မတ် ၃၊ ၂၀၁၅
M-Media
– စိတ်ဝေဒနာခံစားနေရတဲ့ ပါလက်စတိုင်းက ၁၀ နှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာ အာဂုံဆောင်နိုင်ခဲ့ပြီး စိတ်ဝေဒနာရှင်တွေအတွက် စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။
ဂါဇာက ခါလစ် အဘူ မူဆာလို့ခေါ်တဲ့ အဲဒီ လူငယ်လေးဟာ စိတ်ဝေဒနာသည် ပြန်လည်ထူထောင်ရေးစင်တာမှာ ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်မှုကို ထပ်ခါတလဲလဲ နားထောင်တဲ့နည်းနဲ့ အာဂုံဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ခါလစ်လေးဟာ အာဂုံဆောင်နိုင်ခဲ့ရုံတာမကဘဲ ကျမ်းတော်မြတ် အရေးနဲ့ အဖတ်ကိုလည်း သင်ယူတတ်မြောက်ခဲ့ပြီး စိတ်ဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တွေအတွက် လမ်းသစ် ဖောက်ပေးနိုင်ခဲ့ပါတယ်။
ဂါဇာက စိတ်ဝေဒနာသည် ပြန်လည်ထူထောင်ရေးစင်တာဟာ အစ္စရေးရဲ့ ပိတ်ဆို့မှုကြောင့် အကန့်အသတ်တွေရှိနေပေမယ့်လည်း စိတ်ဝေဒနာသည်တွေအတွက် အကောင်းဆုံး ကုသမှုတွေကိုပေးအပ်နေတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။
Ref: Onislam


Leave a Reply
You must be logged in to post a comment.