နိုဝင်ဘာ ၂၄၊ ၂၀၁၅
M-Media
– ဆီးရီးယားနယ်စပ်အနီးရှိ ရုရှားတိုက်လေယာဉ်တစ်စီးကို မိမိတို့က ယနေ့တွင် ပစ်ချလိုက်သည်ဟု တူရကီ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
မိမိတို့၏ လေပိုင်နက်ကို ယနေ့မနက်ပိုင်းက ချိုးဖောက်ဝင်ရောက်မှုကြောင့် ဆောင်ရွက်ရမည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ပြီး ပစ်ချလိုက်ခြင်းဖြစ်ကာ သမ္မတရုံးကလည်း ရုရှားတိုက်လေယာဉ်ဟု အတည်ပြုခဲ့သည်။ ထို့ပြင် ပစ်မချခင် မိမိတို့မှာ သတိပေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
သတင်းများ၏ ဖော်ပြချက်အရ အဆိုပါလေယာဉ်မှာ ဆီးရီးယားနိုင်ငံ လာတာကီယာမြို့ရှိ ယာမာဒီရွာတွင် ပျက်ကျသွားခြင်းဖြစ်သည်ဟု သိရသည်။ တူရကီစစ်တပ်မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ရုရှားတိုက်လေယာဉ်မှာ ဟာတေပြည်နယ်ရှိ တူရကီလေပိုင်နက်အတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်ပြီး ၅ မိနစ်အတွင်း ၁၀ ကြိမ် သတိပေးခဲ့သည်ဟု ဖော်ပြခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း Su-24 တိုက်လေယာဉ်တစ်စင်းမှာ မြေပြင်မှ တိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် ပျက်ကျသွားသည်ဟု အတည်ပြုခဲ့သည်။ ထို့ပြင် ထိုပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ဆိုကာ မိမိတို့လေယာဉ်မှာ ဆီးရီးယား လေပိုင်နက်အတွင်းသာ ရှိနေပြီး တိုက်ရိုက်စောင့်ကြည့်သည့် အချက်အလက်များက ထိုအချက်ကို အတည်ပြုနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လေယာဉ်မှူး ၂ ဦးမှာ လေထီးဖြင့် ခုန်ထွက်လွတ်မြောက်သွားသည်ဟု မျက်မြင်သက်သေများ၏ ပြောကြားမှုများအရ သိရသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.