News @ M-Media

Blog

  • အစိုးရအား ဝေဖန်သူ ၂ ဦးကို မလေးရှား ဖမ်းဆီး

    အစိုးရအား ဝေဖန်သူ ၂ ဦးကို မလေးရှား ဖမ်းဆီး

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    malay

    – အစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်သူ ၂ ဦးကို နိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးစနစ်များအား နှောင့်ယှက်သည်ဟုဆိုကာ မလေးရှားအစိုးရက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ခိုင်ရူဒင် အဘူဟာဆန်နှင့် မက်သီယက်စ် ချန် တို့ ဖြစ်ကြပြီး ၂၀၁၂ ခုနှစ် လုံခြုံရေးချိုးဖောက်မှု (အထူး) အက်ဥပဒေ SOSMA ဖြင့် ယနေ့တွင် ထိန်းသိမ်းခဲ့သည်။ အဘူဟာဆန်မှာ အာဏာရပါတီဟောင်း UMNO ပါတီ ဌာနတစ်ခု၏ ဥက္ကဌဖြစ်ပြီး ချန်ကမူ ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်၏ အနီးကပ်အကြံပေးတစ်ဦး ဖြစ်သည်။

    အစိုးရရုံးစိုက်ရာ ပူထရာဂျာယာ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာ မဟာသီမှာ ထိုတရားစွဲဆိုခြင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သဘောထားကွဲလွဲသူများကို မရှုနိုင်မကယ်နိုင်ဖြစ်အောင် အာဏာအလွဲသုံးစားလုပ်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၀န်ကြီးချုပ် နာဂျစ်ဘ်အား ဖယ်ရှားရန်အတွက် လွှတ်တော်ထဲတွင် အယုံအကြည်မရှိ အဆိုတင်သွင်းရန်လည်း တိုက်တွန်းခဲ့သည်။

    “SOSMA က အကြမ်းဖက်သမားတွေအတွက်ပဲ။ မာသီယက်စ်ချန် ဒါမှမဟုတ် ခိုင်ရူဒင်တို့က အကြမ်းဖက်သမားတွေ မို့လို့လား။ သူတို့က အစိုးရရဲ့ တစ်လွဲလုပ်တာတွေကို ထောက်ပြရုံပဲ။ သူတို့ဟာ (ငွေကြေးခ၀ါချမှု စုံစမ်းစစ်ဆေးခြင်းမှာ) အစိုးရရဲ့ ပါဝင်မှု၊ နိုင်ငံခြားအစိုးရတွေရဲ့ ပါဝင်မှုကို ဖော်ထုတ်တာပါပဲ” ဟု မဟာသီက ပြောကြာဲး့သည်။

    ခိုင်ရူဒင်နှင့် ချန်တို့မှာ အကြွေးနွံနစ်နေသော နိုင်ငံတော်ပိုင် မလေးရှားဖွံ့ဖြိုးရေးဘဏ် 1MDB နှင့် ဆက်စပ်နေသည့် ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးသူများကို နိုင်ငံခြားသို့ သွားရောက်က သတင်းပေးပို့မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

    ခိုင်ရူဒင်ကမူ “ကျွန်တော်တို့ နာဂျစ်ဘ်ကို အဆုံးအထိ တိုက်သွားမှာပါ။ နာဂျစ်ဘ်လက်တွေ လက်ထိပ်ခတ် ခံရအောင် ကျွန်တော် အသေအချာ ဆောင်ရွက်သွားမှာပါ” ဟု တရားရုံးတွင် သတင်းထာက်များအား ပြောကြားခဲ့သည်။

    ၎င်းတို့နှစ်ဦးမှာ အောက်တိုဘာ ၂၆ ရက်နေ့တွင် တရားရုံးသို့ လာရောက်၍ တရားရင်ဆိုင်ရဖွယ် ရှိနေပြီး အပြစ်ရှိကြောင်း တွေ့ရှိရပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရဖွယ် ရှိနေသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

    Ref: Channelnewsasia

  • ပရီးမီးယားလိဂ်သို့ အန်ဆယ်လော့တီ ပြန်လာချင်

    ပရီးမီးယားလိဂ်သို့ အန်ဆယ်လော့တီ ပြန်လာချင်

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    loti

    – မိမိအနေဖြင့် နည်းပြလောကမှ အနားမယူခင် ပရီးမီးယားလိဂ်သို့ ထပ်မံလာရောက်၍ နည်းပြချင်သည်ဟု ကာလို
    အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    ချယ်ဆီးနည်းပြအဖြစ် ၂၀၀၉-၂၀၁၀ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်နှင့် FA ဖလားတို့ကို ရယူနိုင်ခဲ့သည့် အန်ဆယ်လော့တီမှာ နောက်ရာသီတွင် ဆုဖလားများ ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် အသင်းမှ ထွက်ခွာခဲ့ရကာ ပီအက်စ်ဂျီ၊ ရီးယဲလ်တို့တွင် နည်းပြအဖြစ်ဆောင်ရွက်ခဲ့သည်။ လီဗာပူးလ်အသင်းက ကလော့ပ်အား မခန့်အပ်ခင် ၎င်းကို ဆက်သွယ်ခဲ့သေးသည်။

    “ပရီးမီးယားလိဂ်အတွေ့အကြုံကို ကျွန်တော် အိပ်မက်မက်နေတုန်းပါ။ အဲဒီနေရာဟာ မှန်ကန်တဲ့ဖိအားနဲ့အတူ ဘောလုံးအတွက် အလုပ်လုပ်ရတဲ့ နေရာပါပဲ။ ပထမဆုံးအနေနဲ့ ကျွန်တော် အဲဒီမှာ နည်းပြချင်တယ်။ ဒါပေမယ့် ဘယ်အချိန်အနားယူရမလဲ ဆိုတာလည်း ကျွန်တော် စဉ်းစားရပါမယ်” ဟု အန်ဆယ်လော့တီက ၎င်း၏ဆန္ဒနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    Ref: Goal

  • ဒေါ်ကြူကြူဝင်း-၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၂)

    ဒေါ်ကြူကြူဝင်း-၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၂)

    ၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းမိတ်ဆက်(၂)

    အမည်          – ဒေါ်ကြူကြူဝင်း
    ကိုယ်စားပြုပါတီ    – ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ
    မဲဆန္ဒနယ်         – ရန်ကုန်တိုင်းဒေသကြီး ၊ ပန်းဘဲတန်း မဲဆန္ဒနယ် အမှတ် (၂ )
    လွှတ်တော်    – တိုင်းဒေသကြီးလွှတ်တော်၊

    Daw Kyu Kyu Win 4

    Daw Kyu Kyu Win

     

    Daw Kyu Kyu Win 1

    Daw Kyu Kyu Win 3

    Daw Kyu Kyu Win 2

  • ဦးကျော်ငြိမ်း – ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၁)

    ဦးကျော်ငြိမ်း – ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၁)

    ၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၁)

    အမည် – ဦးကျော်ငြိမ်း
    ကိုယ်စားပြုပါတီ – ကမန်အမျိုးသား တိုးတက်ရေးပါတီ
    မဲဆန္ဒနယ် – ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊မဲဆန္ဒအမှတ်(၂)
    လွှတ်တော် -ပြည်နယ်လွှတ်တော်

    U Kyaw Nyein 1

    U Kyaw Nyein

    U Kyaw Nyein 2

  • အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် ရွေးကောက်ပွဲ  အောင်နိုင်ရေး ရုံးခန်းဖွင့်

    အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံးခန်းဖွင့်

    အောက်တိုဘာ၊ ၁၂ ၊ ၂၀၁၅
    M-Media
    ဓါတ်ပုံ- မိုးစက်
    12077459_736375526467810_1422279976_n
    အမျိုးသားညီညွတ်ရေး ကွန်ဂရက်မှ  မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း  ဦးဆန်းတင်ကျော်၏  ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံခန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၁ ရက်နေ့က မင်္ဂလာတောင်ညွှန့်မြို့နယ် ဒေါ်သိန်းတင်လမ်း လမ်း(၉၀) ထောင့်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဆရာတော် ဦးမုနိန္ဒ ၊ ဟိန္ဒူသာသနာတော်မှ ဆရာတော် စရီဦးမောင်မြင့် နှင့် ၈၈ မျိုးဆက်များ၊ မင်္ဂလာတောင်ညွန့် မဲဆန္ဒရှင် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

    ထို့နောက် မင်္ဂလာတောင်ညွှန့်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဆန်းတင်ကျော်နှင့် တိုင်းဒေကြီးလွှတ်တော်မှ ကိုယ်စားလှယ် ကိုခင်မောင်ရွှေတို့က မင်္ဂတောင်ညွှန့်မှ ပြည်သူများကို လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဆန်းတင်ကျော်မှာ  ဂျပန်ခေတ် တော်လှန်ရေးသမား တစ်ဦးလည်းဖြစ်၊ ကန်တော့ခံ သက်ကြီး စာပေပညာရှင်၊ လွတ်လပ်ရေး မော်ကွန်းဝင် (ဒု)အဆင့်၊ နိုင်ငံဂုဏ်ရည် (ဒု) အဆင့်၊ အတ္ထုပ္ပတိ စာပေဆုရှင် (၂၀၀၈) ရရှိခဲ့သူ ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်( ကွယ်လွန်) ၏ သားဖြစ်ကြောင်း သိရှိရသည်။

    12074501_10205199465362821_7150429456084652034_n

    12166120_736375499801146_1787898754_n

    DSC_0010

    12063937_736375669801129_840538874_n