အောက်တိုဘာ ၉၊ ၂၀၁၅
M-Media
– ဝေဖန်သူများမှာ မိမိအား အလွန်အမင်း ကြိုက်နှစ်သက်ကြပြီး၊ နိုင်ငံအသင်း၌ ကစားရသည်ကို မပျော်ဟူသော သတင်းများမှာလည်း ကောလဟာလပင် ဖြစ်သည်ဟု ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာက ပြောကြားလိုက်သည်။
၁၂ ပွဲကြာ ဂိုးမိုးခေါင်နေသည့် ဘန်ဇီမာမှာ ယနေ့မနက်က အာမေးနီးယားအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ၂ ဂိုး သွင်းယူပေးခဲ့ပြီး ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ ပွဲအပြီးတွင် ၎င်းအား ဝေဖန်သူများကို ဘန်ဇီမာက ပြစ်တင်ခဲ့ပြီး ပြင်သစ်အသင်းတွင် ကစားရခြင်းအတွက် ပျော်ရွှင်သည်ဟု ပြောကြားခဲ့သည်။
“ဒါက ငြင်းခုံစရာလားဆိုတာ ကျွန်တော် မသိပါဘူး။ အသင်းနဲ့ဆက်သွယ်ရတာကို ကျွန်တော်ပျော်ပါတယ်။ တစ်ချို့လူတွေက ကျွန်တော်မပျော်ဘူး၊ ပြင်သစ်အသင်းမှာ မကစားချင်ဘူးလို့ ပြောတာကို ကြားရပါတယ်။ ဒါပေမယ့် အဲဒါမှားပါတယ်။ အပြာရောင်တပ်သားတွေနဲ့ ရှိနေရတဲ့အခါ ကျွန်တော် ပျော်ပါတယ်။ ဒီအသင်းနဲ့ ဆုဖလားတွေရချင်တယ်။ ကျွန်တော်နဲ့ပတ်သက်ပြီး ဘာ့ကြောင့် မေးခွန်းတွေဒီလောက်များနေလဲဆိုတာ ကျွန်တော် မသိပါဘူး”
Ref: Goal


Leave a Reply
You must be logged in to post a comment.