အောက်တိုဘာ ၃၀၊ ၂၀၁၅
M-Media
– ဒိုင်လူကြီးများနှင့် ဂျာလစ်များမှလွဲ၍ မော်ရင်ဟိုမှာ လူတိုင်းအတွက် လူကောင်းတစ်ယောက်ဖြစ်သည်ဟု လီဗာပူးလ်းနည်းပြသစ် ကလော့ပ်က ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အရွှန်းဖောက် ပြောကြားလိုက်သည်။
မော်ရင်ဟို၏ ချယ်ဆီးနှင့် လီဗာပူးလ်တို့မှာ စနေနေ့တွင် ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်ပြီး ကလော့ပ် အင်္ဂလန်သို့ စရောက်စဉ်ကလည်း မိမိမှာ normal one သာဖြစ်သည်ဟု မော်ရင်ဟို၏ လက်သုံးစကားဖြစ်သော special one ကို စောင်းမြောင်းပြောခဲ့ဖူးသည်။
“သူ့ရဲ့ စွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော် လေးစားမှုအပြည့် ရှိပါတယ်။ တကယ်လို့ ခင်ဗျားဟာ ဒိုင်လူကြီး ဒါမှမဟုတ် ဂျာနယ်လစ်တစ်ယောက် မဟုတ်ဘူးဆိုရင် သူက ခင်ဗျားအတွက် လူကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ပွဲအတွင်းမှာ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ စိတ်လှုပ်ရှားကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပရော်ဖက်ရှင်နယ်တွေပါ။ ကျွန်တော်တို့ကြားမှာ အားလုံး အေးဆေးပါပဲ။ ကျွန်တော် ဂျာနီမှာရှိတုန်းက မော်ရင်ဟိုဟာ တစ်ခါတစ်လေ မက်ဆေ့ခ်ျပို့လေ့ ရှိပါတယ်။ သူ့ရဲ့ ဆောင်ရွက်မှုတွေအတွက် ကျွန်တော် လေးစားပါတယ်။ သူက လူကောင်းတစ်ယောက်ပါ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.