News @ M-Media

Blog

  • အတွေ့အကြုံမရှိခြင်းကြောင့် စပို့တင်း ပေးဆပ်ခဲ့ရသည်ဟု နာနီဆို

    အတွေ့အကြုံမရှိခြင်းကြောင့် စပို့တင်း ပေးဆပ်ခဲ့ရသည်ဟု နာနီဆို

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    457061_heroa
    – စလိုဘေးနီးယား ကလပ် မာရီဘိုးနှင့်ပွဲတွင် သရေတစ်မှတ်သာ ရခဲ့ခြင်းမှာ အတွေ့အကြုံ မရှိမှုကြောင့် ပေးဆပ်ခဲ့ ရခြင်းဖြစ်သည်ဟု စပို့တင်း ကွင်းလယ်လူ နာနီက ပြောကြားလိုက်သည်။

    ပေါ်တူဂီကလပ်စပို့တင်းမှာ တိုပွဲတွင် ခြေအသာဖြင့် ကစားနိုင်ခဲ့ပြီး မိနစ် ၈၀ တွင် သွင်းယူခဲ့သော နာနီ၏ ဂိုးဖြင့် အနိုင်သုံးမှတ် ရလုရခင် ဖြစ်ခဲ့သည်။ သို့သော်လည်း နောက်တန်း၏ ပေါ့ဆမှုကြောင့် ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် ချေပဂိုး ပြန်ပေးလိုက်ရပြီး သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

    “အတွေ့အကြုံမရှိတဲ့အတွက် ကျွန်တော်တို့အသင်း ချန်ပီယံလိဂ်မှာ ပေးဆပ်ခဲ့ရတာပါ။ အတွေ့အကြုံဟာ ခြားနားမှုတွေ ဖြစ်စေပါတယ်။ ဒါပေမယ့် ဒါဟာ ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီထဲကနေ သင်ယူရတာဟာလည်း ကောင်းမွန်ပါတယ်။ နောက်ပွဲမှာ ကျွန်တော်တို့ တိုးတက်လာလိမ့်မယ်လို့ ပြောရဲပါတယ်” ဟု နာနီက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    မန်ယူမှ အငှားဖြင့် ပြောင်းရွှေ့လာခဲ့ပြီးနောက် နာနီမှာ ပမဆုံးအဖြစ် ထိုပွဲတွင် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းကမူ အသင်းနှင့် အလျင်အမြန်အသားကျခဲ့သည့်အတွက် ကျေနပ်မိကြောင်း၊ အသင်းအား အကောင်းဆုံးပုံစံဖြင့် ဆက်လက်ကူညီသွားရန် မျှော်လင့်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

  • IS အားတိုက်ရန် ဆီးရီးယား သူပုန်များကို လက်နက်တပ်ပေးရန် အမေရိကန် အောက်လွှတ်တော် အတည်ပြု

    IS အားတိုက်ရန် ဆီးရီးယား သူပုန်များကို လက်နက်တပ်ပေးရန် အမေရိကန် အောက်လွှတ်တော် အတည်ပြု

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    rtr46km6
    – ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေအချို့အား သိမ်းပိုက်ထားသည့် IS အား တိုက်ခိုက်ရန်အတွက် ဆီးရီးယား သူပုန်များအား လက်နက်တပ်ဆင်ပေးရန် အမေရိကန် လွှတ်တော်က အတည်ပြုခဲ့သည်ဟု သိရသည်။

    ဆီးရီးယားသူပုန်များအား လေ့ကျင့်ပေးရေးနှင့် လက်နက်တပ်ဆင်ပေးရေး အဆိုပါ အစီအစဉ်ကို သမ္မတအိုဘားမားက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အောက်လွှတ်တော်တွင် ယမန်နေ့က မဲခွဲဆုံးဖြတ်ခဲ့ရာ ၁၅၆ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။  အဆိုပါ အစီအစဉ်နှင့်အတူ လတ်တလောအသုံးစားရိတ် မူကြမ်းကိုလည်း ပူးတွဲတင်ပြခဲ့သည်။

    အချို့သော ဒီမိုကရက်များက အဆိုပါ ဆောင်ရွက်ချက်မှာ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကို အပြည့်အ၀ တံခါးဖွင့်ပေးလိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။ ကွန်ဆာဗေးတစ်များကမူ ထိုအစီအစဉ်မှာ IS အဖွဲ့အား ချေမှုန်းရေး လိုအပ်သောအဆင့်အထိ မရောက်မည်ကို စိုးရိမ်နေသည်။

    ဆီးရီးယားရှိ IS အဖွဲ့အား စစ်ရေးအရ အရေးယူမှုများကို စတင်ရေး မိမိအား နိုင်ငံရေးအရ အားပေးရန် အိုဘားမားက ကွန်ဂရက်အား ဖိအားပေးထားသည်။ သို့သော်လည်း အိမ်ဖြူတော်နှင့် နိုင်ငံရေးသမားအများစုကမူ အိုဘားမားအနေဖြင့် အီရတ်တွင် လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသကဲ့သို့ ဆီးရီးယားတွင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေက အပ်နှင်းထားသည့် လေကြောင်းမှ တိုက်ခိုက်ခွင့်ပေးရေး အခွင့်အာဏာသာ သမ္မတ၌ရှိသည်ဟု ပြောဆိုကြသည်။

    ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေအချို့ကို သိမ်းယူကာ အကြမ်းဖက်မှုများကို ပြုလုပ်နေသည့် IS အဖွဲ့တွင် ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်ကို ဖြုတ်ချရန်အတွက် ဂျော်ဒန်တွင် အမေရိကန်တို့က လက်နက်တပ်ဆင် လေ့ကျင့်ပေးခဲ့သည့် ဆီးရီးယားသူပုန်များ ပါဝင်နေသည်ဟု အနောက်မီဒီယာများက ဖော်ပြခဲ့သည်။

    ref_Al Jazeera and agencies

  • ဘိုင်ယန်နှင့် ပွဲတွင် သရေရသင့်သည်ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်ဆို

    ဘိုင်ယန်နှင့် ပွဲတွင် သရေရသင့်သည်ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်ဆို

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    470ecacb-f40b-4979-ab1e-5edd4e37b8b6-460x276
    – ဘိုင်ယန်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲတွင် မိမိတို့အသင်းမှာ သရေရသင့်သည်ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်က ပြောကြားလိုက်သည်။

    ထိုပွဲတွင် ဂျိုးဟတ်မှာ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပြီး ဘိုင်ယန်၏ အပိုင်ဂိုးသွင်းခွင့် အချို့ကို ကာကွယ်နိုင်ခဲ့သည်။ ထို့ကြောင့် မန်စီးတီးမှာ ၈၉ မိနစ်အထိ သရေကျနေ ခဲ့သော်လည်း မိနစ် ၉၀ တွင် ဘိုအာတင်း၏ ကန်ချက် ဂေါ့ဇီထိ၍ လမ်းကြောင်းပြောင်းကာ ၀င်သွားခဲ့ခြင်းကြောင့် သရေတစ်မှတ် ဆုံးရှုံးခဲ့ရသည်။

    “အသင်းကောင်းတစ်သင်းကို ကျွန်တော်တို့ တစ်ပွဲလုံး တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ အဆုံးမှာ ဆိုးရွားတဲ့ ကန်ချက်လမ်းကြောင်းပြောင်းမှုက ကျွန်တော်တို့ကို ပွဲပြီးစေခဲ့ပါတယ်။ ဘိုအာတင်းကတော့ ကျွန်တော်တို့ကို ခြောက်လှန့်ခဲ့ပါပြီ။ နေရာတိုင်းမှာ သူတို့ကို ယှဉ်ကစားနိုင်ခဲ့ပြီး သရေနဲ့ ထိုက်တန်တဲ့ပွဲပါ။ ကျွန်တော်လည်း ဒီပွဲမှာ တော်တော် အလုပ်ရှုပ်ခဲ့ပါတယ်” ဟု ဂျိုးဟတ်က ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။

    ယခုလနှောင်းပိုင်းတွင် မန်စီးတီးမှာ စီအက်စ်ကေအေအား ၅ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သော ရိုးမားအသင်းကို အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။ ဂျိုးဟတ်ကမူ ဘိုင်ယန်အား ရှုံးနိမ့်ခဲ့သည့် မိမိတို့မှာ ကျန်ရှိသည့်ပွဲများတွင် ကောင်းမွန်ကစားရမည်ဖြစ်ပြီး ပွဲအားလုံးနိုင်မည်ဟု ယုံကြည်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

  • ၃၁ နှစ်အရင်က သားဖြစ်သူအား သတ်ဖြတ်မှုဖြင့် အမေရိကန် ဖခင်တစ်ဦးကို တရားစွဲဆို

    ၃၁ နှစ်အရင်က သားဖြစ်သူအား သတ်ဖြတ်မှုဖြင့် အမေရိကန် ဖခင်တစ်ဦးကို တရားစွဲဆို

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media

    25357108

    – လွန်ခဲ့သည့် နှစ်ပေါင်း ၃၁ နှစ်က ၃ နှစ်အရွယ် သားဖြစ်သူအား သတ်ဖြတ်မှုဖြင့် ဖခင်တစ်ဦးကို အမေရိကန် ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ဖမ်းဆီးခံရသူမှာ အသက် ၅၇ နှစ်အရွယ် စတန်လေ ဂူဒရော့ဇ်ဆိုသူဖြစ်ပြီး ၁၉၈၃ ခု ဇန်န၀ါရီလအတွင်းက သားဖြစ်သူ ဝေါလေ့စ် ဂူဒရော့ဇ်မှာ မိမိနှင့်အတူ ငါးမျှားသွားရင်း ပန်းခြံထဲတွင် ပျောက်ဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့အား တိုင်ချက်ဖွင့်ခဲ့သူဖြစ်သည်။

    သို့သော်လည်း အဆိုပါအမှုအား ပြန်လည်စစ်ဆေးပြီးနောက် ဝေါလေ့စ်မှာ ပျောက်ဆုံးခဲ့ခြင်းမဟုတ်ဘဲ ဖခင်ဖြစ်သူ၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

    “ပိတ်ထားတဲ့အမှုအတွက် နောက်ထပ်အောင်မြင်မှုတစ်ခုပါပဲ။ အချိန်တွေ ဘယ်လောက်ပဲကြာကြာ ရာဇ၀တ်ဘေး ပြေးမလွတ်ပါဘူး” ဟု ပီယာစီ ကောင်တီမှ တရားသူကြီး မာ့ခ် လင်ကွစ်က ပြောကြား ခဲ့သည်။

    တိုင်ကြားရာတွင် မိမိ၏သားကို ပြန်ပေးဆွဲခံခဲ့ရသည်ဟု ယုံကြည်ကြောင်း ဂူဒရော့ဇ်က ပြောကြားခဲ့သည်။ သို့သော်လည်း နှစ်ပေါင်းများစွာကြာ အဆိုပါအမှုအား ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိချေ။ ဂူဒေရော့ဇ်မှာ ၁၉၈၄ ခုနှစ်တွင် အခင်းဖြစ်ပွားရာ ၀ါရှန်တန်မှ ပျောက်ဆုံးသွားခဲ့သည်။

    ၂၀၁၁ ခုနှစ်တွင် အဆိုပါ အမှုအား ပြန်လည်ဖွင်ခဲ့ပြီး၊ ဂူဒရော့ဇ်မှာလည်း ဇနီးဖြစ်သူကို သတ်မှုဖြင့် လူဝီစီးယားနားတွင် တရားစွဲဆိုခံနေရသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဝေါလေ့စ်ပျောက်ဆုံးမှုအတွက် ဂူဒရော့ဇ်က ယခင်နှင့်မတူသည့် အကြောင်းအရာကို ပြောပြခဲ့ပြီး၊ နောက်ဆုံးတွင် ၎င်းကိုယ်တိုင် ဝေါလေ့စ်အား သတ်ခဲ့သည်ဟု ၀န်ခံခဲ့သည်။

    သားဖြစ်သူဝေါ့လေ့စ်နှင့် မိမိမှာ အိမ်သို့ပြန်လာပြီးနောက် ပြောမရသည့် ဝေါလေ့စ်အား ရိုက်ခဲ့ရာမှ ကြမ်းပြင်သို့ ပြုတ်ကျကာ ခေါင်းထိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အဖမ်းခံ ရမည်ကို ကြောက်ရွံ့သောကြောင့် ဝေါ့လေစ့်အား တာကိုမာ ရေတံခွန်အနီးတွင် မြှုပ်နှံ၍ ရဲတပ်ဖွဲ့အား လူပျောက်တိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂူဒရော့ဇ်က ထွက်ဆိုခဲ့သည်။

    လက်ရှိတွင် ဂူဒရော့ဇ်အား ဇနီးအား သတ်မှုဖြင့် လူဝီစီးယားနား အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ၀ါရှင်တန်ပြည်နယ်တွင် ၎င်းအား ဖမ်းဝရမ်းထုတ်ထားသည်။ သေဆုံးသွားခဲ့သည့် ဇနီးဖြစ်သူမှာ ဝေါ့လေ့စ်၏ မိခင်မဟုတ်ချေ။

    ref_CNN

  • ဗာဂျီးနီးယားရှိ တက္ကသိုလ် တစ်ခုတွင် ဟီဂျဘ်ပွဲတော် တစ်ခုပြုလုပ်

    ဗာဂျီးနီးယားရှိ တက္ကသိုလ် တစ်ခုတွင် ဟီဂျဘ်ပွဲတော် တစ်ခုပြုလုပ်

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    WestVirginia-Students-Try-Muslims-Hijab
    – အစ္စလာမ်သာသနာက သတ်မှတ်ထားသည့် ဟီဂျဘ်အကြောင်း သိရှိစေရန်နှင့် လွဲမှားသော အမြင်များအား ပြင်ဆင်ရန် အတွက် အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားရှိ Marshall တက္ကသိုလ်မှ မွတ်စလင် ကျောင်းသားများက ဟီဂျဘ်ပွဲတော် တစ်ခု ပြုလုပ်ကာ အစ္စလာမ် ဘာသာဝင်မဟုတ်သည့် ကျောင်းသူများ ဟီဂျဘ်ဝတ်ဆင်ခြင်း အတွေ့အကြုံကို ခံစားစေခဲ့သည်ဟု သိရသည်။

    ဟီဂျပ်ပွဲတော်ကို အဆိုပါ တက္ကသိုလ်မှ မွတ်စလင်ကျောင်းသားများ အဖွဲ့က ဦးဆောင်ကာ ကျောင်းဝင်း အတွင်းရှိ အောက်မေ့ဖွယ်စင်တာ၌ ယမန်နေ့တွင်  ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လှုပ်ရှားမှုတွင် အစ္စလာမ် ဘာသာဝင်မဟုတ်သည့် ကျောင်းသူများမှာ ဟိဂျဘ်ကို စမ်းသပ် ၀တ်ဆင်ခဲ့ကြပြီး ၎င်းတို့၏ ခံစားမှုများကို မျှဝေခဲ့ကြသည်။

    စီးပွားရေးကျောင်းသူ C.J. Payne ကမူ အဆိုပါလှုပ်ရှားမှုက ဟီဂျဘ်နှင့် ပတ်သက်သည့် အချက်အလက်များကို စိတ်ဝင်စားစေပြီး၊ ဟီဂျဘ်က ဟီရိသြတ္တပတရားကို ပြည့်စုံစေသည်ဟု ပြောကြားခဲ့သည်။

    ဟိဂျဘ်ပွဲတော်တွင် ကျောင်းသူများသာမက တက္ကသိုလ်ရှိ ဆရာမများလည်း ပါဝင်ခဲ့ကြသည်။

    “ကျွန်မအတွက် အတွေ့အကြုံတစ်ခုပါပဲ။ ဟီဂျဘ်ကို ၀တ်ဆင်လိုက်ပေမယ့် ကျွန်မဟာ ကျွန်မပါပဲ။ ဘယ်လုံပုံစံမျိုးကိုပဲဝတ်ဝတ် လှပနိုင်တယ်ဆိုတာ ကျွန်မ သိခဲ့ရပါတယ်” ဟု ပညရေးဌာနမှ ဆရာမ တစ်ဦးဖြစ်သူ အဲလီဆန် ဂျက်စ်ပါ က ပြောကြားခဲ့သည်။

    ref_OnIslam & Newspapers