News @ M-Media

Blog

  • ခရီးသည်နှစ်ဦး ထိုးကြိတ်ကျ၍ အမေရိကန်လေယာဉ်တစ်စီး လမ်းတစ်ဝက်မှ ပြန်လှည့်ခဲ့ရ

    ခရီးသည်နှစ်ဦး ထိုးကြိတ်ကျ၍ အမေရိကန်လေယာဉ်တစ်စီး လမ်းတစ်ဝက်မှ ပြန်လှည့်ခဲ့ရ

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    us

    – လေယာဉ်ပေါ်တွင် ခရီးသည် ၂ ဦးအကြား စကားများရန်ဖြစ်မှုမှာ ကြီးမားလာသောကြောင့် လော့စ်အိန်ဂျလိစ်မှ ဆန်ဖရန်စစ္စကိုသို့ ပျံသန်းနေသည့် အမေရိကန် Southwest Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းမှာ လော့စ်အိန်ဂျလိစ်သို့ ပြန်လှည့်ခဲ့ရသည်ဟု သိရသည်။

    ယမန်နေ့က ခရီးသည် ၁၃၇ ဦး တင်ဆောင်သွားသည့် အဆိုပါ ဘိုးအင်း ၇၃၇-၃၀၀ လေယာဉ်တွင် သီးခြားစီ လိုက်ပါလာသော ခရီးသည် ၂ ဦး၏ ရန်ဖြစ်မှုမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသောကြောင့် ဆင်းသက်ပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များက လေယာဉ်ပေါ်သို့ တက်၍ ရန်ဖြစ်မှုကို ဖြေရှင်းပေးခဲ့ရသည်။

    ရန်ဖြစ်သူနှစ်ဦးထဲမှ တစ်ဦးကို ဖယ်ရှားကာ ကျန်ခရီးသည်များကို အခြားလေယာဉ်ဖြင့် ဆန်ဖရန်စစ္စကိုသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရပြီး သတ်မှတ်ထားသည့်အချိန်ထက် ၅ နာရီနောက်ကျပြီးမှ ရောက်ရှိခဲ့သည်။ လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့ကလည်း “ခရီးသည်များ၏ နှောက်ယှက်မှု” ကို ဖြေရှင်းပေးခဲ့ရသည်ဟု Twitter စာမျက်နှာတွင် အတည်ပြုခဲ့ပြီး အသေးစိတ်ကို ဖော်ပြခဲ့ခြင်းမရှိပေ။

    Ref: CNN

  • အစ္စရေးတွင် အပြစ်မဲ့ ဒုက္ခသည်တစ်ဦးကို လူအုပ်ဖြင့် ရိုက်နှက်သတ်ဖြတ်မှု လူ့အခွင့်အရေးအဖွဲ့များ ရှုတ်ချ

    အစ္စရေးတွင် အပြစ်မဲ့ ဒုက္ခသည်တစ်ဦးကို လူအုပ်ဖြင့် ရိုက်နှက်သတ်ဖြတ်မှု လူ့အခွင့်အရေးအဖွဲ့များ ရှုတ်ချ

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    is

    – အစ္စရေးတောင်းပိုင်းရှိ ဘတ်စ်ကားဂိတ်တစ်ခု၌ သေနတ်ပစ်ခတ်မှုအတွင်း အီရစ်ထရီယာနိုင်ငံမှ ဒုက္ခသည်တစ်ဦးကို အစ္စရေးရဲတပ်ဖွဲ့မှ ပစ်ခတ်ပြီး လူအုပ်ကြီးက ရိုက်နှက်သတ်ဖြတ်ခဲ့မှုအတွက် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ပြောကြားလိုက်သည်။

    ပါလက်စတိုင်းတို့အား ဖိနှိပ်မှုကို မကျေနပ်၍ အာရပ်တစ်ဦးက တနင်္ဂနွေနေ့ညပိုင်းတွင် သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သည့် အဆိုပါအဖြစ်အပျက်တွင် တိုက်ခိုက်မှုကို ရပ်ကြည့်နေသော ဟက်တမ် ဇာဟမ်ဟု အမည်ရသည့် အဆိုပါ ဒုက္ခသည်ကို အစ္စရေး လုံခြုံရေးရဲတပ်ဖွဲ့က မှားယွင်းပစ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်သူများက ၀ိုင်းဝန်းကန်ကျောက် ရိုက်နှက်ခဲ့သည်။

    ထိုဒဏ်ရာများကြောင့် ဇာဟမ်မှာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များကမူ အသက် ၂၉ နှစ်အရွယ် ဇာဟမ်အား သတ်ဖြတ်သူများကို တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်လာရန် ယမန်နေ့တွင် တောင်းဆိုခဲ့ကြသည်။

    “လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ဒေါသထွက်နေတဲ့လူအုပ်ကြီးရဲ့ လက်ထဲမှာ ဒုက္ခသည်တစ်ယောက် သေဆုံးသွားခြင်းဟာ ဆိုးရွားတဲ့ကိစ္စတစ်ခု ဖြစ်ပြီး အစ္စရေး နိုင်ငံရေးသမားတွေဟာ ပြည်သူတွေ ကိုယ့်လက်နဲ့ကိုယ် တရားစီရင်မှုကို ခွင့်ပြုထားတယ်ဆိုတဲ့ အခြေအနေ ကြီးထွားလာမှုကို မြင်ရတာလည်း ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch မှ အစ္စရေး-ပါလက်စတိုင်းဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဆာရီဘရှီးက ပြောကြားခဲ့သည်။

    “ဒီတိုက်ခိုက်မှုကို အစ္စရေး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို တရားစွဲဆိုသင့်ပါတယ်။ ပြည်သူ့လုံခြုံရေးအတွက် တကယ့်ခြိမ်းခြောက်မှုတွေကို အစ္စရေးက ရင်ဆိုင်နေရပေမယ့် အပြစ်မဲ့သူတွေ ထပ်ပြီး မထိခိုက်ဖို့၊ မသတ်ဖြတ်ဖို့ သတိထားရပါလိမ့်မယ်”

    Ref: Aljazeera

  • ဇယားထိပ်အပြောင်းအလဲဖြစ်လာတဲ့ လာလီဂါပွဲစဉ် ၈

    ဇယားထိပ်အပြောင်းအလဲဖြစ်လာတဲ့ လာလီဂါပွဲစဉ် ၈

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    laliga

    – ဒီတစ်ပတ် လာလီဂါပွဲစဉ် ၈ မှာတော့ ထိပ်ဆုံးက ဗီလာရီးယဲလ် ဒုတိယမြောက်ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီး ဇယားထိပ်မှာလည်း အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။

    ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ ဆယ်လ်တာဗီဂိုကို ၁၀ ယောက်ကျန် ဗီလာရီးယဲလ်တို့ ချေပဂိုး လိုက်သွင်းနိုင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်ကျမှ တစ်ဂိုးထပ်ပေးလိုက်ရပြီး အရှုံးပေးခဲ့ရတာက နစ်နာခဲ့ပါတယ်။ ရီးယဲလ်ကလည်း အကောင်းဆုံး အသင်းလိုက်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး မာဆယ်လို၊ ရော်နယ်ဒိုနဲ့ ဂျီဆီတို့ရဲ့သွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ လီဗန်တေးကို အနိုင်ယူကာ ဇယားထိပ်ဆုံးကို တက်လာခဲ့ပါတယ်။

    မက်ဆီမပါရင် ဂိုးရဖို့ခက်ခဲတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ဘာစီလိုနာက ဒီတစ်ပတ်မှာ ချေဖျက်ပြခဲ့ပြီး နေးမာရဲ့ သွင်းဂိုးလေးဂိုးနဲ့အတူ ဗယ်လlaliga 1က်ကာနိုကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာအပါအ၀င် ပြီးခဲ့တဲ့ ၂ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ယူရိုပါချန်ပီယံ ဆီးဗီးလားကတော့ ဂါမီရိုရဲ့ ၇၁ မိနစ်ဂိုးနဲ့ သရေတစ်မှတ်သာ ရခဲ့ပါတယ်။
    ဒီတစ်ပတ် လာလီဂါပွဲစဉ် ၈ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ရီးယဲလ်မက်ဒရစ် ၃-၀ လီဗန်တေး
    အိုက်ဘာ ၁-၁ ဆီးဗီးလား
    ဘာစီလိုနာ ၅-၂ ဗယ်လက်ကာနို
    ဗလင်စီယာ ၃-၀ မာလာဂါ
    ရီးယဲလ်ဘက်တစ် ၁-၃ အက်စပန်ညို
    ဗီလာရီးယဲလ် ၁-၂ ဆဲလ်တာဗီဂို
    ဆိုစီဒက် ၀-၂ အက်သလက်တီကို
    ဂီတာဖေး ၄-၀ လက်စ်ပါးမားစ်
    ဒီပို့တီဗို ၂-၂ ဘီဘာအို
    စပို့တင်းဂီဂျွန် ၃-၃ ဂရာနာဒါ

  • အမေရိကန် ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူများ၏ အီးမေးလ်များ ချိုးဖောက်ခံရ

    အမေရိကန် ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူများ၏ အီးမေးလ်များ ချိုးဖောက်ခံရ

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ထောက်လှမ်းရေးဌာန စီအိုင်အေအကြီးအကဲ ဂျွန်ဘရန်နန်နှင့် ပြည်တွင်းလုံခြုံရေး အတွင်းရေးမှူး ဂျီဟ် ဂျွန်ဆင်တို့၏ အီးမေးလ်များမှာ ချိုးဖောက်တိုက်ခိုက်ခံခဲ့ရပြီး ဖိနှိပ်ခံ ပါလက်စတိုင်းများကို ထောက်ခံသည့် အဖွဲ့မှ အမေရိကန်လူငယ် ဟက်ကာတစ်ဦးက ထိုကိစ္စအတွက် တာဝန်ယူခဲ့သည်။

    FBI နှင့် စီအိုင်အေတို့မှာ ထိုကိစ္စအတွက် စုံစမ်စစ်ဆေးမှုများ ပြုလုပ်နေပြီး တာဝန်ရှိသူတစ်ဦးကမူ ထိုချိုးဖောက်မှုအတွင်း လျှို့ဝှက်သတင်းအချက်အလက်များ ပေါက်ကြားခဲ့မှုမရှိဟု CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

    လူငယ်ဟက်ကာကမူ ဘရန်နန်၏ အီးမေးလ်အကောင့်မှ အမေရိကန် ထောက်လှမ်ရေး တာဝန်ရှိသူ ၁၂ ဦးကျော်၏ ဖုန်းနံပါတ်များကဲ့သို့ အချက်အလက်များကို ရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး၊ စာမျက်နှာ ၅၀ နီးပါးရှိသည့် ဘရန်နန်၏ လုံခြုံရေးဆိုင်ရာ ထိပ်တန်း စာရွက်စာတမ်းများကိုလည်း ရရှိခဲ့သည်ဟုဆိုသည်။ ဂျွန်ဆင်၏ အီးမေးလ်မှ အရေးအကြီးအချက်အလက် မည်မျှပါသွားသည်ကို တိတိကျကျ သိရှိခြင်း မရှိသေးပေ။

    Ref: RT

  • နိုင်ငံ၏ စီးပွားရေးပြဿနာ ပြေလည်စေရန် ဇမ်ဘီယာတွင် တစ်နိုင်ငံလုံး ဆုတောင်းပွဲ ပြုလုပ်

    နိုင်ငံ၏ စီးပွားရေးပြဿနာ ပြေလည်စေရန် ဇမ်ဘီယာတွင် တစ်နိုင်ငံလုံး ဆုတောင်းပွဲ ပြုလုပ်

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    zambi

    – နိုင်ငံ၏ငွေကြေး ဆိုးဝါးဝါးကျဆင်းမှုကို ရပ်တန့်ရန်အတွင် ဇမ်ဘီယာသမ္မတ အဒ်ဂါ လွန်ဂူမှာ ယမန်နေ့တွင် တစ်နိုင်ငံလုံး ဆုတောင်းပွဲ ကျင်းပခဲ့ပြီး အရက်ဘားများနှင့် ဘောလုံးပွဲများကိုလည်း ရပ်နားခဲ့သည်။

    နိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သော ကော့ပါဈေးများ သိသိသာသာ ကျဆင်းမှုကြောင့် ဇမ်ဘီယာငွေ ကွာချာ (kwacha) မှာ ယခုနှစ်အစောပိုင်းမှစ၍ ၄၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သမ္မတလွန်ဂူမှာ ပြီးခဲ့သည့်လက ဆုတောင်းပွဲကျင်းပရန် အမိန့်ပေးခဲ့သည်။

    စားသောက်ကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ပြီး နိုင်ငံ၏ ဒေသအများစုကို လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေသည့် ရေအားလျှပ်စစ်စက်ရုံ တည်ရှိရာ ကာရီဘာ ကန်ကြီးမှာလည်း ရေများ ခန်းလာသောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့်လည်း ကြုံတွေ့ခဲ့ရသည်။

    အကြံကောင်းဥာဏ်ကောင်းများ

    ကွာချာငွေကြေး ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းမှုမှာ ကမ္ဘာ့ငွေကြေး ၁၅၅ ခုတွင် ယခုနှစ်အတွင်း အဆိုးရွားဆုံး ကျဆင်းမှုလည်း ဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ငိုကြွေးမှုတွေကို ကြားသိပါတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးပါတယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ လူမှုစီးပွား ပြဿနာတွေကို ဘုရားသခင်က ပြေလည်စေလိမ့်မယ်လို့ ကျွန်တော်တို့ အသေအချာ ယုံကြည်ပါတယ်” ဟု မြို့တော် လူဆာကာ၌ ပြုလုပ်ပြီး လူပေါင်း ၅၀၀၀ ခန့် တက်ရောက်ခဲ့သည့် ဆုတောင်းပွဲတွင် လွန်ဂူက ပြောကြားခဲ့သည်။

    ထိုဆုတောင်းပွဲသို ယခင်သမ္မတဟောင်းများ ဖြစ်ကြသော ကန်နက်သ် ကွန်ဒါနှင့် ရူပီယာ ဘန်ဒါတို့လည်း တက်ရောက်ခဲ့ကြသည်။ လွန်ဂူကမူ ကြုံတွေ့နေရသော ပြဿနာအတွက် အကြံကောင်းဥာဏ်ကောင်း ပေးနိုင်သူများ ရှေ့ထွက်လာရန် တောင်းဆိုခဲ့ပြီး မိမိတို့အစိုးရမှာ တံခါးဖွင့်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဆိုတာ ခင်ဗျားတို့အားလုံး သိကြပါတယ်။ ခင်ဗျားတို့အားလုံး အကောင်းဆုံး ဆောင်ရွက်ဖို့နဲ့ ကျန်တာတွေကို ဘုရားသခင်ကို လွှဲထားဖို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်” ဟု လွန်ဂူက ထည့်သွင်း ပြောကြားခဲ့သည်။

    ဇမ်ဘီယာအား တည်ထောင်ခဲ့သော သမ္မတဟောင်း ကွန်ဒါကလည်း ကြုံတွေ့နေရသည့် ပြဿနာများကို လွန်ဂူက ရင်ဆိုင်ဖြေရှင်းရာတွင် ကူညီပေးရန် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။

    အရက်ဘားများ ပိတ်

    “အိုဘုရားသခင် – ဒီလူငယ်များ အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် ပြဿနာများကို ဖြေရှင်းရာတွင်လည်း ကူညီစောင်မတော်မူပါ” ဟု ကွန်ဒါမှာ လွန်ဂူ၏ ခေါင်းပေါ်သို့ လက်တင်၍ ဆုတောင်းပေးခဲ့သည်။

    တနင်္ဂနွေနေ့တွင် ကစားမည့် ဘောလုံးပြိုင်ပွဲအားလုံးကို ဇမ်ဘီယာ ဘောလုံးအဖွဲ့ချုပ်က ရပ်နားပေးခဲ့ပြီး အစိုးရကလည်း အရက်ဘားများအနေဖြင့် ဆုတောင်းပွဲနေ့တွင် ညနေ ၆ နာရီနောက်ပိုင်းသာ ဖွင့်ရမည်ဟု ကြေငြာခဲ့သည်။

    အစိုးရကို ဝေဖန်သူများက လွန်ဂူမှာ နိုင်ငံ၏ စီးပွားရေးပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ ယခု ဆုတောင်းပွဲမှာလည်း လူများအား အာရုံပြောင်းခြင်းသာဖြစ်သည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။

    ဆုတောင်းပွဲအခမ်းနားတွင် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ပီတာ နဒ်လိုဗူက ဝေဖန်သူများကို ပြန်လည်တုန့်ပြန်ခဲ့သည်။

    “ရွှေတို့၊ ငွေတို့ဟာ ဘုရားသခင်သာ ပိုင်တယ်လို့ သမ္မာကျမ်းစာမှာ ပြောထားပါတယ်။ တကယ်လို့ ငါတို့ ဆုတောင်းရင် ဘုရားသခင်က ငါတို့ရဲ့ စီးပွားရေးကို ပြန်ကောင်းလာအောင် လုပ်ပေးလိမ့်မယ်”

    Ref: Aljazeera