News @ M-Media

Blog

  • သတင်းစာဆရာ ဘာတေးလင်နာရေးတဲ့ ” မြန်မာ့မြေပေါ်မှ အစ္စလာမ် သာသနာဝင်များ” အကြောင်း

    သတင်းစာဆရာ ဘာတေးလင်နာရေးတဲ့ ” မြန်မာ့မြေပေါ်မှ အစ္စလာမ် သာသနာဝင်များ” အကြောင်း

    အောက်တိုဘာ ၁၅ ၊ ၂၀၁၄
    M-Media

    S.A. Ginwalla
    ၁၉၈၈ အရေးတော်ပုံအပြီး ရန်ကုန်ရှိ နွမ်းပါးသူတို့အား ရိက္ခာဝေငှ ကူညီခဲ့သည့် မြန်မာ့ဘာသာပေါင်းစုံ ကူညီရေးကော်မတီ BIRC – Burma Interfaith Relief Committee ၏ ခေါင်းဆောင်များဖြစ်သော ဦးဘိုနှင့် S.A. Ginwalla (ဓာတ်ပုံ – Gaye Paterson)

    အလ်ကိုင်ဒါခေါင်းဆောင် အေမန် အလ်-ဇ၀ါဟီရီ က ဂျိဟာ့ဒ် အလံကို တောင်အာရှ တစ်ခွင်မှာ လွှင့်ထူတော့မယ်ဆိုပြီး စက်တင်ဘာလ ဆန်းပိုင်းမှာ အသံဟစ်လိုက်ပါတယ်။ ဒါပေမယ့် ဒီဟစ်သံက မြန်မာ့မြေပေါ်က အစ္စလာမ်သာသနာဝင်များအပေါ် ကြီးကြီးမားမား လှုပ်ခါထိခိုက်မှု မဖြစ်စေခဲ့ပါဘူး။ အဲ့ဒီလှုပ်ရှားမှုထဲ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယပြည်နယ်တွေဖြစ်တဲ့ အာသံ၊ ဂူဂျာရတ်၊ ဂျမ်မူး၊ ကက်ရှမီးယားတို့လည်း ပါဝင်မယ်လို့ သူက ဆိုပါတယ်။ ဒီလိုအသံဟစ်ပြီး မရှေးမနှောင်းလေးတင်မှာပဲ လန်ဒန်အခြေစိုက် မြန်မာမွတ်စ်လင်မ်အဖွဲ့အစည်းက “ သိက္ခာမရှိတဲ့ အပြင် ရုန့်ရင်းကြမ်းတမ်းမှုပေါ် အခြေပြုထားတဲ့ အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဆီက အကူအညီကို မြန်မာမွတ်စ်လင်မ်တွေ ဘယ်တော့မှ လက်သင့်ခံမှာ မဟုတ်ပါဘူး” လို့ ထုတ်ပြန်လိုက်ပါတယ်။

    အီဂျစ်နိုင်ငံသား မျက်စေ့ခွဲစိပ် ဆရာဝန်ဟောင်း အသက် ၆၃ နှစ်အရွယ် မစ္စတာ ဇ၀ါဟီရီဟာ ရှည်လျားထွေပြား စကားပြော ဗီဒီယိုကလစ်တွေ တင်နေတတ်သူမို့ လူသိများပေမယ့် လက်ရှိသူ ဦးဆောင်နေတဲ့ အလ်ကိုင်ဒါ အဖွဲ့ဟာဆိုရင် ၂၀၁၁ ခုနှစ်၊ မေလ ၂ ရက်၊ အမေရိကန်အထူး ကမ်းတက်တပ်ဖွဲ့ဝင်တွေရဲ့လက်ချက်နဲ့ ပါကစ္စတန်နေအိမ်ထဲ အလ်ကိုင်ဒါ တည်ထောင်သူနဲ့ ခေါင်းဆောင်ဟောင်း အိုစာမာ ဘင်န် လာဒင် သေဆုံးပြီးကတည်းက အင်အားချည့်နဲ့ပြိုလဲသွားခဲ့ပြီး အနည်းနဲ့အများ မှေးမှိန်သွားခဲ့ပါတယ်။ ယခုလို သူ့ကြေငြာချက်တွေဟာ သူတို့အုပ်စုအနေနဲ့ ရှင်သန်ဆဲ၊ လှုပ်ရှားဆဲ ဆိုပြီး အရဲစွန့်လူလုံးထွက်ပြခြင်းရယ်ပါ။ အထူးသဖြင့် ဒါက ဆီးရီးယားနဲ့ အီရတ်က IS အရှိန်မြင့်မားလာတဲ့ဖက်က အမြင်ဖြစ်တယ်။ တစ်ချိန်က ကြောက်စရာ အကြမ်းဖက်အုပ်စုဖြစ်တဲ့ အလ်ကိုင်ဒါဟာ ISIS အဖွဲ့ အဖက်ဖက်က ကြီးထွားလာတာနဲ့ အမျှ  လှုပ်လေမြုပ်လေ ဖြစ်နေတယ်လို့ BBC က စက်တင်ဘာ ၄ ရက်မှာ အစီရင်ခံတင်ပြခဲ့တယ်။

    အဲ့ဒီနယ်အတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုခွေဖြစ်နေတဲ့ အပြင် RSO တိုက်ခိုက်ရေးသမားတွေလို့ ပုံမှားရိုက်ထားသူတွေက Jamaat-e-Islami ရဲ့အဖွဲ့ခွဲ Islami Chhatra Shibir ဘင်္ဂလားဒေ့ရှ်အစွန်းရောက်အဖွဲ့သား စစ်သွေးကြွတွေ ဖြစ်နေတာ တွေ့ရပါတော့တယ်။

    ပါကစ္စတန်ရဲ့ လုံခြုံတဲ့ တစ်နေရာရာမှာ ပုန်းအောင်းနေတယ်လို့ ယူဆစရာရှိတဲ့ မစ္စတာ ဇ၀ါဟီရီဟာ သူ့ခြိမ်းခြောက်မှုအတိုင်း အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ဘယ်လိုမှ မတွေးယူနိုင်ပါဘူး။ အလ်ကိုင်ဒါနဲ့ မြန်မာပြည်က မွတ်စ်လင်မ်တစ်ချို့ အကြား ၁၉၉၀ နှစ်များအစောပိုင်း ကာလလောက်ကပဲ အဆက်အသွယ်ရှိတာကို ထုတ်ပြနိုင်ပါလိမ့်မယ်။ အဲ့ဒါကတော့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း Cox’s Bazar နဲ့ Teknaf အကြား Ukhia ဒေသထဲ RSO အဖွဲ့ စခန်းချခဲ့စဉ်ကပါပဲ။ အဲ့ဒီအချိန်တုန်းက အာဖဂန် စစ်သွေးကြွတွေဟာ စခန်းကို ရောက်လာတယ်။ RSO ဖက်ကလည်း တာလီဘန် အတွက် တိုက်ပွဲဝင်ဖို့ ရခိုင်ပြည်နယ်က ဒုက္ခသည် တစ်ချို့ကို အဖဂန်နစ္စတန်ဆီ ပို့ဆောင်ရေး စီစဉ်ခဲ့ကြတယ်။ ၂၀၀၂ ခုနှစ် သြဂုတ်လမှာ အာဖဂန်နစ္စတန်ကနေ CNN ရရှိတဲ့ အလ်ကိုင်ဒါမှတ်တမ်း ဗီဒီယိုခွေ ၆၀ ကျော်ထဲ လက်နက်ကိုင်လေ့ကျင့်ရေး သင်တန်းဝင်နေတဲ့ မွတ်စ်လင်မ် မဟာမိတ်တွေအကြား မြန်မာ(Burma) လည်း ပါဝင်တယ်လို့ ပြသထားတယ်ဆိုပြီး ပြောနေကြတယ်။ ဒါပေမယ့် RSO အဖွဲ့ဟာ မြန်မာပြည်ထဲ စခန်း တစ်ခုတောင် မရှိခဲ့ပဲ တစ်ဖက်ကမ်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်ထဲမှာသာ ရှိခဲ့တာဖြစ်တယ်။ အဲ့ဒီနယ်အတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုခွေဖြစ်နေတဲ့ အပြင် RSO တိုက်ခိုက်ရေးသမားတွေလို့ ပုံမှားရိုက်ထားသူတွေက Jamaat-e-Islami ရဲ့အဖွဲ့ခွဲ Islami Chhatra Shibir ဘင်္ဂလားဒေ့ရှ်အစွန်းရောက်အဖွဲ့သား စစ်သွေးကြွတွေ ဖြစ်နေတာ တွေ့ရပါတော့တယ်။ ယခုချိန်မှာ ပိတ်သိမ်းထားပြီးတဲ့စခန်းက လှုပ်ရှားမှုတွေဟာ မြန်မာပြည်က ဘယ်လူမျိုးစုနဲ့မှ မပတ်သက်ပါဘူး၊ မည်သည့် ဘာသာရေး ပဋိပက္ခနဲ့လည်း မပတ်သက်ပါဘူး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးနဲ့သာ အဓိက သက်ဆိုင်နေတာပါ။

    လက်ရှိနှစ်များအတွင်း အဗ်ဒုလ် ကုဒ္ဒူးစ် အလ်ဗရ်မီလို့ မိမိကိုယ်ကို အမည်ပေးထားတဲ့ တို့မီးရှို့မီးလုပ်နေသူ မွတ်စ်လင်မ်တစ်ဦး ရှိပါတယ်။ သူ့ကိုယ်သူ မြန်မာနိုင်ငံကလို့ပြောပြီး မြန်မာစကားနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုကလစ်တွေ ထုတ်ပါတယ်။ လက်နက် တပ်ဆင်ပြီး တန်းစီထားတဲ့ မွတ်စ်လင်မ် တိုက်ခိုက်ရေးသမားတွေကို နောက်ခံထား ရိုက်ကူးထားပါတယ်။ တကယ်တမ်းကျတော့ သူဟာ ပါကစ္စတန်၊ ကရာချိက မဒ်ရဆာစာသင်ကျောင်း တစ်ခုမှာ ခြေကုပ်ယူထားတာပါ။ အဲ့ဒီဗီဒီယို အတိုအစလေးဟာ ၁၉၉၀ အစောပိုင်းနှစ်များက Ukhia ထဲ (သို့မဟုတ်) Sulawesi ကျွန်းပေါ် ပိုဆိုဒေသ Gunung Biru (တောင်ပြာတန်း)ပေါ်ရှိတဲ့ Jamaah Ansharut Tauhid အဖွဲ့ထဲက အင်ဒိုနီးရှား စစ်သွေးကြွတွေရဲ့စခန်းထဲ ရိုက်ကူးထားချက် ဖြစ်နေတယ်။ အဲ့ဒီ အင်ဒိုစခန်းက မြန်မာနိုင်ငံနဲ့သော် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့သော်လည်း ကီလိုမီတာ ထောင်ချီဝေးကွာတဲ့ အရပ်ဒေသမှာ တည်ရှိလို့နေပါတယ်။

    အဲ့ဒီလိုလူစားမျိုးနဲ့ လားလားမျှ မဆိုင်စွာ မြန်မာမွတ်စ်လင်မ်တွေအဖို့ ဘာသာရေးအခြေခံ ပုန်ကန်မှုရယ်လို့ လုံးဝ မရှိခဲ့ဖူးပါဘူး။ အစ္စရေးလူမျိုးပညာရှင်နဲ့ သံတမန်ဟောင်း မိုရှေး ယေဂါက ဒီလိုဆိုထားပါတယ်။ အာရဗ်ကမ္ဘာက မွတ်စ်လင်မ် သင်္ဘောသားတွေဟာ မြန်မာနိုင်ငံထဲ ၉ ရာစုအတွင်း ပထမဆုံး ရောက်ခဲ့ကြတယ်။ အချို့က ကုန်သည်တွေ ဖြစ်ပြီး အချို့ကတော့ အနော်ရထာ အပါအ၀င် မြန်မာဘုရင်များလက်အောက်မှာ မြင်းသည်တော်တွေအဖြစ် အမှုထမ်းခဲ့ကြတယ်။ အများစုဟာ အမျိုးသားတွေဖြစ်တဲ့အတွက်  လူ့သဘာဝအရ ဒေသခံအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျပြီး လူ့အဖွဲ့အစည်းဝင်တွေအဖြစ် တစ်သွေးတစ်သားတည်း ဖြစ်လာခဲ့ကြတယ်။ ၁၉ ရာစုမှာ မင်းတုန်းမင်းတရားကြီးက မိမိရဲ့ မွတ်စ်လင်မ်စစ်သည်များအတွက် နေပြည်တော်သစ် မန္တလေးမှာ (အစ္စလာမ်ထုံးတမ်းနဲ့ ညီညွတ်သော) ဟလာလ်အစားအစာတွေ စီစဉ်ပေးယုံမက အိမ်ရာတွေ တည်ဆောက်ဖို့ နေရာချမြေရှင်းစေခဲ့တယ်။ ဒါ့အပြင် မွတ်စ်လင်မ်ရေးရာ စီမံခန့်ခွဲရေးအတွက် အာဖဂနစ္စတန် ကာဘူးလ် မှ မော်လဝီကြီး တစ်ဦးကို တရားသူကြီး (သာသနာပိုင်) အဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။ စစ်သည် ရဲမက်ဖြစ်နေသူတွေမှ အပ ကျန်တဲ့ မွတ်စ်လင်မ်အများစုဟာ ကုန်သည်တွေ၊ ဈေးသည်တွေသာ ဖြစ်ကြတယ်။

    ဗြိတိသျှခေတ်အတွင်း ဗြိတိသျှလက်အောက်ခံ အိန္ဒိယကနေ မွတ်စ်လင်မ် အများအပြား ပြောင်းရွှေ့ဝင်ရောက်လာတယ်။ သို့ပေမယ့် မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုမှာ သူတို့ တစ်တပ်တအား ပါဝင်ခဲ့ကြတယ်။ အဲ့ဒီထဲက အထင်ရှားဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရင်းနှီးဆုံးမိတ်ဆွေ M.A ရာရှစ် ဖြစ်တယ်။ သူဟာ အိန္ဒိယ၊ အလာဟဘတ်မှာ မွေးဖွားခဲ့ပေမယ့် မြန်မာပြည်ထဲ ကြီးပြင်းလာသူ၊ ပညာသင်ကြားခဲ့သူ ဖြစ်တယ်။ ၁၉၃၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ပထမဆုံး အတွင်းရေးမှူးချုပ်၊ အဲ့ဒီနောက် ဥက္ကဌ ဖြစ်ခဲ့သူပါ။ ၁၉၄၈-၁၉၆၂ ပါလီမန်ခေတ်ကာလ ၀န်ကြီးချုပ်ဦးနုလက်ထက်မှာ ဦးရာရှစ်အနေနဲ့ ၀န်ကြီးဌာနများစွာထဲ တာဝန်ထမ်းဆောင်ခဲ့တယ်။ အခြားတိုင်းပြည်ခေါင်းဆောင်များလိုပဲ ၁၉၆၂ အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားဘ၀ ရောက်ခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လုပ်ကြံခံရတဲ့ အာဇာနည်ခေါင်းဆောင်များထဲမှာ မွတ်စ်လင်မ် ၂ ဦးပါဝင်ပါတယ်။ တစ်ဦးက မိတ္ထီလာနယ်သား ကက်ဘိနက်ဝန်ကြီး ဦးအဗ်ဒူ ရာဇတ်၊ နောက်တစ်ဦးက သူ့ရဲ့ အပါးတော်မြဲ ရဲဘော်ကိုထွေး ဖြစ်ကြပါတယ်။ ရန်ကုန်မွတ်စ်လင်မ် အသိုင်းအ၀ိုင်းမှာ ထင်ရှားသူနောက်တစ်ဦးကတော့ ၁၉၅၀ နှစ်များမှာ ပညာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ “ဦးကာ” ဖြစ်ပါတယ်။

    မမေ့နိုင်ကြသူတစ်ဦး ရှိပါသေးတယ်။ ရေတပ်အရာရှိဟောင်းကနေ ထင်ရှားတဲ့ စာဆို၊ စာရေးဆရာ ဖြစ်ခဲ့တဲ့ မောင်သော်က ပါ။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို လက်ဦးတည်ထောင်ခဲ့သူများအနက် အပါအ၀င်တစ်ဦးဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးခံရတယ်။ ရိုက်နှက်နှိပ်စက်ခံရခြင်းကြောင့် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက်၊ အင်းစိန်ထောင်ထဲမှာ ကွယ်လွန်ခဲ့ပါတယ်။ ရန်ကုန်စွန္နီသုဿာန်ထဲက မြန်မာစစ်ဗိုလ်တစ်ဦးဖြစ်ခဲ့တဲ့ သူ့အစ်ကို ဦးဘဇော် (ဦး ဂိုလန်အာမက်) လဲလျောင်းရာနံဘေးမှာ မြုပ်နှံသင်္ဂြိုလ်ခဲ့ကြတယ်။

    ၁၉၈၈ ခုနှစ် သြဂုတ်နဲ့ စက်တင်ဘာလ တအုံတကျင်းသတ်ဖြတ်ပွဲ ပြီးတဲ့နောက် အမှောင်ဖုံးနေ့ရက်များအတွင်း ဘာသာပေါင်းစုံက အမြင်တူသူများ စုပေါင်းပြီး BIRC “မြန်မာ့ဘာသာပေါင်းစုံ ကူညီရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ကြတယ်။ ရန်ကုန်မြို့ ဆင်းရဲသားရပ်ဝန်းတွေဆီ အစာရေစာ လိုက်လံဝေငှကြတယ်။ ဘာသာပေါင်းစုံ သင့်မြတ်ညီညွတ်မှုကို ပြသတဲ့အနေနဲ့ ဒုတိယကမ္ဘာစစ်သုံးကားစုတ်လေးမှာ ဗုဒ္ဓဘာသာဝင်များရဲ့ ဓမ္မစကြာပုံ၊ မွတ်စ်လင်မ်တွေရဲ့ ဆန်းဦးစလပုံ၊ ခရစ်ယာန်တွေရဲ့ လက်ဝါးကပ်တိုင်ပုံ၊ ဟိန္ဒူတွေရဲ့ သင်္ကေတ စတဲ့ သက်ဆိုင်ရာ ဘာသာရေးအမှတ်အသားတွေ ပါဝင်ပုံဖော်ထားတဲ့ တံခွန်ကိုလည်း လွှင့်ထူလို့ရယ်ပေါ့။ အဲ့ဒီအဖွဲ့ဟာ အဖွဲ့အစည်းမှတ်ပုံတင် မရခဲ့သော်လည်း  မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းအခြေပြု ပထမဆုံး ခေတ်သစ် NGO အုပ်စုတစ်ခု ဖြစ်ခဲ့တယ်။ ခေါင်းဆောင်တွေထဲမှာ မွတ်စ်လင်မ်ဖြစ်တဲ့ S.A. Ginwalla နဲ့ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းက ဦးဘိုတို့လည်း ပါဝင်ခဲ့ကြတယ်။ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျ သံအမတ်ကြီးဖြစ်သူ Chris Lamb က ဒီလိုပြောပါတယ်။
    “သူတို့ဟာ သက်ဆိုင်ရာဘာသာတရားခေါင်းစဉ်နဲ့ ထွက်လာခဲ့ကြတာ မဟုတ်ဘူး။ BIRC အဖွဲ့ဝင်တိုင်းက ဘာသာရေး သို့မဟုတ် အခြားရှုထောင့်တစ်ရပ်ရပ်ကနေ အပစ်ပယ်ခံရဆုံးသူတွေဆီ အရောက်လှမ်းနိုင်စွမ်း ဖော်ဆောင်ခဲ့ကြပေတယ်”။

    အဲ့ဒီ စွန့်ဦး NGO ပုဂ္ဂိုလ်များရဲ့လမ်းညွှန်စည်းမျဉ်းကတော့ – အထင်ကြီးလေးစားခံရဖို့ မလိုဘူး၊ သာသနာ့ကိုင်းရှိုင်းမှုပဲ လိုအပ်တယ် – ဆိုတာပါပဲ။

    ရွှင်မြူးစရာရှုထောင့်ဖက်က ကြည့်မယ် ဆိုရင်လည်း မြန်မာနိုင်ငံသားတိုင်း ဦးရွှေရိုးအကကို နှစ်သက်ကြတယ်။ ထီးကျိုးတစ်ချောင်းကိုင်၊ ပုဆိုးကို  ပုံပန်းမကျ ၀တ်ဆင်ပြီး ကပြ အသုံးတော်ခံတဲ့ ပုံဟန်ဟာ မြန်မာ့ ပွဲလမ်းတိုင်းလိုလိုမှာ ရာစုနှစ် တစ်ခုလောက် စိုးမိုးနေရာယူထားပါတယ်။ အဲ့ဒီဇာတ်ရုပ်ကို တီထွင်ခဲ့သူဟာ ကျော်ကြားတဲ့ သရုပ်ဆောင်၊ လူရွှင်တော်နဲ့ ကာတွန်းပညာရှင် ဦးဘကလေး ဖြစ်ပါတယ်။ ဦးဘကလေးက မြန်မာမွတ်စ်လင်မ်တစ်ဦးပါ။ ပုသိမ်မှာမွေးဖွားပြီး မွတ်စ်လင်မ် အမည်ကတော့ မုဟမ္မဒ် ဘရှီးရ် ဖြစ်ပါတယ်။ ဦးရွှေရိုးဟာ ဂျိဟာ့ဒ်ဝါဒီ သို့မဟုတ် ယှရီအဟ် ဥပဒေဘက်တော်သားပါလို့ အသည်းအသန် တံဆိပ်တပ်မယ့်သူ ဘယ်သူတစ်ဦးရှိနိုင်မှာလဲ ?  စက်တင်ဘာလဆန်းပိုင်းမှာ ဇ၀ါဟီရီအနေနဲ့ ပါကစ္စတန်က သူ့လျှို့ဝှက်ပုန်းခိုရာကနေ အဲ့ဒီလို အူကြောင်ကြောင် ဗီဒီယို ရိုက်ထုတ်လိုက်ခြင်းဟာ သူ့ကိုယ်သူ အရူးဖြစ်အောင် လုပ်နေခြင်းပါပဲ။ ဘယ်သူမှ လိုက်အရူးထမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ အဲ့ဒီလိုကဏ္ဍမျိုး အတွက် ဘယ်သူမှ မစဉ်းစားကြပါလို့ပဲ ဆိုချင်ပါတယ်။

    xxxxxxxxxxxxxxxxxx

    THE IRRAWADDY မဂ္ဂဇင်းတွင်ဖော်ပြသည့် BERTIL LINTNER ရေးသားသော “The Muslims of Myanmar” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • မသမာမှုများကြောင့် ဟဂ်ျ မသွားရဘဲ နစ်နာခဲ့သူများကို ကူညီရန် ဟဂ်ျကူညီရေး အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်

    မသမာမှုများကြောင့် ဟဂ်ျ မသွားရဘဲ နစ်နာခဲ့သူများကို ကူညီရန် ဟဂ်ျကူညီရေး အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်

    အောက်တိုဘာ ၁၅ ၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ဟဂ်ျကူညီရေးအဖွဲ့မှ ၂၀၁၄-ခုနှစ် ဟာဂ်ျခရီးစဉ်တွင် ဟဂ်ျခရီးသွား ၀န်ဆောင်မှုလုပ်ငန်း ကုမ္ပဏီအချို့၏ မသမာမှုကြောင့် ဟဂ်ျ သွားရောက်ပြုလုပ်ခွင့် မရကြဘဲ နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရခြင်းနှင့် စပ်လျဉ်း၍ အသိပေး ကြေညာချက်တစ်ရပ်ကို အောက်တိုဘာလ ၂- ရက်နေ့က ထုတ်ဝေခဲ့ပြီး အောက်တိုဘာလ ၇-ရက်နေ့မှာ လည်း ၂၀၁၄-ခုနှစ် ဟဂ်ျခရီးစဉ်တွင် ဟဂ်ျခရီးသွား ၀န်ဆောင်မှုလုပ်ငန်း ကုမ္ပဏီများသို့ ၀န်ဆောင်ခများ ပေးသွင်းပြီး ဟဂ်ျ ခရီးသွားရောက်ခွင့် မရခဲ့ကြသော ဟာဂျီလောင်းများ၏ တင်ပြ အကူအညီတောင်းခံမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း အသိပေးခြင်းဟူသော ကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း သိရပါတယ်။

    သက်ဆိုင်ရာ တာဝန်ရှိတဲ့ အေးဂျင်တွေအနေနဲ့ အောက်တိုဘာ ၁၇ ရက် နေ့ နောက်ဆုံးထား ဆက်သွယ်ပေးရန်နှင့် နစ်နာခဲ့တဲ့ ဟာဂျီလောင်းများ အောက်တိုဘာ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး စာရွက်စာတန်းများဖြင့် တင်ပြပေးရန် ကြေညာချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။

    နစ်နာခဲ့သူ ဟာဂျီလောင်းများနှင့် သက်ဆိုင်ရာ အေးဂျင့်တွေကို ကြားထဲကနေ ညှိနှိုင်းပေးဖို့ ကြိုးစားနေတာဖြစ်ကြောင်းကို ဟဂ်ျ ခရီးစဉ် ကူညီရေးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

    ယခုအချိန်ထိ နစ်နာခဲ့သူပေါင်း ၁၀၀ ကျော် လာရောက် ဆက်သွယ်ပြီး ဖြစ်ကြောင်းကို ၄င်းက ဆက်လက်ပြီးပြောကြားခဲ့ပါတယ်။

    ဆက်စပ် သတင်းဆောင်းပါးဖတ်လိုလျှင်
    ———————————————-
    ဟဂ်ျ ခရီးစဉ် သွားမည့် သူများ အလိမ်ခံရမှု ပပျောက်စေရေး ဝိုင်းဝန်း ဖြေရှင်းကြဖို့ လိုပြီ။

    http://www.m-mediagroup.com/news/32977

    Ft536EEe1dSUFCPyhHX74fLC

    9WDr7fBh3N9NgY6gX7yLa455

  • အီဘိုလာကြောင့် ကုလ ကျန်းမာရေး ၀န်ထမ်းတစ်ဦး ဂျာမနီတွင် သေဆုံး

    အီဘိုလာကြောင့် ကုလ ကျန်းမာရေး ၀န်ထမ်းတစ်ဦး ဂျာမနီတွင် သေဆုံး

    အောက်တိုဘာ ၁၅ ၊ ၂၀၁၄
    M-Media
    20141012143142485734_20
    – လိုက်ဘေးရီးယားနိုင်ငံတွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသည့် ကုလသမဂ္ဂ ကျန်းမာရေး ၀န်ထမ်းတစ်ဦးမှာ ဂျာမနီရှိ ဆေးရုံတွင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

    အသက် ၅၆ နှစ်အရွယ်ရှိ အဆိုပါ ကျန်းမာရေး လုပ်သားမှာ လီအစ်ဇစ်ပ်မြို့ရှိ စိန့်ဂျော့ဆေးရုံတွင် ဆေး ကုသမှုများပြုလုပ်နေစဉ် ယမန်နေ့က သေဆုံးသွား ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဆေးရုံမှ ပြောကြားခဲ့သည်။ သို့သော်လည်း သေဆုံးသွားသူ၏ အမည်နှင့် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိချေ။

    အဆိုပါ ကျန်းမာရေးဝန်ထန်းမှာ အီဘိုလာ ကူးစက်နေကြောင်း အောက်တိုဘာ ၆ ရက်နေ့တွင် တွေ့ရှိခဲ့ရပြီး အောက်တိုဘာ ၉ ရက်နေ့၌ စိန့်ဂျော့ဆေးရုံသို့ ရောက်ရှိ လာခြင်းဖြစ်သည်။ ဒေသတွင်းကျန်းမာရေး တာဝန်ရှိသူများကမူ ထိုဝန်ထမ်းမှာ ဆူဒန်ဒေါက်တာဖြစ်သည်ဟု ပြီးခဲ့သည့် တစ်ပတ်က ပြောကြားခဲ့သည်။

    ယခုဖြစ်ရပ်မတိုင်မီ ဂျာမနီမှာ ဆီနီဂေါနှင့် ယူဂန်ဒါတို့မှာ အီဘိုလာ ရောဂါပိုးရှိသူ ၂ ဦးကို ကုသပေးခဲ့ပြီး ဟမ်းဘတ်၌ ကုသနေသည့် ဆီနီဂေါ ကျန်းမာရေး ၀န်ထမ်းမှာ အောက်တိုဘာ ၄ ရက်နေ့တွင် ဆေးရုံမှ ဆင်းသွားခဲ့သည်။ ယူဂန်ဒါမှ တစ်ဦးအား ယခုအချိန်အထိ ဖရန့်ဖတ်မြို့တွင် ဆက်လက်ကုပေးလျက်ရှိနေသည်။

    အနောက်အာဖရိကမှ စတင်ပြန့်နှံ့ခဲ့သည့် အီဘိုလာကြောင့် သေဆုံးသူမှာ ၄ ထောင်ကျော်လာခဲ့ပြီး အမေရိကန်နှင့် စပိန်နိုင်ငံတို့တွင်လည်း ရောဂါကူးစက်သူများ ရှိနေသည်။

    ref_ Agencies

  • ကိုစိုးမင်း အသတ်ခံရမှု ၄ ဦးကို ထောင် ၁၀ နှစ်ချ

    ကိုစိုးမင်း အသတ်ခံရမှု ၄ ဦးကို ထောင် ၁၀ နှစ်ချ

    အောက်တိုဘာ ၁၅ ၊ ၂၀၁၄

    ko soe min case
    မန္တလေး အကြမ်းဖက်မှုဖြစ်စဉ်တွင် လူသတ်မှုကျူးလွန်ခဲ့သည့် တရားခံများကို အမိန့်ချအပြီး အောက်တိုဘာ ၁၄ရက်က မန္တလေးခရိုင် တရားရုံးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ)


    ပြီးခဲ့တဲ့ ဇူလိုင်လက မန္တလေး မြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ အတွင်း အစ္စလာမ် ဘာသာဝင် ကိုစိုးမင်းကို သတ်ဖြတ်ခဲ့မှုနဲ့ ဖမ်းဆီး ခံထားရသူ လူငယ် ၄ ယောက်ကို မန္တလေး ခရိုင် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပါတယ်။

    ဒီကနေ့ ပြစ်ဒဏ် ချမှတ်ခံကြရတဲ့ ကိုကျော်ဇင်ထက်၊ ကိုဉာဏ်ဌေး၊ ကိုဖိုးဇော်နဲ့ ကိုဇင်မင်းထွန်း တို့ဟာ ပုဒ်မ ၃၀၂ (၂)/ ၁၁၄ နဲ့ တရားစွဲဆို ခံခဲ့ကြရတာ ဖြစ်ပါတယ်။

    သူတို့ မိသားစု ကတော့ အဆင့်ဆင့် အယူခံ ဆက်ဝင်သွားမယ်လို့ ပြောပါတယ်။

    အဲဒီ ပဋိပက္ခ အတွင်းမှာပဲ ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းကို သတ်ဖြတ်မှု အတွက် ဖမ်းဆီး ခံထားရသူတွေရဲ့ အမှုကိုတော့ စုံစမ်း စစ်ဆေးတုန်း ဖြစ်တယ်လို့ အမှုလိုက် ရှေ့နေက ပြောပါတယ်။

    BBC (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။

    http://www.bbc.co.uk/burmese/burma/2014/10/141014_mandalay_violence_murder_sentenced

  • ဟဂ်ျ ခရီးစဉ် သွားမည့် သူများ အလိမ်ခံရမှု ပပျောက်စေရေး ဝိုင်းဝန်း ဖြေရှင်းကြဖို့ လိုပြီ။

    ဟဂ်ျ ခရီးစဉ် သွားမည့် သူများ အလိမ်ခံရမှု ပပျောက်စေရေး ဝိုင်းဝန်း ဖြေရှင်းကြဖို့ လိုပြီ။

    အောက်တိုဘာ ၁၅ ၊ ၂၀၁၄
    M-Media
    .ဇေယျာသူ ရေးသည်။

    2014 Hajj
    2014 ခုနှစ် ဟဂ်ျ ခရီးစဉ် သွားရောက်ခဲ့သည့် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ ခရီးစဉ် တနေရာ ၌ တွေ့ရစဉ် ( Photo Zawminlatt Pfm FB)

    နှစ်စဉ် ဟာဂ်ျခရီးသွား ရာသီရောက်လာတိုင်း အနည်းနဲ့အများ ကြားဖူးနေကျစကားသံကို ဒီနှစ် ဟဂ်ျကာလ အရောက်မှာလည်း ကြားရပြန်တယ်။ ‘ဟာဂျီတွေ ဒီနှစ်လည်း အလိမ်ခံရပြန်ပြီ။ ဟာဂ်ျသွားဖို့လုပ်ပြီးမှ မသွားလိုက်ရပဲ ကုမ္ပဏီက လိမ်ပြေးသွားလို့’ဆိုတဲ့ စကားသံတွေ၊ စာသားတွေကို မြင်ရ ဖတ်ရ ကြားရတော့ စိတ်ထဲမှာ ဘ၀င်မကျမိဘူး။

    ဒါပေမယ့် ဒီလို ဟဂ်ျကုမ္ပဏီတချို့ လိမ်တယ်ဆိုတာကြားရတိုင်း ‘သြော် အများစုစိတ်သောကနဲ့ ကိုယ့်ဘ၀ကောင်းစားရေး ဖလှယ်ဝံ့ကြပါလား၊ ပြီးပြည့်စုံတဲ့ ဘာသာတရားရဲ့ သွန်သင်ချက်က ဒီလိုလူတွေကြောင့် အများလက်ညှိုး ထိုးစရာတစ်ခု ထပ်ဖြစ်ရပါလား’လို့ ကရုဏာဒေါသဖြစ်မိတယ်။

    တချို့ ရှိစုမဲ့စုငွေလေးကို ကုပ်ခြစ်ပြီး ဟဂ်ျသွားဖို့ ကြိုးပမ်းကြတော့ အလိမ်လည်း ခံရရော ငွေကြေးအတွက် ဗျာများရတဲ့သူတွေ၊ တချို့လည်း သွားရဖို့ မျှော်လင့်ခဲ့ပြီး မသွားရတော့လို့ ခံစားရတဲ့ သောကတွေ ဒါဆိုကို သိရတော့ စိတ်မကောင်းဖြစ်မိပြန်တယ်။ အဲ့ဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်က ပြောပြလာတယ်။ သူ့မိတ်ဆွေက နယ်မှာနေတဲ့အဒေါ်ကို ဟဂ်ျသွားဖို့ လုပ်ပေးထားပြီး အလိမ်ခံရလို့ မသွားလိုက်ရဘူး၊ အဲ့ဒါ ပြောပြချင်နေတယ်ဆိုပြီး ဆက်သွယ်လာတော့ သူတို့နဲ့ တွေ့ပြီး စကားပြောဖြစ်ခဲ့တယ်။ သူတို့ပြောပြတာတွေကနေ ဆိုလိုရင်းကိုတော့ နားထဲစွဲနေခဲ့တယ်။

    “ကျွန်မတို့က နယ်ကပါ။ ရှမ်းပြည်နယ်မှာနေတယ်။ ကျွန်မတို့က ရှမ်း+အင်းသား ကပြား တွေပါ။ အသက် ၆၅-နှစ်အရွယ် ကျွန်မအဒေါ်ကို ဟဂ်ျပြုစေချင်လို့ ကျွန်မတို့ ညီအစ်တစ်တွေ ဈေးဆိုင်ရောင်း လို့ရတဲ့ငွေကို စုပြီး လုပ်ပေးခဲ့တာ။ ကျွန်မ အခုပြောပြတာကလည်း ဟဂ်ျသွားဖို့ စီစဉ်ပြီးမှ မသွားလိုက်ရတာကို ခံစားရတာရယ်၊ နောက်နှစ်တွေမှာ ဟဂ်ျသွားမယ့် ဟာဂျီလောင်းတွေ ကျွန်မတို့လို အလိမ်မခံရအောင် သတိထားမိစေဖို့ ပြောပြချင်တာပါ။ ဘယ်သူ့ကိုမှ ထိခိုက် နစ်နာစေလိုတဲ့စိတ် မဟုတ်ပါဘူး။

    ရန်ကုန်မှာရှိတဲ့ အစ်မတစ်ယောက်ကလည်း ဟဂ်ျသွားမယ်ဆိုတာနဲ့ ကျွန်မတို့က နယ်ကဆိုတော့ သူနဲ့ ဆက်စပ်ပြီး သူလုပ်နေတယ်ဆိုတဲ့ ကုမ္ပဏီမှာ အပ်ခဲ့တယ်။ အဒေါ်ကလည်း ၆၅-နှစ်ဆိုတော့ သူက ဘာမှ မလုပ်တတ်တော့ အစပိုင်းကတော့ အဲ့ဒီအစ်မက လုပ်ပေးတယ်။ နောက်ပိုင်းကျ ကျွန်မတို့က လုပ်ပေးတယ်။ ဟဂ်ျသွားဖို့ ငွေသွင်းရတာက ၄၅-သိန်းပေါ့နော်။ အဲ့ဒါကို ကျွန်မတို့ အကုန်သွင်းပြီးသားပါ။ ဟဂ်ျသွားတယ်ဆိုတာလည်း ဟိုမှာဝတ်ဆင်ဖို့ဝယ်ရပြုရ၊ နောက် ရန်ကုန်လာပြီး ပတ်စ်ပို့ လုပ်ရ ဘာညာနဲ့ အားလုံးက ၁၀-သိန်းလောက်တော့ ကုန်တယ်။ ဒီတော့ စုစုပေါင်း ၅၅ သိန်းလောက်တော့ ကုန်တာပေါ့။ ကုမ္ပဏီကို ပေးရတာက ၄၅-သိန်းပါ။ ဟုတ်ပါတယ်။ အဒေါ်သွားမယ့် ကုမ္ပဏီက ဟာဂျီရော်နီ ခေါ် ဦးခင်မောင်အေး (Arrow Lane Travels & Tours ကုမ္ပဏီ) လက်ခွဲ လို့ပြောတယ်။ ကျောက်တံတားမြို့နယ် ထဲမှာနေတယ် ဟာဂျီဇော်မင်းလို့ခေါ်တယ်။ သူ့ဆီကနေ စုစုပေါင်း ၁၇-ယောက်သွားဖို့လုပ်တာ အခုက တစ်ယောက်မှ မသွားရပဲ အလိမ်ခံရတယ်။ စက်တင်ဘာ ၂၂-ရက်နေ့မှာ ရန်ကုန်လေယာဉ်ကွင်းကနေ ထွက်ရမယ်ဆိုတော့ အဲ့ဒီမတိုင်ခင် ၁၀-ရက်လောက်မှာ ကုမ္ပဏီက လမ်း ၃၀ ဘက်က ဗလီမှာ ဟာဂျီလောင်းတွေကိုတွေ့ပြီး အိတ်တွေ ဘာတွေ ပေးလိုက်တယ်။ နောက် ၂၂-ရက်နေ့ လေယာဉ်ကွင်းရောက်တော့ လေယာဉ် ထွက်ချိန်စောင့်ရင်း စောင့်ရင်း မသွားရတော့ဘူးဆိုပြီး ဖြစ်သွားတယ်။ ဗီဇာမရလို့ မသွားရတော့တာလို့ပြောတယ်။ ကျွန်မအဒေါ်လည်း တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ တချို့ကတော့ပြောတယ် ဒါဟာ နဆစ်(ကံ)မပါလို့ မသွားရတာပါတဲ့။ တခြားအကြောင်းကြောင့် မသွားလိုက်ရဘူးဆို ကျွန်မတို့ ဖြေသာတယ်။ ကျွန်မတို့လည်း နားမလည်တော့ နီးစပ်ရာနဲ့ အဆင်ပြေမယ်ထင်လို့ လုပ်လိုက်တာပါ။ ဟာဂျီရော်နီဆီက လူ ၃၀၀ လောက် မသွားရဘူးလို့ပြောတယ်။ အခုဟာက ဒီလို အလ္လာ့ဟ်လမ်းသွားဖို့ စီစဉ်နေတာမှာ လိမ်တာကတော့ မလုပ်သင့်ဘူးလို့ ကျွန်မထင်တယ်။

    ကျွန်မက အခုလိုဖြစ်တော့ မော်လ၀ီအဖွဲ့ချုပ်ကိုလည်း ဆက်သွယ်တယ်၊ အိုလမာအဖွဲ့ချုပ်ကိုလည်း ဆက်သွယ်တယ်။ သူတို့ကပြောတယ်။ အဲ့ဒါက သူတို့နဲ့မဆိုင်ဘူး ဟဂ်ျကော်မတီကို ဆက်သွယ်ပါလို့ပြောတာနဲ့ ဟဂ်ျကော်မတီကို ဆက်သွယ်တယ်။ ဟဂ်ျကော်မတီကလည်း သူတို့နဲ့လည်း မဆိုင်ဘူးလို့ပြောတယ်။ ဒါနဲ့ ကျွန်မလည်း ကိုယ်တိုင်ပဲ ဟာဂျီဇော်မင်းကို ဆက်သွယ်ပြီးပြောတယ်။ အခုတော့ ကျွန်မတို့ကို ၂၅-သိန်း ပြန်ပေးထားတယ်။ ကျန်တဲ့ သိန်း ၂၀ ကိုလည်း ပြန်ပေးမယ်ပြောတယ်။ ရန်ကုန်က ကျွန်မတို့ အစ်မကိုတော့ ၅-သိန်း ပြန်ပေးတယ်ပြောတယ်။  ကျွန်မက ဖုန်းဆက်ဆက်ပြီးပြောတော့ ကုမ္ပဏီနဲ့ စကားများရတယ်။ ကျွန်မလည်း ဖုန်းခတင် ၁-သိန်းလောက် ကုန်နေပြီ။ နောက်နှစ်တွေမှာ ဟဂ်ျသွားမယ့် ဟာဂျီလောင်းတွေအနေနဲ့ ဘယ်သူ့ကိုမှ မယုံကြည်ပဲ တကယ်ကို သေချာယုံကြည်စိတ်ချရလောက် သူတွေနဲ့ ဆက်သွယ်မေးမြန်းပြီးမှ ဟဂ်ျသွားဖို့ လုပ်စေချင်ပါတယ်။”

    ဒီလိုစကားတွေ ကြားရတော့ ထပ်ပြီး အတွေးပွားမိတယ်။ မြန်မာနိုင်ငံမှာ ဟဂ်ျကော်မတီရှိပေမယ့် ဟဂ်ျကော်မတီအနေနဲ့ မြန်မာနိုင်ငံ အစိုးရက ခွင့်ပြုပေးတဲ့ ဟာဂျီဦးရေ (မဲဟာဂျီ) ကို ခွဲတမ်းနဲ့ လွှဲပြောင်း စီစဉ်ပေးနိုင်ပေမယ့် သီးခြား ပုဂ္ဂလိက ဟဂ်ျ ကုမ္ပဏီတွေကိုတော့ ဘယ်သူမှ ထိန်းချုပ်ကိုင်တွယ်မှုမရှိပဲ နှစ်စဉ်နှစ်တိုင်း ဒီလိုပဲ လိမ်လည်မှုတွေ၊ အလိမ်ခံရမှုတွေ ဖြစ်နေဦးမယ်ဆိုရင် မြန်မာနိုင်ငံက ဟဂ်ျသွားမယ့်သူတွေအတွက် ဟဂ်ျရည်ရွယ်ချက်တွေ စိတ်ရည်စူးချက်(နီယသ်)တွေ ဘာတွေ ဖြစ်ကုန် မလဲလို့ တွေးမိတယ်။ ဟဂ်ျမသွားလိုက်ရပဲ အလိမ်ခံရတယ်ဆိုသူရဲ့ စကားတွေ နားထောင်အပြီးမှာ သူတို့ကို လိမ်သွားတယ်ဆိုတဲ့ ကုမ္ပဏီကလည်း ဘာအကြောင်းတွေကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကို သိချင်လာပြန်တာနဲ့ ဟာဂျီဇော်မင်းကို ဆက်သွယ်တွေ့ဆုံပြီး မေးကြည့်ပြန်တယ်။

    “ကျွန်တော်က ကုမ္ပဏီမဟုတ်ပါဘူး။ ဟာဂျီရော်နီနဲ့ ကျွန်တော်ကလည်း ဆွေမျိုးမကင်းဘူးလို့ ပြောလို့ရပါတယ်။ ကျွန်တော် အရင်ကလည်း ဟဂ်ျသွားဖူးတယ်။ tRQPPN3Qd9a0ggE8f5M5bedLဟာဂျီရော်နီက Arrow Lane Travels & Tours ကုမ္ပဏီနဲ့ အရင်နှစ်တွေကလည်း ဟာဂျီတွေကို ပို့နေတာရှိတယ်။ ဒီနှစ်လည်း ကျွန်တော်က ဟဂ်ျသွားချင်တယ်။ ဒါနဲ့ ဟာဂျီရော်နီကပြောတယ်။ ဟဂ်ျသွားချင်တဲ့ ဟာဂျီတွေကို လူစုပေး။ လူစုပေးရင် စုပေးတဲ့သူအတွက် စရိတ်နည်းနည်းနဲ့ သူစီစဉ်ပေးမယ်ဆိုတော့ ကျွန်တော်လည်း အဲ့ဒါကို လုပ်ဖြစ်လိုက်တယ်။ ကုမ္ပဏီအနေနဲ့ မဟုတ်ပါဘူး။ ကျွန်တော် ဦးဆောင်ပြီး လူစုတဲ့အနေနဲ့ပါ။ ကျွန်တော့်လိုပဲ တခြား ၄-၅ ယောက်လောက်လည်း အဲ့လိုပဲ လူစုပေးကြတယ်။ ကျွန်တော်ကတော့ ၁၇-ယောက် စုဖြစ်တယ်။ စက်တင်ဘာ ၂၂-ရက်နေ့မှာ ရန်ကုန်လေယာဉ်ကွင်းကနေ ထွက်မယ်စီစဉ်ထားတယ်။ အဲ့ဒါ မတိုင်ခင် ၁၀-ရက်လောက်မှာ လမ်း ၃၀က ဗလီမှာ ဟာဂျီလောင်းတွေကို စုပြီး ကျွန်တော်တို့ဆုံတယ်။ အိတ်တွေဘာတွေလည်း ကျွန်တော် အကုန်ပေးလိုက်တယ်။

    P6DNbDSFF70H0TFHaBhCaDBY ဟာဂျီရော်နီဆီမှာ ကျွန်တော်အပါအ၀င် ၁၇-ယောက်ပေါ့ဗျာ။ ကျွန်တော်စုပေးတဲ့သူတွေဆီကနေ ကောက်ပြီးတော့ သူ့ဆီ ငွေတွေ အကုန်သွင်းပေးပြီးပြီ။ သူ့ဘက်က ငွေလက်ခံဖြတ်ပိုင်းလည်း ကျွန်တော့်မှာရှိတယ်။ စက်တင်ဘာ ၂၂ ရက်နေ့ လေယာဉ်ကွင်းရောက်တော့မှ ဗီဇာ မရလို့ဆိုပြီး မသွားရဘူး။ ကျွန်တော်တို့ အားလုံးရဲ့ ပတ်စ်ပို့တွေလည်း ပြန်မရသေးဘူး။ စက်တင်ဘာ ၂၄-ရက်နေ့အထိ ဟာဂျီရော်နီက သူစီစဉ်ပေးမယ် ပြောတယ်။ စက်တင်ဘာ ၂၆-ရက်နေ့ကစပြီး ကျွန်တော် သူနဲ့ အဆက်အသွယ်မရတော့တာ။ ဟာဂျီရော်နီကတော့ ဘယ်ရောက်နေလဲ မသိဘူး။ ကျွန်တော် ဆက်သွယ်တော့လည်း လုံးဝ မရဘူး။ သူ့အမျိုးသမီးနဲ့ ဖုန်းအဆက်အသွယ်ရတော့ ဟာဂ်ျကော်မတီကို ဒီကိစ္စတွေ လွှဲပေးလိုက်တယ်ပြောတယ်။ ကျွန်တော်စုပေးတဲ့ ၁၇-ယောက်ကိုတော့ ကျွန်တော်လည်း တတ်နိုင်သမျှ ငွေပြန်အမ်းပေးချင်တယ်။ ရှမ်းပြည်ဘက်က တစ်ယောက်ကတော့ ကျွန်တော့်ကို တစ်ချိန်လုံး ဖုန်းဆက်ဆက်ပြီးပြောနေတော့ ကျွန်တော် ဒဏ် မခံနိုင်တော့လို့ ရသလောက်ငွေစုပြီး ၂၅-သိန်း ပြန်အမ်းပေးထားတယ်။ နောက်တစ်ယောက်ကိုတော့ ၅-သိန်း ပြန်ပေးထားတယ်။ ကျန်တဲ့သူတွေကိုလည်း အတတ်နိုင်ဆုံးပြန်ပေးနိုင်အောင် စီစဉ်နေပါတယ်။ ဟာဂျီရော်နီကိုလည်း ပန်းဘဲတန်း ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ကျွန်တော်လည်း ကိုယ့်အတွက် သက်သာမလားလို့ လုပ်လိုက်မိတယ်။ ကိုယ်ပါ လိမ်တဲ့အထဲ ပါသွားရတယ်။ အခုတော့ ဟဂ်ျအဖွဲ့ကလည်း ဟာဂျီတွေအလိမ်ခံရတဲ့ကိစ္စကို ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။”

    သူတို့ပြောတာတွေ နားထောင်ပြီးအချိန်အထိ ဟာဂျီတွေ အလိမ်ခံရတာနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ရေရေရာရာ မသိသေးတဲ့အတွက် ဟာဂျီဇော်မင်း ပြောသည့် ဟဂ်ျအဖွဲ့က ကူညီဆောင်ရွက်နေတယ် ဆိုတာနဲ့ ဟာဂျီရော်နီထံ ဆက်သွယ်ဖို့ ကြိုးစားမိပြန်တယ်။

    ဟာဂျီရော်နီရဲ့ ကိုယ်ပိုင် မိုဘိုင်းဖုန်းနဲ့ ကုမ္ပဏီဖုန်းကို ဆက်သွယ်တာမှာ ဖုန်းပိတ်ထားတဲ့ အတွက် ဟာဂျီရော်နီရဲ့ အမျိုးသမီး ကိုင်ဆောင်ထားတဲ့ ဖုန်းကို ဆက်သွယ်တော့ ဟာဂျီရော်နီရဲ့ သမီးဖြစ်သူက ဖုန်းလက်ခံပြောပြီး အခု ဟာဂျီတွေ အလိမ်ခံရမှုနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ “တရားဥပဒေကြောင်း အရ ရင်ဆိုင်ဖြေရှင်းဖို့ လုပ်နေပါတယ်”လို့ ပြန်လည်ဖြေကြားပါတယ်။

    ဒါနဲ့ ဟာဂ်ျကော်မတီကို ထပ်ပြီးဆက်သွယ်ပါတယ်။ ဟာဂ်ျကော်မတီက တာဝန်ရှိသူ လူကြီးတစ်ယောက်က ပြောပါတယ်။ “အန်ကယ်လ်တို့အနေနဲ့ ဒီကိစ္စကို မလုပ်ဆောင်နေပါဘူး။ ဟဂ်ျကော်မတီလို့ ပြောလိုက်တာဟာ ဟာဂ်ျကူညီရေး အဖွဲ့ကို ပြောတာ ဖြစ်ပါလိမ့်မယ်။ အကယ်၍ တစ်စုံတစ်ယောက်က အန်ကယ်လ်တို့ ကော်မတီကို ဆက်သွယ် အကူအညီတောင်းလာခဲ့ရင်တော့ အန်ကယ်လ်တို့ တတ်နိုင်သမျှ ကူညီသွားမှာပါ”လို့ ပြောခဲ့ပြန်ပါတယ်။

    9WDr7fBh3N9NgY6gX7yLa455

    ဒါနဲ့ပဲ ဟဂ်ျကူညီရေးအဖွဲ့ကို ဆက်သွယ်ဖြစ်ပြန်ပါတယ်။ ဟဂ်ျကူညီရေးအဖွဲ့အနေနဲ့ ၂၀၁၄-ခုနှစ် ဟာဂ်ျခရီးစဉ်တွင် ဟဂ်ျခရီးသွား ၀န်ဆောင်မှုလုပ်ငန်း ကုမ္ပဏီအချို့၏ မသမာမှုကြောင့် ဟဂ်ျ သွားရောက်ပြုလုပ်ခွင့် မရကြဘဲ နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရခြင်းနှင့် စပ်လျဉ်း၍ အသိပေး ကြေညာချက်တစ်ရပ်ကို အောက်တိုဘာလ ၂- ရက်နေ့က ထုတ်ဝေခဲ့ပြီး အောက်တိုဘာလ ၇-ရက်နေ့မှာလည်း ၂၀၁၄-ခုနှစ် ဟာဂ်ျခရီးစဉ်တွင် ဟဂ်ျခရီးသွား ၀န်ဆောင်မှု လုပ်ငန်း ကုမ္ပဏီများသို့ ၀န်ဆောင်ခများပေးသွင်းပြီး ဟဂ်ျခရီး သွားရောက်ခွင့် မရခဲ့ကြသော ဟာဂျီလောင်းများ၏ တင်ပြ အကူအညီတောင်းခံမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း အသိပေးခြင်းဟူသော ကြေညာချက်တို့ကို ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်းနဲ့ အောက်တိုဘာ ၁၉-ရက်နေ့ နောက်ဆုံး တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်ထားကြောင်း သိရပြန်ပါတယ်။

     

    11

    ဟဂ်ျ ခရီးစဉ် ကူညီရေးအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးကတော့ “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စာထုတ်ထားတယ်။ ဟာဂျီရော်နီနဲ့ပတ်သက်ပြီး ဆက်နွယ်နေတဲ့ အေးဂျင့်တွေက ဒီလ ၁၇-ရက်နေ့မှာ လာဆက်သွယ်ပေးပါ။ သူတို့လက်ခံထားတာတွေကို ဘယ်လိုဖြေရှင်းပေး မလဲဆိုတာ မေးထားတယ်။ နောက်တစ်ခုက နစ်နာသူတွေအနေနဲ့ ဟာဂ်ျ ကူညီရေးအဖွဲ့ကို ဆက်သွယ်ဖို့ ပြောထားတာတွေမှာ တစ်နေ့ကို ၂-၃ ယောက် ဆက်သွယ်လာနေကြတာ အခုထိ စာရွက်စာတမ်းနဲ့ တင်လာတာ လူ ၁၀၀ ကျော် ဖြစ်သွားပြီ။ ၁၇-ရက်နေ့ကို အေးဂျင့်တွေ ဆက်သွယ်ပါ၊ ၁၉-ရက်နေ့မှာ နစ်နာသူတွေ နောက်ဆုံးထား ဆက်သွယ်ပါလို့ကြေညာထားတယ်။ ဆက်သွယ်လာတဲ့ အေးဂျင့်နဲ့ ဟာဂျီတွေနဲ့ကို ကြားထဲကနေ ညှိနှိုင်းပေးဖို့ ကြိုးစားနေတာပါ။ လွန်ခဲ့တဲ့ ၂၀၁၀-၂၀၁၁ တုန်းကလည်း ဒါမျိုးတွေဖြစ်ခဲ့တာ အများစုသိပြီးသားပါ။ ဟာဂျီရော်နီ ကုမ္ပဏီဘက်ကတော့ ကျွန်တော်တို့ အဖွဲ့ကို ဆက်သွယ်လာတာမျိုးရှိတယ်။ ၈၇-လမ်းက ဦးမြင့်မောင် ကုမ္ပဏီနဲ့ပတ်သက်ပြီး တာဝန်ခံ ဖြေရှင်းပေးမယ့်သူတော့ မပေါ်လာသေးဘူး။ သူ့ကုမ္ပဏီက ကျွန်တော် တာဝန်ခံ ရှင်းပါမယ်ဆိုသူတော့ မပေါ်လာသေးဘူး။ ကြားထဲကနေ မခိုင်လုံတဲ့သူတွေတော့ ကြားနေရတာမျိုးရှိပေမယ့် ကျွန်တော်တို့က လက်မခံဘူး။ တာဝန်ခံပြီး ဖြေရှင်းပေးမယ့် သူတော့ ပေါ်လာရမယ်လေ။ ဒါမှ ပြေလည်မှု ရမှာပေါ့။ ကျွန်တော်တို့ကို ဆက်သွယ်လာတဲ့ အေးဂျင့်တွေနဲ့ ကျွန်တော်တို့ ညှိနှိုင်းမယ်။ သူတို့ဘက်က ဘာအခက်အခဲတွေရှိလဲဆိုတာ ဆွေးနွေးမယ်။ ဟိုဘက်မှာ ဘယ်လောက်သုံးထားလဲ။ ဘယ်လောက်ကုန်ထားလဲ။ ဒီဟာဂျီတွေကို ဘယ်လိုလုပ်မလဲဆိုတာ ညှိနှိုင်းတဲ့သဘောပါ။

    ဟုတ်ကဲ့ ၂၀၁၁-ခုနှစ်ကလည်း ဒီလိုဖြစ်ခဲ့တော့ ဟဂ်ျ သွားမယ့်သူတွေအနေနဲ့ ဒီလိုကိစ္စရပ်တွေအတွက် ဘယ်လိုသိနားလည်ထားဖို့ လိုသလဲဆိုတော့ ကျွန်တော်တို့ ဟဂ်ျ ခရီးစဉ်ကူညီရေးဖွဲ့ထားတာ ၃-နှစ်လောက်ရှိပြီ။ ကျွန်တော်တို့အနေနဲ့ကတော့ ဖြစ်နိုင်ရင် ဟဂ်ျ မစ်ရှင်တစ်ခု ပေါ်ပေါက်စေချင်တယ်။ ဒီဟဂ်ျမစ်ရှင်ကနေမှ သွားမယ့်ဟာဂျီတွေနဲ့ အေးဂျင့်တွေ အတွက် တိကျခိုင်မာတဲ့ ဈေးနှုန်းတစ်ခု သတ်မှတ်ပေးတာမျိုးပေါ်လာရင် အကောင်းဆုံးဖြစ်မယ်လို့ သတ်မှတ်ပြီး ကျွန်တော်တို့ ကြိုးစားကြည့်နေတယ်။

    ဟုတ်ကဲ့ အခုလက်ရှိ ရှိနေတဲ့ ဟဂ်ျကော်မတီနဲ့ ကျွန်တော်ပြောတဲ့ ဟာဂ်ျမစ်ရှင်နဲ့ မတူပါဘူး။ ဟဂ်ျမစ်ရှင်ဆိုတာက သွားမယ့်ဟာဂျီတွေ အေးဂျင့်တွေကို ချုပ်ကိုင်ထားမယ့် အဖွဲ့ကိုဆိုလိုတာပါ။ အဲ့ဒီအဖွဲ့ကသာ သံရုံးနဲ့ဆက်သွယ်ပြီး လုပ်ဆောင်မယ်ဆိုရင် ဒီလိုကိစ္စတွေ ပေါ်လာစရာအကြောင်းမရှိပါဘူး။”လို့ ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ်မှ ဦးသန်းဦးက ပြောကြားခဲ့ပြန်ပါတယ်။

    အားလုံးဆီက စကားတွေနားထောင်အပြီးမှာတော့ ဒီလိုပုံစံသာ နှစ်စဉ် ဖြစ်နေရင် ဘယ်သူတွေမှာ တာဝန်ရှိတာလဲ၊ ကုမ္ပဏီတွေလိမ်သွားပြန်ပြီ၊ လိမ်ခံရသူတွေလည်း ဒီလိုပုံစံနဲ့ ပြီးသွားရပြန်ပြီဆိုရင် ဟဂ်ျသွားဖို့ ဘယ်လိုများ လုပ်ဆောင်ကြမလဲ။ စစ်မှန်တဲ့ ဟဂ်ျ ဝန်ဆောင်မှု ကုမ္ပဏီတွေ အနေနဲ့လည်း ကိုယ်တွေနဲ့ မဆိုင်ဘူးလို့ မှတ်ယူလို့မရပဲ အားလုံး ၀ိုင်းဝန်းအဖြေရှာ ဖြေရှင်းမှသာ ဒီလို မသမာမှုတွေကနေ လွတ်ကင်းနိုင်မှာဖြစ်တယ်လို့ တွေးရင်းနဲ့သာ သက်ပြင်းမော ချမိတော့တယ် …. ။

    *  ဒီအကြောင်းအရာတွေဟာ ဘယ်သူတစ်ဦး တစ်ယောက် နစ်နာစေလိုတဲ့ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် ဒီလို လိမ်လည်မှုတွေ နှစ်စဉ်ဖြစ်နေတာကို သိရှိဂရုထားကြဖို့ရယ် အမှန်တရား တစ်ခုပေါ်ထွန်းလာစေဖို့ရယ် ရည်ရွယ်ပြီး ရေးခဲ့ခြင်းဖြစ်ပါတယ်။

    ဆက်စပ် ဆောင်းပါး ဖတ်ရှုလိုလျှင်

    ဆောင်းပါးရှင်-  ကျော်နေမင်း (မြို့ပြ) ရဲ့
    ရှက်ဖွယ်ရယ်ကြုံ၊ လုပ်ဇာတ်တွေ အစုံအလင်နဲ့ နင်လားဟဲ့ “ဟဂ်ျ” ဒုက္ခ  Click Here