News @ M-Media

Blog

  • ဗျူဟာမြောက် တာဝေးပစ် ခရုဇ်ဒုံးကျည်အသစ်ကို မြောက်ကိုရီးယား စမ်းသပ်

    ဗျူဟာမြောက် တာဝေးပစ် ခရုဇ်ဒုံးကျည်အသစ်ကို မြောက်ကိုရီးယား စမ်းသပ်

    စက်တင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -မဟာဗျူဟာမြောက် တာဝေးပစ် ခရုဇ်ဒုံးကျည်အသစ်ကို ပြီးခဲ့တဲ့ သီတင်းပတ်အဆုံးပိုင်းမှာ စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ကြေငြာလိုက်ပါတယ်။

    လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဖန်တီးလာတဲ့ ဒီဒုံးကျည်တွေဟာ မိုင် ၉၃၀ အကွာအဝေးမှာရှိတဲ့ ပစ်မှတ်တွေကို အောင်မြင်စွာ ထိမှန်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။

    တိုင်းပြည်ရဲ့စစ်အင်အား အားကောင်းလာအောင် လုပ်ဆောင်ရေးဆိုတဲ့ ခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ တိုက်တွန်းဆော်ဩမှုနဲ့အညီ ဖန်တီးထုတ်လုပ်တဲ့ ဒီဒုံးကျည်သစ်ဟာ အလွန်အရေးပါတဲ့ မဟာဗျူဟာမြောက် လက်နက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    မြောက်ကိုရီးယားဟာ နောက်ဆုံးဒုံးကျည်စမ်းသပ်မှုကို အခုနှစ် မတ်လမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တာတိုပစ်ဒုံးကျည်တွေ ဖြစ်ပါတယ်။ ထရမ့်အစိုးရလက်ထက်က ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ကင်ဂျုံအွန်နဲ့ ထိပ်သီးဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိရောက်တဲ့ရလဒ် ထွက်မလာပါဘူး။

    ခရုဇ်ဒုံးကျည်တစ်ခုကို ဗျူဟာမြောက်လက်နက်အဖြစ် ပြောဆိုတာဟာ နျူထိပ်ဖူးတပ်နိုင်တဲ့ ဒုံးကျည်အမျိုးအစားလို့ သွယ်၀ိုက်ပြောကြားတာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    တောင်ကိုရီးယား စစ်ဦးစီးအရာရှိချုပ်က အခုကိစ္စကို အမေရိကန်ထောက်လှမ်းရေးဌာနနဲ့ ပူးပေါင်းကာ သုံးသပ်နေတယ်လို့ဆိုပြီး အသေးစိတ်အချက်အလက်တွေကို မပြောခဲ့ပါဘူး။

    Ref: Aljazeera

  • အမျိုးသမီးများ တက္ကသိုလ်တက်ရာတွင် လိုက်နာရမည့်စည်းကမ်းများ တာလီဘန် ထုတ်ပြန်

    အမျိုးသမီးများ တက္ကသိုလ်တက်ရာတွင် လိုက်နာရမည့်စည်းကမ်းများ တာလီဘန် ထုတ်ပြန်

    စက်တင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -တက္ကသိုလ်တွေမှာ ပညာသင်ယူတဲ့အခါ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို တာလီဘန်က မနေ့မှာ ထုတ်ပြန်လိုက်ပြီး ဟီဂျဘ်ပုဝါဆောင်းဖို့၊ အမျိုးသား၊ အမျိုးသမီး သီးခြားစီခွဲကာ သင်ယူဖို့တွေ ပါဝင်ပါတယ်။

    ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် တာလီဘန်ရဲ့ ပထမအကြိမ် အုပ်စိုးမှုအတွင်း အမျိုးသမီးတွေကို ပညာသင်ယူခွင့်၊ အလုပ်လုပ်ခွင့် မပေးခဲ့သလို၊ အုပ်ထိန်းသူအမျိုးသားမပါရင် အမျိုးသမီးတွေ အပြင်ထွက်ခွင့်ပါ မရပါဘူး။ ဒါပေမယ့် အခုတစ်ကြိမ်မှာတော့ တင်းကြပ်မှုတွေကို လျှော့ပေါ့ပေးမယ်လို့ တာလီဘန်က ပြောထားပါတယ်။

    တာလီဘန်ရဲ့ အဆင့်မြင့်ပညာရေးဝန်ကြီး အဘ်ဒူလ် ဘာကီ ဟက်ကာနီက သူတို့ရဲ့ ပညာရေးမူ၀ါဒကို မနေ့က သတင်စာရှင်းလင်းပွဲလုပ်ပြီး ချပြရာမှာ အမျိုးသမီးတွေ ပညာသင်ကြားမှုနဲ့ သက်ဆိုင်တဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

    အရင်တစ်ကြိမ်ကလို အမျိုးသမီးတွေကို ပညာသင်ကြားခွင့် ပိတ်ပင်မှာမဟုတ်တော့ဘဲ ဘွဲ့လွန်အထိ ပညာသင်ကြားခွင့်ရမယ်လို့ ဟက်ကာနီက ဆိုပါတယ်။

    “လက်ရှိရှိနေတဲ့အနေအထားပေါ်မှာ ကျွန်တော်တို့ တည်ဆောက်သွားမှာပါ”

    ဒါပေမယ့် အမျိုးသား၊ အမျိုးသမီး ရောနှောပညာသင်ကြားမှုကို ခွင့်ပြုမှာမဟုတ်ဘဲ တက္ကသိုလ်တွေမှာ သီးခြားအတန်းတွေ လုပ်ပေးရမှာဖြစ်ကြောင်း၊ ဒီလိုမလုပ်ပေးနိုင်ရင် လိုက်ကာအသုံးပြုကာ အမျိုးသား၊ အမျိုးသမီး ခွဲထားရမှာဖြစ်ကြောင်း ဟာက်ကာနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တာလီဘန်ရဲ့ ပညာရေးမူဝါဒတွေထဲမှာ အမျိုးသမီးတွေ ​ဟီဂျဘ် မဖြစ်မနေဝတ်ရမယ်ဆိုတဲ့အချက်ပါဝင်ပြီး ခေါင်းဆောင်ပုဝါကို ရည်ညွှန်းတာလား၊ ဒါမှမဟုတ် မျက်နှာပါဖုံးရတဲ့ ဝတ်ရုံကို ရည်ညွှန်းတာလားဆိုတာ ဟက်ကာနီက အသေးစိတ် မပြောသွားပါဘူး။

    အမျိုးသမီးတွေကို အမျိုးသမီးဆရာမတွေသာ စာသင်ကြားရမှာဖြစ်ပြီး၊ ဆရာမ မလုံလောက်ရင် ဆရာတွေက လိုက်ကာကာတာ၊ ဒါမှမဟုတ် ဗီဒီယိုစခရင်တဲ့သင်တာမျိုးတွေ လုပ်နိုင်တယ်လို့ ဟက်ကာနီက ဆိုပါတယ်။ တက္ကသိုလ်တွေမှာသင်ကြားတဲ့ ဘာသာရပ်တွေကို ပြန်လည်သုံးသပ်သွားမယ်လို့ သူက ပြောပါတယ်။

    အာဖဂန်တက္ကသိုလ်တွေက ဘွဲ့ရတဲ့သူတွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာတက္ကသိုလ်တွေက ဘွဲ့ရသူတွေနဲ့ ရင်ဘောင်တန်းနိုင်တာမျိုး လိုချင်တယ်လို့လည်း ဟက်ကာနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တာလီဘန်ဟာ ဩဂုတ်လ ဒုတိယပတ်မှာ အာဖဂန်နစ္စတန်တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာတော့ အစိုးရအဖွဲ့ကို ထုတ်ပြန်ခဲ့ပါတယ်။

    တာလီဘန်ရဲ့မူဝါဒကို မကြိုက်တဲ့အတွက် မြို့တော်ကာဘူးလ်မှာ အမျိုးသမီးတွေ ဆန္ဒပြတာမျိုး ရှိခဲ့ပြီး၊ ကာဘူးလ်တက္ကသိုလ်မှာ အမျိုးသမီး ၃၀၀ လောက် ​တာလီဘန်ကိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုတစ်ခု ပြီးခဲ့တဲ့တစ်ပတ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။

    Ref: Aljazeera

  • ပါစ္စတန်စစ်တပ်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လျှို့ဝှက်လာရောက်

    စက်တင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -ပါကစ္စတန်စစ်တပ်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ မြန်မာနိုင်ငံကို စက်တင်ဘာ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ လျှို့ဝှက် လာရောက်ခဲ့တယ်လို့ သိရပါတယ်။

    ဒီခရီးစဉ်အတွင်း ထောက်လှမ်းရေးနည်းပညာ၊ စစ်လေယာဉ် ပြုပြင်ထန်းသိမ်းမှုကိစ္စ၊ ရေတပ်လက်နက်ခဲယမ်းကိစ္စတွေအပါအဝင် အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ စစ်ဖက်ရေးရာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတာပါ။

    ပါကစ္စတန်စစ်တပ်နဲ့ မြန်မာစစ်တပ်ဟာ အရင်ကတည်းက နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး ပါကစ္စတန်နဲ့ တရုတ် ပူးပေါင်းထုတ်လုပ်တဲ့ TJF-17 တိုက်လေယာဉ်တွေကို မြန်မာလေတပ်က ဝယ်ယူအသုံးပြုနေတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်ဟာ ၂၀၁၅ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။

    လက်ရှိမှာလည်း စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ ပါကစ္စတန်မှာ မိုင်းရှင်းလင်းရေးသင်တန်း တက်ရောက်နေကြပါတယ်။

    ပါကစ္စတန်စစ်တပ်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အခုလို မြန်မာနိုင်ငံကို လာရောက်မှုဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံရေးနွေးထွးအောင်လုပ်ဖို့ တရုတ်နိုင်ငံရဲ့ စေ့ဆော်မှုကြောင့် ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Zee

  • ၉/၁၁ တိုက်ခိုက်မှုတွင် ပါဝင်သူနှစ်ဦးနှင့်ပတ်သက်သည့် ထိပ်တန်းလျှို့ဝှက်ချက်ကို အမေရိကန် ထုတ်ပြန်

    ၉/၁၁ တိုက်ခိုက်မှုတွင် ပါဝင်သူနှစ်ဦးနှင့်ပတ်သက်သည့် ထိပ်တန်းလျှို့ဝှက်ချက်ကို အမေရိကန် ထုတ်ပြန်

    စက်တင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -၂၀၀၁ ခုနှစ် ၉/၁၁ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲသူနှစ်ဦး အကူအညီရရှိခဲ့မှုနဲ့သက်ဆိုင်တဲ့ FBI ရဲ့ စုံစမ်းတွေ့ရှိချက်တွေကို အမေရိကန်အစိုးရက တိုက်ခိုက်မှု နှစ် ၂၀ ပြည့်တဲ့ စနေနေ့မှာ အများပြည်သူထံ ချပြလိုက်ပါတယ်။

    သမ္မတ ဂျိုးဘိုင်ဒန်က ၉/၁၁ တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ FBI ရဲ့ တွေ့ရှိချက်တွေကို ပြည်သူထံချပြဖို့ တရားရေးဌာနကို ညွှန်ကြားပြီး တစ်ပတ်အကြာမှာ စာမျက်နှာ ၁၆ မျက်နှာပါတဲ့ ဒီထိပ်တန်းလျှို့ဝှက်ချက် ပထမဆုံး ထွက်လာတာပါ။

    လေယာဉ်တွေကို ပြန်ပေးဆွဲပြီး တိုက်ခိုက်မှုလုပ်သူ ၁၉ ဦးမှာ ၁၅ ဦးက ဆော်ဒီနိုင်ငံသားတွေဖြစ်ပြီး၊ တိုက်ခိုက်မှုကို ဆော်ဒီအစိုးရက ပူးပေါင်းကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အရင်ကတည်းက ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

    မနေ့က ထုတ်ပြန်မှုမှာ လေယာဉ်ပြန်ပေးဆွဲသူတွေထဲက နှစ်ဦးကို ​ထောက်ပံ့ကူညီပေးခဲ့တဲ့ ဆော်ဒီနိုင်ငံသား နှစ်ဦးအကြောင်း ပါဝင်ပါတယ်။ တစ်ဦးက အိုမာ အလ် ဘေယိုမီဆိုသူဖြစ်ပြီး နောက်တစ်ဦးက လော့စ်အိန်ဂျလိစ် ဆော်ဒီကောင်စစ်ဝန်ရုံးက တာဝန်ရှိသူ ဖာဟဒ် အလ် သူမိုင်ရီ ဖြစ်ပါတယ်။

    အလ် ဘေယိုမီဟာ ဆော်ဒီအစိုးရနဲ့ အဆက်အသွယ်ရှိသူပါ။ လေယာဉ်ပြန်ပေးဆွဲသူတွေဖြစ်တဲ့ နာဝက်ဖ် အလ် ဟဇ်မီ၊ ခါလစ် အလ် မစ်ဒ်ဟာရ်တို့ကို ဆန်ဒီယေဂိုမြို့မှာ သူကတိုက်ခန်းငှားပေးခဲ့ပါတယ်။ ဒီလူနှစ်ဦးကို ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလက သူ့ရဲ့စားသောက်ဆိုင်မှာ တွေ့ဆုံမှုဟာ အမှတ်မထင် တွေ့ဆုံမှုဖြစ်တယ်လို့ အလ် ဘေယိုမီက ပြောခဲ့ကြောင်း FBI ရဲ့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ရပါတယ်။

    ဟဇ်မီနဲ့ မစ်ဒ်ဟာရ်တို့ကို ဘေယိုနီ ကူညီပေးခဲ့တာတွေက ဘာသာပြန်ကိစ္စ၊ ခရီးသွားလာမှု၊ တည်းခိုမှု၊ ငွေကြေးထောက်ပံ့မှုတွေ ဖြစ်ပါတယ်။ အလ်ဘေယိုနီဟာ တစ်ခါတစ်ရံမှာ ‘ဂျီဟတ်’ ကိစ္စအကြောင်း ပြောတတ်တယ်လို့ FBI ရင်းမြစ်က ဆိုပါတယ်။

    ၉/၁၁ တိုက်ခိုက်မှုမဖြစ်ခင်ကာလ လော့စ်အိန်ဂျလိစ်မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အရေးပါအရာရောက်ခဲ့တဲ့ ဖာဟဒ် အလ် သူမိုင်ရီဟာ သဘောထားတင်းမာသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

    နောက်ပိုင်း ဂွါတာနာမိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဆော်ဒီညီအစ်ကိုနှစ်ဦးရဲ့ ဆော်ဒီက အိမ်ဖုန်းကို ၁၉၉၉ ခုနှစ်က အလ် သူမိုင်ရီ ဖုန်းဆက်ပြီး ၇ မိနစ် ပြောကြားမှုကို FBI ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    အလ် ဘေယိုမီရော အလ် သူမိုင်ရီပါ ၉/၁၁ တိုက်ခိုက်မှုမဖြစ်ခင် သီတင်းပတ်အနည်းငယ်အရင် အမေရိကန်ကနေ ထွက်ခွာသွားကြတာပါ။

    ဆော်ဒီကငြင်းထား

    ၉/၁၁ တိုက်ခိုက်မှုမှာ ပူးပေါင်းပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဆော်ဒီအစိုးရက တစ်စိုက်မတ်မတ် ငြင်းဆိုထားပါတယ်။

    ဝါရှင်တန်က ဆော်ဒီသံရုံးကလည်း ၉/၁၁ တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု အချက်အလက်တွေ အများပြည်သူထံချပြမယ့် ဂျိုးဘိုင်ဒန်အစိုးရရဲ့ အစီအစဉ်ကို အပြည့်အ၀ ထောက်ခံတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ထားပါတယ်။

    တိုက်ခိုက်မှုမှာ ဆော်ဒီအစိုးရ ပါဝင်တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ လုံး၀မှားယွင်းတယ်လို့ ဆော်ဒီသံရုံးက ထပ်မံပြောကြားခဲ့ပါတယ်။

    “၉/၁၁ ကော်မရှင်က ထုတ်ပြန်မှု၊ စာမျက်နှာ ၂၈ မျက်နှာပါ ထုတ်ပြန်မှုတွေလို အရင်က စုံစမ်းစစ်​ဆေးမှု ထုတ်ပြန်ချက်တွေမှာ ဆော်ဒီအစိုးရ ဒါမှမဟုတ် အရင်အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်တဲ့ ဆော်ဒီအာဏာပိုင်တွေ ပါဝင်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားမျိုး လုံး၀ မတွေ့ရပါဘူး” လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကျန်ရစ်သူတွေ ချီးကျူး

    ၉/၁၁ တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ အခုလို ပထမဆုံး ထုတ်ပြန်မှုအတွက် ကျန်ရစ်သူ မိသားစုတွေက အမေရိကန်အစိုးရကို ချီးကျူးခဲ့ကြပါတယ်။

    ဒီလိုထုတ်ပြန်မှုဟာ အမှန်တရားနဲ့ တရားမျှတမှုကို ဖော်ထုတ်ဖို့ မိမိတို့ရဲ့ ကြိုးစားမှုကို တွန်းအားပေးလိုက်တာဖြစ်ပြီး ဆော်ဒီအစိုးရရဲ့ ပံ့ပိုးမှုနဲ့ အလ်ကိုင်းဒါးအဖွဲ့ အမေရိကန်နိုင်ငံအတွင်း ဘယ်လို လှုပ်ရှားခဲ့လဲဆိုတာ ရေးရေးပေါ်လာတာဖြစ်တယ်လို့ ကျန်ရစ်သူမိသားစုတွေက ပြောပါတယ်။

    လေယာဉ်ပြန်ပေးဆွဲတိုက်ခိုက်သူတွေ အမေရိကန်ရောက်ပြီးနောက်ပိုင်း အဆက်အသွယ်ရှိတဲ့ ဆော်ဒီ သံရုံး တာဝန်ရှိသူတွေ၊ ဆော်ဒီအစိုးရ တာဝန်ရှိသူတွေအကြောင်းကို FBI က စုံစမ်းစစ်ဆေးမှုတွေ ရှိခဲ့ပေမယ့် ၉/၁၁ ကော်မရှင်ရဲ့ အရင်က ထုတ်ပြန်ချက်မှာတော့ တိုက်ခိုက်မှုမှာ ဆော်ဒီအာဏာပိုင်တွေ ပါဝင်ပတ်သက်တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • ဒေါ်အောင်ဆန်းစုကြည်နေရာတွင် ထပ်မံသရုပ်ဆောင်ချင်သည်ဟု မင်းသမီး မီရှဲလ်ယို ဖွင့်ဟ

    ဒေါ်အောင်ဆန်းစုကြည်နေရာတွင် ထပ်မံသရုပ်ဆောင်ချင်သည်ဟု မင်းသမီး မီရှဲလ်ယို ဖွင့်ဟ

    စက်တင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေရာမှာ ထပ်ပြီး သရုပ်ဆောင်ချင်သေးတယ်လို့ ဟောလီး၀ုဒ် နာမည်ကျော်မင်းသမီး မီရှဲလ်ယိုက ပြောကြားလိုက်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုဘ၀ကို အခြေခံရိုက်ကူးထားပြီး ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Lady မှာ မီရှဲလ်ယိုဟာ ဒေါ်အောင်ဆန်းစုကြည်နေရာကနေ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    The Guardian သတင်းစာနဲ့ မနေ့ကအင်တာဗျူးမှာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀အဖြစ်အပျက်တွေကို နောက်ဆက်တွဲဇာတ်လမ်း ရိုက်ကူးမယ်ဆိုရင် ပါဝင်ချင်တယ်လို့ အသက် ၅၉ နှစ်အရွယ် ယိုက ဖွင့်ဟခဲ့ပါတယ်။

    “နောက်ဆက်တွဲဇာတ်လမ်းရိုက်မယ်ဆိုတာမျိုးက သိပ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ချပြစရာအကြောင်းတွေ ထပ်ရှိနေတာပဲမဟုတ်လား။ အခုပြောနေရင်းနဲ့တောင် ဖြစ်ပျက်နေတာပဲ”

    သူမ သူရဲကောင်းတစ်ယောက်အဖြစ် သရုပ်ဆောင်ပေးခဲ့သူတစ်ယောက်ကို လူမျိုးတုန်းသတ်ဖြတ်မှုမှာ ကြံရာပါအဖြစ် ပြောဆိုစွပ်စွဲနေကြတာတွေကို စိတ်ပျက်မိတယ်လို့လည်း မီရှဲလ်ယိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မလေးရှားနိုင်ငံသူဖြစ်တဲ့ယိုဟာ အသက် ၂၀ အရွယ် ၁၉၈၃ ခုနှစ်မှာ Miss Malaysia ဘွဲ့ ရခဲ့ပြီးတဲ့နောက် ဟောင်ကောင်ရုပ်ရှင်လောကကို ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း ဟောလီး၀ုဒ်မှာပါ အောင်မြင်လာသူ ဖြစ်ပါတယ်။

    သူမအရင်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေအတွက် နောက်ဆက်တွဲဇာတ်လမ်း ရိုက်ရတာမျိုးကို ကြိုက်နှစ်သက်တယ်လို့လည်း ယိုက The Guardian သတင်းစာကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: The Guardian