News @ M-Media

Blog

  • ပင်နယ်တီလွဲချော်သည့် လော့ဗ်ရန်ကို သနားမိသည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာဆို

    ပင်နယ်တီလွဲချော်သည့် လော့ဗ်ရန်ကို သနားမိသည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာဆို

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅
    M-Media

    rg

    – ယူရိုပါလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရသည့်အတွက် စိတ်ပျက်မိသော်လည်း အဆုံးအဖြတ်ပင်နယ်တီအား လွဲချော်ခဲ့သည့် ကစားသမား ဒီဂျန်လော့ဗ်ရန်ကို သနားမိသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ပထမအကျော့က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် လီဗာပူးလ်မှာ ယနေ့နံနက်က ကစားခဲ့သည့်ပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ပင်နယ်တီအထိ ရောက်ရှိခဲ့သည်။ ပင်နယ်တီနောက်ဆုံးအလုံးတွင် လာ့ဗ်ရန်ကန်သွင်းသည့် ဘောလုံးမှာ လွဲချော်ခဲ့ပြီးနောက် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

    ရော်ဂျာကမူ မိမိတို့အသင်းမှာ ပထမပိုင်းတွင် အခွင့်အရေးကောင်းများ ဖန်တီးနိုင်ခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ ကစားတာကောင်းရဲ့သားနဲ့ ထွက်ခဲ့ရတဲ့အတွက် စိတ်ပျက်မိပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပြီး သူတို့ကို ခက်ခဲအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီဂျန်အတွက်တော့ ကျွန်တော် သနားမိပါတယ်။ သူက ပွဲအတွင်းမှာ တော်တော်ကောင်းခဲ့တာပါ။ ဒါပေမယ့် ပင်နယ်တီလွဲချော်သူလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကံဆိုးခဲ့တာပေါ့ဗျာ” ဟု ရော်ဂျာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ပင်နယ်တီကန်သူအားလုံးမှာ ယုံကြည်မှုရှိကြပြီး ထိုကဲ့သို့ အဆုံးသတ်သွားသည့်အတွက် ရှက်မိကြောင်း၊ အမှားတစ်ခုက မိမိတို့အား အပြစ်ပေးခဲ့ခြင်းဖြစ်ပြီး ဆင်ခြေပေးရန်မရှိကြောင်း ရော်ဂျာက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • လူနာများအား သတ်ခဲ့သည့် ဂျာမန်သူနာပြု တစ်သက်တစ်ကျွန်းကျ

    လူနာများအား သတ်ခဲ့သည့် ဂျာမန်သူနာပြု တစ်သက်တစ်ကျွန်းကျ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅
    M-Media

    gmn 1

    – သူနာပြုအဖြစ် ဆောင်ရွက်ခဲ့စဉ်က လူနာပေါင်း ၃၀ ကျော်ကို ဆေးထိုးသတ်ခဲ့သည်ဟု ၀န်ခံခဲ့သူတစ်ဦးကို ဂျာမနီမြောက်ပိုင်းရှိ တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု သိရသည်။

    ပြစ်ဒဏ်ချမှတ်ခံရသူမှာ အသက် ၃၈ နှစ်အရွယ်ရှိ နီးလ်စ် အိက်ခ်ျဆိုသူဖြစ်ပြီး လူသတ်မှု ၂ မှုနှင့် လူသတ်ရန် ကြိုးပမ်းမှုတို့ဖြင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းကမူ စိတ်၏ စေ့ဆော်မှုကြောင့် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူနာများ၏ ကျန်ရစ်သူမိသားစုများအား တောင်းပန်ကြောင်း ပြီးခဲ့သည့်တစ်ပတ် ရုံးချိန်တွင် ပြောကြားခဲ့သည်။

    နီးလ်စ် အိက်ခ်ျမှာ ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း Delmenhorst ဆေးခန်း၌ အလုပ်လုပ်စဉ် အဆိုပါ လူသတ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုရသော နှလုံးနှင့် သွေးလည်ပတ်မှုထိခိုက်သည့် ဆေးများကို ထိုးသွင်းကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    တရားသူကြီးများကမူ နီးလ်စ်မှာ လူနားများ အသက်ရှုရပ်သွားသည့်အခါ အသင်ရှင်လာအောင် ပြန်လုပ်ရသည့်ကို နှစ်သက်သောကြောင့် လူနာ ၉၀ အား ထိုဆေးများ ထိုးခဲ့ခြင်းဖြစ်ပြီး ၃၀ မှာ သေဆုံးခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

    သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သော အဆိုပါဆေးခန်းမှ အကြီးတန်းဆရာာဝန်တစ်ဦးကမူ နီးလ်စ်မှာ ကြင်နာသည့် သူနာပြုတစ်ဦးဖြစ်ပြီး ၀န်ထမ်းများ၏ အထင်ကြီးမှုကိုလည်း ခံရကြောင်း ထွက်ဆိုခဲ့သည်။နီးလ်စ်မှာ ၂၀၀၈ ခုနှစ်ကလည်း လူသတ်ရန်ကြိုးစားမှုဖြင့် ထောင်ဒဏ် ၇ နှစ်ခွဲ ကျခံခဲ့ရဖူးသည်။

    Ref: Guardian

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
    M-Media

    – ယမန်နေ့က ကိဗ်မြို့တွင် ရုရှားဂျာနယ်လစ်များကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းမှာ ရန်စခြင်းဖြစ်ပြီး ဂျာနယ်လစ်များ၏ လုံခြုံရေးကတိက၀တ်များကို ထင်ထင်ရှားရှား ချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူများမှာ ရုရှားရှိ ရုပ်သံဌာနများမှ ဂျာနယ်လစ် ၃ ဦးဖြစ်ပြီး ၎င်းတို့အား ရုရှားသို့ နယ်နှင်မည်ဖြစ်ကာ ယူကရိန်းနိုင်ငံသို့ ၀င်ရောက်ခွင့် ၅ နှစ်ပိတ်ပင်မည်ဟု ယူကရိန်း လုံခြုံရေးဌာနမှ ပြောကြားခဲ့သည်။

    – အီရန်တော်လှန်ရေးအစောင့်တပ်က ရေနံကုန်သွယ်မှုတွင် အရေးပါသော ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားတွင် ယမန်နေ့က အကြီးစား ရေတပ်စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါ လေ့ကျင်မှုတွင် အမေရိကန် လေယာဉ်တင်သင်္ဘော ပုံတူအား ဒုံးကျည်များဖြင့် ဖျက်ဆီးခြင်းလည်း ပါဝင်ခဲ့သည်။

    – စင်ကာပူနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ပြီး အသက် ၉၁ နှစ်အရွယ်ရှိနေပြီဖြစ်သည့် လီကွမ်ယုမှာ စင်ကာပူအထွေထွေဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးဝါးကုသမှု ခံယူနေရပြီး ဆရာဝန်များက အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု စင်ကာပူဝန်ကြီးချုပ်ရုံးက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    Ref: news agencies

  • အိန္ဒိယရှိ မဒ်ရာဆာ စာသင်ကျောင်းများ ဟိန္ဒူများအတွက်ပါ အားထားစရာ ဖြစ်လာ

    အိန္ဒိယရှိ မဒ်ရာဆာ စာသင်ကျောင်းများ ဟိန္ဒူများအတွက်ပါ အားထားစရာ ဖြစ်လာ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံရှိ ဆင်းရဲ့မွဲတေသော ဒေသတစ်ခုတွင် အစ္စလာမ့် မဒ်ရာဆာကျောင်းများက မွတ်စလင်နှင့် ဟိန္ဒူကျောင်းသားများအား ကောင်းမွန်သော ပညာရေးရရှိရန် ဆောင်ရွက်ပေးနေပြီး ကလေးငယ်များမှာ အဆိုပါ မဒ်ရာဆာကျောင်းများတွင် အစ္စလာမ်နှင့် ဟိန္ဒူဘာသာရေးကိုပါ သင်ကြားနိုင်သည်ဟု သိရသည်။

    “ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းက ပေါက်ဖွားလာတဲ့ကလေးတွေကို ကျွန်တော်တို့က ပညာသင်ကြားပေးနေတာပါ။ ဟိန္ဒူမိသားစု တော်တော်များများဟာ သူတို့ရဲ့ကလေးတွေကို ကောင်းမွန်တဲ့ပညာရေး ပေးချင်ကြတယ်ဆိုတာ ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒါပေမယ့် သူတို့ မတတ်နိုင်ကြပါဘူး” ဟု မဒ်ရာဆာကျောင်းများကို ဖွင့်လှစ်ကြီးကြပ်နေသော နီဒါမာဟီလာမန်ဒဲလ်အဖွဲ့ NMM မှ လက်ရှိဥက္ကဌ ဒေါက်တာ တာလက် ကွာရီရှီက ပြောကြားခဲ့သည်။

    မဒ်ရာဆာကျောင်းများ ဖွင့်လှစ်သင်ကြားပေးရန် စိတ်ကူးကို NMM အဖွဲ့က လွန်ခဲ့သည့် နှစ် ၇၀ အရင်ကပင် ရရှိခဲ့ပြီး အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ်ပြည်နယ်ရှိ မန်ဆူရ်ခရိုင်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ NMM မှာ အိန္ဒိယရှိ ကလေးငယ်များ မဒ်ရာဆာကျောင်းများတွင် အစ္စလာမ်နှင့် ဟိန္ဒူဘာသာရေးကို သင်ကြားနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိ မန်ဆူရ်ခရိုင်ရှိ မဒ်ရာဆာကျောင်းများတွင် ဟိန္ဒူကလေးငယ်များမှာ အစ္စလာမ်သာသာတရားနှင့် ဓလေ့ထုံးတမ်းတို့ကိုပါ သင်ကြားနေကြပြီဖြစ်သည်။

    ဟိန္ဒူကလေးငယ်များ အစ္စလာမ်သာသနာ၏ အခြေခံအပြင် ဟိန္ဒူကျမ်းစာ ဂီတာနှင့် ဂါယာတရီ မန်ထရာတို့မှ သင်ကြားချက်များကိုလည်း သင်ယူနေကြသည်။

    မန်ဆူရ်ခရိုင်ရှိ ဖီရ်ဒေါက်စ်မဒ်ရာဆာတွင် ရုံးစိုက်သည့် NMM မှာ လက်ရှိအချိန်တွင် ခရိုင်တစ်ဝှမ်း မဒ်ရာဆာပေါင်း ၁၂၈ ခုကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိနေသည်။ အဆိုပါ မဒ်ရာဆာများမှ ၇၈ ခုတွင် ဟိန္ဒူနှင့် မွတ်စလင်ကျောင်းသားများမှာ အတူတကွ ပညာသင်ကြားနေပြီး အချို့ကျောင်းများတွင် ဟိန္ဒူကျောင်းသားများက ပိုများသည်။ ထို့ပြင် မဒ်ရာဆာကျောင်းအချို့ကိုလည်း ဟိန္ဒူအမည်များဖြင့် မှည့်ခေါ်ထားသည်။

    “သူတို့တွေ (ဟိန္ဒူမိဘတွေ)ဟာ သူတို့ရဲ့ ကလေးတွေကို မဒ်ရာဆာမှာ ကျောင်းအပ်ချင်ကြပါတယ်။ ဒါပေမယ့် သာသာရေးသင်ခန်းစာနဲ့ပတ်သက်ပြီး စိုးရိမ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ မဒ်ရာဆာတွေမှာ ဟိန္ဒူဘာသာရေးကို သင်ကြားပေးတာကြောင့် ဟိန္ဒူမိဘတွေဟာ ကျွန်တော်တို့ရဲ့ မဒ်ရာဆာကျောင်းတွေမှာ သူတို့ရဲ့ကလေးတွေကိုထားဖို့ ချီတုံချတုံ မဖြစ်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ မဒ်ရာဆာတွေမှာ အဆင့်မြင့် ပညာရေးကို ကုန်ကျစားရိတ်နည်းနည်းနဲ့ သင်ကြားပေးပါတယ်” ဟု ဒေါက်တာ ကွာရီရှီက ထည်းသွင်းပြောကြားခဲ့သည်။

    လစ်ဟာမှုများ ဖြည့်ပေးခြင်း

    အဆိုပါ ခရိုင်တွင် ပညာရေးအတွက် အစိုးရက ထောက်ပံ့ပေးမှုနည်းပြီး ထောက်ပံ့မှုများမှာလည်း အလွန်နောက်ကျပြီးမှ ရောက်ရှိလာတတ်သောကြောင့် NMM ၏ မဒ်ရာဆာကျောင်းများက ပညာရေးစနစ်တွင် အရေးပါသော ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးနေသည်။

    “အစိုးရက မဒ်ရာဆာကျောင်း ၁၄ ကျောင်းပဲဆောက်ဖို့ ခွင့်ပြုပါတယ်။ ဒါပေမယ့် အဲဒီ ခွင့်ပြုချက်ကို ကျွန်တော်တို့ အချိန်မီ ရခဲပါတယ်။ ကျွန်တော်တို့ရဲ့ မဒ်ရာဆာကျောင်းတွေမှာ ခေတ်မီပညာရေးကို သင်ပေးပြီး စံချိန်မီ သင်ကြားရေးစံနှုန်းကိုလည်း ထိန်းသိမ်းထားပါတယ်။ ကျောင်းသားတွေဟာ မဒ်ရာဆာကျောင်းတွေမှာ ဟင်ဒီနဲ့ အင်္ဂလိပ်ဘာသာတို့ကို သင်ကြားရပြီး အူရဒူနဲ့ သက္ကတ ဘာသာစကားတို့ကို တတိယ ဘာသာစကားအဖြစ် ရွေးချယ်နိုင်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်လို့ ကန့်သတ်ချက်မရှိပါဘူး။ အူရဒူကိုရွေးချယ်တဲ့ ကျောင်းသားတွေကတော့ အစ္စလာမ်ရဲ့ အခြေခံအချက်တွေကိုသင်ရပြီး သက္ကတဘာသာကို ရွေးချယ်တဲ့ ကျောင်းသားတွေကတော့ ဟိန္ဒူဘာသာတရားကို သင်ရပါတယ်။ တစ်မိုးအောက်က မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေအချင်ချင်း ဘာသာရေးစာအုပ်တွေကို စိတ်ဝင်စားကြပြီး ဘာသာတရားတွေနဲ့ ဓလေ့ထုံးတမ်းတွေကို အပြန်အလှန်သင်ယူနေကြပါတယ်” ဟု ကွာရီရှီက ထပ်လောင်းပြောကြားခဲ့သည်

    ထို့ပြင် အဆိုပါအစီအစဉ်က မတူညီသော လူ့အသိုင်းအ၀ိုင်းမှ ကလေးများကို စုစည်းစေသည်ဟုလည်း ၎င်းက ဆိုသည်။

    အခြားသူများကလည်း လူ့အဖွဲ့အစည်းအချင်းချင်း သဟဇာတဖြစ်မှုနှင့် သည်းခံမှုကို ပြန့်နှံ့စေပြီး၊ တစ်ချိန်က ဟိန္ဒူနှင့် မွတ်စလင်တို့အကြား တိုက်ခိုက်မှုများကြောင့် ဘာသာရေးအမုန်းတရားများကို ဖယ်ရှားရန် ပြည်သူအများအတွက် အထောက်အကူဖြစ်စေသည်ဟု ချီးကျူးခဲ့ကြသည်။

    “ဘာသာတရားနှစ်ခုရဲ့ ကျမ်းစာတွေမှာ တူညီတာတွေကို ကျွန်မတို့ အများကြီး တွေ့ရပါတယ်။ နာမည်သာ ကွာသွားတာပါ” ဟု ဖီရ်ဒေါက်စ် မဒ်ရာဆာကျောင်းမှ မွတ်စလင်ကျောင်းသူ ဇိုင်နဘ်ဂေါင်ရီက ပြောကြားခဲ့သည်။

    အဆိုပါကျောင်းတွင်ပင် Grade 11 တက်ရောက်နေသော ဟိန္ဒူကျောင်းသား အာယူရှီ ၀ါရှီက ဘာသာရေး သင်ခန်းစာမှာ အားလုံးအတွက် လွတ်လပ်စွာ ရရှိနိုင်သည်ဟု ပြောကြားခဲ့သည်။

    “တစ်နှစ် ရူပီ ၁၅၀၀ (၂၅ ကန်ဒေါ်လာ) လောက်နဲ့ ဒီလို့ အရေည်အသွေးမြင့်တဲ့ ပညာရေးမျိုး ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်မိုးအောက်တည်းမှာ ကလေးတွေဟာ ဟိန္ဒူနဲ့ မွတ်စလင်တို့ရဲ့ ဘာသာတရားတွေကို သင်ယူတာမျိုး မမြင်ဘူးခဲ့ပါဘူး” ဟု အာယူရှီ၏ ဖခင်ဖြစ်သူ ဆန်ဂျီဗ်က ပြောကြားခဲ့သည်။

    မဒ်ယာ ပရာဒက်ရှ်ပြည်နယ်၏ မြို့တော် ဘိုပဲလ်တွင်နေထိုင်သည့် မွတ်စလင်တစ်ဦးဖြစ်သူ နိုရှာဝမ်-အီ- အဒ်ဒီလ်ကလည်း ထိုကဲ့သို့ပင် ပြောကြားခဲ့သည်

    “လူတွေရဲ့ ဘာသာရေး ခံယူချက်တွေကို ဆက်လက်လှုံ့ဆော်ပေးနေတဲ့သူတွေ ကိုယ်ကျိုးအတွက် အစွန်းရောက်ဝါဒ သွတ်သွင်းပေးနေတဲ့သူတွေကို ဒီမဒ်ရာဆာကျောင်းတွေက ထိုးနှက်လိုက်တာပါပဲ” ဟု အဒ်ဒီလ်က ပြောကြားခဲ့သည်။

    Ref:onislam

  • အီရန်အရေး နေတန်ယာဟု၏ ပြောဆိုမှု အမေရိကန် မေးခွန်းထုတ်

    အီရန်အရေး နေတန်ယာဟု၏ ပြောဆိုမှု အမေရိကန် မေးခွန်းထုတ်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
    M-Media

    kry

    – အီရန်နျူကလီးယားအရေး ဆွေးနွေးမှုအတွက် ထင်မြင်ချက်ပေးနေခြင်းနှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား အမေရိကန်အာဏာပိုင်များက မေးခွန်းထုတ်လိုက်ပြီး ၎င်း၏ ထိုကဲ့သို့ မဆင်မခြင်ပြောဆိုမှုက အမေရိကန်-အစ္စရေး ဆက်ဆံရေးတွင် အပျက်သဘောဆောင်လာမည်ဟု ပြောကြားလိုက်သည်။

    နေတန်ယာဟုမှာ အီရန်၏ နျူကလီးယားဗုံး ထုတ်လုပ်မှုကို တားဆီးမည်ဟူသော ကတိကို ကမ္ဘာ့နိုင်ငံများက စွန့်လွှတ်လိုက်ပြီဟု ပြောဆိုခဲ့ပြီး အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနှင့် အီရန်တို့ ဆွေးနွေးမှုကို ဝေဖန်ရှုတ်ချခဲ့သည်။

    အီရန်နှင့် ဆွေးနွေးပွဲတွင် ပါဝင်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ နေတန်ယာဟု၏ ပြောကြားချက်များမှာ မှားယွင်းလိမ့်မည်ဟု ယမန်နေ့တွင် ပြောကြားခဲ့ပြီး လာမည့်သီတင်းပတ် အမေရိကန် ကွန်ဂရက်တွင် ပြောကြားမည့် နေတန်ယာဟု၏ မိန့်ခွန်းကို စောင့်ကြည့်ရန်လည်း အကြံပြုခဲ့သည်။

    ကွန်ဂရက်အား ထိန်းချုပ်ထားသည့် ရီပက်ဘလစ်ကန်များမှာ အီရန်အရေးနှင့်ပတ်သက်၍ နေတန်ယာဟုနှင့် သဘောထားခြင်းတူပြီး ၎င်းတို့ကပင် နေတန်ယာဟု မိန့်ခွန်းပြောရန် ဖိတ်ကြားထားခြင်းဖြစ်သည်။

    “အီရတ်ကိုကျူးကျော်ဖို့ အရေးကြီးနေပြီလို့ ဂျော့ဂ်ျ ဘုရှ်လက်ထက်တုန်းက နေတန်ယာဟုဟာ မဆင်မခြင်ပြောခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိကြတာပဲ” ဟု ဂျွန်ကယ်ရီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: aljazeera