News @ M-Media

Blog

  • အမေရိကန်ု သူလျို  အာကာသယာဉ် ၂၂ လ ကြာပြီးနောက် မြေပြင်သို့ ပြန်လည်ရောက်ရှိ

    အမေရိကန်ု သူလျို အာကာသယာဉ် ၂၂ လ ကြာပြီးနောက် မြေပြင်သို့ ပြန်လည်ရောက်ရှိ

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    201410172093460734_20
    – ထောက်လှမ်းရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများကို ဆောင်ရွက်သည်ဟု အများစုက ယုံကြည်နေသော အမေရိကန် အာကာသယာဉ်တစ်စီးမှာ ၂၂ လကြာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်လည်ခဲ့ပြီးနောက်  ယမန်နေ့က ပြန်လည် ဆင်းသက်လာခဲ့သည်ဟု သိရသည်။

    အာကာသအတွင်း စမ်းသပ်မှုအစီအစဉ်အတွက် ၂၀၁၀ ခုနှစ်က ပထမဆုံးအကြိမ် လွှတ်တင်ခဲ့သည့် X-37B ဟု အမည်ရ အဆိုပါ အာကာသယာဉ်မှာ ယမန်နေ့က ကယ်လီဖိုးနီးယားရှိ Vandenberg လေတပ်စခန်းသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။ ထိုလေယာဉ်၏ ယခုခရီးစဉ်မှာ တတိယမြောက်ဖြစ်ပြီး အရှည်ကြာဆုံး ခရီးစဉ်လည်း ဖြစ်ခဲ့သည်။

    ၆၇၄ ရက်ကြာ ကမ္ဘာပတ်လမ်းကြောင်းထဲတွင် လှည့်လည်စဉ်အတွင်း အာကာသထဲ၌ဘေးအန္တရာယ်လျှော့ချခြင်း၊ စမ်းသပ်မှုများပြုလုပ်ခြင်း၊ ပြန်လည်အသုံးပြုနိုင်သော အာကာသယာဉ် နည်ပညာများအတွက် လုပ်ငန်းပိုင်းဆိုင်ရာ သဘောတရား ဖွံ့ဖြိုးမှုများကို ဆောင်ရွက်ခဲ့သည်ဟု အမေရိကန် လေတပ်မှ ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို လျှို့ဝှက်ထားခဲ့သည်။

    အာကာသအား ငြိမ်းချမ်းစွာအသုံးပြုမှုအတွက် အားပေးသည့် အကျိုးအမြတ်မယူသော The Secure World Foundation အဖွဲ့ကမူ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှုပ်ရှားမှုများကို လျှို့ဝှက်ခြင်းနှင့် X-37B ၏ ပစ္စည်းတင်ဆောင်နိုင်မှုပမာဏတို့က လျှို့ဝှက်ထောက်လှမ်းရေး ပစ္စည်းများ ရှိနေသည်ဆိုခြင်းကို သေချာလုနီးပါးဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်အာဏာပိုင်များကမူ X-37B အား လွှတ်တင်မှုမှာ အခြားသော အာကာသယာဉ်များကို ပစ်ချနိုင်သည့် အာကာသလက်နက် ဖန်းတီးနေခြင်းမဟုတ်ဟု ယခင်က ငြင်းဆိုထားသည်။

    ၂.၇၅ မီတာအမြင့်၊ ၉ မီတာအရှည်ရှိပြီး ၅၀၀၀ ကီလိုဂရမ်အလေးချိန်ရှိသည့် အဆိုပါ X-37B အာကာသယာဉ်မှာ အသံထက် ၂၅ ဆမြန်သော အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပြီး ၂၀၁၅ ခုနှစ်တွင် အာကာသအတွင်းသို့ နောက်ထပ်တစ်ကြိမ် ထပ်မံလွှတ်တင်ရန် အမေရိကန်အစိုးရက စီစဉ်ထားသည်။

    ref_ Agencies

  • ပင်နယ်တီ ၄ လုံးကာကွယ်ပြီး အဆုံးအဖြတ် ပင်နယ်တီ သွင်းခဲ့တဲ့ ပီရူးကလပ်က ဂိုးသမား

    ပင်နယ်တီ ၄ လုံးကာကွယ်ပြီး အဆုံးအဖြတ် ပင်နယ်တီ သွင်းခဲ့တဲ့ ပီရူးကလပ်က ဂိုးသမား

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    FBL-SUDAMERICANA-BAHIA-VALLEJO
    – တောင်အမေရိက ဘောလုံးပြိုင်ပွဲတစ်ခုတွင် ပီးရူးကလပ် Cesar Vallejoမှ ဂိုးသမားမှာ ပင်နယ်တီ ၄ လုံးအား ကာကွယ်နိုင်ပြီး ၎င်းကိုယ်တိုင် အဆုံးအဖြတ် ပင်နယ်တီတစ်လုံးသွင်းကာ အသင်းအား ကွာတားဖိုင်နယ် တက်ရောက်စေခဲ့သည်ဟု သိရသည်။

    တောင်အမေရိက၏ အမြင့်ဆုံး ကလပ်အသင်းများပြိုင်ပွဲ Copa Sudamericana ၏ ရှုံးထွက်အဆင့် ပထမအကျော့တွင် ဘရာဇီးကလပ် Bahia အသင်းအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သော Cesar Vallejo အသင်းမှာ ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က ကစားခဲ့သော ဒုတိယအကျော့တွင် ၂ ဂိုးပြတ်ဖြင့် ပြန်လည်အနိုင်ရရှိခဲ့သည်။

    ထို့ကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၂ ဂိုးစီသရေကျနေ၍ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ ၁၀ လုံးအထိ ကန်သွင်းခဲ့ရပြီး Cesar Vallejo မှ ပီရူးဂိုးသမား ဆော်လမွန် လစ်ဘ်မန်မှာ ပင်နယ်တီလေးလုံး ကာကွယ်နိုင်ခဲ့ကာ အဆုံးအဖြတ်အလုံးတွင်လည်း ၎င်းကိုယ်တိုင် ကန်သွင်း၍ အသင်းအနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    ယခုပွဲအနိုင်ကြောင့် Cesar Vallejo အသင်းမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် Copa Sudamericana ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ပြီး ကိုလံဘီယာမှ Atletico Nacional အသင်းနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။

  • နှစ်နိုင်ငံ တင်းမာမှုများ လျော့ကျစေရန် လာဇီယိုရှိ ဆားဘီးယားနှင့် အလ်ဘေးနီးယား ကစားသမားများ ဆောင်ရွက်

    နှစ်နိုင်ငံ တင်းမာမှုများ လျော့ကျစေရန် လာဇီယိုရှိ ဆားဘီးယားနှင့် အလ်ဘေးနီးယား ကစားသမားများ ဆောင်ရွက်

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    1413570054941_wps_3_Together_Cana_Djordjevic_
    – မိမိတို့ နှစ်နိုင်ငံ နိုင်ငံရေးအရ တင်းမာမှုများကို လျော့ကျစေရန်နှင့် ဘောလုံး အားကစားမှာ နိုင်ငံရေးပြဿနာများကို ကျော်လွှားနိုင်သည်ကို ပြသရန်တို့ အတွက် လာဇီယိုရှိ ဆားဘီးယားနှင့် အလ်ဘေးနီးယား ကစားသမားများက ကြိုးပမ်းမှု တစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ယခုတစ်ပတ်အတွင်း ကစားခဲ့သည့် ဆားဘီးယားနှင့် အလ်ဘေးနီးယား တို့၏ ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အလ်ဘေးနီးယား အလံ တပ်ဆင်ထားသည့် ဒရုန်းလေယာဉ်တစ်စီးမှာ ကွင်းအတွင်းသို့ ၀င်ရောက်လာခဲ့ပြီးနောက် နှစ်ဘက်ကစားသမားများနှင့် ပရိတ်သတ်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွာခဲ့ကာ နှစ်နိုင်ငံအကြား တင်းမာမှုများလည်း မြင့်တက်လာခဲ့သည်။

    ထို့ကြောင့် အဆိုပါ နှစ်နိုင်ငံအကြား အပြုသဘောဆောင်သည့် သတင်းစကားများကို ပေးပို့ရန် ရည်ရွယ်၍ လာဇီယိုရှိ အလ်ဘေးနီးယား ကစားသမားများဖြစ်ကြသော လိုရစ် ကာနာ၊ အီထရစ် ဘာရီရှာ၊ သောမတ်စ် စတရာကိုရှာနှင့် ဆားဘီးယား ကစားသမားဖြစ်ကြသည့် ဖိလစ် ဂျော်ဒီဗစ်၊ ဒူဆန် ဘတ်စ်တာတို့မှာ အ၀တ်လဲခန်းအတွင်း လက်ချင်းယှက်၍ ဓာတ်ပုံများ ရိုက်ကာ Twitter စာမျက်နှာပေါ်သို့ လွှင့်တင်ခဲ့သည်။

    “ဆားဘီးယားနဲ့ အလ်ဘေးနီးယားကြားထဲမှာ သည်းမခံနိုင်မှုဆိုတာမရှိပါဘူး။ ဘဲလ်ဂရိတ်မှာ ဖြစ်ခဲ့တာတွေအတွက် ကာနာ၊ ဘာရီရှာတိုနဲ့အတူ ကျွန်တော်တို့ အနည်းအကျဉ်းလောက်ပဲ ပြောခဲ့ပြီး ရင်းရင်းနှီးနှီးလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အရင်တုန်းကအတိုင်းရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဆားဘီးယား ကစားသမား ဂျော်ဒီဗစ်က လာဇီယိုအသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    လာဇီယိုဥက္ကဌ ကလော်ဒီယို လိုတီတိုက မိမိတို့ အသင်းတွင် ဆားဘီးယားနှင့် အလ်ဘေးနီးယား ကစားသမားများမှာ ညီရင်းအစ်ကိုများကဲ့သို့ ချစ်ခင်ကြကြောင်ပြောကြား ခဲ့ပြီး၊ အသင်း၏ ဒါရိုက်တာဖြစ်သူ အလ်ဘေးနီးယား လက်ရွေးစင်ကစားသမားဟောင်း အစ်ဂ်လီ တာရီကလည်း လိုတီတို၏ ပြောကြားမှုကို ထောက်ခံခဲ့သည်။

    ref_ Daily Mail

  • ယာဉ်ထိန်းရဲ ဖြစ်ချင်သည့် ကင်ဆာရောဂါသည် ကလေး ၂ ဦး ဆန္ဒ ဂျော်ဒန် အစိုးရ ဖြည့်ဆည်းပေး

    ယာဉ်ထိန်းရဲ ဖြစ်ချင်သည့် ကင်ဆာရောဂါသည် ကလေး ၂ ဦး ဆန္ဒ ဂျော်ဒန် အစိုးရ ဖြည့်ဆည်းပေး

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    8eb41c2d-d8bf-413c-a718-f0ef5aeea3fe_16x9_600x338
    – ကင်ဆာရောဂါသည် ကလေးနှစ်ဦး၏ အိပ်မက်ဖြစ်သည့် ယာဉ်ထိန်းရဲအရာရှိ ဖြစ်ချင်သည့် အိပ်မက်အား ဂျော်ဒန်အစိုးရက ဖြည့်ဆည်းပေးခဲ့သည်ဟု သိရသည်။

    သွေး ကင်ဆာရောဂါကို ခံစားနေရသည့် အသက် ၈ နှစ်အရွယ် ယာဇန်ဟူစိန်နှင့် ၇ နှစ်အရွယ် ကာရီမန် အလဂ်မဟ်ဆိုသည့် ကလေး ၂ ဦးမှာ တစ်နေ့တွင် ဂျော်ဒန်ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ၀င်ရောက်ကာ မြို့တော်အမ်နန်တွင် တာဝန် ထမ်းဆောင်ချင်သည့် အိမ်မက်များရှိနေခဲ့သည်။

    ထို့ကြောင့် ၎င်းတို့၏ဆန္ဒအား ဘုရင်ဟူစိန် ကင်ဆာဖောင်ဒေးရှင်း KHCF က အစိုးရနှင့် ပူးပေါင်း၍ ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်သည်။

    “ကားမတော်တဆမှုတွေ မဖြစ်ရအောင် ကူညီပေးနိုင်ခဲ့တာကြောင့် လမ်းပြရဲအရာရှိ ဖြစ်ရတာကို ကျွန်တော် အရမ်းပျော်ပါတယ်” ဟု ယာဇန်က Jordan Times သတင်းစာသို့ ပြောကြားခဲ့သည်။

    KHCF ကင်ဆာဖောင်ဒေးရှင်းမှာ အသက် ၁၈ နှစ်နှင့်အောက် ကင်ဆာရောဂါသည် လူငယ်များ၏ ဆန္ဒများကို ဖြည့်ဆည်းပေးရန် “Dreams Come True” အစီအစဉ်တစ်ခုကို ဖော်ဆောင်ပေးထားသည်။

    ထိုအစီအစဉ်တွင် ကင်ဆာရောဂါသည်များအတွက် မွေးနေ့ပွဲများ ပြုလုပ်ပေးခြင်း၊ ရောဂါကျွမ်းနေသော လူနာများ၏ နောက်ဆုံးဆန္ဒများအား ဖြည့်ဆည်းပေးခြင်း၊ နွမ်းပါးသော လူနာများ၊ နောက်ဆုံးအဆင့် ကုသမှုခံယူနေရသော လူနာများ၏ ဆန္ဒများအား ဖြည့်ဆည်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးသည်။

    အဆိုပါ အစီအစဉ်ကို ၂၀၀၆ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ကင်ဆာရောဂါသည်များ၏ စိတ်ဓာတ်များကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု KHCF က ၎င်းတို့၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    ref_ Al Arabiya News

  • အကျဉ်းသားတစ်ဦး ထောင်ထဲမှာ မင်္ဂလာဆောင်ဖို့ ဆော်ဒီ ထောင်အာဏာပိုင်များ စီစဉ်ပေး

    အကျဉ်းသားတစ်ဦး ထောင်ထဲမှာ မင်္ဂလာဆောင်ဖို့ ဆော်ဒီ ထောင်အာဏာပိုင်များ စီစဉ်ပေး

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    fca2c3bf-b0e8-4d59-802f-4ee9e1a0c8d3_16x9_600x338
    – ဆော်ဒီတွင် အကျဉ်းသား တစ်ဦး မင်္ဂလာဆောင်အတွက် ၎င်း၏ အကျဉ်းခန်းအား မင်္ဂလာဆောင် ကျင်းပရာ အခန်းအဖြစ် ထောင်အာဏာပိုင်များက ပြင်ဆင် ချယ်သပေးခဲ့သည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်း ဘူရေဒဟ်မြို့ရှိ အကျဉ်းထောင်တွင်ဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် အကျဉ်းသား၏ မင်္ဂလာဆောင်ကျင်းပရန် ၎င်း၏အခန်းအား မင်္ဂလာဆောင်နှင့် လိုက်ဖက်မည့် ပြင်ဆင်မှုမျိုးကို လှပစွာ ပြင်ဆင်ပေးခဲ့သည်ဟု ထောင်တာဝန်ရှိသူ ဆာလေဟ် အလ်-ကော်ဇိုင်းက ပြောကြားခဲ့သည်။ အဆိုပါ မင်္ဂလာပွဲအား ထောင်ကပင် တာဝန်ယူ ကျင်းပပေးခြင်းဖြစ်သည်။

    ထို့ပြင် ထိုအကျဉ်းသား၏ မင်္ဂလာဆောင် အတွက် အကျဉ်းကျခံနေရသူ၊ တရား ရင်ဆိုင်နေရသူ စသဖြင့် အကျဉ်းသား အားလုံးကို လွတ်လပ်စွာ တက်ရောက် ခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထောင်သားများ၏  ကျန်ုးမာရေး၊ လုံခြုံရေးနှင့် သက်တောင့် သက်သာဖြစ်ရေးတို့ အတွက် ဆော်ဒီရှိထောင်များ တွင် သေချာစွာ ဆောင်ရွက်ပေးထားကြောင်း ဆာလေဟ်က ထပ်လောင်းပြောကြားခဲ့သည်။

    ref_ Al Arabiya News