News @ M-Media

Blog

  • Ballon d’Or စာရင်းတွင် ဆွာရက်ဇ်ပါသင့်သည်ဟု မက်ဆီနှင့် နေးမာပြော

    Ballon d’Or စာရင်းတွင် ဆွာရက်ဇ်ပါသင့်သည်ဟု မက်ဆီနှင့် နေးမာပြော

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    baca

    – ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမာဆု Ballon d’Or ၏ ဇကာတင်စာရင်းတွင် မိမိတို့အသင်းဖော် ဆွာရက်ဇ် ပါဝင်သင့်သည်ဟု ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် နေးမာတို့က ပြောကြားလိုက်သည်။

    ၂၀၁၄-၁၅ လာလီဂါအကောင်းဆုံးဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုဆုပေးပွဲတွင် မက်ဆီမှာ အကောင်းဆုံး ကစားသမားနှင့် အကောင်းဆုံး တိုက်စစ်မှူးဆု ၂ ဆုကို ဆွတ်ခူးနိုင်ခဲ့ကာ နေးမာမှာ အကောင်းဆုံး အမေရိက ကစားသမားဆုကို ရရှိခဲ့သည်။

    ရော်နယ်ဒိုမှာ ပြီးခဲ့သည့်နှစ်က Ballon d’Or ဆုကို ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း မက်ဆီ၊ နေးမာတို့နှင့်အတူ ဇကာတင်စာရင်းတွင် ပါဝင်နေသည်။

    မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့၏ MSN အတွဲမှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တစ်နှစ်လုံးတွင် စုစုပေါင်း ၁၂၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဥရောပရှိ အခြားမည်သည့်အသင်းမှ ထိုစံချိန်ကို လိုက်မမီခဲ့ပေ။

    “Ballon d’Or ဇကာတင်စာရင်းမှာ ပါဝင်ခွင့်ရတာဟာ တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်။ ဆွာရက်ဇ်ကလည်း အဲဒီအထဲမှာ ပါဝင်သင့်ပါတယ်။ ဒါပေမယ့် မက်ဆီကတော့ ရေပန်းအစားဆုံးပါ။ သူဟာ ကျွန်တော့်အတွက် နံပါတ် ၁ ပါပဲ။ MSN အတွဲရဲ့ လျှို့ဝှက်ချက်လား – သူငယ်ချင်းသံယောဇဉ်နဲ့ တည်ငြိမ်မှုပါပဲ။ လီယို (မက်ဆီ) နဲ့ လူးဝစ် (ဆွာရက်ဇ်) တို့ဟာ သူငယ်ချင်းကောင်းတွေပါ” ဟု နေးမာက ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

    ဆုရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသည့် မက်ဆီကလည်း “Ballon d’Or ယှဉ်ပြိုင်မှုမှာ ကျွန်တော်ဟာ နေးမာနဲ့ လူးဝစ်တို့နဲ့အတူ ဖြစ်ချင်ပါတယ်။ လူးဝစ်က အဲဒါနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ခရစ္စတီယာနိုလည်း ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့အချိန်တွေ ရရှိမှာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dailymail

  • IS ထံမှ ရေနံအများစုကို အစ္စရေးက အောက်ဈေးဖြင့် ၀ယ်ယူနေ

    IS ထံမှ ရေနံအများစုကို အစ္စရေးက အောက်ဈေးဖြင့် ၀ယ်ယူနေ

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    is

    – ဆီးရီးယားနှင့် အီရတ်တို့ရှိ IS အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ထားသည့်ဒေသများမှ ရေနံများကို ကာ့ဒ်နှင့် တူရကီ မှောင်ခိုသမားများမှတစ်ဆင့် အစ္စရေးက အဓိကထား ၀ယ်ယူနေသည်ဟု အာရပ်နှင့် ရုရှားမီဒီယများက ဖော်ပြခဲ့ကြသည်။

    IS က သိမ်းပိုက်ထားသည့် ဒေသများမှ တစ်နေ့လျှင် ရေနံစည် ၂ သောင်းမှ ၄သောင်းခန့်အထိ ထွက်ရှိပြီး ၎င်းတို့အတွက် ကန်ဒေါ်လာ ၁ သန်းမှ ၁.၅ သန်းအထိ အကျိုးအမြတ် ရရှိနေသည်။

    ဆီရီးယားရှိ ဒီအက်ဇိုရ်မြို့နှင့် အီရတ်ရှိ ရေနံတွင်တွင်းနှစ်ခုတို့မှ ထွက်ရှိသော ရေနံများကို ဆီးရီးယား၊ အီရတ်နှင့် တူရကီ ၃ နိုင်ငံကြားရှိ တြိဂံဒေသမှ ကာ့ဒ်မြို့ဖြစ်သော ဇာခူမြို့သို့ ပို့ဆောင်ကြသည်။ အစ္စရေးနှင့် တူရကီပွဲစားများက ထိုမြို့သို့လာရောက်ကာ ဈေးသဘောတူညီမှုရရှိပါက ထိုရေနံများကို တူရကီနိုင်ငံရှိ စီလော့ပ်မြို့သို့ မှောင်ခိုပို့ဆောင်ကြသည်ဟု ဆိုသည်။

    ထို့နောက် တစ်စည်ကို ကန်ဒေါ်လာ ၁၅ ဒေါ်လာနှင့် ၁၈ ဒေါ်လာကြားဖြင့် အစ္စရေးပွဲစားတစ်ဦးဖြစ်သော အသက် ၅၀ ကျော်အရွယ် ဒေါက်တာဖာရစ်ဆိုသူက ၀ယ်ယူသည်ဟု သိရသည်။ (ကမ္ဘာ့ရေနံဈေးကွက်တွင် လက်ရှိပေါက်ဈေးမှာ တစ်စည်လျှင် ၄၁ ဒေါ်လာနှင့် ၄၅ ဒေါ်လာကြား ရှိသည်) ထို့နောက် ၎င်းမှာ ထိုရေနံများကို တူရကီရှိ ဆိပ်ကမ်းများသို့ ပို့ဆောင်ပြီး ထို့မှတစ်ဆင့် အခြားသောနိုင်ငံများသို့ ပို့ဆောင်ကာ အစ္စရေးမှာ အဓိက ပို့ဆောင်ရာနေရာများထဲမှ တစ်ခုဖြစ်သည်။

    ပြီးခဲ့သည့် သြဂုတ်လကလည်း Financial Times က အစ္စရေးမှာ ၎င်းတို့၏ ရေနံဝယ်ယူမှုမှ ၇၅ ရာခိုင်နှုန်းကို အီရတ်ရှိ ကာ့ဒ်လူမျိုးများထံမှ ရရှိသည်ဟု ဖော်ပြခဲ့သည်။ ထိုကဲ့သို့ တင်သွင်းမှု၏ သုံးပုံတစ်ပုံမှာ စေဟန်ဆိပ်ကမ်းမှ တင်ပို့ခြင်းဖြစ်ပြီး အဆိုပါဆိပ်ကမ်းမှာ IS ပိုင်နက်များမှ ထွက်လာသည့် ရေနံစိမ်းများ အပြင်သို့ထွက်ရာ အဓိကလမ်းကြောင်းဖြစ်သည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

    “အစ္စရေးဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ IS ရဲ့ရေနံတွေကို အဓိက ၀ယ်ယူသူ ဖြစ်လာပါတယ်။ သူသာမရှိရင် IS ကထုတ်လုပ်တဲ့ ရေနံတွေဟာ အီရတ်၊ ဆီးရီးယားနဲ့ တူရကီနိုင်ငံတွေမှာပဲ ရှိနေမှာပါ။ အစ္စရေးက ၀ယ်လာဘ်မရှိဘဲနဲ့ ကုမ္ပဏီ ၃ ခုလောက်တောင်မှ အဲဒီရေနံတွေကို ရမှာမဟုတ်ပါဘူး” ဟု Financial Times သတင်းစာမှ ရေနံရေးရာ တာဝန်ရှိသူ အလ်-အာရာဘီ အလ်-ဂျဒီးဒ်က ပြောကြာခဲ့သည်။

    Ref: Globes

  • တရုတ်နှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို တောင်ကိုရီးယား အတည်ပြု

    တရုတ်နှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို တောင်ကိုရီးယား အတည်ပြု

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    sout

    – တောင်ကိုရီးယားမှာ တရုတ်နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ယမန်နေ့က အတည်ပြုခဲ့ပြီး ထိုသဘောတူညီချက်ကြောင့် အာရှတွင် စီးပွားရေး ပထမအကြီးဆုံးနှင့် စတုတ္ထအကြီးဆုံး နိုင်ငံများဖြစ်သည့် ၎င်းတို့နှစ်နိုင်ငံအကြား သွင်းကုန်၊ ထုတ်ကုန်အတွက် အခွန်များကို ဖယ်ရှားနိုင်တော့မည်ဖြစ်သည်။

    တောင်ကိုရီးယားအစိုးရ၏ ထိုကဲ့သို့ အတည်ပြုခဲ့ခြင်းမှာ ထိုသဘောတူညီချက်ကြောင့် ၎င်းတို့၏ လုပ်ငန်းများကို ထိခိုက်စေနိုင်သည်ဟု စောဒတက်ခဲ့ကြသည့် လယ်သမားနှင့် ငါးဖမ်းသမားများအား ၀မ် ၁ ထရီလီယံ (ကန်ဒေါ်လာ ၈၆၅ သန်း) ထောက်ပံ့ကူညီမည်ဟု ကတိပြုပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    ဈေးသက်သာသော တရုတ်ပစ္စည်းများ စုပြုံဝင်ရောက်လာမည်ကို ကြောက်ရွံ့သော တောင်ကိုရီးယားလယ်သမားများက ၂၀၁၂ တွင် စတင်ခဲ့သော အဆိုပါသဘောတူညီချက်အတွက် ညှိုနှိုင်းမှုများကို ပြင်းထန်စွာ ဆန္ဒပြခဲ့ကြသည်။

    ဆန့်ကျင်သူများကို ငဲ့ညှာသောအားဖြင့် နောက်ဆုံးသဘောတူညီချက်တွင် တောင်ကိုးရီးယား၏ အဓိကထွက်ကုန်များဖြစ်သော ဆန်၊ ငရုတ်ကောင်း၊ အမဲသား၊ ၀က်သားနှင့် ငါးရှဥ့် ကဲ့သို့သော လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြုရေးထွက်ကုန် အများစုကို လွတ်လပ်စွာကုန်သွယ်မှုစာရင်းမှ ဖယ်ရှားပေးခဲ့သည်။

    တရုတ်နှင့် တောင်ကိုရီးယားတို့မှာ နှစ် ၂၀ အတွင်း ကုန်ပစ္စည်း ၉၀ ရာနှုန်းကျော်တို့၏ အခွန်ခများကို တဖြည်းဖြည်း ဖြေလျှော့ပေးသွားမည် ဖြစ်သည်။

    တရုတ်သည် တောင်ကိုရီးယား၏ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံဖြစ်သလို အကြီးမားဆုံး ပို့ကုန်ဈေးကွက်တစ်ခုလည်း ဖြစ်သည်။ တောင်ကိုရီးယားနှင့် တရုတ်သည် ၂၀၁၄ တွင် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၂၉၀ ဒသမ ၅ ဘီလီယံ အထိ ရှိခဲ့သည်။ တောင်ကိုးရီးယားသည်လည်း တရုတ်တွင် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပြုလုပ်သည့် နိုင်ငံဖြစ်သည်။

    Ref: Channelnewsasia

  • ဇယားကို ဘာစီလိုနာ ဦးဆောင်နေပြီး အကောင်းဆုံးဆုတွေနဲ့ အဆုံးသတ်ခဲ့တဲ့ လာလီဂါ ပွဲစဉ် ၁၃

    ဇယားကို ဘာစီလိုနာ ဦးဆောင်နေပြီး အကောင်းဆုံးဆုတွေနဲ့ အဆုံးသတ်ခဲ့တဲ့ လာလီဂါ ပွဲစဉ် ၁၃

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    laliga

    – ဒီတစ်ပတ်လာလီဂါမှာ ဘာစီလိုနာက ဆိုစီဒက်ကို အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ နေးမာ (၂ ဂိုး)၊ ဆွာရက်ဇ်၊ မက်ဆီတို့ရဲ့ ဂိုးတွေနဲ့ အိမ်ကွင်းမှာ ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ လေးပွဲဆက်တိုက် ပေးဂိုးမရှိတဲ့ပွဲ ဖြစ်ခဲ့ပြီး နောက်ဆုံး ၅ ပွဲ ရဂိုးကတော့ ၁၆ ဂိုးအထိ ရှိနေပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ ဘာစီလိုနာကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ရီးယဲလ်၊ ဒီတစ်ပတ်မှာ အမှားမခံခဲ့ဘဲ ဘေးလ်၊ ရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဇယားအလယ်က အိုက်ဘာကို အဝေးကွင်းမှာ အနိုင်ကစားနိုင်ခဲ့ပါတယ်။

    အိမ်ကွင်းမှာ အက်စပန်ညိုကို ဧည့်ခံခဲ့ရတဲ့ အက်သလက်တီကိုက ပွဲအစ ၃ မိနစ်မှာပဲ ဂရီဇ်မန်က ဦးဆောင်ဂိုး သွင်းခဲ့ပြီး အဲဒီ ၁ ဂိုးတည်းနဲ့ ၃ မှတ်ရခဲ့ကာ ဒုတိယနေရာကို မလွှတ်တမ်း ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ခြေပျက်နေတဲ့ဆီးဗီးလား ဗင်လင်စီယာကို အကြိတ်အနယ်ကစားပြီး အနိုင်ရခဲ့သလို၊ ဆဲလ်တာဗီဂိုကလည်း နောက်ကျအနိုင်ဂိုးနဲ့ စပို့တင်းဂီဂျွန်ကို အနိုင်ယူပြီး အဆင့် ၄ နေရာကို ပြန်တက်လာခဲ့ပါတယ်။

    ၂၀၁၄-၁၅ လာလီဂါ ဘောလုံးရာသီရဲ့ အကောင်းဆုံး ဆုတွေကို ဒီတစ်ပတ်မှာ ပေးအပ်ခဲ့ပြီး အကောင်းဆုံး တိုက်စစ်မှူးဆုကို မက်ဆီ၊ ပရိတ်သတ်ေlalig 2တွက ရွေးချယ်တဲ့ ကြယ်ငါးပွင့်ကစားသမားဆုကို ရော်နယ်ဒို၊ အကောင်းဆုံး အလယ်တန်းကစားသမားဆုကို ရော်ဒရီဂက်စ်၊ အကောင်းဆုံး အာဖရိက ကစားသမားဆုကို အလ်ဂျီးရီးယားကစားသမား ဖီဂူလီတို့က အသီးသီး ရရှိခဲ့ပါတယ်။
    ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၁၃ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    လီဗန်တေး ၀-၁ ဘက်တစ်
    ဘာစီလိုနာ ၄-၀ ဆိုစီဒက်
    အက်သလက်တီကို ၁-၀ အက်စပန်ညို
    မာလာဂါ ၂-၂ ဂရန်နာဒါ
    လက်စ်ပါးလ်မားစ် ၀-၂ ဒီပို့တီဗို
    ဆဲလ်တာဗီဂို ၂-၁ စပို့တင်း ဂီဂျွန်
    ဂီတာဖေး ၂-၀ ဗီလာရီးယဲလ်
    အိုက်ဘာ ၀-၂ ရီးယဲလ်
    ဗယ်လက်ကာနို ၀-၃ အက်သလက်တီကို
    ဆီးဗီးလား ၁-၀ ဗလင်စီယာ

  • ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဟာလာလ်ကုန်စည်ပြပွဲ အောင်မြင်မှုရရှိ

    ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဟာလာလ်ကုန်စည်ပြပွဲ အောင်မြင်မှုရရှိ

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    japan

    – ဂျပန်နိုင်ငံ မာကူဟာရီတွင် Japan Halal Expo 2015 ကုန်စည်ပြပွဲတစ်ခုကို ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ရာ အောမြင်မှုများ ရရှိခဲ့သည်ဟု သိရသည်။

    နိုဝင်ဘာ ၂၅၊ ၂၆ ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ကုန်စည်ပြပွဲတွင် ယမန်နှစ်ကထက် နှိုင်းယှဉ်ပါက ကုမ္ပဏီပေါင်း ၁၀၀ ကျော် လာရောက်ပြသခဲ့ကြသည်။ ထို့ပြင် အစားအသောက်များ၊ အလှကုန်များ၊ အ၀တ်အစားများကိုလည်း လာရောက်ပြသသည့် ကုမ္ပဏီများက လက်ဆောက်အဖြစ် ပေးအပ်ခဲ့ကြပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပါဝင်ခဲ့သည်။

    ထိုကုန်စည်ပြပွဲသို့ မွတ်စလင်များ၊ မွတ်စလင်မဟုတ်သူများနှင့် နိုင်ငံခြားသားခရီးသည် ထောင်ပေါင်းများစွာ လာရောက်ခဲ့ကြသည်။ နာမည်အကြီးဆုံး ထုတ်ကုန်မှာ ဂျပန်နိုင်ငံ တိုကူရှီးမားပြည်နယ်မှ Awagyu အမဲသားဖြစ်သည်။

    ဂျပန်နိုင်ငံတွင် နာမည်ကြီး ဟာလာလ်စီးပွားရေးလုပ်ငန်းဖြစ်သော Made in Japan Halal Support Committee ၏ ပြခန်းတွင် ဂျပန်ပြည်တွင်းမှ ကုမ္ပဏီပေါင်း ၃၀ ကျော် ၀င်ရောက်ပြသခဲ့ကြသည်။ ထိုပြခန်းတွင် ဂျပန်နိုင်ငံထုတ် ဟာလာလ်အသားညှပ်ပေါင်မုန့်နှင့် အခြားသော ဟာလာလ်စားသောက်ကုန်များလည်း ပါဝင်သည်။

    မွတ်စလင်များအတွက် သင့်လျော်မည့် ၀န်ဆောင်မှုများကို ဂျပန်နိုင်ငံရှိ ဒေသများနှင့် တက္ကသိုလ်များက ပေးအပ်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲများကိုလည်း Japan Halal Expo 2015 ကုန်စည်ပြပွဲတွင် ပြုလုပ်ပေးခဲ့ပြီး ဂျပန်နိုင်ငံမှ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ပါဝင်ခဲ့ကြသည်။

    ထို့ပြင် ဂျပန်ကွန်ဂရက်မှ အဖွဲ့ဝင်တစ်ဦးကလည်း ဆွေးနွေးပွဲတွင် အမှာစကား တက်ရောက်ပြောကြားခဲ့ပြီး ဂျပန်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များအား ကြိုဆိုရေး၏ အရေးကြီးမှုကို မီးမောင်းထိုးပြခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံ၏ အနာဂတ်အတွင် ဟာလာလ်စီးပွားရေး တိုးတက်လာမည်မှာ သံသယရှိစရာမလိုဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Halalmedia