အောက်တိုဘာ ၃၀၊ ၂၀၁၅
M-Media

– အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်မှ ဆယ်ကျော်သက်အမျိုးသမီးတစ်ဦးမှာ အလွန်ဆိုးရွားသည့် ပလိပ်ရောဂါကြောင့် အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေရသည်ဟု အာာဏာပိုင်များက ပြောကြားလိုက်သည်။
ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများကမူ သူမမှာ ယခုလအစောပိုင်းက သွားရောက်ခဲ့သည့် အမဲလိုက်ခရီးစဉ်တစ်ခုတွင် ပလိပ်ရောဂါရှိနေသော ပိုးကောင်၊ မွှားကောင်မှတစ်ဆင့် ရောဂါပိုး ကူးစက်သည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။
ထိုအမျိုးသမီးငယ်မှာ အောက်တိုဘာ ၂၁ ရက်နေ့မှ စတင်ကာ ဖျားနာလာပြီး အောက်တိုဘာ ၂၄ ရက်နေ့တွင် ဆေးရုံတင်ခဲ့ရသည်။ အော်ရီဂွန်တွင် ပလိပ်ရောဂါဖြစ်ပွားမှုမှာ အလွန်နည်းပါးပြီး ၁၉၉၅ ခုနှစ်မှ ယခုအချိန်အထိ ကူးစက်သူ ၈ ဦးသာရှိခဲ့ကာ မည်သူမှ သေဆုံးခဲ့ခြင်း မရှိပေ။ ၁၄ ရာစုနှစ်တွင် ပလိပ်ရောဂါကြောင့် ဥရောပ၏ လူဦးရေထက်ဝက်ခန့်မှာ သေဆုံးခဲ့ရသည်။
Ref: CNN

Leave a Reply
You must be logged in to post a comment.