ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
M-Media
– တားမြစ်ထားသော တာဝေးပစ်ဒုံးကျည်သုံးကာ မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ခဲ့မှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံက ယနေ့တွင် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံ ပြုလုပ်လိုက်သည်ဟု သိရသည်။
တနင်္ဂနွေနေ့က လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများက မြောက်ကိုရီးယားမှာ တိုက်ချင်းပစ်ဒုံးကျည် ထုတ်လုပ်မှုကို ဂြိုဟ်တုဖြင့် ကာကွယ်ခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ထိုကဲ့သို့ လွှတ်တင်မှုကို ရှုတ်ချခဲ့သည်။
ဂျပန်မှာ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများအတွက် ယခင်ကလည်း ပိတ်ဆို့မှုများ ပြုလုပ်ထားပြီး ယခုပိတ်ဆို့မှုမှာ ထပ်မံ၍ ပြုလုပ်ခြင်းဖြစ်သည်။ တောင်ကိုရီးယားကလည်း ထိုလုပ်ရပ်ကြောင့် မြောက်ကိုရီးယားအား ဒဏ်ခတ်ခြင်းအဖြစ် မြောက်ကိုရီးယားရှိ ကေဆွန်စက်မှုဇုန်တွင် ပူးပေါင်းဆောင်ရွက်မှုများအားလုံးကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။
မြောက်ကိုရီးယားမှ လွှတ်တင်ခဲ့သည့် အဆိုပါ ဂြိုဟ်တုမှာ ကမ္ဘာပတ်လမ်းကြောင်းတွင် တည်ငြိမ်စွာ လည်ပတ်နေပြီဖြစ်သော်လည်း ကမ္ဘာမြေပြင်သို့ အချက်အလက်များ ပေးပို့မှုမရှိသေးဟု အမေရိကန်က ယနေ့တွင် ပြောကြားခဲ့သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.