News @ M-Media

Blog

  • ဖာဂူဆန်အနားမယူခင် မိမိနှင့် ဆွေးနွေးခဲ့ဖူးသည်ဟု မော်ရင်ဟိုပြော

    ဖာဂူဆန်အနားမယူခင် မိမိနှင့် ဆွေးနွေးခဲ့ဖူးသည်ဟု မော်ရင်ဟိုပြော

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    mrh

    – မန်ယူမှ ဖာဂူဆန် အနားယူမည့်အကြောင်း တရားဝင် ထုတ်ဖော်မပြောကြားခင် မိမိနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မိမိအနေဖြင့် မန်ယူထက် ချယ်ဆီးကိုသာ ရွေးချယ်လိုခဲ့ကြောင်း မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ရီးယဲလ်မှ ထွက်လာခဲ့သည့် မော်ရင်ဟိုမှာ မန်ယူမှ ဖာဂူဆန်ထွက်သွားပြီး တစ်လအကြာ ၂၀၁၃ ခုနှစ်ဇွန်လက ချယ်ဆီးသင်းနှင့် ၄ နှစ်စာချုပ်ချုပ်ကာ ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ဖာဂူဆန်ကမူ မိမိအား ၎င်း၏နေရာအတွက် အစားထိုးနိုင်မည့်သူအဖြစ် ယူဆသော်လည်း မိမိက ချယ်ဆီးကိုသာလျှင် သွားချင်ကြောင်း ဖာဂူဆန်ကိုယ်တိုင် သိနေသည်ဟု မော်ရင်ဟိုက ဆိုသည်။

    “ကမ္ဘာပေါ်က နည်းပြတိုင်းဟာ မန်ယူကို အသင်းကြီးတစ်သင်းလို့ မြင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ချယ်ဆီးကိုသာ နည်းပြချင်တာပါ။ ကျွန်တော်တို့ ဒီကိစ္စကို အကျေအလည် မဆွေးနွေးခဲ့ကြပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးခဲ့ကြပြီး ကျွန်တော်နဲ့ ပတ်သက်ပြီးတော့လည်း သူ(ဖာဂူဆန်)က တော်တော် များများသိနေသလို၊ ရီးယဲလ်ကို စွန့်ခွာပြီး ချယ်ဆီးကို လာချင်တယ်ဆိုတာလည်း သူသိပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းအနားယူတော့မည်ဆိုသည့် လျှို့ဝှက်ချက်ကို ဖာဂူဆန်က မိမိအား ပြောပြခဲ့ကြောင်း၊ မိမိအနေဖြင့် ကြောက်ရွံ့မိခဲ့ပြီး မီဒီယာတွင် တရားဝင်ဖွင့်ပြောမှ စိတ်သက်သာရာရခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးဇုန်အတွက် ပစိဖိတ်နိုင်ငံများ လက်မှတ်ထိုး

    ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးဇုန်အတွက် ပစိဖိတ်နိုင်ငံများ လက်မှတ်ထိုး

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    paci

    – အမေရိကန်အပါအ၀င် ပစိဖိတ်ဒေသ ၁၂ နိုင်ငံစလုံးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်လာမည့် ကုန်သွယ်ရေးဇုန် ထူထောင်ရေးအတွက် အတ္တလန်တာ၌ ၂ လကျော်ကြာ ဆွေးနွေးခဲ့ကြပြီးနောက် သဘောတူညီချက်ကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    ထိုသဘောတူညီချက်တွင် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးအဆီးအတားများကို ဖယ်ရှားခြင်း၊ အလုပ်သမားနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများ သတ်မှတ်ခြင်းနှင့် နိုင်ငံပေါင်းစုံ ပူးပေါင်ဆောင်ရွက်ရေးကို ကာကွယ်ပေးခြင်းတို့ ပါဝင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးအရှိန်အဟုန်ကို လျော့ချရန် ရည်ရွယ်ခြင်လည်း ဖြစ်သည်။

    အမေရိကန်၊ သြစတေးလျ၊ ဘရူးနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူနှင့် ဗီယက်နမ်တို့ပါဝင်မည့် အဆိုပါ ကုယ်သွယ်ရေးဇုန်မှာ ကမ္ဘာ့ကုန်သွယ်မှု၏ ၄၀ ရာခိုင်နှုန်း ရှိမည်ဖြစ်သည်။

    Ref: Aljazeera

  • ယခုနှစ် ဆေးဘက်ဆိုင်ရာနိုဘယ်ဆု သုတေသနပညာရှင် ၃ ဦး ရရှိ

    ယခုနှစ် ဆေးဘက်ဆိုင်ရာနိုဘယ်ဆု သုတေသနပညာရှင် ၃ ဦး ရရှိ

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    medi

    – ယခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရောဂါဘယများအား တွန်းလှန်ရာ၌ အရေးပါသည့် ကူညီမှုများကို ပြုလုပ်ပေးခဲ့သော သုတေသနပညာရှင် ၃ ဦးအား ချီးမြှင့်လိုက်သည်ဟု သိရသည်။

    ၎င်းတို့မှာ ၀ီလီယံ ကမ်းဘဲလ်၊ ဆာတိုရှီ အိုမူရာနှင့် ယူယူတူးတို့ ဖြစ်ကြသည်။ ကမ်းဘဲလ်နှင့် အိုမူရာတို့မှာ အူလမ်းကြောင်းရှိ အညစ်အကြေးစွန့်ရာ အပိုင်းတွင် တည်ရှိတတ်ပြီး ရောဂါဖြစ်စေတတ်သော ပိုးမွှားများအား ကုသနိုင်သည့် နည်းလမ်းနှင့် လူသားများတွင် ပါရာဆိုက်ပိုးမွှားများကို တိုက်ဖျက်ရေး ကြိုးပမ်းမှုများအတွက် အဆိုပါ နိုဘယ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

    ဆာတိုရှီ အိုမူရာမှာ ဂျပန်တွင် မြေဆီနမူနာများမှ ဘက်တီးရီးယားများကို သီးသန့်ဖယ်ထုတ်ခဲ့ပြီး အနုဇီဝပိုးမွှားများကို တိုက်ဖျက်ရာတွင် ထိရောက်မှုအရှိဆုံး နည်းလမ်းကို ရှာဖွေခဲ့သည်။ ထိုဘက်တီးရီးယားများ၏ ထိရောက်မှုကို ကမ်းဘဲလ်က နောက်ပိုင်းတွင် စမ်းသပ်နိုင်ခဲ့သည်။

    ထို့နောက် အဆိုပါ ဘက်တီးရီးယားများမှ တစ်ခုမှာ အိမ်တွင်းသုံးနှင့် လယ်ယာသုံး တိရစ္ဆာန်များတွင် ရှိနေသည့် ပါရာဆိုက်ပိုးမွှားများကို ထိထိရောက်ရောက် နှိမ်နင်းနိုင်စွမ်းရှိသည်ကို တွေ့ရှိခဲ့သည်။ ထိုရလဒ်ဖြင့် အဗာမက်တင်း (Avermectin) ဆေးဝါးကို ထုတ်လုပ်နိုင်ခဲ့သည်။

    တရုတ်နိုင်ငံရှိ တရုတ်တိုင်းရင်းဆေး အကယ်ဒမီမှ ပါမောက္ခချုပ်ဖြစ်သော ယူယူတူးမှာ တရုတ်တိုင်းရင်းဆေးနယ်ပယ်တွင် ကာလရှည်ကြာစွာ အသုံးပြုခဲ့သော ဒေါနပင်၏အရွက်မှ ထူးခြားသည့် ဒြပ်ပေါင်းတစ်ခုကို တွေ့ရှိခဲ့သည်။

    ထိုဒြပ်ပေါင်းမှ အာတီမီစီနင်း (Artemisinin) ဆေးဝါးကို ထုတ်လုပ်နိုင်ခဲ့ပြီး ငှက်ဖျားတိုက်ဖျက်ရေးဆေးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရကာ ကမ္ဘာတစ်ဝှမ်း အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သန်းနှင့်ချီသောလူများ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။

    “ဒီတွေ့ရှိမှုနှစ်ခုဟာ နှစ်စဉ် လူသန်းရာနဲ့ချီကို ထိခိုက်စေတဲ့ ဆိုးရွားတဲ့ရောဂါတွေ တိုက်ဖျက်ဖို့ လူသားတွေကို အကျိုးကျေးဇူးများတဲ့ နည်းလမ်းနှစ်ခု ရရှိစေခဲ့ပါတယ်။ လူသားတွေရဲ့ ကျန်းမာရေးတိုးတက်လာမှု၊ ခံစားရတာတွေ လျော့ကျလာမှုဆိုတဲ့ နောက်ဆက်တွဲ ကောင်းကျိုးတွေက ဖော်မပြနိုင်လောက်အောင်ပါပဲ” ဟု နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    Ref: Aljazeera

     

  • ဘက်သလီဟမ်တွင် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို အစ္စရေး ပစ်သတ်ပြန်

    ဘက်သလီဟမ်တွင် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို အစ္စရေး ပစ်သတ်ပြန်

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    plas

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်း ဘက်သလီဟမ်ဒေသရှိ ဒုက္ခသည်စခန်းအနီးတွင် ယမန်နေ့က ဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှုများအတွင်း အစ္စရေးစစ်တပ်က အသက် ၁၃ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်တစ်ဦးကို ပစ်သတ်လိုက်သည်ဟု သိရသည်။

    အဘ်ဒဲလ်ရဟ်မန် အဘ်ဒူလာဟ်ဆိုသူ လူငယ်လေးဖြစ်ပြီး ရင်ဘတ်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးက တည်ဆောက်ထားသော တရားမ၀င်အိမ်ယာများ၌ နေထိုင်သူ ဂျူးများ ဂျေရုစလင်တွင် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော တင်းမာမှုများအတွင်း အစ္စရေးစစ်တပ်က ပစ်ခတ် သတ်ဖြတ်ခဲ့သည့် ဒုတိယမြောက် ပါလက်စတိုင်း ပြည်သူလည်း ဖြစ်လာခဲ့သည်။ တနင်္ဂနွေနေ့က တူလ်ကာမ်မြို့တွင် အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်း လူငယ်တစ်ဦးကို အစ္စရေး စစ်တပ်က ပစ်သတ်ခဲ့သည်။

    နိုင်ငံတကာကလေးငယ်များ ကာကွယ်ရေးအဖွဲ့မှ ပါလက်စတိုင်းဆိုင်ရာ ဒါရိုက်တာတစ်ဦးဖြစ်သူ အေယဒ် အဘူ တာအစ်ရှ်က ပါလက်စတိုင်း ကလေးငယ်များကို ပစ်သတ်ရန်အတွက် အစ္စရေးစစ်သားများကို အထက်က ခွင့်ပြုထားသောကြောင့် မည်သည့်အရေးယူမှုမှ ခံရခြင်းမရှိဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ကံကောင်းခဲ့တဲ့ရီးယဲလ်၊ ဘာကာရှုံးပြီး၊ ဗီလာရီးယဲလ် ဆက်လက်ဦးဆောင်နေတဲ့ လာလီဂါ ပွဲစဉ် ၇

    ကံကောင်းခဲ့တဲ့ရီးယဲလ်၊ ဘာကာရှုံးပြီး၊ ဗီလာရီးယဲလ် ဆက်လက်ဦးဆောင်နေတဲ့ လာလီဂါ ပွဲစဉ် ၇

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    laliga 2

    – ဒီတစ်ပတ် လာလီဂါမှာတော့ ထိပ်ဆုံးက ဆီးဗီးလား ရှုံးပွဲတွေ့သွားခဲ့ပြီး၊ ဘာစီလိုနာကလည်း အဓိကစားသမားဖြစ်တဲ့ မက်ဆီမပါတဲ့ဒဏ်ကို ခံခဲ့ရပါတယ်။

    မက်ဒရစ်ဒါဘီပွဲမှာ ဧည်သည့် ရီးယဲလ်တို့ ဘန်ဇီမာရဲ့ ၉ မိနစ်ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ခွင့်ရခဲ့ပေမယ့် နောက်ပိုင်း တိုက်စစ်မြှင့်လာတဲ့ အက်သလက်တီကို ကို ၈၃ မိနစ်မှာ ချေပဂိုး ပြန်ပေးလိုက်ပါတယ်။ ၂၂ မိနစ်မှာ အိမ်ရှင်တို့ရတဲ့ ပင်နယ်တီကို ဂိုးသမား ကီလာနာဗက်စ် ကာကွယ်နိုင်ခဲ့တာကလည်း ရီးယဲလ်ကို အသက်ရှူချောင်စေခဲ့ပါတယ်။

    ထိပ်ဆုံးက ဗီလာရီးယဲလ် အဝေးကွင်းမှာ တစ်ယောက်လျော့အနေအထားနဲ့ လီဗန်တေးကို အရှုံးပေးလိုက်ရပါတယ်။ အိမ်ရှင်တို့ရဲ့ ခံစစ်ကောင်းမွန်မှုကလည်း ဗီလာရီးယဲလ်တိုက်စစ်မှူးတွေကို အခက်တွေ့စေခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကမှ လာလီဂါပထမဆုံးနိုင်ပွဲရခဲ့တဲ့ ဆီးဗီးလား ဒီတစ်ပတ်မှာလည်း ဘာကာကို ဒုတိယပိုင်း ဦးဆောင်ဂိုး ၂ ဂိုးသွင်းပြီး အနိုင်ရခဲ့ပါတယ်။ ဘာကာက ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် အိမ်ရှင်ဂိုးသမား လက်စွမ်းပြနိုင်တာကြောင့် ၇၄ မိနစ် ပင်နယ်တီတစ်လုံးနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

    ခုနောက်ပိုlaliga 1င်းမှာ ခြေကျလာတဲ့ ဗလင်စီယာဟာ ဒီတစ်ပတ်မှာလည်း မိနစ် ၂၀ မှာ ဦးဆောင်ဂိုး ရခဲ့ပေမယ့် ၃ ဂိုးပြန်ပေးခဲ့ရပြီး ဘီဘာအိုကို ရှုံးနိမ့်ခဲ့ပါတယ်။
    လာလီဂါပွဲစဉ် ၇ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဆဲလ်တာဗီဂို ၀-၀ ဂီတာဖေး
    ဆီးဗီးလား ၂-၁ ဘာစီလိုနာ
    ဂရာနာဒါ ၁-၁ ဒီပို့တီဗို
    အက်စပန်ညို ၁-၂ စပို့တင်းဂီဂျွန်
    လက်စ် ပါးလ်မက်စ် ၀-၂ အိုက်ဘာ
    မာလာဂါ ၃-၁ ဆိုဆီဒက်
    ဗယ်လက်ကာနို ၀-၂ ဘက်တစ်
    ဘီလ်ဘာအို ၃-၁ ဗလင်စီယာ
    လီဗန်တေး ၁-၀ ဗီလာရီးယဲလ်
    အက်သလက်တီကို ၁-၁ ရီးယဲလ်