတွက် အဆင်သင့်ဖြစ်နေသည်ဟု တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။
ယနေ့မနက်က ကစားခဲ့သည့် ၁၆ သင်းအဆင့် ရှုံးထွက် ပထမကျော့တွင် ဘာစီလိုနာမှာ အာဆင်နယ်အား အဝေးကွင်း၌ ခြေအသာဖြင့်ကစားကာ ၂ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် နောက်ဆင့်တစ်ရေး အခြေအနေကောင်းခဲ့ပြီး ချန်ပီယံလိဂ်ဟု အမည်ပြောင်းလဲ ကျင်းပခဲ့သည့်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်ဆက်တိုက် ရရှိနိုင်ရန် အခွင့်အလမ်းကောင်းများ ပေါ်လာခဲ့ပြီဖြစ်သည်။
“ကျွန်တော်တို့ဟာ တော်တော်လေးကို ရည်မှန်းချက်ကြီးပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်း ဖြစ်တာကြောင့် ဒီအသင်းအတွက် ဖလားတွေရဖို့၊ ဆုတွေထပ်ပေါင်းထည့်ဖို့ ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်သွားချင်ပါတယ်။ ကျွန်တော်တို့ဟာ ဂိုးရဖို့ကိုသာ အာရုံစိုက်ဖို့ လိုအပ်တာပါ” ဟု ဆွာရက်ဇ်က ပွဲအပြီးတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် အာဆင်နယ်အသင်းမှာ ဒုတိယအကျော့တွင် ထူးခြားမှုများ ပြုလုပ်နိုင်သည့် ကစားသမားများ ရှိနေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal