News @ M-Media
Blog
  • ကနေဒါရွေးကောက်ပွဲ လစ်ဘရစ်ပါတီ အနိုင်ရရှိ
    ကနေဒါရွေးကောက်ပွဲ လစ်ဘရစ်ပါတီ အနိုင်ရရှိ
    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media
    canada
    – ကနေဒါနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ပါလီမန်ရွေးကောက်ပွဲတွင် လစ်ဘရယ်ပါတီက အနိုင်ရရှိကာ ဆယ်စုနှစ်တစ်ခုနီးပါးကြာ ကွန်ဆာဗေးတစ်ပါတီ၏ ကြီးစိုးမှုကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။
    ယခုရွေးကောက်ပွဲမတိုင်ခင်တွင် လစ်ဘရယ်ပါတီမှာ ပါလီမန်၌ တတိယအများဆုံး အမတ်နေရာရရှိသည့် ပါတီသာ ဖြစ်သော်လည်း ယခုတွင်မူ အမတ်နေရာအများ အပြားရခဲ့ပြီး ကနေဒါနိုင်ငံရေးတွင် မကြုံစဖူး အလှည့်အပြောင်းလည်း ဖြစ်ခဲ့သည်။
    ထရူဒီယူကမူ အခြေခံအဆောက်အဦးများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကာ နိုင်ငံ၏ အားနည်းနေသော စီးပွားရေး ပြန်လည်တိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့ပြီး၊ အေးခဲနေသော အမေရိကန်နှင့် ဆက်ဆံရေးကို ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကာ IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်နေသော ကနေဒါ တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းသွားမည်ဟုလည်း ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ချန်ပီယံလိဂ်ပြိုင်ဘက်အချို့ကို မိမိတို့ အထင်သေးမိခဲ့ဟု အာဆင်နယ်ကစားသမားပြော
    ချန်ပီယံလိဂ်ပြိုင်ဘက်အချို့ကို မိမိတို့ အထင်သေးမိခဲ့ဟု အာဆင်နယ်ကစားသမားပြော
    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media
    arsenal
    – ချန်ပီယံလိဂ်တွင် အရှုံးများနှင့် ရင်ဆိုင်ခဲ့ရခြင်းမှာ ဒိုင်နမိုဇာဂရဘ်နှင့် အိုလံပီယာကော့စ်တို့ကို မိမိတို့က လျှော့တွက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု အာဆင်နယ်ကစားသမား ဘယ်လာရင်က ပြောကြားလိုက်သည်။
    ၂ ပွဲကစား ၂ ပွဲရှုံးဖြင့် အုပ်စု F ၏ အောက်ဆုံးရောက်နေသည့် အာဆင်နယ်မှာ ယနေ့ညတွင် ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားသည့် ဘိုင်ယန်မြူးနစ်နှင့် အိမ်ကွင်းတွင် ကစားရမည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက နောက်တစ်ဆင့်တက်ရေး အလွန်ခက်ခဲသွားမည်ဖြစ်သည်။
    “ကျွန်တော်တို့ ပြိုက်ဘက်အချို့ကို အထင်သေးမိခဲ့ပါတယ်။ နောက်ထပ်အကြောင်းအရင်းတစ်ခုက ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်မှာ အစမကောင်းခဲ့ဘူး။ အခု ဘိုင်ယန်နဲ့ ၂ ပွဲကစားရဖို့ရှိတယ်။ ဒါပေမယ့် နောက်တစ်ဆင့်ကို တက်ချင်ရင်တော့ ကျွန်တော်တို့ အမှတ်ရဖို့လိုပါတယ်” ဟု ဘယ်လာရင်က ပြောကြားခဲ့သည်။
    နည်းပြ၀င်းဂါးကလည်း ဘိုင်ယန်မြူးနစ်ပွဲတွင် အားကုန်ထုတ်သွားမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။
    Ref: Goal
  • မြန်မာစစ်တပ်အတွင်းရှိ မဲရုံများတွင်ပါ နိုင်ငံတကာအဖွဲ့များ စောင့်ကြည့်ခွင့်ရမည်
    မြန်မာစစ်တပ်အတွင်းရှိ မဲရုံများတွင်ပါ နိုင်ငံတကာအဖွဲ့များ စောင့်ကြည့်ခွင့်ရမည်
    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media
    myan
    – လာမည့်လတွင် ကျင်းပပြုလုပ်မည့် မြန်မာ့ရွေးကောက်ပွဲအတွက် စစ်ဘက်ဆိုင်ရာ နေရာများမှ မဲရုံများသို့ ဥရောပသမဂ္ဂ စောင့်ကြည့်သူများကို ၀င်ရောက်လေ့လာခွင့် ပေးမည်ဟု အီးယူစောင့်ကြည့်လေ့လာရေးအဖွဲ့မှ အကြီးအကဲ အလက်ဇန်းဒါး ဂရက်ဖ် လမ်ဘ်စ်ဒေါ့ဖ်က ယနေ့တွင် ပြောကြားလိုက်သည်။
    စစ်အခြေစိုက်စခန်းများတွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများကို ၀င်ရောက်ခွင့်ပေးရေးမှာ ရွေးကောက်ပွဲ ထင်သာမြင်သာရှိမှု၏ အဓိကသော့ချက်လည်း ဖြစ်သည်။ အလက်ဇန်းဒါးကမူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်ပိုင်း ထိုကဲ့သို့ စစ်ဘက်ဆိုင်ရာနေရာများတွင် စောင့်ကြည့်လေ့လာရေးအတွက် အာမခံချက် ရရှိခဲ့သည်ဟု ဆိုသည်။
    “၀င်ခွင့်ပြုလို့မရတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စတွေမရှိဘူးဆိုရင် ဥရောပသမဂ္ဂ စောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ စစ်ဘက်ဆိုင်ရာနေရာတွေမှာ မဲပေးမှုကို ၀င်ရောက်လေ့လာခွင့်ရမယ်လို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆွေးနွေးမှုမှာ သူက သဘောတူညီခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လုပ်ဆောင်ဖို့ အနေအထားတွေကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီလို ညွှန်ကြားချက်မျိုး ရတာကိုပဲ ကျွန်တော်တို့ တော်တော်လေး ကျေနပ်မိပါတယ်” ဟု အလက်ဇန်းဒါးက ပြောကြားခဲ့သည်။
    ဥရောပသမဂ္ဂမှာ ရွေးကောက်ပွဲအား ရေရှည်စောင့်ကြည့်ရန်အတွက် လေ့လာသူ ၃၀ ဦး ခန့်ထားပြီး ရေတိုအတွက်မူ ၆၂ ဦးက နိုင်ငံတစ်ဝှမ်းတွင် စောင့်ကြည့်လေ့လာသွားမည် ဖြစ်သည်။ အမေရိကန်အခြေစိုက် Carter Center ကလည်း ရွေးကောက်ပွဲအား စောင့်ကြည့်သွားမည်ဖြစ်သည်။
    Ref: Channelnewsasia
  • ကလော့ပ်ရောက်မည်ဟု သိပါက စတာလင် လီဗာပူးလ်တွင် ဆက်ရှိနိုင်သည်ဟု အေးဂျင့်ပြော
    ကလော့ပ်ရောက်မည်ဟု သိပါက စတာလင် လီဗာပူးလ်တွင် ဆက်ရှိနိုင်သည်ဟု အေးဂျင့်ပြော
    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media
    sterling
    – လီဗာပူးနည်းပြဟောင်း ဘရန်ဒန် ရော်ဂျာ်၏ နေရာတွင် ဂျာဂန်ကလော့ပ်အား အစားထိုးမည်ဟု သိရှိရပါက ရဟီးမ် စတာလင်မှာ လီဗာပူးတွင် ဆက်ရှိကောင်း ဆက်ရှိနိုင်သည်ဟု ၎င်း၏ အေးဂျင့်ဖြစ်သူ အေဒီ ၀ါ့ဒ်က ပြောကြားလိုက်ပြီး ကလော့ပ်မှာ စတာလင်နှင့် လုံးဝ လိုက်ဖက်မည်ဟု ဆိုသည်။
    အသက် ၂၀ အရွယ် အင်္ဂလန်တိုက်စစ်မှူးမှာ ယခုနှစ်နွေရာသီတွင် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လီဗာပူးလ်မှ ထွက်ခွာရသည့် အဓိကအကြောင်းအရင်းမှာ ရော်ဂျာရှိနေခြင်းကြောင့်ဟု ဆိုသည်။
    “လီဗာပူးလ်နည်းပြအသစ်က ရဟီးမ်နဲ့ လုံးဝ လိုက်ဖက်မှာပါ။ သူက ငြင်သာတယ်၊ စည်းကမ်းကြီးတယ်၊ အကြံသစ်ဥာဏ်သစ်ရှိတယ်၊ အသစ်အသစ်တွေကို စမ်းကြည့်ဖို့ မကြောက်ဘူး။ သူဟာ လီဗာပူးမှာ ကြီးကျယ်လာမှာပါ။ ကလော့လက်အောက်မှာ ရဟီးမ်ဟာ ကောင်းမွန်တဲ့ အခြေအနေ ရှိမလားဆိုလာရင်တော့ – ဟုတ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း ရှိမှာပါပဲ” ဟု အေးဂျင့် ၀ါ့ဒ်က ပြောခကြားခဲ့သည်။
    Ref: Goal
  • အငြင်းပွားဖွယ် ဂူဗိမာန်ကို ဂျပန်လွှတ်တော်အမတ်များ သွားရောက်ဂါရ၀ပြု
    အငြင်းပွားဖွယ် ဂူဗိမာန်ကို ဂျပန်လွှတ်တော်အမတ်များ သွားရောက်ဂါရ၀ပြု
    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media
    – ဂျပန်လွှတ်တော်အမတ်များမှာ ဒုတိယကမ္ဘာစစ်က ကျဆုံးသွားသည့် ထိပ်တန်း စစ်ခေါင်းဆောင်များအတွက် အောက်မေ့ဖွယ် ယာဆူကူနီဗိမာန်သို့ ယနေ့မနက်ပိုင်းတွင် သွားရောက်ဂါရ၀ပြုခဲ့ကြပြီး ထိုဗိမာန်အား ဂျပန်နိုင်ငံ၏ ဖက်စစ်ဝါဒကို ဖော်ကျူးသည့် ပြယုဂ်အဖြစ် မှတ်ယူထားသည့် တရုတ်နှင့် တောင်ကိုရီးယားတို့ကို ဒေါသထွက်စေမည်ဖြစ်သည်။
    တိုကျိုမြို့ရှိ အဆိုပါ ဂူဗိမာန်သို့ ဆောင်းဦးရာသီပွဲတော် အထိမ်းအမှတ်အဖြစ် လာရောက် ဂါရ၀ပြုခြင်း ဖြစ်ပြီး လွှတ်တော် အမတ် ၉၆ ဦးအပြင် နိုင်ငံရေးသမား ၇၃ ဦးပါသော အဖွဲ့တစ်ခုလည်း ပါဝင်ခဲ့သည်။ ယမန်နေ့ကမူ ဂျပန်ကတ်ဘိနတ်မှ ၀န်ကြီး ၂ ဦးက လာရောက်ဂါရ၀ပြုခဲ့ပြီး ၀န်ကြီးချုပ်ရှင်ဇိုအာဘေးမှာ လာရောက်ခြင်းမရှိဘဲ စနေနေ့က ဆုတောင်းမှုသာ ပြုခဲ့သည်။
    အဆိုပါဗိမာန်မှာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရာဇ၀တ်မှု ကျူးလွန်ထားသော ဂျပန်စစ်အရာရှိများနှင့် ထိပ်တန်းနိုင်ငံရေးသမားများကို ဂုဏ်ပြုသည့် ဗိမာန်ဖြစ်ပြီး၊ ဂျပန်အစိုးရ တာဝန်ရှိသူများ သွားရောက်ဂါရ၀ပြုခြင်းမှာ စစ်အတွင်း ဂျပန်နိုင်ငံ၏ ကျူးကျော် နှိပ်စက်မှုကို ခံစားခဲ့ရသည့် မိမိတို့ဘိုးဘေးများကို မထိလေးစားပြုခြင်းဟု တရုတ်နှင့် တောင်ကိုရီးယားတို့က သတ်မှတ်ထားသည်။
    Ref: Channelnewsasia