News @ M-Media

ယာယာတိုးရေးအား လစားများများပေး၍ ခေါ်ယူရန် တရုတ်ကလပ်များ စီစဉ်နေ

ဖေဖော်ဝါရီ ၃၊ ၂၀၁၆
M-Media

toure

– မန်စီးတီးမှ ထွက်ခွာတော့မည်ဟု သတင်းထွက်နေသည့် ယာယာတိုးရေးအား တရုတ်ကလပ်များက တစ်နှစ်လုပ်ခ ပေါင် သန်း ၃၀ ခန့်ပေးကာ ခေါ်ယူရန် စီစဉ်နေသည်ဟု Daily Telegraph က ဖော်ပြခဲ့သည်။

တိုးရေးအား မန်စီးတီးသို့ ဘာစီလိုနာမှ ရောင်းချခဲ့သည့် နည်းပြ ဂွာဒီယိုလာမှာ ရာသီကုန်တွင် မန်စီးတီးသို့ ရောက်ရှိမည်ဟု အတည်ပြုချက် ထွက်ပေါ်လာပြီးနောက်ပိုင်း တိုးယေး၏ မန်စီးတီးအသင်း အနာဂတ်မှာ မရေရာမသေချာ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အသက် ၃၂ နှစ်အရွယ်ရှိ တိုးရေးကို Jiangsu Suning အပါအ၀င် တရုတ်ကလပ် ၃ သင်းက ခေါ်ယူရန် စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး လစာမှာလည်း မက်ဆီနှင့် ရော်နယ်ဒိုတို့အပြီး ကမ္ဘာပေါ်တွင် တတိယမြောက်အများဆုံးဖြစ်မည့် လစာကို ပေးချေရန် ရှိနေသည်ဟု ဆိုသည်။

တိုးရေးမှာ မန်စီးတီးတွင် ဆက်နေရန် ဆန္ဒရှိနေသေးသော်လည်း ဂွာဒီယိုလာက ကစားသမားအသစ်များ ခေါ်ယူသွား မည့်အစီအစဉ် ရှိနေသောကြောင့် အနာဂတ်မှာ မသေချာခြင်းဖြစ်သည်။ အခြားသော ဥရောပအသင်းကြီးများကလည်း ၎င်းအား စိတ်ဝင်စားနေကြသည်။

Ref : Goal

Comments

Leave a Reply