News @ M-Media

Blog

  • မွတ်စလင်တွေ ဘယ်သူ့ ကိုမဲပေးရမလဲ

    မွတ်စလင်တွေ ဘယ်သူ့ ကိုမဲပေးရမလဲ

    အောက်တိုဘာ ၁၆ ၊ ၂၀၁၅
    ရေးသူ – ဦးမန်း
    vote
    ၂၀၁၅ရွေးကောက်ပွဲနီးစပ်လာတာနဲ့ အမျှ ခေတ်အဆက်ဆက် အဖိနှိပ်ခံဖြစ်နေတဲ့ မွတ်စ်လင်တွေရဲ့  ဘယ်သူ့ ကိုမဲပေးရမလဲဆိုတဲ့ ပြဿနာက တော်တော်ကြီးထွားလာပါတယ်။

    အထူးသဖြင့် မွတ်စလင် အများစုနေထိုင်တဲ့မြို့ နယ်တွေမှာ ဒီဂယက်ဟာ ရွေးကောက်ပွဲ မပြီးမချင်း နေ့ စဉ်ကြုံတွေ့ ရတဲ့ ပြဿနာ တစ်ခုဖြစ်လာပါတယ်။

    ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်မြို့ ရှိ မွတ်စလင် အများစုရှိတဲ့ မြို့ နယ်တွေအားလုံးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အတွက် အားရကျေနပ်စရာကောင်းလောက်အောင် နိုင်ခဲ့ပါတယ်။

    တကယ့်တကယ်တမ်းဆိုရင် မွတ်စလင်တွေက သူတို့ အတွက် ကယ်တင်ရှင်လာပြီဆိုတဲ့ အတွေးနဲ့  ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။

    ဒီလိုပဲ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း အာဏာရှင်ထက် ပိုကောင်းမယ်လို့ ယူဆလို့  အဲ့ဒီတုန်းက ခမောက်ပါတီဖြစ်တဲ့ NDF ကို မဲပေးခဲ့ကြတာပါ။

    ကြားကာလဖြစ်တဲ့ ၂၀၁၂ခုနှစ်ကနေ ၂၀၁၅ခုနှစ်အတွင်း ၉၆၉တံဆိပ်များနဲ့ အတူ ဘာသာရေးအကြမ်းဖက်မှု တွေက တိုင်းနဲ့ ပြည်နယ်အနှံ့  ကမ်းပါးပြိုသလို ဒလဟောဖြစ်လာခဲ့တဲ့ အချိန် မွတ်စလင် လူစုအတွက် မျက်လုံးပြူးမျက်ဆံပြာဖြစ်ကုန်ကြတယ်။
    နိုင်ငံရေးကစားကွက်လို့ တွေးထင်ယူဆကြပေလို့   အတိုက်ခံဟာ လူနည်းစု အတွက် နှုတ်ဆိတ်စရာကောင်း လွန်းနေပြန်တယ်။ ဘာလို့ ဆိုတော့ မွတ်စ်လင်တွေသာ ထကြွမယ်ဆိုရင် သူတို့ (စစ်တပ်) လိုချင်တဲ့ ပန်းတိုင်ဖြစ်တဲ့ အာဏာရှင်ခြေဖ၀ါးအောက်မှာ ၀ပ်တွားရမယ်ဆိုတာ မွတ်စ်လင်တိုင်းသိနေကြလို့ ပါပဲ။

    ဒါ့ကြောင့်  မွတ်စလင်ထဲက တစ်ချို့  က ဘာသာရေးတရားများ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကသွားရင်း နိုင်ငံရေး နယ်ပယ်ထဲကို မသိလိုက် မသိဘာသာနဲ့ ရောက်သွားကြတယ်။

    အမျိုး၊ဘာသာ၊ သာသနာအဖွဲ့ (မဘသ) အဖွဲ့ နာမည်ကျော်ကြားမှုနဲ့  ဦးဝီရသူရဲ့ ရှမ်းရှမ်းတောက် မိန့်ခွန်းတွေအကြား အလူးအလဲနဲ့ မွတ်စလင် အများစု ဘ၀က နေစာမြက်လို ခြောက်ယောင်းလာပါတော့တယ်။

    သွားရေးလာရေးကအစ လူမှုဆက်ဆံရေး နယ်ပယ် အဆုံး မြို့ ကြီးတွေမှာ အတော်အသင့်နဲ့ နယ်မြို့ လေးတွေမှာ ဆိုးဆိုးဝါးဝါး ကျီးလန့် စာစားဖြစ်လာကြတယ်။သွားသတိ၊လာသတိနဲ့  နိုင်ငံသားတစ်ယောက်ရဲ့ လုံခြုံမှုက ပျောက်ဆုံးလာတယ်။

    ဖြစ်ခဲ့တဲ့ ပဋိပက္ခတိုင်းမှာ အစိုးရကိုယ်တိုင်က ပါဝင်ပတ်သက်နေတယ်လို့ ယူဆနိုင်တဲ့ အထောက်အထားတွေ့ လာရတဲ့အချိန်မှာ မွတ်စလင်တွေဟာ ကိုယ့်ဘ၀အတွက် ကိုယ်ကိုယ်တိုင် ဒိုင်းဖြစ်နေတယ်ဆိုတာ သိလာကြရတယ်။

    သူတို့ အကောင်းဆုံးဖြေဆေး တစ်ခွက်ဖြစ်လာနိုင်တာက ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲပါ။ အစိုးရအပြောင်းအလဲမှာ သူတို့ ဘ၀တွေ စိုပြေလာနိုင်တယ်လို့ အများစုက ယူဆထားကြတယ်။

    ဒါကြောင့် အပြောင်းအလဲလုပ်နိုင်တယ်လို့ တစ်နိုင်ငံလုံးက ယူဆနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကို ၀န်းရံဖို့ ဆုံးဖြတ်ထားကြသလို မွတ်စ်လင်နိုင်ငံရေးသမားတွေ ကိုယ်စားလှယ်လောင်းတွေ အဖြစ်စာရင်းသွင်းကြတဲ့အချိန် ပျော်ကြပြန်တယ်။ငါတို့ လူတွေတော့ ငါတို့ အရေးအတွက် အော်ပေးတော့မယ်ဆိုတာမျိုးပေါ့။

    မဘသ ရန်ကြောင့် မွတ်စလင် အမတ်လောင်းတွေကို မရွေးချယ်ရတာပါလို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်ရဲ့ ပြောကြားချက်က မွတ်စလင်တွေရဲ့ မျှော်လင့်ချက်တွေ ပျက်စီးခဲ့တယ်လို့ ဆိုရမှာဖြစ်တယ်။

    အဲ့ဒီလိုပဲ မဘသအဖွဲ့ ရဲ့ မျိုးစောင့် ဥပဒေအောင်ပွဲ အခမ်းအနားကို နိုင်ငံလုံးအနှံ့ ခြိမ့်ခြိမ့်သဲ လုပ်ရင်း သူတို့ ဆိုခဲ့တဲ့ မွတ်စလင်ကင်းစင်တဲ့ လွှတ်တော်ကြီးဟာ ဖြစ်တည်လာမယ့်သဘောပါ။

    ဒီအချိန်မှာပဲ မွတ်စလင်ပါတီတွေထဲက နိုင်ငံရေးနောက်ခံတောင့်တင်းတဲ့ အမတ်လောင်းတွေ ထွက်ပေါ်လာပြန်သလို ပရဟတိလုပ်ရင်း ပါတီနိုင်ငံရေး ဇာတ်ခုံပေါ်ရောက်လာတဲ့ အမတ်လောင်းတွေလည်း ရှိလာပါတယ်။

    အငြင်းပွားစရာတွေပြည့်တဲ့ အချိန်ဖြစ်လာပါတယ်။တစ်ချို့  မွတ်စလင်အမတ်လောင်းတွေကလည်း နိုင်ငံရေးနောက်ခံ သမိုင်းကြောင်းမရှိ အရေးပေါ် ထိုးတင်ထားရတဲ့ အခြေအနေမျိုးဖြစ်တဲ့ အတွက် ရွေးကောက်ပွဲအောင်နိုင်ရေးကို ဘယ်လိုဆောင်ရွက်ရမလဲ မသိဘူးဆိုတာ မီဒီယာတွေနဲ့ အင်တာဗျူးတွေမှာတွေ့ နေရပါတယ်။

    မွတ်စလင်တွေအတွက် အဓိက ပန်းတိုင်ဖြစ်တဲ့ နို်င်ငံသား အခွင့်အရေး အပြည့်အ၀ရရှိရေးအတွက် အပြောင်းအလဲလုပ်လိုတဲ့ ပါတီကြီးတစ်ခုအနိင်ရမှ အစိုးရဖွဲ့ နိုင်မှဖြစ်မှာပါ။ သို့ သော်လည်း တစ်ဖက်မှာက ကြားဖြတ်အချိန်မှာ အောင်နိုင်ထားတဲ့ အမတ်ကို မကြိုက်လို့ မွတ်စ်လင်ပါတီကို မဲပေးမယ်၊ငါတို့ အတွက် ငါတို့ ဘာသာဝင် တစ်ယောက်တော့ရှိသင့်တယ်ဆိုတဲ့ အမြင်တွေလည်းရှိနေပါတယ်။ ဒီမိုကရေစီနိုင်ငံရဲ့ အနှစ်သာရမှာ လွတ်လပ်စွာ အမြင်ကွဲပြားနိုင်ခြင်းပါပဲ။

    မွတ်စလင် တစ်ယောက်လွှတ်တော်ထဲရောက်လို့  အလုပ်မတွင်ဘူးဆိုတာ သိပေမယ့် သမိုင်းကြောင်းတစ်လျှောက် နိုင်ငံအကျိုးထမ်းဆောင်ခဲ့တဲ့ အရာက ၂၀၁၅ခုနှစ်ကျမှ ရိုင်းမယ့် ပုံစံဖြစ်လာပါတယ်။ တစ်ဖက် အစိမ်းရောင်ပါတီကလည်း မွတ်စလင်ကို စိတ်ကြိုက်အသုံးပြုပြီးမှ နင်းချေခဲ့ပြန်တယ်။တစ်ဖက် အနီရောင်ပါတီကျပြန်တော့ မဘသရန်ကြောင့် မွတ်စ်လင်တွေနေခဲ့ရပြန်တယ်။

    ဒါပေမယ့် တစ်နိုင်ငံလုံးအတွက် အပြောင်းအလဲက အရေးကြီးနေပြန်တယ်။

    အပြောင်းအလဲအတွက် အနီရောင်ဟာ အရေးကြီးသလို အပြောင်းအလဲ လုပ်တိုင်း ကြားမညှပ်စေဖို့ နိုင်ငံရေးနောက်ခံကောင်းပြီး လွှတ်တော်ထဲမှာ အကြောင်းလှနိုင်တဲ့ မွတ်စလင်အမတ်လောင်းတွေလည်း လိုအပ်တယ်လို့ ဆိုပါရစေ….

    * ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

  • မက်ဆီက မာရာဒိုနာထက် အရည်အချင်းပိုရှိသည်ဟု အာဂျင်တီးနားနည်းပြဟောင်း ပြော

    မက်ဆီက မာရာဒိုနာထက် အရည်အချင်းပိုရှိသည်ဟု အာဂျင်တီးနားနည်းပြဟောင်း ပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    messi

    – ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီမှာ တစ်နိုင်ငံတည်းသား ဂန္တ၀င်ကစားသမား မာရာဒိုနာထက် အာဂျင်တီးနား လက်ရွေးစင်အသင်းအား ပိုမို ပေးဆပ်သည်ဟု ဘာစီလိုနာနှင့် အာဂျင်တီးနားနည်းပြဟောင်း ဆီဇာလူးဝစ် မီနော့တီက ပြောကြားလိုက်သည်။

    မာရာဒိုနာမှာ ၁၉၈၆ ခုနှစ်တွင် အာဂျင်တီးနားသင်းနှင့် ကမ္ဘာဖလားကို ဆွတ်ခူးရရှိခဲ့ပြီး မက်ဆီကမူ နိုင်ငံအသင်းအတွက် ခြေစွမ်းကောင်းများ ပြသခဲ့သော်လည်း လောက်လောက်လားလား အောင်မြင်မှုမျိုး မရသေးပေ။

    “သိပ်ဝေးဝေးမကြည့်ရင်တော့ သူတို့နှစ်ဦးစလုံးဟာ တူညီတယ်လို့ ထင်ရပါတယ်။ ဒီယေဂို (မာရာဒိုနာ) ရဲ့ တိုးတက်မှုဟာ နည်းနည်းကွဲပြားပြီး ပိုပြီးတော့ ခေါင်းဆောင်မှုဆန်ပါတယ်။ မက်ဆီရဲ့တိုးတက်မှုက ပိုပြီးမှန်ကန်ပါတယ်။ ဘာ့ကြောင်လည်းဆိုတော့ သူကစားတဲ့ကလပ်ကြောင့်ပါပဲ။ ဒီယေဂိုလိုပဲ သူ ဂိုးတွေသွင်းပါတယ်။ မက်ဆီက အရည်အချင်းပိုရှိတယ် ဆိုတာကတော့ အငြင်းပွားစရာ မရှိပါဘူး။ ပြီးတော့ အာဂျင်တီးနားအသင်းက တစ်ခါတစ်ရံ သူ့အတွက် အထောက်အကူဖြစ်ပြီး တစ်ခါတစ်ရံတော့ မဖြစ်ပါဘူး” ဟု
    မီနော့တီက ပြောကြားခဲ့သည်။

    Ref: Goal

  • ဆော်ဒီအမျိုးသမီးများ တက္ကဆီအခမဲ့စီး၍ ကင်ဆာရှိ၊ မရှိ စစ်ဆေးခွင့်ရမည်

    ဆော်ဒီအမျိုးသမီးများ တက္ကဆီအခမဲ့စီး၍ ကင်ဆာရှိ၊ မရှိ စစ်ဆေးခွင့်ရမည်

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    saudi

    – ရင်သားကင်ဆာနှင့်ပတ်သက်သည့် အသိပညာပေးမှုကို မြှင့်တင်သည့်အနေဖြင့် ဆော်ဒီရှိ တက္ကဆီကုမ္ပဏီတစ်ခုမှာ အမျိုးသမီးခရီးသည်များကို ကင်ဆာနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ရန် ဆေးရုံသို့ အခမဲ့လိုက်ပို့ပေးသည့် လှုပ်ရှားမှုကို စတင်ခဲ့သည်ဟု သိရသည်။

    Easy Taxi ကုမ္ပဏီနှင့် Zahra Brest Cancer အသင်းတို့ ပူးပေါင်းကာ ဂျစ်ဒါနှင့် ရီယဒ်တို့တွင် ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကင်ဆာရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုများကိုလည်း အဆိုပါ ကင်ဆာအသင်းကပင် ဆေးရုံများ၌ အခမဲ့ စစ်ဆေးမှုများ ပြုလုပ်ပေးခြင်းဖြစ်သည်။

    “စောစောစီးစီး စမ်းသပ်စစ်ဆေးမှု၊ ပညာပေးမှု၊ ကူညီပံ့ပိုးပေးမှု စတာတွေကို ပြုလုပ်ပေပြီး အမျိုးသမီးတွေ ရင်သားကင်ဆာအန္တရာယ်ကို တွန်းလှန်ဖို့ အခွင့်အရေးပေးတဲ့ Zahra Breast Cancer လို ထိရောက်မှုရှိပြီး၊ လေးစားအားကျဖွယ်ကောင်းတဲ့ အသင်းအဖွဲ့မျိုးနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့တွက် ကျွန်တော်တို့ အင်မတန်မှ ဂုဏ်ယူမိပါတယ်” ဟု ဆော်ဒီ Easy Taxi မှ အထွေထွေမန်နေဂျာ ယူဂျန် ဘရစ်က်စီယက်စ်က ပြောကြားခဲ့သည်။

    ထိုဝန်ဆောင်မှုကို ရင်သားကင်ဆာ အသိပညာပေးရေးလ ဖြစ်သော အောက်တိုဘာ လကုန်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အမျိုးသမီးများမှာ ထိုကင်ဆာရောဂါနှင့်ပတ်သက်၍ သတိပြုမိကြသော်လည်း ရောဂါကို စောစောပိုင်းအဆင့်များတွင် သိရှိရန် မကြိုးစားကြပေ။

    ကင်ဆာရောဂါ ရှိ၊ မရှိ သွားရောက်စစ်ဆေးရန်အတွက် ဆော်ဒီအမျိုးသမီးများမှာ Easy Taxi အခမဲ့စီးနင်းခွင့်ကို အီမေးလ်ဖြင့် ရယူနိုင်မည်ဖြစ်သည်။

    Eazy Taxi တက္ကဆီမှာ ဒီဇင်ဘာတွင်ပြုလုပ်မည့် မြူနီစီပယ်ရွေးကောက်ပွဲ အမျိုးသမီးများ မဲသွားထည့်ရာတွင် ရီယာ့ဒ်၊ ဂျစ်ဒါ၊ ဒန်မမ်နှင့် အလ်-ခိုဘာရ်မြို့များ၌ မဲရုံများသို့ အခမဲ့ ပို့ဆောင်ပေးသွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကြေငြာခဲ့သည်။

    Ref: Alarabiya

  • ပလာတီနီအား ဖီဖာဥက္ကဌလောင်းအဖြစ် ထောက်ခံမှု FA ရပ်ဆိုင်း

    ပလာတီနီအား ဖီဖာဥက္ကဌလောင်းအဖြစ် ထောက်ခံမှု FA ရပ်ဆိုင်း

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    pla

    – ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီအား ကမ္ဘာ့ဖလားဥက္ကဌအဖြစ် ၀င်ရောက်အရွေးခံရန် မိမိတို့၏ ထောက်ခံမှုကို ဆိုင်းငံ့ထားလိုက်ပြီး ၎င်းရင်ဆိုင်နေရသည့် ငွေကြေးအရှုပ်အရှင်းများအတွက် စုံစမ်းစစ်ဆေးမှု ရလဒ်များကို စောင့်ကြည့်သွားမည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ယနေ့တွင် ကြေငြာလိုက်သည်။

    လက်ရှိဥက္ကဌ ဆပ်ဘလတ္တာ ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေငြာပြီးနောက်ပိုင်း လာမည့်နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် ဖီဖာဥက္ကဌ ရွေးကောက်ပွဲတွင် ပလာတီနီမှာ အရွေးခံရရန် ရေပန်းစားနေသူဖြစ်သည်။ သို့သော်လည်း ဆပ်ဘလတ္တာနှင့် ဆက်စပ်၍ ၎င်းမှာ ငွေကြေးအရှုပ်အရှင်းများနှင့် ရင်ဆိုင်နေရပြီး ပြီးခဲ့သည့်သီတင်းပတ်တွင် ဖီဖာကလည်း ၎င်းတို့နှစ်ဦးအား ရက်ပေါင်း ၉၀ တာဝန်မှ
    ရပ်စဲလိုက်သည်။

    “မိုက်ကယ်ပလာတီနီရဲ့ ကျင့်ဝတ်ပြဿနာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၅ ရက်နေ့မှာ ယူအီးအက်ဖ်အေက ကြေငြာချက်ထုတ်တာကို FA က ထောက်ခံပါတယ်။.. မစ္စတာ ပလာတီနီဟာ ဒီစွဲချက်တွေကို ရင်ဆိုင်ရာမှာ အောင်မြင်မှုရပြီး သူ့ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ပါစေလို့လည်း FA က ဆန္ဒပြုပါတယ်။ ပြီးတော့ ဒီလုပ်ငန်းစဉ်ကို ပျက်ဆီးစေမယ့် ဆောင်ရွက်မှုမျိုးကိုလည်း ကျွန်တော်တို့ စိတ်မ၀င်စားပါဘူး” ဟု FA က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် မိမိတို့အနေဖြင့် ထိုပြဿနာနှင့်ပတ်သက်သည့် အခြားအချက်အလက်များကိုလည်း ထပ်မံသိရှိခဲ့ပြီး၊ တရားရေးဆိုင်ရာများ ပြေလည်သွားကာ ပလာတီနီ၏ အခြေအနေ ရှင်းလင်းသွားသည်အထိ ၎င်းအား ဖီဖာဥက္ကဌလောင်းအဖြစ် ထောက်ခံမှုကို ရပ်ဆိုင်းသွားမည်ဟု ယနေ့မနက်တွင် ဆုံးဖြတ်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အဆီယံနိုင်ငံများနှင့် ဆက်ဆံရေးကောင်းချင်သည်ဟု တရုတ်ပြော

    အဆီယံနိုင်ငံများနှင့် ဆက်ဆံရေးကောင်းချင်သည်ဟု တရုတ်ပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    – မိမိတို့အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ချင်ပြီး နိုင်ငံခြား တပ်ဖွဲ့များ ဆိုရှယ်မီဒီယာမှ လှုံ့ဆော်မှုအပါအ၀င် ခြိမ်းခြောက်မှုများရှိနေသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့အားလုံးမှာ ကြိုစားဆောင်ရွက်ရန် လိုအပ်သည်ဟု အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် တရုတ် ကာကွယ်ရေးဝန်ကြီး ချန်ဝမ်ကွမ်က ယနေ့တွင် ပြောကြားလိုက်သည်။

    တရုတ်နှင့် အရှေ့တောင်အရှနိုင်ငံများမှာ တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက်အငြင်းပွားမှုများ ရှိနေပြီး အထူးသဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့နှင့် တင်းမာမှုများမှာ ပြီးခဲ့သည့်နှစ်များအတွင်း မြင့်တက်လာခဲ့သည်။

    “အခုအချိန်မှာ ဒေသတွင်းအခြေအနေဟာ ယေဘူယျအားဖြင့်တော့ တည်ငြိမ်နေပါတယ်။ ဒါပေမယ့် သိသာတဲ့ စီးပွားရေးကျဆင်းမှု ဖိအားတွေ ရှိနေပြီး ပုံမှန်မဟုတ်တဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကလည်း တိုးလာပါတယ်။ နိုင်ငံခြားတပ်ဖွဲ့တွေကလည်း အင်တာနက်၊ ဆိုရှယ်မီဒီယာနဲ့ အခြားနည်းလမ်းတွေကို သုံးပြီး ဒေသတွင်းက နိုင်ငံတွေနဲ့ပတ်သက်ပြီး လှုံ့ဆော်မှုတွေလုပ်နေကာ လူမှုလုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်” ဟု ချန်က ပြောကြားခဲ့သည်။

    ထို့ပြင် အာဆီယံနိုင်ငံများတွင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို တရုတ်နိုင်ငံက တိုးမြှင့်လုပ်ဆောင်ချင်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Channelnewsasia