အောက်တိုဘာ ၂၃၊ ၂၀၁၅
M-Media
– မိမိတို့အသင်းမှာ ၉၈ ရာခိုင်နှုန်းအထိ ကောင်းမွန်ခဲ့သော်လည်း အဆုံးအဖြတ် ၂ ရာခိုင်နှုန်း မရခဲ့၍ ပထမဆုံးနိုင်ပွဲနှင့် ဝေးခဲ့ရခြင်းဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။
ယနေ့မနက် ရူဘန်ကာဇန်နှင့် ၁ ဂိုးစီသရေကျခဲ့သည့် ယူရိုပါပွဲတွင် လီဗာပူးလ်မှာ ပထမပိုင်း ၁၅ မိနစ်မှာပင် ဦးဆောင်ဂိုး ပေးခဲ့သည်။ သို့သော်လည်း မိနစ် ၃၀ ကျော်တွင် ရူဘန်ကာဇန်က အသင်းခေါင်းဆောင် အထုတ်ခံခဲ့ရပြီး၊ သိပ်မကြာခင်မှာပင် အမ်ရီကန်က ချေပဂိုး သွင်းယူပေးနိုင်ခဲ့သည်။ နောက်ပိုင်းတွင် လီဗာပူးလ်က ကစားပုံကောင်းခဲ့သော်လည်း ဂိုးမရခဲ့ပေ။
“ကျွန်တော်တို့ အခြေအနေတစ်ချို့ ရခဲ့တယ်။ အခွင့်အရေးကောင်းတွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဂိုးမရခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ၉၈ ရာခိုင်နှုန်း အဆင်ပြေခဲ့ပေမယ့် အဆုံးအဖြတ်ဖြစ်စေမယ့် ၂ ရာခိုင်နှုန်းတော့ မရခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ပြဿနာက ဒါပါပဲ” ဟု ကလော့ပ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ၎င်း၏ ပထမဆုံး အိမ်ကွင်းအတွက် ပရိတ်သတ်များ၏ ကြိုဆိုအားပေးမှုကို ကျေနပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
“နွေးထွေးတဲ့ကြိုဆိုမှုပါပဲ။ ဒီညကတော့ ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံးအချိန်တွေထဲက တစ်ခုပါပဲ” ဟု ကလော့ပ်က ဆိုပြီး လူများက ၎င်းအား ကွင်းပြင်ထွက်နေသင့်သူတစ်ဦးဟု မယူဆခဲ့ခြင်းမှာလည်း မိမိတို့အားလုံးအတွက် အရေးပါသည့်ကိစ္စဖြစ်သည်ဟု အရွှန်းဖောက်ခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.