News @ M-Media

Blog

  • နှစ် ၅၀ ကြာ သံတမန် အဆက်အသွယ်မရှိသည့် အမေရိကန် နှင့် ကျူးဘား ပြန်လည်ဆက်သွယ်တော့မည်။

    နှစ် ၅၀ ကြာ သံတမန် အဆက်အသွယ်မရှိသည့် အမေရိကန် နှင့် ကျူးဘား ပြန်လည်ဆက်သွယ်တော့မည်။

    ဒီဇင်ဘာ ၁၉၊ ၂၀၁၄
    M-Media

    2014121815227921734_20

    – နှစ်ပေါင်း ၅၀ ကျော်ကြာ သံတမန် အဆက်အသွယ် မရှိခဲ့သည့် လက်တင်အမေရိကမှ ကွန်မြူနစ်နိုင်ငံ ဖြစ်သည့် ကျူးဘားနှင့် အမေရိကန်တို့ ပြန်လည် ဆက်သွယ်တော့မည်ဟု သိရသည်။

    ၎င်းတို့ နှစ်နိုင်ငံမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် နှစ်ဖက်အကျဉ်းသားများ  ယမန်နေ့ကလည်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ကျူးဘားသမ္မတ ရာအူလ်း ကက်စထရိုတို့မှာ ၎င်းတို့၏ ပြည်သူများအား တစ်ချိန်တည်း မိန့်ခွန်းပြောကြားခဲ့သည်။

    အိုဘားမားကမူ မိမိတို့မှာ ကျူးဘားပြည်သူများနှင့် ဆက်ဆံရေးကို ယနေ့မှစ၍ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ပုံမှန်ဆက်ဆံရေးကို ထူထောင် သွားမည်ဖြစ်ပြီး၊ ယခုကဲ့သို့ ပြောင်းလဲမှုမှတစ်ဆင့် အမေရိကန်နှင့် ကျူးဘားပြည်သူများအတွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးရန်နှင့်  ကဏ္ဍအသစ် ဖွင့်လှစ်ပေးရန် မိမိတို့ရည်ရွယ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ကက်စထရိုနှင့် အိုဘားမားတို့မှာ အင်္ဂါနေ့ကလည်း နှစ်ဦးသား ၄၅ မိနစ်ကျော်ကြာ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြပြီး ရာစုနှစ်ဝက်ကျော်အတွင်း သမ္မတအဆင့် ပထမဆုံး စကားပြောဆိုမှုလည်းဖြစ်ခဲ့သည်။

    အကျဉ်းသားလဲလှယ်မှုတွင် ကျူးဘားမှာ ၅ နှစ်ကျော်ကြာ အကျဉ်းချထားခံရသည့် USAID ကန်ထရိုက်တာ တစ်ဦးနှင့် အရေးပါသည့် အမေရိကန်ထောက်လှမ်း တစ်ဦးတို့ကို ပြန်လွှတ်ပေးခဲ့ပြီး အမေရိကန်ကမူ ၁၀နှစ်ကျော် အကျဉ်းချထားခဲ့သည့် ကျူးဘား ထောက်လှမ်းရေး ၃ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

    ကျူးဘားနှင့် အမေရိကန်တို့ ထိုကဲ့သို့ သံတမန်ဆက်ဆံမှု ခြေလှမ်းအတွက် လက်တင်အမေရိကနှင့် ဥရောပနိုင်ငံများကလည်း ချီးကျူးခဲ့သည်။

    Al Jazeera and agencies
  • ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရေး အစည်းအဝေး လာမည့်လတွင် ကျင်းပမည်

    ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရေး အစည်းအဝေး လာမည့်လတွင် ကျင်းပမည်

    ဒီဇင်ဘာ ၁၉ ၊၂၀၁၄
    M-Media
    1379915_580267648677529_110169397_n
    – နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုနှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်ရန် ကြိုးပမ်းမှုအဖြစ် ထိုင်း-မြန်မာ ကုန်သွယ်ရေး ပူးပေါင်းအစည်းအဝေးတစ်ခုကို လာမည့်လတွင် ကျင်းပမည်ဟု သိရသည်။

    အဆိုပါ အစည်းအဝေးမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပမာဏ ဘတ် ၁.၅ ထရီလီယံသို့ ရောက်ရှိရေး မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပထမအကြိမ်အစည်းအဝေးကို ထိုင်းနှင့် မြန်မာတို့မှ ကုန်သွယ်ရေးဝန်ကြီးများက ဦးဆောင်ကာ ပြုလုပ်သွားမည်ဖြစ်သည်။

    ထိုအစည်းအဝေးတွင် မဲဆောက်နှင့် မြ၀တီမြို့နှစ်မြို့အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ထိုင်း-မြန်မာ စီးပွားရေးကောင်စီ ထူထောင်ရေးတို့ ပါဝင်မည်ဖြစ်ပြီး ထိုမြို့များ၌ စီးပွားရေးဆိုင်ရာ အသိပညာပေးမှုများမှား မြှင့်တင်ခြင်းလည်း ပါဝင်မည်ဖြစ်သည်။

    ထို့ပြင် နယ်စပ်ကုန်သွယ်ရေးတွင် တွေ့ကြုံရသော ပြဿနာများ၊ အတားအဆီးများကို ဖြေရှင်းရေးအတွက် အကြံပြုချက်များပေးခြင်းလည်း ပါဝင်မည်ဖြစ်ကာ ဆွေးနွေးပွဲ ရလဒ်များကို ထိုင်းဝန်ကြီးချုပ် ပရာယွတ် ဦးဆောင်မည့် အထူးစီးပွားရေးဖွံ့ဖြိုးမှုဇုန်နှင့် ပတ်သက်သည့် ပေါ်လစီကော်မတီသို့ တင်ပြသွားမည်ဖြစ်သည်။

    Bangkok Post

  • ခြိမ်းခြောက်မှုများကြောင့် မြောက်ကိုရီးယား ခေါင်းဆောင်အား လုပ်ကြံသည့် ဟာသရုပ်ရှင် ပြသမှုကို ဆိုနီ ရပ်ဆိုင်း

    ခြိမ်းခြောက်မှုများကြောင့် မြောက်ကိုရီးယား ခေါင်းဆောင်အား လုပ်ကြံသည့် ဟာသရုပ်ရှင် ပြသမှုကို ဆိုနီ ရပ်ဆိုင်း

    ဒီဇင်ဘာ ၁၈၊ ၂၀၁၄
    M-Media
    File photo of a security guard standing at the entrance of United Artists theater during the premiere of the film "The Interview" in Los Angeles
    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား လုပ်ကြံသည့်ပုံစံ ဆိုနီက ရိုက်ကူးထားသည့် ဟာသကား ရုံတင်ပြသမှုကို ခြိမ်းခြောက်မှုများကြောင့် ရပ်ဆိုင်းထားလိုက်ပြီဟု သိရသည်။

    The Interview အမည်ရ အဆိုပါ ဇာတ်ကားကို လာမည့် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ ရုံများ၌ ရုံတင်ပြသရန် စီစဉ်ထားသော်လည်း အချို့ရုံများက လက်မခံခြင်း၊ မြောက်ကိုရီးယား ဟက်ကာအဖွဲ့က ပြသသည့် ရုံများကို တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်း စသည်တို့ကို ကြုံတွေ့ရသောကြောင့် ပြသခြင်းမပြုရန် ဆိုနီက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

    ကန်ဒေါ်လာ ၄၄သန်း အကုန်အကျခံရိုက်ကူးထားသည့် အဆိုပါ ရုပ်ရှင်ကို မကျေနပ်သည့်အတွက် မြောက်ကိုရီးယား ဟက်ကာများက ဆိုနီကုမ္ပဏီအား ဆိုက်ဘာတိုက်ခိုက်မှုကို ပြီးခဲ့သည်လက ပြုလုပ်ခဲ့ပြီး အရေးကြီး စာရွက်စာတမ်းများ ပေါက်ကြားခဲ့သည်။

    ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် မြောက်ကိုရီးယားအစိုးရမှ ပါဝင်ခဲ့သည်ဟု အမေရိကန်က ပြောကြားခဲ့သော်လည်း မြောက်ကိုရီးယားဘက်ကမူ ငြင်းဆိုခဲ့သည်။

    အဆိုပါရုပ်ရှင် ပြသမှုအား ရပ်ဆိုင်းခဲ့မှုနှင့်ပတ်သက်၍ ဆိုနီကုမ္ပဏီကို ဝေဖန်မှုများလည်း ရှိနေသည်။

    `ဆိုနီပြိုလဲခြင်းနဲ့အတူ အမေရိကန်ဟာ ဆိုက်ဘာစစ်ပွဲမှာ ပထမဆုံးရှုံးနိမ့်ခဲ့တာပါပဲ။ ဒါဟာ သိပ်ကြောက်စရာကောင်းတဲ့ အစဉ်အလာပါပဲ´ ဟု ရီပက်ဘလစ်ကန် ကိုယ်စားလှယ်ဟောင်း နယူ့တ် ဂင်ဂရစ်ခ်ျက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    Reuters

  • ပါလက်စတိုင်းအား အစ္စရေးကျူးကျော်မှု အဆုံးသတ်ရမည့် မူကြမ်းတစ်ခု လုံခြုံရေးကောင်စီသို့ တင်သွင်း

    ပါလက်စတိုင်းအား အစ္စရေးကျူးကျော်မှု အဆုံးသတ်ရမည့် မူကြမ်းတစ်ခု လုံခြုံရေးကောင်စီသို့ တင်သွင်း

    ဒီဇင်ဘာ ၁၈၊ ၂၀၁၄
    M-Media

    665003303001_3949462873001_2014121422135571734-20
    – ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲပြီးကတည်းက အစ္စရေးတို့ ပြုလုပ်ခဲ့သည့် ပါလက်စတိုင်းဒေသ ကျူးကျော်မှုအား အဆုံးသတ်ရန်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်း တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲခွဲရန်အတွက် ဂျော်ဒန်နိုင်ငံက တင်သွင်းခဲ့သည်ဟု သိရသည်။

    အဆိုပါ ဆုံးဖြတ်ချက်မှုကြမ်းတွင် ပါလက်စတိုင်း ပိုင်နက်မှ အစ္စရေးစစ်တပ်များ ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ နောက်မကျစေဘဲ ထွက်သွားရန် တောင်းဆိုထားပြီး ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းကိုယ်စားလှယ် ရီယဒ် မန်ဆူရ်ကမူ အဆိုပါ ဆုံးဖြတ်ချက်မှုကြမ်းမှာ အမေရိကန်အပါအ၀င် မည်သူနှင့်မဆို ထပ်မံ၍ ဆွေးနွေးမှု များ ပြုလုပ်ရန် အတွက် တံခါးပိတ်ခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။

    `တကယ်လို့ သူတို့သာ ဆန္ဒရှိရင် သူတို့အားလုံးနဲ့ နောက်ပြီး အမေရိကန်နဲ့ပါ ကျွန်တော်တို့ဟာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာပါ။ ဒါမှသာ ငြိမ်းချမ်းရေး တံခါးကိုဖွင့်ဖို့ လုံခြုံရေးကောင်စီက ပြဌာန်းတဲ့ ဥပဒေတစ်ခုခုဟာ အောင်မြင်နိုင်မှာပါ။ အဓိပ္ပါယ်ရှိတဲ့ အရာတွေအတွက် ကျွန်တော်တို့နဲ့ အလုပ်လုပ်လိုသူတွေအားလုံးနဲ့ အလုပ်လုပ်ဖို့ ကျွန်တော်တို့  ဆန္ဒရှိပါတယ်´ ဟု မန်ဆူရ်က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် ဒီကရေစီစနစ်ထွန်းကားပြီး ကြွယ်ဝသည့် လွတ်လပ်သောနိုင်ငံ နှစ်နိုင်ငံဖြစ်လာရေးကို ရှေ့ရှုသော ငြိမ်းချမ်းရေး အစ္စရေးနှင့် ပါလက်စတိုင်းအကြား တစ်နှစ်အတွင်း ရရှိရန်အတွက်လည်း တိုက်တွန်းထားသည်။

    ပါလက်စတိုင်းမှာ လုံခြုံရေးကောင်စီတွင် စောင့်ကြည့် အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် ထိုဆုံးဖြတ်ချက်မှုကြမ်းကို တိုက်ရိုက်တင်သွင်းခွင့်မရှိဘဲ ဂျော်ဒန်က တင်သွင်းပေးခဲ့ရခြင်းဖြစ်သည်။

  • မိမိမှာ အလန်ရှီးယားနှင့် တူလာကြောင်း ရီးတိုက်စစ်မှူး ဘေးလ် ဖွင့်ဟ

    မိမိမှာ အလန်ရှီးယားနှင့် တူလာကြောင်း ရီးတိုက်စစ်မှူး ဘေးလ် ဖွင့်ဟ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၄
    M-Media
    feel like Alan Shearer
    – ခေါင်းတိုက်ဂိုးများ များလာသည့် မိမိမှာ နယူးကာဆယ်အသင်း၏ ဂန္တ၀င်တိုက်စစ်မှူး အလန်ရှီးယားနှင့် တူလာပြီဟု ရီးယဲလ်အသင်း၏ ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေား ယူရို သန်း ၁၀၀ ဖြင့် စပါးမှ ပြောင်းရွှေ့လာခဲ့သည့် ဂါရက်ဘေးလ်မှာ ယမန်နေ့က ကစားခဲ့သည့် ကမ္ဘာ့ကလပ်များဖလား ဆီးမီးဖိုင်နယ် Cruz Azul အား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ခေါင်းတိုက်ကာ တစ်ဂိုး သွင်းပေးခဲ့ပြီး ထိုဂိုးမှာ မကြာသေးမီက ကစားခဲ့သောပွဲများတွင် ခေါင်းတိုက်၍ သွင်းယူခဲ့သော ၎င်း၏ သုံးဂိုးမြောက်ဂိုးလည်း ဖြစ်သည်။

    `ဒီခေါင်းတိုက်ဂိုးတွေကြောင့် အလန်ရှီးယာနဲ့ နည်းနည်းတူလာတယ်လို့ ခံစားရလာပါတယ်´ ဟု ထိုပွဲအပြီးတွင် ဘေးလ်က ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် ထိုပွဲတွင် အားပေးခဲ့ကြသည့် ပရိတ်သတ်ထောင်ပေါင်းများစွာကိုလည်း ကျေးဇူးတင်ကြောင်း ဘေးလ်က ပြောကြားခဲ့သည်။

    ထိုပွဲအနိုင်မှာ ရီးယဲလ်၏ ၂၁ ပွဲဆက်တိုက် စံချိန်တင်အနိုင်လည်းဖြစ်သည်။ Cruz Azul အသင်းနည်းပြ လူးဝစ် ဖာနန်ဒိုကမူ မိမိတို့အသင်းမှာ ရီးယဲလ်အား မယှဉ်နိုင်ခဲ့ကြောင်း တတိယနေရာအတွက်ပင် ကြိုးစားရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။