News @ M-Media

ပက်ကွီအိုနှင့် မေ၀ယ်သာတို့ တရားဝင်လေ့ကျင့်မှု စတင်

မတ် ၃၊ ၂၀၁၅
M-Media

mwt 2

– လက်ဝှေ့သမိုင်းမှာ ကြေးအကြီးဆုံးဖြစ်လာမယ့် ပက်ကွီအိုနဲ့ ထိုးပွဲအတွက် ပြင်ဆင်နေတဲ့ အမေရိကန် လက်ဝှေ့ကျော် ဖလွိုက်မေ၀ယ်သာရဲ့ တရားဝင်လေ့ကျင့်ရေးကို လက်စ်ဗီးဂက်စ်က လက်ဝှေ့လေ့ကျင်ရေးစင်တာမှာ ယမန်နေ့က စတင်လိုက်ပါတယ်။

ရှုံးပွဲမရှိသေးတဲ့ မေ၀ယ်သာရဲ့  ပထမဆုံး လေ့ကျင့်နေတဲ့ပုံတွေဟာ အွန်လိုင်းစာမျက်နှာတွေမှာ ပြန့်နှံ့ခဲ့ပြီး သူ့ရဲ့ Instagram မှာလည်း မေ၀ယ်သာတစ်ယောက် လေ့ကျင့်တဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။

ပက်ကွီအိုကလည်း ယမန်နေ့ကပဲ လော့အိန်ဂျလိစ်က Wild Card ဂျင်မ်မှာ လေ့ကျင့်ရေးတွေ စလုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ မတ်လ ၁၁ ရက်နေ့မှာ လော့အိန်ဂျလိစ်မြို့လယ်ကောင်မှာ သတင်းစာရှင်းလင်းပွဲ လုပ်မှာဖြစ်ပြီး ဒါဟာ မေ ၂ ရက် လက်ဝှေ့ပွဲမတိုင်ခင် သူတို့ရဲ့ နောက်ဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါလိမ့်မယ်။

ပက်ကွီအိုဟာ လာမယ့်သီတင်းပတ်အထိ သူ့ရဲ့ လက်စွဲတော်နည်းပြ ရိုအာ့ခ်ျမရှိဘဲ လေ့ကျင့်ရမှာဖြစ်ပြီး ရိုအာ့ခ်ျ ပြန်ရောက်လာခဲ့ရင်တော့ တံခါးပိတ်လေ့ကျင်မှု ပြုလုပ်ဖို့ အစီအစဉ် ရှိနေပါတယ်။ မေ၀ယ်သာကတော့ ဖခင်နဲ့ ဦးလေးဖြစ်သူတို့နဲ့ လေ့ကျင့်သွားမှာဖြစ်ပါတယ်။

မေ၀ယ်သာနဲ့ ပက်ကွီအိုတို့ဟာ ယခုနှစ်အစောပိုင်း အမေရိကန်က ဘက်စကက်ဘောပွဲတစ်ခုမှာ တွေ့ပြီး ဖုန်းနံပါတ်တွေ ပေးခဲ့ကြပြီးတဲ့နောက် နောက်ပိုင်း ဟိုတယ်တစ်ခုမှာ တွေ့ခဲ့ကြပြီး ဒီလိုထိုးသတ်ဖို့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Ref: Dailymail

Comments

Leave a Reply