News @ M-Media

Blog

  • မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုအတွက် ဂျပန်က ပိတ်ဆို့မှုအသစ်များ ပြုလုပ်

    မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုအတွက် ဂျပန်က ပိတ်ဆို့မှုအသစ်များ ပြုလုပ်

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    japan 2

    – တားမြစ်ထားသော တာဝေးပစ်ဒုံးကျည်သုံးကာ မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ခဲ့မှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံက ယနေ့တွင် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံ ပြုလုပ်လိုက်သည်ဟု သိရသည်။

    တနင်္ဂနွေနေ့က လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများက မြောက်ကိုရီးယားမှာ တိုက်ချင်းပစ်ဒုံးကျည် ထုတ်လုပ်မှုကို ဂြိုဟ်တုဖြင့် ကာကွယ်ခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ထိုကဲ့သို့ လွှတ်တင်မှုကို ရှုတ်ချခဲ့သည်။

    ဂျပန်မှာ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများအတွက် ယခင်ကလည်း ပိတ်ဆို့မှုများ ပြုလုပ်ထားပြီး ယခုပိတ်ဆို့မှုမှာ ထပ်မံ၍ ပြုလုပ်ခြင်းဖြစ်သည်။ တောင်ကိုရီးယားကလည်း ထိုလုပ်ရပ်ကြောင့် မြောက်ကိုရီးယားအား ဒဏ်ခတ်ခြင်းအဖြစ် မြောက်ကိုရီးယားရှိ ကေဆွန်စက်မှုဇုန်တွင် ပူးပေါင်းဆောင်ရွက်မှုများအားလုံးကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

    မြောက်ကိုရီးယားမှ လွှတ်တင်ခဲ့သည့် အဆိုပါ ဂြိုဟ်တုမှာ ကမ္ဘာပတ်လမ်းကြောင်းတွင် တည်ငြိမ်စွာ လည်ပတ်နေပြီဖြစ်သော်လည်း ကမ္ဘာမြေပြင်သို့ အချက်အလက်များ ပေးပို့မှုမရှိသေးဟု အမေရိကန်က ယနေ့တွင် ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ဇီဒိန်းလက်အောက်တွင် ရီးယဲလ်မှာ အိပ်မက်များ ပြန်မက်လာနိုင်ပြီဟု ရာအူးလ်ပြော

    ဇီဒိန်းလက်အောက်တွင် ရီးယဲလ်မှာ အိပ်မက်များ ပြန်မက်လာနိုင်ပြီဟု ရာအူးလ်ပြော

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Mdia

    raul

    – နည်းပြသစ် ဇီနဒင်း ဇီဒိန်း၏ လက်အောက်တွင် ရီးယဲလ်မက်ဒရစ်အသင်း၏ ရုန်းကန်နေရမှုများမှာ အဆုံးသတ်သွားလိမ့်မည်ဟု အသင်းဖော်ဟောင်း ရာအူးလ်က ပြောကြားခဲ့သည်။

    ဇီဒိန်းမှာ ရာဖေးလ် ဘင်နီတက်ဇ်၏နေရာတွင် ပြီးခဲ့သည့်ဇန်န၀ါရီလက အစားဝင်လာခဲ့ခြင်းဖြစ်ပြီး ၎င်းကိုင်တွယ်ခဲ့သည့် လာလီဂါ ၅ ပွဲတွင် ၁၃ မှတ်အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် တတိယနေရာမှ ရီးယဲလ်မက်ဒရစ်မှာ ဒုတိယနေရာမှ အက်သလက်တီကိုမက်ဒရစ်နှင့် ၁ မှတ်ကွာဟနေကာ ထိပ်ဆုံးမှ ဘာစီလိုနာနှင့် တစ်ပွဲပို ၄ မှတ် ကွာဟနေသည်။

    ရာအူးလ်ကမူ ရီးယဲလ်မှာ ဇီဒိန်း၏လက်အောက်တွင် အိပ်မက်များ ပြန်လည် မက်လာနိုင်ပြီဟု ဆိုသည်။

    “ဇီဒိန်းက ကမ္ဘာ့အဆင့် ကစားသမားဖြစ်တာကြောင့် သူ့ရဲ့ပြောစကားဟာ ကစားသမားတွေကြားထဲမှာ သက်ရောက်မှုရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဆွတ်ခူးခဲ့တာ၊ သူကစားတဲ့ပုံစံတွေကြောင့် သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးဆိုတဲ့အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ညွှန်ကြားမှုကို ကစားသမားတွေ နာယူနိုင်အောင်လည်း သူ လုပ်နိုင်မှာဖြစ်ပြီး အသင်းကလည်း အရည်အသွေးတွေ ပြည့်ဝလာမှာပါ။ လူတွေက တကယ်ဘာလိုချင်တယ်ဆိုတာကို သူက သိပါတယ်။ ရုန်းကန်နေရမှု အဆုံးသတ်ပြီလို့ ဘာ့ကြောင့် ကျွန်တော်တို့ မအော်နိုင်ရမှာလဲ” ဟု ရာအူးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ပြင်ဦးလွင်မှာ ဘာအတွက် စုပေါင်းသွေးလှူကြတာလဲ

    ပြင်ဦးလွင်မှာ ဘာအတွက် စုပေါင်းသွေးလှူကြတာလဲ

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media
    မိုးစက်
    12654332_182014445500306_3774906827835431854_n
    ပြင်ဦးလွင်။    ။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြင်ဦးလွင်မြို့ Royal Diamond တွင် ကျင်းပပြုလုပ်သည့် (၁၄၉၀) နှစ်မြောက် မဟာတမန်တော်နေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပခဲ့ခြင်းလည်း ဖြစ်ပါတယ်။

    “ကျွန်တော်တို့တွေ တစ်ယောက်ချင်းလည်း သွေးလိုတယ်ဆို သွားလှူနေကြတာပဲ။ ခု တမန်တော်မွေးနေ့ အထိမ်းအမှတ်အဖြစ် တမန်တော်မြတ်ကြီးရဲ့ သြဝါဒတွေကို နာခံတဲ့အနေနဲ့ ဒီလိုသွေးလှူဒါန်းပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ သွေးလှူဒါန်းခြင်းဟာ လူ့အသက်ကို ကယ်တင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဒီမှာ ဘာသာပေါင်းစုံက သွေးလှူဒါန်းမယ့်သူတွေကို တစ်စုတစ်တည်း စုစည်းပြီး လှူဒါန်းရခြင်းဖြစ်ပါတယ်” လို့ြ ပင်ဦးလွင်မြို့ မဟာ တမန်တော်မွေးနေ့ ကျင်းပရေးကော်မတီမှ အတွင်းရေးမှူး ဦးမောင်မောင်မျိုးဝင့်က M-Media ကို ရှင်းပြပါတယ်။

    အဆိုပါ ကျင်းပခဲ့သော သွေးလှူဒါန်းပွဲတွင် ဘာသာပေါင်းစုံ၊ နယ်ပယ် အသီးသီးမှ သွေးလှူရှင် (၆၀) ကျော်က လာရောက် လှူဒါန်းခဲ့ကြကြောင်းလည်း သိရပါတယ်။ ပြင်ဦးလွင်မြို့ သွေးလှူဘဏ်မှ သွေးလှူရှင်များ လှူဒါန်းသည့်သွေးများကို လာရောက်ဖောက်ပေးကြပြီး လိုအပ်နေသည့် လူနာများကို လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။

    ပြင်ဦးလွင်မြို့ မဟာတမန်တော်နေ့ ကျင်းပရေးကော်မတီမှ နောက်နှစ်များတွင်လည်း ထိုကဲ့သို့ ကိစ္စရပ်များ ကို နှစ်စဉ်ဆောင်ရွက်သွားနိုင်ရန် အတွက် စီစဉ်ထားရှိကြောင်း သိရပါတယ်။

    Photo Credit – ပြင်ဦးလွင် မြို့ခံများ FB မှ

    12717364_444871902373351_8982265956272673916_n

    12717925_444872109039997_1952893046010288240_n

    12654145_444872142373327_3156896438472102445_n

  • မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်ကို အထက်လွှတ်တော် အတည်ပြု

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်ကို အထက်လွှတ်တော် အတည်ပြု

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    us 6

    – အမေရိကန်အထက်လွှတ်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် စကော့ အလန် မာစီယဲလ်ကို ယမန်နေ့က တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်ဟု သိရသည်။

    မဲခွဲဆုံးဖြတ်ဖြတ်မှုအတွင်း ထောက်ခံမဲ ၉၀ မဲ၊ ကန့်ကွက်မဲ မရှိဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး မာစီယဲလ်မှာ ၂၀၁၃ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သည့် အရှေ့အာရှဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် တိုးမြှင့်ခံအပ်ခံရခြင်း ဖြစ်သည်။

    လက်ရှိသံအမတ် ဒဲရစ်မစ်ချယ်၏ နေရာကို အစားထိုးမည့် မာစီယဲလ်မှာ ဗီယက်နမ်၊ ဖိလစ်ဖိုင်၊ အင်ဒိုနီးရှား၊ တူရကီနှင့် ဘရာဇီးလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

    သမ္မတအိုဘားမားမှာ မာစီယဲလ်ကို အောက်တိုဘာလက အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံမှာ လူအခွင့်အရေးတိုးတက်မှုဆိုင်ရာ ကတိက၀တ်များကို အပြည့်အ၀ အကောင်အထည်ဖော်မှုမတိုင်ခင် အချိန်အတော်ကြာကတည်းက ရှိခဲ့သည့် စီးပွားရေးပိတ်ဆို့မှုများကို အိမ်ဖြူတော်က လျှော့ချရမည်လားဆိုသည်နှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေသောကြောင့် အထက်လွှတ်တော်က အတည်ပြုရန် နှောင့်နှေးခဲ့ခြင်းဖြစ်သည်။

    Ref: VOA

  • မလေးရှားရှိ မြန်မာ လုပ်သားတစ်ဦး လစာ မရ၍ သေကြောင်းကြံစည်မှု ဖြစ်ပွား

    မလေးရှားရှိ မြန်မာ လုပ်သားတစ်ဦး လစာ မရ၍ သေကြောင်းကြံစည်မှု ဖြစ်ပွား

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    myanamr 3

    – မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးမှာ လစာမရ၍ လည်ပင်းကို လှီးဖြတ်ကာ မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    မုဒုံမြို့မှ ကျော်လင်းထိုက်ဆိုသူဖြစ်ပြီး Paramount Garden ရှိ ပင်လယ်စာ စားသောက်ဆိုင်တွင် လွန်ခဲ့သည့် လအနည်းငယ်ကတည်းက အလုပ်ဝင်လုပ်ခဲ့သည်ဟု ယုံကြည်ရသည်။ ၎င်းမှာ ပုလင်းကွဲဖြင့် လည်ပင်းအားဖြတ်ကာ သေကြောင်းကြံခဲ့ခြင်းဖြစ်ပြီ အင်္ဂါနေ့ည ၇ နာရီခွဲက Mutiara Damansara အနီးရှိ ရှော့ပင်းမောလ် အနားတွင် ၎င်းအား တွေ့ခဲ့ရခြင်းဖြစ်သည်။

    “အခင်းဖြစ်ပွားချိန်မှာ အဲဒီနားကဖြစ်ပုံရတဲ့ ဆရာဝန်တစ်ယောက်က သူ့ကို သတိပြုမိခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေ အရတော့ လစာမရတဲ့အတွက် အဲဒီကောင်လေးက စိတ်ပျက်နေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်” ဟု ပတ်တလင်းဂျာယာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ မိုဟာမက် ဇာနည်က ပြောကြားခဲ့သည်။

    ကျော်လင်းထိုက်ကို လက်ရှိအချိန်တွင် ဆွန်ဂိုင်းဘုလို့ ရှိ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုများ ပြုလုပ်ပေးနေသည်ဟု သိရသည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ လုပ်ကိုင်နေသည့် စားသောက်ဆိုင်အများစုမှာ တရုတ်လူမျိုးများ ပိုင်ဆိုင်ကြသည့် စားသောက်ဆိုင်များ ဖြစ်ကြသည်။

    Ref: The Star