News @ M-Media

Blog

  • ကင်ညာ သမ္မတအား လူသားထု အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု အတွက် ICC ဆင့်ခေါ်

    ကင်ညာ သမ္မတအား လူသားထု အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု အတွက် ICC ဆင့်ခေါ်

    စက်တင်ဘာ ၂၀၊ ၂၀၁၄
    M-Media
    201495174758382734_20
    – လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် ဆိုင်းငံ့ထားသည့် ကြားနာမှုကို တက်ရောက်ရန် အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က ကင်ညာသမ္မတ အူဟူရု ကန်ယက်တာအား ဆင့်ခေါ်ခဲ့သည်ဟု သိရသည်။

    ကန်ယက်တာနှင့် ကင်ညာအစိုးရ အကြီးတန်းအရာရှိများမျာ ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ ဆန္ဒပြမှုအတွင်း လူပေါင်း ၁၂၀၀ သေဆုံးခဲ့သော ရုန်းရင်းဆန်ခတ်မှုများတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ သို့သော်လည်း ၎င်းမှ ထိုစွဲချက်အား ငြင်းဆိုခဲ့သည်။

    ပြီးခဲ့သည် နှစ်ပတ်က ကန်ယက်တာ၏ ကြားနာမှုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပြီး ထိုကဲ့သို့ ရွှေ့ဆိုင်းခဲ့ခြင်းမှာ လုံလောက်သည့် အထောက်အထားများ မရရန် ကင်ညာအစိုးရက တားဆီး ပိတ်ပင်ခြင်းကြောင့်ဖြစ်သည်ဟု ICC ကဆိုသည်။ ယခုတွင် ကြားနာမှုကို အောက်တိုဘာ ၈ ရက်နေ့တွင် ပြုလုပ်ရန် ပြန်လည် သတ်မှတ်၍ ကန်ယက်တာအား ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

    ကန်ယက်တာမှာ လူသတ်မှု၊ နယ်နှင်မှု၊ အတင်းအကျပ် ရွှေ့ပြောင်းစေမှု၊ မုဒိမ်းမှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် အခြားသော လူမဆန်မှုများ စသည့် စွဲချက် ၅ ခုဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။ ထိုအမှုအား ကြားနာရေန် နှောင့်နှေးမှုက ICC အား ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

    Agencies

  • ချေမှုန်းရေး လက်နက်များ ထောက်ပံ့ရန် အမေရိကန်အား ယူကရိန်းသမ္မတ တောင်းဆို

    ချေမှုန်းရေး လက်နက်များ ထောက်ပံ့ရန် အမေရိကန်အား ယူကရိန်းသမ္မတ တောင်းဆို

    စက်တင်၂၀၊ ၂၀၁၄
    M-Media

    2014918153427427734_20

    – အမေရိကန်က မိမိတို့အား ထောက်ပံ့ထားသည့် ညကြည့်မျက်မှန်များနှင့် စောင်များက လက်ရှိရင်ဆိုင်နေရသည့် စစ်ပွဲအား အနိုင်ရစေမည်မဟုတ်ဟု ယူကရိန်း သမ္မတ ပိုရိုရှန်ကိုက ပြောကြားလိုက်ပြီး ပိုမိုထိရောက်သော ချေမှုန်းရေး လက်နက်များ ပေးအပ်ရန် ကွန်ဂရက်သို့ တောင်းဆိုလိုက်သည်။

    ယမန်နေ့က ၀ါရှန်တန်သို့ ရောက်ရှိလာပြီး ဆီးနိတ်နှင့် အောက်လွှတ်တော်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်အတွင်း ပိုရိုရှန်ကိုက ယခုကဲ့သို့ တောင်းဆို လိုက်ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံရေးအရ ထောက်ခံအားပေးမှုကိုလည်း လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေးသမားများနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ယူကရိန်းစစ်သားများအတွက် အမေရိကန်က ညကြည့် မျက်မှန်များနှင့် စောင်များကို ပေးပို့ထားသည်။

    “သူတို့(ယူကရိန်းစစ်တပ်)ဟာ ချေမှုန်းရေး လက်နက်၊ လူမသေစေတဲ့လက်နက် စတဲ့ စစ်ဘက်ဆိုင်ရာ လက်နက်ပစ္စည်းတွေ ပိုလိုအပ်ပါတယ်။ စောင်တွေနဲ့ ညကြည့်မျက်မှတ်တွေဟာလည်း အရေးကြီးပါတယ်။ ဒါပမေယ့် ဒီစောင်တွေနဲ့တော့ စစ်ပွဲကို မနိုင်ပါဘူး” ဟု ပိုရိုရှန်ကိုက ဆိုသည်။

    ထို့ပြင် ယူကရိန်းပြဿနာတွင် ခွဲထွက်ရေးသမားများအား ကူညီနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ရုရှားကိုလည်း ပိတ်ဆို့မှုများ ပိုမိုပြုလုပ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
    ၅ လကြာဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခအတွင်း သေဆုံးသူမှာ ၂၇၀၀ ကျော်ရှိလာပြီဖြစ်သည်။

    Agencies

  • အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လမ်းလျောက် ချီတက်ပွဲပြုလုပ်မည်။

    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လမ်းလျောက် ချီတက်ပွဲပြုလုပ်မည်။

    စက်တင်ဘာ ၁၉ ၊၂၀၁၄
    M-Media
    သီဟ
    10477905_1536314653247304_1567608468206010480_n
    စက်တင်ဘာ ၂၁ ရက်နေ့ တနင်္ဂနွေ နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် လူထုချီတက်ပွဲ တရက်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

    လှည်းတန်း ဂုံးကျော်တံတားအောက်နှင့် သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားလမ်းမှတ်တိုင် တို့တွင် စုရပ်များအဖြစ် သတ်မှတ်ထားပြီး စက်တင်ဘာ ၂၁ ရက် မနက် ၈ နာရီကို စတင်စဝေး ကျမည်ဖြစ်ပြိး အောင်ဆန်း အားကစားကွင်းသို့ ဦးတည်ချီတက်ကြမည်ဟု အဆိုပါ ချီတက်ပွဲ လက်ကမ်း စာစောင်တွင် ဖော်ပြထားပါတယ်။

    Image- ကိုဆွေမွန်

  • သမီးနှင့် မြေး ၆ ယောက်အား သေနတ်ဖြင့် ပစ်သတ်ပြီး မိမိကိုယ်ကို သတ်သေမှု အမေရိကန်တွင်ဖြစ်ပွား

    သမီးနှင့် မြေး ၆ ယောက်အား သေနတ်ဖြင့် ပစ်သတ်ပြီး မိမိကိုယ်ကို သတ်သေမှု အမေရိကန်တွင်ဖြစ်ပွား

    စက်တင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media

    1411088384234_Image_galleryImage_BELL_Gilchrist_County_She
    စပီးရစ်

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါရှိ မြို့ငယ်တစ်ခုတွင် မိမိကိုယ်ကို သတ်သေမှုဟု ယူဆရသည့် သေနတ်ဖြင့် ပတ်ခတ်မှုကြောင့် မိသားစုတစ်ခုအတွင်းမှ ကလေးငယ် ၆ ဦးအပါအ၀င် လူ ၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ပြည်နယ်မြောက်ဘက် လူ ၃၅၀ ခန့်သာ နေထိုင်သည့် ဘဲလ်မြို့တွင်ယမန်နေ့က ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၁ နှစ်အရွယ်ရှိ ဒွန် စပီးရစ်ဆိုသူက အသက် ၂၈ နှစ်အရွယ် သမီးဖြစ်သူ ဆာရာ စပီးရစ်နှင့်အတူ မြေး ၆ ယောက်အား ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    ဒွန် စပီးရစ်ကိုယ်တိုင်က မိမိမှာ ကိုယ်တိုင်နှင့် အခြားသူများကို ထိခိုက်အောင် ဆောင်ရွက်တော့မည်ဟု ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သောကြောင့် တာဝန်ရှိသူများက စပီးရစ်၏ အိမ်သို့ လာရောက်ကြည့်ရှုခဲ့ရာမှာ စပီးရစ် အပါဝင် လူ ၈ ဦးသေဆုံးနေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    မြေးများမှာ အသက် ၃ လမှ ၁၀ နှစ်အရွယ်အထိရှိကြပြီး ထိုသတ်ဖြတ်မှုမှာ မိမိကိုယ်ကို အဆုံးစီရင်သည့် လူသတ်မှုဖြစ်နိုင်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    စပီးရစ်မှာ၂၀၀၁ ခုနှစ်ကလည်း အမဲလိုက်ရင်း ထိုစဉ်က အသက် ၈ နှစ်အရွယ် သားဖြစ်သူကို မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိခဲ့ပြီး လူသတ်မှုဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရသူဖြစ်သည်။

    ref_ Daily Mail

  • ပရိတ်သတ်များ လီဗာပူလ်းအတွက် စိတ်ရှည်ကြရန် နည်းပြ ရော်ဂျာ တိုက်တွန်း

    ပရိတ်သတ်များ လီဗာပူလ်းအတွက် စိတ်ရှည်ကြရန် နည်းပြ ရော်ဂျာ တိုက်တွန်း

    စက်တင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    455542_heroa
    – ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပြီး အသင်းအား တည်ဆောက်နေချိန်တွင် ပရိတ်သတ်များအနေဖြင့် စိတ်ရှည်ကြရန် လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက တိုက်တွန်းလိုက်သည်။

    ပြီးခဲ့သည့် အပြောင်းအရွှေ့တွင် တိုက်စစ်မှူးဆွာရက်ဇ်အား ရောင်းချခဲ့ပြီးနောက် ကစားသမား ၈ ယောက်အထိခေါ်ယူကာ အသင်းအား ပြန်လည် တည်ဆောက်ခဲ့သော်လည်း ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်တွင် ၂ ပွဲအထိ ရှုံးနိမ့်ထားခြင်းကြောင့် ရော်ဂျာအပေါ် ဝေဖန်မှုများ ရှိနေသည်။

    “မှော်ဆန်တဲ့ ဖော်မြူလာတော့ မရှိပါဘူး။ လေ့ကျင့်ကွင်မှာ မပြောင်းလဲတဲ့ ပုံစံအတိုင်းသာ ဆက်သွားနေတာပါ။ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်ကို ကျွန်တော် သတိရနေပါတယ်။ အသင်းက ဂိုးရနိုင်ပါ့လားလို့ ကျွန်တော်အမေးခံခဲ့ရပြီး အဆုံးမှာတော့ ကျွန်တော်တို့ ၁၀၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အချိန်နဲ့ စိတ်ရှည်မှုလိုပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ကစားသမားအသစ်များမှာလည်း အသင်း၌ အံဝင်လာပြီး၊ အခြေကျလာကြောင်း မိမိ၏အတွေ့အကြုံအရ ပြောရလျှင် မိမိတို့အသင်းမှာ ပိုမိုတောင့်တင်းလာမည်ဖြစ်ကြောင်း ရော်ဂျာက ထပ်လောင်းပြောကြားခဲ့သည်။