News @ M-Media

Blog

  • FA ဖလားတွင် ချန်ပီယံရှစ်အသင်းများအား အထင်သေးမှုကို စွန့်လွှတ်ရတော့မည်ဟု ၀င်းဂါးပြော

    FA ဖလားတွင် ချန်ပီယံရှစ်အသင်းများအား အထင်သေးမှုကို စွန့်လွှတ်ရတော့မည်ဟု ၀င်းဂါးပြော

    ဇန်န၀ါရီ ၃၀၊ ၂၀၁၆
    M-Media

    winger 2

    – FA ဖလားပြိုင်ပွဲ၌ ချန်ပီယံရှစ်အသင်းများနှင့် တွေ့ဆုံရာတွင် လူငယ်ကစားသမားဖြင့် ကျော်ဖြတ်နိုင်သည်ဟူသော အယူအဆကို ပရီးမီးယားလိဂ်အသင်းများက စွန့်လွှတ်ရတော့မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ စနေနေ့တွင် ချန်ပီယံရှစ်ကလပ် ဘန်လေနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ၀င်းဂါးကမူ မိမိမှာ အတွေ့အကြုံရှိကစားသမားများကို ထည့်သွင်းအသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် FA ဖလားရရှိထားသည့် အာဆင်နယ်မှာ FA ဖလားနှင့် လိဂ်ဖလားပြိုင်ပွဲများတွင် လူငယ်များကိုသာ အဓိကအသုံးပြုခဲ့သော်လည်း ယခုတွင်မူ ၀င်းဂါးက ၎င်း၏ အယူအဆကို ပြောင်းလဲခဲ့သည်။

    “တော်တော်လေး တောင့်တင်းတဲ့အသင်းနဲ့ ကျွန်တော် ယှဉ်ပြိုင်မှာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ချယ်ဆီးကို ရှုံးနိမ့်ခဲ့တာကြောင့် ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှု မကျဆင်းသွားဖို့ အရေးကြီးပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ တစ်ခု သင်ယူခဲ့ရပါတယ်။ ဒါကတော့ လိဂ်ဖလားမှာ ရှက်ဖီးလ်ဝင်းစ်ဒေးနဲ့ ကစားပြီး ပက်ပက်စက်စက် ရှုံးနိမ့်ခဲ့တာပါ။ အဲဒီကနေ ကျွန်တော်တို့ သန်ခန်းစာရခဲ့တယ်ဆိုတာ ပြသရပါမယ်။ ဒုတိယတစ်ခုကတော့ FA ဖလားမှာ ကျွန်တော်တို့ အမှားမခံချင်တာပါပဲ။ အိမ်ကွင်းမှာ ချန်ပီယံရှစ်အသင်းနဲ့ ကစားရတဲ့အခါ အခွင့်အရေးကို လက်လွှတ်မခံချင်ပါဘူး။ ချ န်ပီယံရှစ်အသင်းတွေကို လူငယ်တွေသုံးပြီး ကြက်ကန်းတိုး အနိုင်ရဖို့ မရှိတော့ပါဘူး။ ဒါပါပဲ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • မဟာတမန်တော်နေ့ အထိမ်းအမှတ် မန္တလေးမှာ စုပေါင်းသွေးလှူကြမည်။

    မဟာတမန်တော်နေ့ အထိမ်းအမှတ် မန္တလေးမှာ စုပေါင်းသွေးလှူကြမည်။

    ဇန်နဝါရီ ၂၉ ၊ ၂၀၁၆
    M-Media
    သီဟ

    Blood Donation
    မဟာတမန်တော်နေ့ အထိမ်းအမှတ် (ပဉ္စမအကြိမ်မြောက်) စုပေါင်းသွေး လှူဒါန်းပွဲ တရပ်ကို ဇန်နဝါရီလ ၃၁ ရပ်နေ့တွင် မန္တလေးမြို့၊ ပန်းသေး ခန်းမတွင်ပြုမည်ဖြစ်ကြောင်းသိရပါတယ်။

    အရေးတကြီးသွေးလိုအပ်မှုကို အချိန်မီပေးအပ်နိုင်ရန်နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ရည်ရွယ်ပြီး (၈၄)ကြိမ်မြောက် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ ကျင်းပရေးဗဟိုကော်မတီမှ ကြီးမှုး ကျင်းပတာဖြစ်ပါတယ်။

    Image via- ရောင်ခြည်ဦး

  • တစ်နေ့ ပန်းသီးတစ်လုံးစားခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျစေနိုင်

    တစ်နေ့ ပန်းသီးတစ်လုံးစားခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျစေနိုင်

    ဇန်န၀ါရီ ၃၀၊ ၂၀၁၆
    M-Media

    apple

    – တစ်နေ့ပန်းသီးတစ်လုံးစားခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းမွန်သလို ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်တယ်လို့ ဗြိတိန်သုတေသီများက ပြောဆိုလိုက်ပါတယ်။

    သူတို့ရဲ့ လေ့လာမှုအတွင်းမှာ ဖလာဗိုနွိုက်များများပါဝင်တဲ့ အသီးအနှံတွေက ကိုယ်အလေးချိန် မတက်စေတာကို တွေ့ရှိခဲ့ရတာကြောင့် ဖလာဗိုနွိုက်ပါဝင်ပြီး အလွယ်တကူ ၀ယ်ယူလို့ရနိုင်နဲ့ ပန်းသီးကို ပုံမှန်စားသုံးခြင်းပေးခြင်းအားဖြင့် ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တာ ဖြစ်ပါတယ်။

    ပန်းသီးအပြင် အဲဒီ ဖလာဗိုနွိုက်ကို ဘယ်ရီသီး၊ ပန်းသီး၊ သစ်တော်သီး၊ စတော်ဘယ်ရီသီးနဲ့ မုန်လာဥတွေမှာလည်း တွေ့ရပါတယ်။

    အဲဒီဒြပ်ပေါင်းမှာ ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပြီး၊ ဓာတ်တိုးဆန့်ကျင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ ယင်းဒြပ်ပေါင်းတွေဟာ အစားအစားတွေကနေ ရရှိတဲ့ သကြားလို စွမ်းအင်တွေကို လျှော့ချရာမှာလည်း အကူညီပေးတယ်လို့ ဆိုထားပါတယ်။

    အင်္ဂလန်က East Anglia တက္ကသိုလ်နဲ့ ဟားဗတ်ဆေးတက္ကသိုလ်မှာရှိတဲ့ သုတေသီတွေက အချို့ဖလာဗိုနွိုက်ဒြပ်ပေါင်းတွေဟာ ကိုယ်အလေးချိန်မတက်အောင် ထိန်းသိမ်းပေးတဲ့အပြင် ၀ိတ်အနည်းငယ်ကျဆင်းအောင်တောင် ကူညီပေးနိုင်ကြောင်းကို တွေ့ရှိခဲ့ပါတယ်။

    ဖလာဗိုနွိုက် ၈၀ ဂရမ် (၂.၈ အောင်စ) ပါဝင်တဲ့ အသီးအနည်းငယ်ကို နေ့စဉ်စားသုံးပေးပြီး လေးနှစ်ကြာတဲ့အခါ မှာ ကိုယ်အလေးချိန် ၂ ပေါင် နဲ့ ၁၀ အောင်စ ကျစေပါတယ်။ အဲဒီ လေးနှစ်တာကာလအတွင်းမှာ သာမန် အမျိုးသမီးတစ်ဦးဟာ ၂ ပေါင်နဲ့ ၃ အောင်စလောက် ကိုယ်အလေးချိန် တက်နိုင်ပြီး၊ သာမန်အမျိုးသားတစ်ဦးကတော့ ၄ ပေါင် ၆ အောင်စလောက် ကိုယ်အလေးချိန် တက်နိုင်ပါတယ်။

    သုတေသနပညာရှင်တွေဟာ အမျိုးသမီးအုပ်စုတစ်ခုအပါအ၀င် အုပ်စုကြီး ၃ စုကို ၂၄ နှစ်ကြာ စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ အဲဒီ သုတေသနအတွင်းမှာ အသီးတွေမှာ ပါဝင်တတ်တဲ့ အန်သိုဆိုင်ယာနင်၊ flavan-3-ols၊ ဖလာဗာနုန်းနဲ့ ဖလာဗာနော ဒြပ်ပေါင်းတွေနဲ့ အ၀လွန်ခြင်းရောဂါတို့အကြား ဆက်စပ်မှုကို လေ့လာခဲ့တာပါ။

    ဘလူးဘယ်ရီနဲ့ စတော်ဘယ်ရီသီးတွေဟာ အန်သိုဆိုင်ယာနင် ဒြပ်ပေါင်းတွေ အဓိကပါဝင်တဲ့အစားအစာဖြစ်ပြီး flavan-3-ols ဒြပ်ပေါင်းတွေကိုတော့ လက်ဖက်နဲ့ ပန်းသီးတွေကနေ ရရှိနိုင်ပါတယ်။

    Ref; IINA

  • အစ္စလာမ်ကပေးသည့် ဘာသာရေးလွပ်လပ်ခွင့်ကို မွတ်စလင်မဟုတ်သူများ ခံစားနိုင်စေရန် ဆောင်ရွက်သွားမည်ဟု ကမ္ဘာ့မွတ်စလင်ခေါင်းဆောင်များ ကတိပြု

    အစ္စလာမ်ကပေးသည့် ဘာသာရေးလွပ်လပ်ခွင့်ကို မွတ်စလင်မဟုတ်သူများ ခံစားနိုင်စေရန် ဆောင်ရွက်သွားမည်ဟု ကမ္ဘာ့မွတ်စလင်ခေါင်းဆောင်များ ကတိပြု

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    is

    – IS နဲ့ အခြား မွတ်စလင်အမည်ခံ အစွန်းရောက်တွေက အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ တောင်အာရှ စတဲ့နိုင်ငံတွေမှာ
    မွတ်စလင်မဟုတ်သူတွေအပေါ် ငြှင်းပမ်းသတ်ဖြတ်နေတာတွေကို တိုက်ဖျက်ဖို့၊ အစ္စလာမ်က သတ်မှတ်ပေးထားတဲ့ ဘာသာရေးလူနည်းစုအခွင့်အရေးကို အစ္စလာမ်ဘာသာဝင်မဟုတ်သူများ ရရှိခံစားနိုင်စေဖို့အတွက် ဆောင်ရွက်သွားမယ်လို့ ကမ္ဘာ့မွတ်စလင် ခေါင်းဆောင်းတွေနဲ့ မွတ်စလင်ပညာရှင်တွေက တစ်ညီတစ်ညွတ်တည်း ကတိပြုပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့ရက်အတွင်း မော်ရိုကိုနိုင်ငံမှာပြုလုပ်ခဲ့တဲ့ မွတ်စလင်နိုင်ငံများရှိ ဘာသာရေးလူနည်းစုများအခွင့်အရေး ကာကွ
    ယ်စောင့်ရှောက်ပေးရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုအတွင်း ထုတ်ပြန်တဲ့ မာရာကက်ခ်ျ ကြေငြာချက် (Marrakesh Declaration) မှာ ဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

    မော်ရိုကိုနိုင်ငံ မာရာကက်ခ်ျမြို့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲကို နိုင်ငံပေါင်း ၁၀၀ ကျော်က မွတ်စလင် နိုင်ငံရေးခေါင်းဆောင်နဲ့ ဘာသာရေးခေါင်းဆောင် စုစုပေါင်း ၂၀၀ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။

    အဲဒီဆွေးနွေးမှုကို ဦးဆောင်ခဲ့သူတွေမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ အမေရိကန်မွတ်စလင်ပညာရှင် ရှိခ်ဟမ်ဇာ ယူစွဖ်က ဒီအစည်းဝေးဟာ မွတ်စလင်နိုင်ငံတွေမှာရှိတဲ့ ဘာသာရေးလူနည်းစုတွေရဲ့ ဒုက္ခသုက္ခတွေကို ဖြေရှင်းရေး အဓိကထားပြုလုပ်တာလို့ ဆိုပါတယ်။

    “လိင်ကျေးကျွန် အပြုခံရသူတွေ ရှိနေတယ်။ အစ္စလာမ်မတိုင်ခင်ကတည်းက ရှိနေခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ဖျက်ဆီးခံရတာတွေလည်း ရှိနေပါတယ်။ ယီမင်နိုင်ငံမှာ သက်တမ်းအရင့်ဆုံး ဂျူးလူ့အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ တည်ရှိမှုကို ခြိမ်းခြောက်ခံနေရတာတွေလည်း ရှိနေပါတယ်” လို့ ယူစွဖ်က ပြောကြားခဲ့ပါတယ်။

    မွတ်စလင်အများစုတည်ရှိရာဒေသတွေက ဘာသာရေးလူနည်းစုတွေကို ကာကွယ်စောင့်ရှောက်ဖို့၊ သူတို့ရဲ့ အခွင့်အရေးကို အပြည့်အ၀ ရရှိခံစားနိုင်စေဖို့ ရည်ရွယ်ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အရင်က တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ) မျိုးစေ့ချပေးခဲ့တဲ့ “မဒီနာပဋိဉာဏ်စာတမ်း” ကို အခြေပြု တာဖြစ်ပါတယ်။

    အဲဒီ ပဋိဉာဏ်စာတမ်းမှာ မုဟမ္မဒ်သခင်က ဘာသာတရားအားလုံးကို လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ပြီး အဲဒီလူနည်းစုတွေကိုလည်း လူများစုဖြစ်တဲ့ မွတ်စလင်တွေက ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုတဲ့ ကတိက၀တ်ကိုလည်း ပေးအပ်ခဲ့ပါတယ်။ ဒီပဋိဉာဏ်ကြောင့် မုဟမ္မဒ်သခင်ဟာ ကမ္ဘာ့သမိုင်းမှာ လူနည်းစုအခွင့်အရေးကို တရားဝင်အသိအမှတ်ပြုခဲ့တဲ့ တစ်ဦးတည်းသော ဘာသာရေးခေါင်းဆောင်၊ ပထမဆုံး နိုင်ငံရေးခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    “ဒီနေ့အချိန်အခါမှာ အဲဒီကြေဉာစာတမ်းကို လူထုကြားထဲ ပြန့်နှံ့အောင်လုပ်ဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် လူနည်းစုတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရတဲ့ အချိန်မျိုးမှာပေါ့။ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်တဲ့ သူတွေဟာ အစ္စလာမ်ကို အလွဲသုံးစား လုပ်နေတာပါပဲ။ ပြီးတော့ သူတို့ရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေအတွက် တမန်တော် မုဟမ္မဒ်သခင် ကိုလည်း ခုတုံးလုပ်နေတာပါ” လို့ အစ္စတန်ဘူလ် Fatih University က အစ္စလာမ်ဓမ္မပညာရှင် ရီဆက်ပ် ဆန်တာ့က်က ပြောကြားခဲ့ပါတယ်။

    အဲဒီအစည်းအဝေးကထုတ်ပြန်တဲ့ ကြေကြာချက်ထဲမှာ ပညာရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေအတွင်း အကြမ်းဖက်ဝါဒကိုဆန့်ကျင်တဲ့ သင်ကြားမှုတွေ ထည့်သွင်းပေးတာအပါအ၀င် အစွန်းရောက်ဝါဒလွှမ်းမိုးမှုကို တိုက်ဖျက်ရေး ဆောင်ရွက်သွားဖို့ မွတ်စလင်ခေါင်းဆောင်တွေကို တိုက်တွန်းချက်လည်း ပါဝင်ပါတယ်။

    အစ္စလာမ်က ဘာသာရေးဖိနှိပ်မှုကို ခွင့်မပြု

    ဘာသာရေးဖိနှိပ်မှုကို အစ္စလာမ်က လုံးဝလက်မခံပဲ အစ္စလာမ်သာသာနာမှာ ဘာသာရေးလူနည်းစုတွေရဲ့ အခွင့်အရေးကို အာမခံပေးထားတယ်လို့လည်း အစည်းအဝေးကို တက်ရောက်လာကြတဲ့ ခေါင်းဆောင်တွေ၊ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    “ဘာသာရေးလွတ်လပ်ခွင့်ကို ကုရ်အာန်ထဲမှာ ဖော်ပြထားပါတယ်။ ဒီသတင်းစကားကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်ဆောင်ရွက်ဖို့ လိုအပ်သလို IS နဲ့ အလ်ကိုင်းဒါးတို့က ဖြန့်ချီနေတဲ့ အယူအဆတွေကို တိုက်ဖျက်ဖို့လည်း လိုအပ်ပါတယ်” လို့ အမေရိကန်က ဘာသာပေါင်းစုံချစ်ကျည်ရေး တက်ကြွလှုပ်ရှားသူ အစ္စလာမ့်ဓမ္မပညာရှင် မိုဟာမက် အဲလ်ဆာနျူဆီက ပြောကြားခဲ့ပါတယ်။

    အီဂျစ်နိုင်ငံက မွဖ်သီကြီးတစ်ဦးဖြစ်တဲ့ ရှော်ကီ အာလမ်က အစ္စလာမ့်ရရှီအသ်လမ်းစဉ်ဟာ လူသားအားလုံးရဲ့ အခွင့်အရေးကို အာမခံထားပြီး လူသားဖြစ်တည်မှုအကြား ခွဲခြားထားတာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး အစ္စလာမ်ဟာ သာတူညီမျှဖြစ်မှု၊ တရားမျှတမှုနဲ့ လူ့အသက်ပေါ် လေးစားမှုတွေထားဖို့ တိုက်တွန်းထားတယ်လို့လည်း မွဖ်သီကြီးက ဆိုပါတယ်။

    “အစ္စလာမ်က မွတ်စလင်မဟုတ်သူတွေအတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို အာမခံထားရုံတင်မကဘဲ၊ သူတို့ရဲ့ ဘာသာတရားကို လွတ်လပ်စွာကျင့်သုံးခွင့်လည်း ပေးအပ်ထားပါတယ်”

    Ref: npr.org, allafrica.com, deseretnews

  • မြောက်ကိုရီးယားက ဒုံးကျည်ဖြင့် တိုက်ခိုက်တော့မည်ဟု သတင်းများ ထွက်ပေါ်

    မြောက်ကိုရီးယားက ဒုံးကျည်ဖြင့် တိုက်ခိုက်တော့မည်ဟု သတင်းများ ထွက်ပေါ်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    North

    – မြောက်ကိုရီးယားမှ ရုတ်တရက် ဒုံးကျည်ဖြင့် တိုက်ခိုက်ဖွယ်ရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မြောက်ကိုရီးယားမှ လာသည့် မည်သည့် ဒုံးကျည်ကိုမဆို ဖျက်ဆီးရေး အသင့်ဖြစ်နေရန် ဂျပန်နိုင်ငံက စစ်တပ်အား အမိန့်ပေးလိုက်သည်ဟု ဂျပန်မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့ကြသည်။

    ကာကွယ်ရေးဝန်ကြီး ဂျန် နာကာတာနီက ထိုကဲ့သို့ အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုပြီး ဂျပန်ကာကွယ်ရေး ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကမူ ထိုသတင်းနှင့်ပတ်သက်၍ AFP မေးမြန်းမှုကို အတည်ပြုရန် ငြင်းဆိုခဲ့ကာ ထိုသို့ပြောဆိုခြင်းဖြင် မိမိတို့၏ မဟာဗျူဟာကို ထုတ်ဖော်လိုက်ခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ အဓိက ဂြိုဟ်တုဌာနတွင် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို တွေ့ရှိရသောကြောင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများပြုလုပ်ရန် ပြင်ဆင်နေသည်ဟု ကောလဟာလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ အဆိုပါဒုံးကျည်ပစ်လွှတ်မှုမှာ အစောဆုံး လာမည့်တစ်ပတ်အတွင်း ဖြစ်နိုင်သည်ဟု ဖော်ပြမှုများလည်းရှိနေသည်။

    မြောက်ကိုရီးယားမှ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်ကပင် ၎င်း၏ နောက်ဆုံး နျူလက်နက်စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် တိုက်ချင်းပစ်ဒုံးကျည်နည်းပညာ အသုံးပြုမှုကို ကုလလုံခြုံရေးကောင်စီက ပိတ်ပင်ထားပြီး၊ ဒုံးကျည်များပစ်လွှတ်ပါက ဒေသတွင်း တင်းမာမှုများ မြင့်တက်လာမည်ဖြစ်သည်။

    Ref: Channelnewsasia