နိုဝင်ဘာ ၂၄၊ ၂၀၁၅
M-Media
– အကင်းမသေသေးသော ဒဏ်ရာအားများ ပျောက်ကင်းရန်အတွက် မိမိ၏ ကစားပုံကို ပြောင်းလဲသွားမည်မဟုတ်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရိုက ပြောကြားလိုက်သည်။
အဂူရိုမှာ မန်စီးတီးသို့ ရောက်ရှိလာကတည်းက ဒူးနှင့် တံကောက်ကြောဒဏ်များကြောင့် ရာသီတိုင်းတွင် အနားယူရလေ့ရှိသည်။ သို့သော်လည်း အဂူရိုကမူ မိမိ၏ အင်တိုက်အားတိုက်ကစားပုံကို လျော့သွားမည်မဟုတ်ဟု ဆိုသည်။
“တွန်းတွန်းတိုက်တိုက် ကစားပုံကို ကြည့်ပြီးတော့ တိုင်းတာလို့ မရပါဘူး။ ကျွန်တော်ဟာ အမြဲတမ်း အမြင့်ဆုံး အင်အားနဲ့ပဲ ကစားပါတယ်။ အခြားနည်းလမ်းနဲ့ကစားဖို့ ကျွန်တော် မစဉ်းစားဖူးပါဘူး။ တစ်ခါတစ်ရံမှာ ကံမကောင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဆုံးစွန်ဆုံး ဆုလာဘ်က အကောင်းဆုံးပေးဆပ်မှ ရတာပါ။ ဒဏ်ရာရတာကတော့ ကျွန်တော့အတွက် ရှက်စရာပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော် ကြွက်သားဒဏ်ရာ မရတာ တစ်နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် ဖြစ်ရင်လည်းဖြစ်ပါစေ ကျွန်တော်တို့ရဲ့ ကစားအားကိုတော့ မလျော့ပါဘူး” ဟု အဂူရိုက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.