News @ M-Media

အီရန်သို့ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ရုရှားက စတင်ပေးပို့

ဒီဇင်ဘာ ၄၊ ၂၀၁၅
M-Media

iran

– တီဟီရန်နှင့် မော်စကိုအကြား ရေရှည်သဘောတူညီချက်တစ်ရပ်၏ အစိတ်အပိုင်းအဖြစ် ရုရှားမှာ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အီရန်သို့ စတင်ပေးပို့ခဲ့ကြောင်း သိရသည်။

သမ္မတ ဗလာဒီမီရပူတင်၏ အကြံပေးဖြစ်သူ ဗလာဒီမာကိုဇင်က ‘စာချုပ်ကို စတင်အကောင်အထည်ဖော်နေပါပြီ’ ဟု ပြောကြားခဲ့သည်။ ရုရှားသည် ၂၀၀၇ တွင် ပြုလုပ်ခဲ့သော ကန်ဒေါ်လာ သန်း ၈၀၀ တန် သဘောတူညီမှုအရ အီရန်သို့ ယင်းစနစ်များ ပေးပို့ရန် ကတိပြုခဲ့ပြီးဖြစ်သည်။

သို့သော်လည်း အီရန်၏ နျူအစီအစဉ်အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြုလုပ်ခဲ့သည့် ပိတ်ဆို့မှုကြောင့် ၂၀၁၀ ခုနှစ်တွင် ထိုစာချုပ်ကို အကောင်အထည်ဖော်ရန် ရုရှားက ငြင်းဆိုခဲ့သည်။ ထိုသို့ ငြင်းဆိုခဲ့မှုအပေါ် အီရန်က ဂျီနီဗာရှိ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးတွင် သက်ဆိုင်ရာ ရုရှား လက်နက်ကိုင်အဖွဲ့ကို တရားစွဲဆိုမှုများပြုလုပ်ခဲ့သည်။

ဧပြီလတွင်မူ သမ္မတပူတင်က အီရန်သို့ S-300 တင်သွင်းမှုပိတ်ဆို့ထားခြင်းအပေါ် ပယ်ဖျက်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ စတင်ပေးပို့ခဲ့ခြင်းဖြစ်သည်။

Ref: Press TV

Comments

Leave a Reply