News @ M-Media

Blog

  • အမေရိကန်ပြည်ထောင်စု နယူးအော်လင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား

    အမေရိကန်ပြည်ထောင်စု နယူးအော်လင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား

    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု နယူးအော်လင်းမြို့ရှိ Bunny Friend ပန်းခြံတွင် ယမန်နေ့က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ညနေ ၇ နာရီ ပါတီပွဲကျင်းပကာ သီချင်းအတွက် ဗီဒီယိုရိုက်နေသည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားသည့်အချိန်၌ ပန်းခြံအတွင်း လူပေါင်း ၅၀၀ ခန့် ရှိနေသည်။ သို့သော်လည်း ထိုပစ်ခတ်မှုတွင် လူသေဆုံးမှု မရှိခဲ့ပေ။

    နယူးအော်လင်း ရဲတပ်ဖွဲ့ကမူ မျက်မြင်သက်သေများ၏ ပြောကြားမှုအရ အုပ်စုနှစ်ခုက တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်ကြသောကြာင့် ထိုပစ်ခတ်မှုမှာ လူဆိုးဂိုဏ်းများပါဝင်သည့် ပစ်ခတ်မှုဖြစ်မည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများကိုမူ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးထားသည်။

    Ref: Channelnewsasia

  • ပလာတီနီမှာ ဖီဖာဥက္ကဌ ဖြစ်ခွင့်ရှိသည်ဟု ဘလတ္တာပြော

    ပလာတီနီမှာ ဖီဖာဥက္ကဌ ဖြစ်ခွင့်ရှိသည်ဟု ဘလတ္တာပြော

    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    fifa

    – ဖီဖာ၏ ဥက္ကဌရားထူးအတွက် မိုက်ကယ်ပလာတီနီက အခွင့်အရေး ရှိနေပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကျန်းမာရေး ချို့တဲ့မှုတွင် မိမိအနေဖြင့် သေလုနီးနီး ဖြစ်ခဲ့သည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။

    ၎င်းတို့နှစ်ဦးစလုံးကို ငွေကြေးအရှုပ်အရှင်း ပြဿနာကြောင့် ဖီဖာက ရက်ပေါင်း ၉၀ ရာထူးမှ ဆိုင်းငံ့ထားပြီး ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများကိုလည်း ဖီဖာကျင့်ဝတ်ကော်မတီက အဆုံးသတ်နိုင်ခဲ့ကာ ဘလတ္တာနှင့် ပလာတီနီတို့မှာ နှစ်ရှည် အနားပေးခံရဖွယ် ရှိနေသည်။ ထိုစွပ်စွဲချက်များကို နှစ်ဦးစလုံးက ငြင်းဆိုထားသည်။

    “ပလာတီနီက လူရိုးတစ်ယောက်ပါ။ တကယ်လို့ သူပြန်လာရင် သူဟာ ရွေးချယ်ခံရမှာပါ။ သူပြန်လာရင်လည်း ကျွန်တော်လည်း ဘောလုံးလောကထဲ ပြန်ဝင်လာမှာပါ” ဟု ဘလတ္တာက RTS နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အသက် ၇၉ နှစ်အရွယ် ပလာတီနီမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျန်းမာရေးအခြေအနေ ဆိုးရွားလာသောကြောင့် ဆေးရုံတက်ခဲ့ရသည်။

    “ကျွန်တော် သေလုနီးနီး ဖြစ်ခဲ့ပါတယ်။ သီချင်းဆိုနေတဲ့ ကောင်းကင်တမန်တွေ၊ မီးတောက်မီးလျှံတွေနဲ့ မကောင်းဆိုးဝါးတွေကို ကျွန်တော် တွေ့ခဲ့ရပါတယ်”

    Ref:Goal

  • စီယက်တဲလ်မှ အိမ်ယာမဲ့များကို မွတ်စလင်များ လှူဒါန်းမှုပြုလုပ်

    စီယက်တဲလ်မှ အိမ်ယာမဲ့များကို မွတ်စလင်များ လှူဒါန်းမှုပြုလုပ်

    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    – အမေရိကန်ပြည်ထောင်စု စီယက်တဲလ်မြို့ရှိ မွတ်စလင်များမှာ ဒေသအတွင်းရှိ အိမ်ယာမဲ့များအတွက် Day of Dignity ဟု အမည်ပေးထားသည့် လှူဒါန်းမှုတစ်ခုကို စနေနေ့တွင် ပြုလုပ်ခဲ့သည်ဟု Seattle Times အွန်လိုင်းသတင်းဌာနက ဖော်ပြခဲ့သည်။

    လွန်ခဲ့သည့် ၉ နှစ်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ်သော ထိုအခမ်းအနားသို့ လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး၊ အစ္စလာမ်၏ စစ်မှန်သောသဘာဝကို ပြသသည့် အခမ်းအနားတစ်ခု ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့ကြသည်။ ထိုလှူဒါန်းမှုကို စီယက်တဲလ်မြို့ရှိ မွတ်စလင်လူ့အဖွဲ့အစည်းက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ထိုလှုပ်ရှားမှုအတွင်း အိမ်ယာမဲ့များကို အစားအသောက်များ ဝေငှခဲ့ကြသည့်အပြင် ကျန်းမာရေး စမ်းသပ်ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများ ပေးခြင်းနှင့် အခြားသော ပြုစုစောင့်ရှောက်မှုများကိုလည်း မွတ်စလင်များက ပြုလုပ်ပေးခဲ့သည်။

    စီယက်တဲလ်မှ မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျူနီဂျိုကမူ ပဲရစ်နှင့် မာလီနိုင်ငံ ဘာမာကိုတို့၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစ္စလာမ်အပေါ် နားလည်မှုလွဲမှားခြင်းကို မိမိတို့က ချေဖျက်ချင်သည်ဟု ပြောကြားခဲ့သည်။

    “ဒီနိုင်ငံမှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေ၊ ဥပမာတွေက ကျွန်တော်တို့ ဘယ်သူလဲဆိုတာကို ပြသနေပါတယ်။ အစ္စလာမ်ရဲ့ အဆုံးအမကို မလိုက်နာသူတွေအတွက် ကျွန်တော်တို့က ကြားဝင်ပြီး တောင်းပန်စရာ မလိုပါဘူး။ သူတို့က အကြမ်းဖက်သမားတွေသာ ဖြစ်တယ်။ သူတို့ဟာ အစ္စလာမ်၊ မွတ်စလင်တွေနဲ့ ဘာမှ ပတ်သက်မှု မရှိပါဘူး” ဟု ဂျူနီဂျိုက ပြောကြားခဲ့သည်။

    ၂၀၀၆ ခုနှစ်က စတင်ဆောင်ရွက်သည့်အချိန်တွင် အဆိုပါ လှူဒါန်းမှုကို Mumanitarian Day ဟု အမည်ခေါ်တွင်ခဲ့သော်လည်း တတိယမြောက်နှစ်တွင် Islamic Relief အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် Day of Dignity ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။

    Islamic Relief အဖွဲ့ကမူ ထိုလှုပ်ရှားမှုတွင် လွယ်အိတ်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ စတင်ပေးအပ်ခဲ့သည်။ နောက်ပိုင်း ပြုလုပ်သည့် မွတ်စလင်များ၏ အဆိုပါ လှူဒါန်းမှုအခမ်းအနားတွင် ကုတ်အင်္ကျီများ ဝေငှခြင်း၊ မနက်စာကျွေးခြင်း၊ အပ်စိုက်ကုသမှုအပါအ၀င် အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ကလေးငယ်များတွက် အရုပ်များ၊ လူကြီးများအတွက် ကြိုတင်ငွေဖြည့်ကဒ် ထည့်ထားပေးသည့် ဟန်းဆက်များ ဝေငှခြင်း စသည်တို့ကို တိုးချဲ့ဆောင်ရွက်ပေးခဲ့ကာ မွတ်စလင်လူငယ်များကလည်း ဝေငှမှုအစီအစဉ်တွင် ပါဝင်လုပ်အားပေးခဲ့ကြသည်။

    “ဒီနှစ်အတွက် မွတ်လင်လူ့အဖွဲ့အစည်းကနေ ရန်ပုံငွေ ကန်ဒေါ်လာ ၂၀၀၀၀ ရရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။ ၁၃၀၀၀ လျာထားခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် စစ်တမ်းအရ သူတို့တွေဟာ အိပ်ယာတွေ လိုအပ်နေတယ်လို့ သိရတဲ့အတွက်ကြောင့်ပါပဲ” ဟု ဂျူနီဂျိုက ပြောကြာဲး့သည်။

    ကျေနပ်ကြ

    ပြီးခဲ့သည်နှစ်က လှူဒါန်းမှုတွင် အကူအညီစတင်ရယူခဲ့သည့် အိမ်ယာမဲ့ ပတ္တာဆန်ကမူ မွတ်စလင်လူ့အဖွဲ့အစည်းအနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်မှုကို မိမိအနေဖြင့် ကျေးဇူးတင်ပြီး အထူးသဖြင့် ယခုနှစ်တွင် ၎င်းတို့အတွက် အလွန်အသုံးဝင်မည့် ကုတ်အင်္ကျီများ ဝေငှခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    စီယက်တဲလ်မွတ်စလင်များ၏ အဆိုပါ ပရဟိတလုပ်ငန်းတွင် ၀င်ရောက်လုပ်အားပေးနေသည့် အသက် ၁၉ နှစ်အရွယ် ဆီးရီးယားဒုက္ခသည် ယာဇန် အလ်-ဆာလ်ကီနီကမူ IS ၏ လုပ်ရပ်များကြောင့် မွတ်စလင်များနှင့် မိမိတို့ ဆီးရီးယား ဒုက္ခသည်များ၏ ပုံရိပ်များမှာ ထိုခိုက်ရကြောင်း၊ တကယ့်လက်တွေ့တွင် မွတ်စလင်ဆိုသည်မှာ မည်ကဲ့သို့ ဖြစ်သည်ကို လူအများအား မြင်စေချင်ကြောင်း ပြောကြားခဲ့သည်။

    “IS ဟာ အစ္စလာမ်ကို ကိုယ်စားမပြုပါဘူး။ ကြီးမားတဲ့ ကွဲပြားခြားနားမှုတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ လူတွေကို သိစေချင်ပါတယ်” ဟု ဆာလ်ကီနီက ပြောကြားခဲ့သည်။

    စီယက်တဲလ်တွင် လွန်ခဲ့သည့် ၃ နှစ်က နေထိုင်ခဲ့သည့် အသက် ၂၀ အရွယ် အီရတ်ဒုက္ခသည် မိုဟာမက် အဘ်ဒူလ်ရဟီးမ်ကလည်း လူများက မွတ်စလင်များအပေါ် ဆက်ဆံမှုနှင့် ပတ်သက်၍ မိမိအနေဖြင့် စိတ်ပျက်မိသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ လူသားထုတစ်ရပ်လုံးကို ချစ်ပါတယ်။ ကျွန်တော်တို့မှာ ခွဲခြားမှုဆိုတာ မရှိပါဘူး။ ကျွန်တော်တို့သာသနာက မေတ္တာထားဖို့ ကျွန်တော်တို့ကို သွန်သင်ပါတယ်”

    Ref: IINA News

  • အရှက်တကွဲရှုံးနိမ့်မှုမှ မန်စီးတီး ပြန်လာနိုင်မည်ဟု မီလ်နာပြော

    အရှက်တကွဲရှုံးနိမ့်မှုမှ မန်စီးတီး ပြန်လာနိုင်မည်ဟု မီလ်နာပြော

    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    liver

    – မန်စီးတီးမှာ မိမိတို့အသင်းအား အရှက်တကွဲ ရှုံးနိမ့်ခဲ့ရမှုမှ ပြန်လာနိုင်မည်ဖြစ်ပြီး မိမိတို့အသင်းမှာလည်း ယခုပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ကြောင်း လီဗာပူးလ်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာက ပြောကြားလိုက်သည်။

    ၄ ဂိုး ၁ ဂိုးဖြင့် ပွဲပြီးခဲ့သည့် မန်စီးတီး၏ ထိုအရှုံးမှာ အီတီဟတ်ကွင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အိမ်ကွင်း၌ အဆိုးဝါးဆုံး ရှုံးပွဲလည်း ဖြစ်ခဲ့သည်။ မီလ်နာမှာ မန်စီးတီးကစားသမား ဖြစ်ခဲ့ဖူးပြီး လီဗာပူးလ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ထိုအရှုံးက ၎င်း၏အသင်းဟောင်း ပုံစံကောင်းပြန်ရရန် လှုံ့ဆော်မှုဖြစ်မည်ဟု ၎င်းက ဆိုသည်။

    “သူတို့ဟာ ထိပ်တန်းကစားသမားတွေ ရှိတဲ့အသင်းပါ။ ပြီးတော့ ဒီအရှုံးက သူတို့ကို နာကျင်စေပါလိမ့်မယ်။ သူတို့ထဲက တစ်ယောက်၊ နှစ်ယောက်လောက်နဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ သူတို့စိတ်ပျက်နေကြတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံကို သူတို့ချီးကျူးခဲ့ကြပြီး သူတို့ အဲဒီထက် ပိုကောင်းကောင်း ကစားနိုင်တယ်ဆိုတာလည်း သူတို့ သိပါတယ်။ သူတို့အတွက် ပွဲကောင်းတွေ ရှေ့မှာရှိနေပြီး ပြန်လာနိုင်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု မီလ်နာက ပြောကြားခဲ့သည်။

    ယခုပွဲအရှုံးကြောင့် ထိပ်ဆုံး၌ ဦးဆောင်နေသည့် မန်စီးတီးမှာ တတိယနေရာအထိ ဆင်းပေးခဲ့ရသည်။

    Ref: Goal

  • တိုကျိုရှိ အငြင်းပွားဖွယ်ဗိမာန်တွင် ပေါက်ကွဲမှုဖြစ်

    တိုကျိုရှိ အငြင်းပွားဖွယ်ဗိမာန်တွင် ပေါက်ကွဲမှုဖြစ်

    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    – ဒုတိယကမ္ဘာစစ်တွင် သေဆုံးသွားခဲ့သည့် ဂျပန်စစ်သားများကို ဂုဏ်ပြုကာ တည်ဆောက်ထားသည့် တိုကျိုမြို့ရှိ အငြင်းပွားဖွယ် ယာဆုကူနီ ဗိမာန်၌ ယနေ့မနက်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် အများသုံး သန့်စင်ခန်း ပျက်ဆီးမှု ရှိခဲ့သည်ဟု သိရသည်။

    ဗိမာန်၏တောင်ဘက် အ၀င်အ၀ဂိတ်နားတွင် ဖြစ်ပွားခဲ့သော ထိုအဖြစ်အပျက်အတွင်း ထိခိုက်ဒဏ်ရာရသူများ မရှိခဲ့ဘဲ တာဝန်ရှိသူများကမူ မပေါက်ကွဲသေးသော သံသယဖြစ်ဖွယ် ပစ္စည်းများကို ရှာဖွေရန် ဗုံးရှင်းတပ်ဖွဲ့တစ်ခုအား အဆိုပါ ဗိမာန်သို့ စေလွှတ်ခဲ့သည်။

    ဂျပန်နိုင်ငံ၏ သီးနှံရိပ်သိမ်းပွဲဖြစ်သည့် နီနာမီဆိုင်အခမ်းအနားကို ယနေ့မနက်တွင် ထိုဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ပြီး ဂျပန်ပြည်သူအများအပြား လာရောက်ခဲ့ကြကာ ဘေးအန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ပွဲတော်သို့ ကလေးများလာရောက်ခြင်းကို နောက်ပိုင်းတွင် တားမြစ်ခဲ့သည်။

    ယာဆုကူနီဗိမာန်ကို အခြားနိုင်ငံများက ဂျပန်နိုင်ငံ၏ စစ်ဝါဒကို ဖော်ကျူးသည့် အမှတ်အသားတစ်ခုအဖြစ် မှတ်ယူပြီး ထိုဗိမာန်သို့ ဂျပန် နိုင်ငံရေးသမားများ သွားရောက်ဂါရ၀ပြုခြင်းကိုလည်း တရုတ်နှင့် တောင်ကိုရီးယားတို့က ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။ ၎င်းတို့နှစ်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်မတိုင်ခင်နှင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ၏ ကျူးကျောသိမ်းပိုက်ခြင်းနှင့် ကိုလိုနီဝါဒကို အကြီးအကျယ် ခံစားခဲ့ရသည်။

    Ref: Reuters