News @ M-Media

Blog

  • ဘောလုံးလောက တားမြစ်ဆေးပြဿနာအတွက် ၀င်းဂါး သတိပေး

    ဘောလုံးလောက တားမြစ်ဆေးပြဿနာအတွက် ၀င်းဂါး သတိပေး

    နိုဝင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    winger

    – ကမ္ဘာတစ်ဝှမ်းမှ အားကစားသမားများ တားမြစ်ဆေးပြဿနာနှင့် ရင်ဆိုင်နေရချိန်တွင် ဘောလုံးလောကတွင်လည်း တားမြစ်ဆေးပြဿနာနှင့် ရင်ဆိုင်ရနိုင်သည့် စိုးရိမ်မှုများ ရှိနေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    စက်တင်ဘာလအတွင်းက ကစားခဲ့သည့် ဒိုင်နမိုဇာဂရဘ်နှင့်ပွဲတွင် အာဆင်နယ်မှာ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်းတွင် ဒိုင်နမိုဇာဂရဘ်မှ နာမည်ကြီးကစားသမား အရီဂျန် အဒီမီမှာ တားမြစ်ဆေး သုံးစွဲကြောင်း တွေ့ရှိခဲ့ရသည်။

    “ကျွန်တော့်ရဲ့ နည်းပြဘ၀ နှစ် ၃၀ အတွင်းမှာ စွမ်အားတိုးမြှင့်ဆေးတွေ သုံးစွဲတဲ့ ကစားသမားမျိုးကို ကျွန်တော် မသုံးခဲ့ပါဘူး။ ပြီးတော့ ကစားသမားတွေကို သူတို့ရဲ့ စွမ်းဆောင်ရည် တိုးတက်စေဖို့အတွက် အကူအညီဖြစ်စေမယ့် ပစ္စည်းတွေကိုလည်း ဘယ်တုန်းကမှ မပေးခဲ့ပါဘူး။ အဲဒီအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ မညီတဲ့ အသင်းတော်တော်များများနဲ့လည်း ကျွန်တော် ရင်ဆိုင်ဖူးပါတယ်။ အားကစားရဲ့ အလှတရားကတော့ လူတိုင်း အနိုင်လိုချင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်စွဲသူက
    တစ်ယောက်ပဲရှိပါလိမ့်မယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့ဘောလုံးလောကတွင် တားမြစ်ဆေး စစ်ဆေးမှုများနှင့်ပတ်သက်၍ လုံလုံလောက်လောက် ဆောင်ရွက်နိုင်သည်ဟု မထင်ကြောင်း၊ ကမ္ဘာဖလားပြိုင်ပွဲ၌ ကစားသမား ၇၄၀ ရှိရာတွင် မည်သည့်တားမြစ်ဆေး ပြဿနာမှ မရှိခြင်းကို ယုံကြည်ရန် ခက်ခဲကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • လေတပ်စခန်းတစ်ခုကို IS လက်မှ ဆီးရီးယားအစိုးရတပ် ပြန်သိမ်းနိုင်

    လေတပ်စခန်းတစ်ခုကို IS လက်မှ ဆီးရီးယားအစိုးရတပ် ပြန်သိမ်းနိုင်

    နိုဝင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    syria

    – IS အဖွဲ့မှ ၂၀၁၃ ခုနှစ်ကတည်းက ပိတ်ဆို့ဝိုင်းရံထားသည့် နိုင်ငံမြောက်ပိုင်း အဲလစ်ပိုရှိ လေတပ်စခန်းတစ်ခုအား ဆီးရီးယား အစိုးရတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဟု မီဒီယာများနှင့် စောင့်ကြည့်အဖွဲ့များက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် အဲလစ်ပိုအရှေ့ပိုင်းရှိ IS လက်ထဲ ကျရောက်နေသော ရွာအများအပြားကိုလည်း တစ်ပါတည်း သိမ်းပိုက်နိုင်ခဲ့ပြီး ယူကေအခြေစိုက် ဆီးရီးယားဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထိုက်တိုက်ခိုက်မှုအတွင်း အာဆတ်ကို သစ္စာခံသော လက်နက်ကိုင်တပ်ဖွဲ့ကျောထောက်နောက်ခံပြုထားသည့် အစိုးရတပ်နှင့် ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများ ပါဝင်ပြီး ရုရှားကလည်း လေကြောင်းမှ ပစ်ကူပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ လေတပ်စခန်းကို ရရှိရန်အတွက် ဆီးရီးယားအစိုးရမှာ အောက်တိုဘာ ၁၆ ရက်နေ့ကတည်းက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ IS ကလည်း ပြီးခဲ့သည့်လတွင် အဲလစ်ပိုရှိ ဒေသအချို့ကို ထပ်မံသိမ်းပိုက်ခဲ့သောကြာင့် တိုက်ပွဲမှာ အရှိန်မြင့်လာခဲ့သည်။ လက်ရှိအချိန်တွင် IS က အဲလစ်ပိုသို့ ရက်ကာမှ စစ်ကူများ စေလွှတ်နေသည်ဟု
    သိရသည်။

    Ref: Aljazeera

  • UEC မှ နိုဝင်ဘာ ၁၀ ရက်နေ့အထိ ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ရလဒ်များ

    UEC မှ နိုဝင်ဘာ ၁၀ ရက်နေ့အထိ ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ရလဒ်များ

    ရွေးကောက်ပွဲရလဒ်ကို UEC က ၉ ကြိမ်မြောက်ကြေငြာ
    ======================
    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    1

    – ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို ယနေ့ည ၉ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ဆက်လက်ကြေငြာခဲ့ပါတယ်။

    တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များကိုယ်စားလှယ် ၄၈ နေရာကို ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နေရာ ၄၀၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၇ နေရာ၊ ကရင်ပြည်သူ့ပါတီက ၁ နေရာ အသီးသီး အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် အနိုင်ရရှိသူ ၂၁၂ ဦးကို ထုတ်ပြန်ကြေငြာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

    ည ၁၁ နာရီမှာ ထပ်မံထုတ်ပြန်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် အကြောင်းအမျိုးအမျိုးကြောင့် မထုတ်ပြန်တော့ဘဲ မနက် ၉ နာရီမှ အနိုင်ရရှိသူစာရင်းများကို ထပ်မံကြေငြာသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာန်ဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    နိုဝင်ဘာ ၁၀ ရက်နေ့တစ်နေ့တည်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ အနိုင်ရရှိသူစာရင်းကို ၅ ကြိမ် ကြေငြာခဲ့ပြီး အဲဒါတွေကတော့ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၆၀ နေရာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၄ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃၃ နေရာတို့ဖြစ်ပါတယ်။

    ရွေကောက်ပွဲရလဒ်နှင့်ပတ်သက်၍ UEC မှ ယခုအချိန်ထိ ထုတ်ပြန်ကြေငြာခဲ့သည့် အကြိမ်အရေအတွက်မှာ ၉ ကြိမ်ရှိသွားပြီဖြစ်ပြီး အနိုင်ရရှိသည့်စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    .
    ပြည်သူ့လွှတ်တော် ( ၈၈) နေရာ
    —————————–
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်- ၇၈ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၅ ဦး ၊
    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၂ ဦး
    ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁
    ဝ ဒီမိုကရက်တစ်ပါတီ ၁ ဦး
    ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ၁ ဦး
    .
    အမျိုးသားလွှတ်တော် (၃၃) နေရာ
    ————————————-
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်- ၂၉ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ၂ ဦး ၊
    တစ်သီးပုဂ္ဂလ ၁ ဦး၊
    ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ၁ ဦး

    တိုင်း/ပြည်နယ် လွှတ်တော် (၂၁၂ ) နေရာတွင်
    —————————-
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD)- ၁၈၂ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၁၉ ဦး ၊
    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၄ ဦး
    ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ၂ ဦး၊
    ဝ ဒီမိုကရက်တစ်ပါတီ ၂ ဦး
    ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁ ဦး
    မွန်အမျိုးသားပါတီ – ၁ ဦး
    ကရင်ပြည်သူ့ပါတီ – ၁ ဦးတို့ ဖြစ်ပါတယ်။

    အသေးစိတ် ပုံများကို အောက်ပါလင့်များတွင် သွားရောက်ကြည့်ရှုနိုင်ပါတယ်။

    ၃ ကြိမ်မြောက် 

    ၄ ကြိမ်မြောက်

    ၅ ကြိမ်မြောက်

    ၆ ကြိမ်မြောက်

    ၇ ကြိမ်မြောက် 

    ၈ကြိမ်မြောက် 

     

     

  • မသမာသူများ ပြဿနာ  ဖန်တီးလာနိုင်သည့် အခြေအနေ NLD သတိပေးကြေညာချက် ထုတ်ပြန်

    မသမာသူများ ပြဿနာ ဖန်တီးလာနိုင်သည့် အခြေအနေ NLD သတိပေးကြေညာချက် ထုတ်ပြန်

    မသမာသူများ ပြဿနာ ဖန်တီးလာနိုင်သည့် အခြေအနေ NLD သတိပေးကြေညာချက် ထုတ်ပြန်

    NLD

  • နီပေါငလျင် ကူညီမှုအတွက် အီတီဟတ်လေကြောင်းလိုင်း လူသားချင်းစာနာထောက်ထားမှု ဂုဏ်ပြုဆု ရရှိ

    နီပေါငလျင် ကူညီမှုအတွက် အီတီဟတ်လေကြောင်းလိုင်း လူသားချင်းစာနာထောက်ထားမှု ဂုဏ်ပြုဆု ရရှိ

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    eitihad

    – ယခုနှစ် ဧပြီလတွင် နီပေါလ်နိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် ငလျင်အပြီး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည့် ယူအေအီးအခြေစိုက် အီတီဟတ်လေကြောင်းလိုင်းမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဂုဏ်ပြုဆုကို ရရှိခဲ့သည်ဟု သိရသည်။

    ထိုဂုဏ်ပြုဆုကို လေကြောင်းလိုင်းများနှင့် ချိတ်ဆက်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နေသည့် အကျိုးအမြတ်မယူသော ပရဟိတအဖွဲ့ Airlink က ပေးအပ်ချီးမြှင်ခဲ့ခြင်း ဖြစ်သည်။

    ခတ္တာမန်ဒူကို ဗဟိုပြု၍ ဧပြီ ၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၈ မဂ္ဂနီကျုရှိ အဆိုပါငလျင်ကြောင့် လူ ၈၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။

    အီတီဟတ်လေကြောင်းလိုင်းမှာမှု ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အမေရိကန်၊ ဥရောပနှင့် သြစတေးလျနိုင်ငံများမှ ကယ်ဆယ်ရေး လုပ်သားများကို ခတ္တာမန်ဒူသို့ ၅၄ ကြိမ် အခမဲ့ ပို့ဆောင်ပေးခဲ့သည်။

    “Airlink နဲ့ ဆက်ဆံရေးဟာ အရေးပါပြီး အဲဒီဆက်ဆံရေးကြောင့်ပဲ ကျွန်တော်တို့ဟာ အကူအညီ အလွန်အမင်း လိုအပ်နေတဲ့သူတွေကို အန်ဂျီအိုကွန်ယက်တွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးနိုင်ခဲ့တာပါ” ဟု အီတီဟတ်လေကြောင်းလိုင်းမှ ဥက္ကဌဖြစ်သူ ဂျိမ်းစ်ဟိုဂန်က ပြောကြားခဲ့သည်။

    Airlink မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ စတီဗင်စမစ်ကလည်း နီပေါငလျင်တွင် အီတီဟတ်လေကြောင်လိုင်းမှ အကျိုးအမြတ်မယူသည့် မိတ်ဖက်များကို ကူညီပံ့ပိုးပေးခဲ့သည့်အတွက် မိမိတို့က ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    “ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားပြီးတဲ့နောက်မှာ အကျိုးအမြတ်မယူတဲ့အဖွဲ့တွေရဲ့ ဆောင်ရွက်မှုကို သူတို့က ထောက်ပံ့ပေးခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လျင်လျင်မြန်မြန် ပို့ဆောင်ပေးခဲ့ပါတယ်” ဟု စမစ်က ဆိုသည်။

    အီတီဟတ်မှာ အန်ဂျီအိုများအား လေကြောင်းခရီးစဉ်များ ပို့ဆောင်ပေးသည့်အပြင် အီမရိတ် လခြမ်းနီအဖွဲ့မှတစ်ဆင့် စောင်အထည် ၅၀၀၀၊ ၀န်ထမ်းများမှ ထည့်ဝင်လှူဒါန်းငွေ ဒီရ်ဟမ် ၂၇၀၀၀၀ တို့ကိုလည်း ထောက်ပံ့ပေးခဲ့ပြီး ငလျင်ဒဏ်ခံရသူများအား ကူညီလိုသူများ၏ အထုတ်အပိုး ကီလိုဂရမ် တစ်သိန်းကိုလည်း နီပေါသို့ အခမဲ့တင်ဆောင်ခွင့် ပေးခဲ့သည်။

    Ref: Mirajnews