News @ M-Media

Blog

  • ဖီဖာဥက္ကဌ ယှဉ်ပြိုင်မှုမှ ဇီကို နှုတ်ထွက်

    ဖီဖာဥက္ကဌ ယှဉ်ပြိုင်မှုမှ ဇီကို နှုတ်ထွက်

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    zico

    – လာမည့်နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် ဖီဖာဥက္ကဌ ရွေးချယ်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းမှ နှုတ်ထွက်လိုက်ပြီဟု ဘရာဇီး ဂန္တ၀င်ဘောလုံးသမား ဇီကိုက ပြောကြားလိုက်သည်။

    မိမိသာ ဖီဖာဥက္ကဌဖြစ်ပါက အဖွဲ့အား ဒီမိုကရေစီနည်းကျစွာနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဟု ဇစ်ကိုက ပြီးခဲ့သည့်လက ကြေငြာစာတမ်းတစ်ခု ထုတ်ပြန်ခဲ့သေးသည်။ ၀င်ရောက်ရွေးချယ်မည့် ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းတင်သွင်းရန် နောက်ဆုံးရက်ကို လာမည့် တနင်္လာနေ့တွင် သတ်မှတ်ထားပြီး ဇစ်ကိုမှာ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်အပါအ၀င် ဘောလုံးအဖွဲ့ချုပ်နှစ်ခု၏ ထောက်ခံမှုသာ ရရှိခဲ့သည်။

    ဖီဖာဥက္ကဌအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမှာ ဘောလုံးအဖွဲ့ချုပ် ၅ ခု၏ ထောက်ခံမှုရရှိရန် လိုအပ်သည်။ ဇီကိုမှာ စောစောပိုင်းက ယူအီးအက်ဖ်အေ၏ ထောက်ခံမှုကို ရရှိမည်ဟု ရေပန်းစားခဲ့သော်လည်း ယူအီးအက်ဖ်အေက ဂီယန်နီ အင်ဖန်တီနိုအား ထောက်ခံခဲ့သည်။

    “ထောက်ခံမယ်ဆိုတဲ့ စာ ၆ စောင်ကို ရရှိခဲ့တဲ့အတွက် ကျွန်တော်စောစောပိုင်းက စိတ်လှုပ်ရှားခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ ပလာတီနီထွက်သွားပြီးနောက် ယူအီးအက်ဖ်အေရဲ့ ဆောင်ရွက်မှုက အခြေအနေအားလုံးကို လုံးဝပြောင်းလဲစေခဲ့ပါတယ်” ဟု ဇီကိုက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    Ref: Goal

  • သန်းခေါင်စာရင်း ရလဒ် ကိုးကွယ်ရာ ဘာသာ အလိုက် လူဦးရေစာရင်း ယခုနှစ်ကုန် ထုတ်ပြန်မည်

    သန်းခေါင်စာရင်း ရလဒ် ကိုးကွယ်ရာ ဘာသာ အလိုက် လူဦးရေစာရင်း ယခုနှစ်ကုန် ထုတ်ပြန်မည်

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    cen

    – ၂၀၁၄ ခုနှစ်အတွင်း ကောက်ယူခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှ ဘာသာရေးအလိုက် လူဦးရေစာရင်းကို ယခုနှစ်ကုန်ပိုင်းတွင် ထုတ်ပြန်မည်ဟု အစိုးရအာဏာပိုင်တစ်ဦးမှ ပြောကြားလိုက်သည်။

    ၁၉၈၃ ခုနှစ် ကောက်ယူစာရင်းများအရ အစ္စလာမ်ဘာသာဝင်ဦးရေမှာ နိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းဟု တရားဝင်ဖော်ပြခဲ့သော်လည်း ၂၀၁၄ ခုနှစ် ကောက်ယူစာရင်းများအရ ယင်းအချိုးအစားထက် များစွာ များပြားနေနိုင်ကြောင်း၊ ထိုသို့ ထုတ်ပြန်ခြင်းက လူမျိုးရေးတင်းမာမှုကို ပြန်လည်မီးမွှေးသလို ဖြစ်မည်စိုး၍ ထုတ်ပြန်မှု ရွှေ့ဆိုင်းစေလိုကြောင်း သုံးသပ်သူအချို့မှ အကြံပြုထားသည်။

    “ရွေးကောက်ပွဲအပြီး ဒီနှစ်ကုန်ပိုင်း ဒီဇင်ဘာလထဲမှာ သန်းခေါင်စာရင်း အချက်အလက်တွေကို ထုတ်ပြန်ဖို့ ကျွန်တော်တို့ အကြံပြုထားပါတယ်။ ယုံကြည်မှုအခြေတည်တဲ့ လူဦးရေစာရင်းထုတ်ပြန်ရာမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလုပ်ငန်းစဉ်ထဲ ပါဝင်သူအားလုံးက တတ်နိုင်သမျှ စောစောထုတ်ပြန်ဖို့ တိုက်တွန်းခဲ့ကြတယ်” ဟု ပြည်သူ့အင်အား ဦးစီးဋ္ဌာနဒါရိုက်တာ ဦးညီညီမှ မြန်မာတိုင်းမ်သို့ ပြောကြားသည်။

    အောက်တိုဘာ ၂၂ မှ ၂၃ ရက်ထိ နေပြည်တော်၌ ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် သန်းခေါင်စာရင်းသုံးသပ်မှု အစည်းအဝေးအပြီး ဦးညီညီမှ ထုတ်ပြန်ကြေငြာလိုက်ခြင်း ဖြစ်သည်။ သန်းခေါင်စာရင်းဗဟိုကော်မရှင်သည် ဘာသာရေးအလိုက် လူဦးရေစာရင်းများမှာ ၂၀၁၆ ခုနှစ်အထိ ပြီးစီးနိုင်မည်မဟုတ်ကြောင်း စောစောပိုင်းက ဆိုခဲ့သည်။

    နိုင်ငံတကာနည်းပညာအကြံပေးဘုတ်အဖွဲ့မှ Werner Haug က လာမည့်ရွေးကောက်ပွဲကာလ၀န်းကျင်သည် နိုင်ငံရေးအရ အထိမခံသော အနေအထားဖြစ်နေသည်ကို အသိအမှတ်ပြုကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

    “လက်ရှိအချိန်က မြန်မာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ လူဦးရေစာရင်းထုတ်ပြန်ဖို့ ထိလွယ်ရှလွယ် အနေအထားမှာ ရှိနေပါတယ်။ ပြည်လုံးကျွတ်သန်းခေါင်စာရင်း အချက်အလက်တွေကို ထုတ်ပြန်တဲ့အခါ အက္ခရာစဉ်အလိုက် ပွင့်လင်းမြင်သာစွာ ဖော်ပြသင့်တယ်။ အငြင်းပွားဖွယ်ရာကို ရှောင်ကျဉ်တဲ့အနေနဲ့ တိုင်းရင်းသားအုပ်စု သတ်မှတ်ချက်အလိုက် မလုပ်ဖို့ ကျွန်တော်တို့ ဘုတ်အဖွဲ့က တိုက်တွန်းပါတယ်”

    ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၂၉ မှ ဧပြီလ ၁၀ ရက်အထိ ကောက်ခံခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းသုံးဆယ်အတွင်း ပထဆုံးအကြိမ်အဖြစ် ပြန်လည်ပြုလုပ်ခဲ့သော လူဦးရေစစ်တမ်း ဖြစ်သည်။ မြန်မာ့လူဦးရေသည် ၂၀၁၅ မေလထုတ် အစီရင်ခံစာအရ ယခင်ခန့်မှန်းစာရင်းထက် ၉ သန်းခန့် လျော့နည်းကြောင်း တွေ့ရှိခဲ့ရသည်။

    Ref : The Myanmar Times

  • IS ကို ထောက်လှမ်းရေး သတင်းပါ အမေရိကန်က ပေးဟု အီရတ် လက်နက်ကိုင် အဖွဲ့ပြော

    IS ကို ထောက်လှမ်းရေး သတင်းပါ အမေရိကန်က ပေးဟု အီရတ် လက်နက်ကိုင် အဖွဲ့ပြော

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    is

    – မိမိတို့ ဖမ်းဆီးထားသော IS အဖွဲ့မှ ခေါင်းဆောင်များက ၎င်းတို့မှာ အမေရိကန်ထံမှ ကူညီပံ့ပိုးမှုများနှင့် ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်များ ရရှိသည်ဟု ထုတ်ဖော်ဝန်ခံထားကြောင်း အီရတ်ရှိ Hezbollah Battalions အဖွဲ့က ပြောကြားလိုက်သည်။

    “မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ IS တပ်မှူးတွေရဲ့ ၀န်ခံမှုအရ အမေရိကန်ရဲ့ သူတို့အဖွဲ့အပေါ် ထောက်ပံ့မှုဟာ အကန့်အသတ်မရှိဘဲ လိုအပ်တာတွေ ပံ့ပိုးပေးမှုတွေအထိ ကျယ်ပြန့်တယ်လို့ သိရပါတယ်” ဟု Hezbollah Battalions အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂျာဖာရ် အလ်-ဟူစိန်နီက ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်မှာ အီရတ်စစ်သားများ၏ တပ်စွဲရာနေရာများနှင့် ပစ်မှတ်များကိုပါ IS သို့ ထောက်လှမ်းရေးသတင်းများ ပေးပို့သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Hezbollah Battalions အဖွဲ့မှာ အီရတ်စစ်ပွဲမဖြစ်ခင် ၄ လအရင်က ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အီရတ်စစ်ပွဲ၌ အမေရိကန်နှင့် မဟာမိတ်တပ်များကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်။ လက်ရှိတွင်မူ အီရတ်ရှိ IS အဖွဲ့များကို တိုက်ခိုက်နေသည်။

    Ref: Globalresearch

  • ယခုလအတွင်း ဆီးရီးယားပြည်သူ ၁ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရ

    ယခုလအတွင်း ဆီးရီးယားပြည်သူ ၁ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရ

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    un

    – ယခုလအတွင်း တိုက်ခိုက်မှုများကြောင့် ဆီးရီးယားရှိ အဲလစ်ပို၊ ဟာမာနှင့် အစ်ဒ်လစ်ဘ် ပြည်နယ်များတွင် အနည်းဆုံး ပြည်သူ ၁၂၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ပြောကြားလိုက်သည်။

    ထိုအထဲမှ အများစုမှာ အစိုးရထိန်းချုပ်ရာ နေရာ ၃ ခုသို့ ရွှေ့ပြောင်းနေထိုင်နေကြပြီး၊ အချို့မှာ တူရကီနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြကာ အဆိုပါ ဒုက္ခသည်များမှာ တဲများ၊ အိမ်တွင်းသုံး အခြေခံလိုအပ်ချက်များ၊ အစားအသောက်၊ ရေနှင့် အညစ်အကြေးစွန့်မှုဆိုင်ရာ လိုအပ်ချက်များ ရှိနေသည်ဟု ကုလက ဆိုပြီး ၎င်းတို့အနေဖြင့်လည်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။

    ရုရှားစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှု စတင်ပြီးနောက်ပိုင်း နိုင်ငံအတွင်း တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ပြီးခဲ့သည့် သီတင်းပတ် ၃ ပတ်တာကာလအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ဆီးရီးယားဒုက္ခသည်အရေအတွက်မှာ တစ်သိန်းခန့်ရှိနေပြီဟု နော်ဝေ ဒုက္ခသည်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • အနီးဆုံးပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့တဲ့ ရီးယဲလ်၊ ဆွာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့ အသက်ရှုချောင်သွားတဲ့ ဘာကာတို့ရဲ့ လာလီဂါပွဲစဉ် ၉

    အနီးဆုံးပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့တဲ့ ရီးယဲလ်၊ ဆွာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့ အသက်ရှုချောင်သွားတဲ့ ဘာကာတို့ရဲ့ လာလီဂါပွဲစဉ် ၉

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    laliga

    – ဒီတစ်ပတ်လာလီဂါမှာ ထိပ်ဆုံးကရီးယဲလ်က သူ့နောက်မှာ ကပ်လိုက်လာတဲ့ ရှုံးပွဲမရှိ ဆဲလ်တာဗီဂိုကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားပြီး ဇယားကို ဆက်ဦးဆောင်နေပါတယ်။ ရော်နယ်ဒို၊ ဒါနီလိုနဲ့ မာဆယ်လိုတို့က တစ်ဂိုးစီ သွင်းပေးခဲ့ပေမယ့် ရီးယဲလ်နိုင်ပွဲအတွက် အဓိကျသူကတော့ ဂိုးသမား ကီလာနာဗက်စ်ဖြစ်ပြီး ဆဲလ်တာဗီဂိုရဲ့ အပိုင် ဂိုးသွင့်ခွင့် ၃ လုံးလောက်ကို လက်စွမ်းပြ ကာကွယ်ပေးသွားခဲ့ပါတယ်။

    ဘာကာကလည်း ဦဆောင်ဂိုးပေးခဲ့ရပြီး မာရှေရာနိုပါ အထုတ်ခံရပေမယ့် နေးမာ-ဆွာရက်ဇ် အတွဲအဖက်မိမှုနဲ့အတူ ဆွာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့ အဆိပ်ရှိတဲ့ အိုက်ဘာကို အနိုင်ရပြီး ရီးယဲလ်ကို ထပ်မံ ဖိအားပေးနိုင်ဆဲပါပဲ။

    ၃၂ မိနစ်နဲ့ မိနစ် ၄၀ မှာ ရရှိခဲ့တဲ့ ဂိုး ၂ ဂိုးနဲ့အတူ အက်သလက်တီကိုက ခြေကျနေတဲ့ ဗလင်စီယာကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး တတိယနေရာကို ရောက်လာပါတယ်။ ဗလင်စီယာဂိုးသမားရဲ့ လက်စွမ်းကြောင့် အိမ်ရှင်တို့ ဒီထက်ပို ဂိုးမပြတ်ခဲ့တာပါ။

    ရာသီအစ ရုlaliga 3န်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ ၃ ပွဲလောက်ကစပြီး ခြေစွမ်းပြလာနိုင်တဲ့ ဆီးဗီးလား ဒီတစ်ပတ်မှာလည်း ဂါမီရိုရဲ့ ဟက်ထရစ်နဲ့အတူ ဂီတာဖေးကို ၅ ဂိုးပြတ်နဲ့ နှိပ်ကွပ်ခဲ့ပါတယ်။
    လာလီဂါ ပွဲစဉ် ၉ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဗယ်လက်ကာနို ၃-၀ အက်စပန်ညို
    ဆဲလ်တာဗီဂို ၁-၃ ရီးယဲလ်
    ဂရာနာဒါ ၁-၁ ရီးယဲလ်ဘက်တစ်
    ဆီးဗီးလား ၅-၀ ဂီတာဖေး
    မာလာဂါ ၂-၀ ဒီပို့တီဗို
    လီဗန်တေး ၀-၄ ဆိုစီဒက်
    လက်ပါးလ်မားစ် ၀-၀ ဗီလာရီးယဲလ်
    ဘာစီလိုနာ ၃-၁ အိုက်ဘာ
    အက်သလက်တီကို ၂-၁ ဗလင်စီယာ
    ဘီဘာအို ၃-၀ စပို့တင်းဂီဂျွန်