News @ M-Media

Blog

  • တောင်ကိုရီးယားနှင့် အငြင်းပွားရေပိုင်နက်တွင် မြောက်ကိုရီးယားက အမြှောက်များပစ်ခတ်

    တောင်ကိုရီးယားနှင့် အငြင်းပွားရေပိုင်နက်တွင် မြောက်ကိုရီးယားက အမြှောက်များပစ်ခတ်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    north korea

    – တောင်ကိုရီးယားနှင့် ရေပိုက်နက်အငြင်းပွားမှုများရှိနေသည့် ပင်လယ်ပြင်အနီး၌ မြောက်ကိုရီးယားက ယနေ့တွင် အမြှောက်များဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံများ အလန့်တကြားဖြစ်ခဲ့သည်ဟု သိရသည်။

    တောင်ကိုရီးယား စစ်တပ်ကမူ အဆိုပါ အမြှောက်ဆံများမှာ နယ်စပ်ဖြတ်ကျော်လာခြင်း မရှိသော်လည်း တောင်ကိုရီးယားဘက်တွင် နေထိုင်သည့် ပြည်သူများမှာ စိုးရိမ်မှုများ ဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့သည်။ ယခုလအစောပိုင်းတွင်မြောက်ကိုရီးယားမှာ တားမြစ်ထားသည့် တိုက်ချင်းပစ်ဒုံးကျည်ကို အသုံးပြု၍ ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ခဲ့ပြီး ထိုလုပ်ရပ်ကို တောင်ကိုရီးယားနှင့် အမေရိကန်တို့က ရှုတ်ချခဲ့သည်။

    ဇန်န၀ါရီလကလည်း မြောက်ကိုရီးယားမှာ နျူကလီးယားစမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ယနေ့ ပြုလုပ်ခဲ့သည့် ထိုပစ်ခတ်မှုမှာ စစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းတစ်ခု ဖြစ်မည်ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူက ပြောကြားခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ပစ်ခတ်မှုမှလွဲ၍ မြောက်ကိုရီးယားစစ်တပ်မှာ အခြား မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ချေ။

    Ref: Aljazeera

  • နည်းပြအတွက် မန်းစီးတီးကွင်းလယ်လူက ဖလားရယူပေးချင်နေ

    နည်းပြအတွက် မန်းစီးတီးကွင်းလယ်လူက ဖလားရယူပေးချင်နေ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    mancity

    – ရာသီကုန်တွင် အသင်းမှ ထွက်ခွာရတော့မည့် နည်းပြ ပယ်လီဂရီနီအတွက် ပရီးမီးယားလိဂ်ဖလားတစ်လုံး ရယူပေးချင်သည်ဟု မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟိုက ပြောကြားလိုက်သည်။

    လာမည့်နှစ်တွင် ဘိုင်ယန်မှ ထွက်ခွာမည့် ဂွါဒီယိုလာမှာ မန်စီးတီးသို့ ရောက်ရှိမည်ဟု ကြေငြာခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ် ဖလားတစ်လုံးနှင့် လိဂ်ဖလားတစ်လုံးကို ရယူပေးထားနိုင်သည့် ပယ်လီဂရီနီအတွက် ယခုရာသီမှာ နောက်ဆုံးရာသီ ဖြစ်မည်ဖြစ်သည်။ ၂၀၁၃ ခုနှစ် ပယ်လီဂရီနီ စတင်ကိုင်တွယ်စဉ်က ရှက်တာဒိုးနက်မှ ပထမဆုံး ၀ယ်ယူခဲ့သည့် ဖာနန်ဒင်ဟိုမှာ နည်းပြအတွက် ပြည်တွင်းဖလားတစ်လုံးကို ဆွတ်ခူးပေးချင်နေသည်။

    “ပထမဆုံးရာသီမှာ ကျွန်တော်တို့ဟာ ဖလား ၂ လုံးကို တစ်ပြိုင်တည်း ရခဲ့ပါတယ်။ သူ့(ပယ်လီဂရီနီ) ဆီက အများကြီး သင်ယူနိုင်ခဲ့ပြီး ကျွန်တော့်အတွက်တော့ သူဟာ ဖခင်တစ်ယောက်လိုပါပဲ။ သူက ကျွန်တော့်ကို အသင်းဆီ ခေါ်ယူခဲ့တယ်။ ကစားသမားကောင်းတွေနဲ့ ကစားစေခဲ့တယ်။ သူဟာ ကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ရွှေအိုးထမ်း အဆုံးသတ်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးကောင်းတစ်ခု ရှိနေပါတယ်။ ပရီးမီးယားလိဂ်ကိုထပ်ရဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိနေပြီး လုပ်နိုင်မယ်လို့လဲ မျှော်လင့်ပါတယ်” ဟု ဖာနန်ဒင်ဟိုက ပြောကြားခဲ့သည်။

    Ref : Goal

  • တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ဒုံးကျည်ချထားမှုကို ဗီယက်နမ်က တရားဝင်ကန့်ကွက်

    တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ဒုံးကျည်ချထားမှုကို ဗီယက်နမ်က တရားဝင်ကန့်ကွက်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    china 6

    – တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားနေသောကျွန်း၌ တရုတ်က မြေပြင်မှဝေဟင်ပစ်ဒုံးကျည် ချထားမှုအတွက် ဗီယက်နမ်က တရားဝင်ဆန့်ကျင်ပြောကြားလိုက်ပြီး ကုလသမဂ္ဂကလည်း ထိုကိစ္စအတွက် လွန်အမင်း စိုးရိမ်မိသည်ဟု ပြောကြားလိုက်သည်။

    “ပါရာဆဲလ်ကျွန်းစုက လုပ်ရပ်ဟာ ဗီယက်နမ်ရဲ့ အချုပ်အချာအာဏာကို ထိပါး ချိုးဖောက်လိုက်တာဖြစ်ပြီး ဒေသအတွင်းက ငြိမ်းချမ်းရေး၊တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လွတ်လပ်စွာရေကြောင်းသွားလာမှုနဲ့ လေယာဉ်ပျံသန်းမှု စတာတွေကို ခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည့် ကြေငြာချက်တွင် ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဟိုင် ဘင်က ပြောကြားခဲ့သည်။

    ထို့ပြင် သတိထောက်လွှာကို ဟနွိုင်းမြို့ရှိ တရုတ်သံရုံးသို့ ပေးပို့ထားကြောင်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကိုလည်း ဘေဂျင်း၏ လုပ်ရပ်များအတွက် စာပို့အကြောင်းကြားထားကြောင်း အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားသည်။

    တရုတ်မှာ ပါရာဆဲလ်ကျွန်းစုရှိ ၀ူဒီကျွန်းတွင် ဒုံးကျည်ချထားသည်ဟု ထိုင်ဝမ်နှင့် အမေရိကန် အာဏာပိုင်များက ယခုတစ်ပတ်အတွင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံကလည်း လက်နက်များချထားကြောင်း ၀န်ခံခဲ့သည်။

    တနင်္လာနေ့က ကယ်လီဖိုးနီးယားတွင် ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင် တန်ဒွန်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ စစ်ရေးပြင်ဆင်မှုနှင့် ကျွန်းတုများ တည်ဆောက်မှုအတွက် အမေရိကန်အနေဖြင့် ထိရောက်သော ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် သမ္မတအို ဘားမားအား တိုက်တွန်းခဲ့သည်။

    Ref: Channelnewsasia

  • ချယ်ဆီးမှာ ဥရောပထိပ်တန်း အသင်း မဟုတ်တော့ ဟစ်ဒင့်ပြော

    ချယ်ဆီးမှာ ဥရောပထိပ်တန်း အသင်း မဟုတ်တော့ ဟစ်ဒင့်ပြော

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    hitdink

    – ချယ်ဆီးမှာ ဥရောပ၏ ထိပ်တန်းအသင်းမဟုတ်တော့ဘဲ ၎င်း၏နေရာကို ဆက်ခံမည့်သူမှာ စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်ပြီး အသင်းအား ပြန်လည်တည်ဆောက်ရေးအတွက် အားထုတ်မှု ကြီးကြီးမားမား လိုအပ်လိမ့်မည်ဟု နည်းပြ ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။

    လက်ရှိတွင် ချယ်ဆီးမှာ အဆင့် ၁၂ နေရာ၌ ရပ်တည်နေပြီး အဆင့် ၄ နေရာနှင့် ၁၄ မှတ်ကွာဟနေကာ နောက်နှစ် ချန်ပီယံလိဂ်နေရာအတွက်ပင် စိုးရိမ်ရဖွယ်ရှိနေသည်။ မော်ရင်ဟိုထွက်သွားပြီးနောက် ရာသီကုန်အထိ တာဝန်ယူထားသည့် ဟစ်ဒင့်က ချယ်ဆီးမှာ ဥရောပအသင်းကြီးများ၏နောက်တွင် ကျန်ခဲ့ပြီဟုဆိုကာ နည်းပြသစ်ဖြစ်လာမည့် သူအတွက်လည်း သတိပေးခဲ့သည်။

    “ကျွန်တော် အသေးစိတ်တော့ မသွားချင်ပါဘူး။ ကျွန်တော်က ဒီမှာ ယာယီနည်းပြပါ။ ဒီမှာ နေ့တိုင်း၊ သီတင်းပတ်တိုင်း၊ ပွဲတိုင်းအတွက် တာဝန်ယူနေကြသူတွေက အသင်းမှာ လိုအပ်နေတဲ့အရာအတွက် ရေရှည်စီမံကိန်း ရှိရပါတယ်။ အဲဒါ တွေကိုလုပ်ဖို့လည်း သူတို့မှာ တာဝန်ရှိပါတယ်” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

    ထို့ပြင် ချယ်ဆီးမှာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် ပီအက်စ်ဂျီတို့ကဲ့သို့ အခြားသော ဥရောပအသင်းကြီးများအကြား ကွာဟချက်မှာလည်း ကြီးမားသွားခဲ့ပြီဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြိုလဲနေသည်ဟု သင့်မြတ်လိုသူများအဖွဲ့မှ ကိုဇော်ဇော်လတ်ပြော

    မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြိုလဲနေသည်ဟု သင့်မြတ်လိုသူများအဖွဲ့မှ ကိုဇော်ဇော်လတ်ပြော

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    thint myat

    – သင့်မြတ်လိုသူများ ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့မှ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေများကို ချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုခံထားရသည့် အဖွဲ့ဝင်နှစ်ဦးဖြစ်သူ ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူ လတ်တို့၏ ဖေဖော်ဝါရီ ၁၇ က်နေ့ ကြားနာမှုကို ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။

    ထိုကဲ့သို့ ရွှေ့ဆိုင်းခဲ့ခြင်းမှာ ထိုအမှုကို ကိုင်တွယ်ရန်အတွက် တရားသူကြီးအသစ်တစ်ဦးကို ခန့်အပ်မှုကြောင့်ဖြစ်ပြီး၊ အဆိုပါ တရားသူကြီးမှာ ထပ်မံဆောင်ရွက်မှုများ မပြုလုပ်ခင် ယခင်ကြားနာမှုများကို လေ့လာလိုသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ နောက်ထပ် ကြားနာမှုကို ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

    သင့်မြတ်လိုသူများအဖွဲ့ကို ၂၀၁၃ ခုနှစ် မိတ္ထီလာ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက်ပိုင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ဦးက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့မှာ ပြီးခဲ့သည့် ဇူလိုင်လက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

    ကိုဇော်ဇော်လတ်အတွက် တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်ခြင်း စွဲချက်မှာ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက လိုင်ဇာရှိ ကချင်လွတ်မြောက်ရေးတပ်မတော် အဖွဲ့ဝင်များနှင့် တွေ့ဆုံမှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ကိုဇော်ဇော်လတ်မှာ ထိုခရီးစဉ်တွင် ရိုင်ဖယ်ကိုင်ထားသည့် ဓာတ်ပုံအား Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။

    ၂ နှစ်အကြာတွင် အမျိုးသားရေးအုပ်စုများ၏ ဖိအားပေးမှုများ ပေါ်ထွက်လာပြီးနောက်ပိုင်း အစိုးရက ထိုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ချမ်းအေးသာဇံမြို့ရှိ တရားရုံးတွင် ဇူလိုင်လ ၁၅ ရက်နေ့က တရားစွဲဆိုခဲ့သည်။

    “လက်ရှိအချိန်မှာ တရားစီရင်ရေးက မတည်ငြိမ်သေးပါဘူး။ ပြိုလဲနေပါတယ်။ ရွေးကောက်ခံရတဲ့ အစိုးရ တာဝန်ယူတဲ့အချိန်မှာတော့ တရားစီရင်ရေးကို ဖြောင့်မတ်အောင် ဆောင်ရွက်ဖို့လိုပါတယ်” ဟု ကိုဇော်ဇော်လတ်က တရားရုံးတွင် ပြောကြားခဲ့သည်။

    မပွင့်ဖြူလတ်ကို သင့်မြတ်လိုသူများအဖွဲ့မှ ခြားသောအဖွဲ့ဝင် ၅ ဦးနှင့်အတူ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ သူမကမူ ထိုအချိန်ထဲက နောက်ထပ်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး ကျန် ၄ ဦးကိုမူ ၀ရမ်းထုတ်ထားသည်ဟု ဆိုသည်။

    “တရားသူကြီးအနေနဲ့ နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ ဆုံးဖြတ်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီအမှုနှစ်ခုစလုံးဟာ အထက်ကနေ ဖိအားပေးထားတာပါ။ (အာဏာပိုင်တွေကို) ဆန့်ကျင်တာကြောင့် တရားစွဲဆိုခံရတာလို့ ကျွန်မ ထင်ပါတယ်” ဟု မပွင့်ဖြူလတ်က ပြောကြားခဲ့သည်။

    ကိုဇော်ဇော်လတ်အား လိုင်ဇာသို့သွားရောက်မှုဖြင့် တရားစွဲဆိုခဲ့သော်လည်း၊ လိုင်ဇာသို့ ပုံမှန်သွားရောက်နေသည့် အခြားတက်ကြွလှုပ်ရှားသူများအဖွဲ့မှ အဖွဲ့ဝင်များကိုမူ အာဏာပိုင်များက ဖမ်းဆီးခြင်းမရှိပေ။

    ထိုအမှုအား အနီးကပ်စောင့်ကြည့်နေသည့် ထိုင်းနိုင်ငံအခြေစိုက် အန်ဂျီအိုတစ်ဦးဖြစ်သော Fortify Rights ကမူ အဆိုပါ တရားစွဲဆိုမှုမှာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ပြီး၊ ရုပ်သိမ်းသင့်သည်ဟု ပြောကြားခဲ့သည်။

    “ဒါဟာ ဘာသာရေခြေခံ အမျိုးသားရေးလှုပ်ရှားမှုကို မြန်မာဥပဒေထိန်းသိမ်းရေးအဖွဲ့တွေက ပစားပေးတဲ့ နောက်ထပ်လုပ်ရပ်တစ်ခုပါပဲ။ ဘာသာပေါင်းစုံ တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထား ဖမ်းဆီးမယ့်အစား၊ မြန်မာအာဏာပိုင်တွေဟာ သူတို့ကို ကာကွယ်ပေးသင့်တာပါ” ဟု Fortify Rights အမှုဆောင်ဒါရိုက်တာ မသယူးစမစ်က ပြောကြားခဲ့သည်။

    Ref: mmtimes