နိုဝင်ဘာ ၁၁၊ ၂၀၁၅
M-Media
– IS အဖွဲ့မှ ၂၀၁၃ ခုနှစ်ကတည်းက ပိတ်ဆို့ဝိုင်းရံထားသည့် နိုင်ငံမြောက်ပိုင်း အဲလစ်ပိုရှိ လေတပ်စခန်းတစ်ခုအား ဆီးရီးယား အစိုးရတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဟု မီဒီယာများနှင့် စောင့်ကြည့်အဖွဲ့များက ယမန်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် အဲလစ်ပိုအရှေ့ပိုင်းရှိ IS လက်ထဲ ကျရောက်နေသော ရွာအများအပြားကိုလည်း တစ်ပါတည်း သိမ်းပိုက်နိုင်ခဲ့ပြီး ယူကေအခြေစိုက် ဆီးရီးယားဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထိုက်တိုက်ခိုက်မှုအတွင်း အာဆတ်ကို သစ္စာခံသော လက်နက်ကိုင်တပ်ဖွဲ့ကျောထောက်နောက်ခံပြုထားသည့် အစိုးရတပ်နှင့် ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများ ပါဝင်ပြီး ရုရှားကလည်း လေကြောင်းမှ ပစ်ကူပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
အဆိုပါ လေတပ်စခန်းကို ရရှိရန်အတွက် ဆီးရီးယားအစိုးရမှာ အောက်တိုဘာ ၁၆ ရက်နေ့ကတည်းက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ IS ကလည်း ပြီးခဲ့သည့်လတွင် အဲလစ်ပိုရှိ ဒေသအချို့ကို ထပ်မံသိမ်းပိုက်ခဲ့သောကြာင့် တိုက်ပွဲမှာ အရှိန်မြင့်လာခဲ့သည်။ လက်ရှိအချိန်တွင် IS က အဲလစ်ပိုသို့ ရက်ကာမှ စစ်ကူများ စေလွှတ်နေသည်ဟု
သိရသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.