News @ M-Media

Blog

  • ဦးဥတ္တမနှစ်ပတ်လည်ကို မွတ်ဆလင်ဆန့်ကျင်ရေးအဖြစ် ဦးဝီရသူ အသုံးချ

    ဦးဥတ္တမနှစ်ပတ်လည်ကို မွတ်ဆလင်ဆန့်ကျင်ရေးအဖြစ် ဦးဝီရသူ အသုံးချ

    စက်တင်ဘာ ၁၀ ၊ ၂၀၁၄
    ကမာရွတ်မီဒီယာမှ ကူးယူဖော်ပြပါသည်။


    အာဏာနိုင်ငံရေးသမားတွေမှာသာ လောကဓံ အတက်အကျဆိုတာရှိပြီး အမျိုးသားနိုင်ငံရေးသမားတွေ အတွက်တော့ အတက်ပဲရှိတယ်လို့ အမျိုးသားရေးဝါဒီ ဦးဝီရသူက ဦးဥတ္တမ ကွယ်လွန်ခြင်း ၇၅နှစ်ပြည့် စိန်ရတုအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။ အမျိုးသားရေးဝါဒီတွေအတွက် လောကဓံဆိုတာ တကယ်ပဲ မရှိဘူးလား။

    ရန်ကုန်မြို့ MCC ခမ်းမမှာကျင်းပတဲ့ လူပေါင်းထောင်နဲ့ချီတက်ရောက်တဲ့ ဦးဥတ္တမ ကွယ်လွန်ခြင်း စိန်ရတု အခမ်းအနားဟာ အမျိုးသားနိုင်ငံရေးသမားတွေမှာ လောကဓံရဲ့ အကျဆိုတာ မရှိခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ ဦးဝီရသူက ဆိုပါတယ်။

    မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဥတ္တမနှစ်ယောက်ပဲ နိက္ခမပါရမီရင့်သန်သူတွေအဖြစ် သူ့အနေနဲ့ လက်ခံထားပြီး အမျိုးသားရေးလုပ်ရင် အစွန်းရောက်သူ၊ အကြမ်းဖက်သူလို့ စွပ်စွဲခံရပြီး ဗြိတိသျှခေတ်တုန်းက အမျိုးချစ်တဲ့သူဟာ သူရဲကောင်းလို့ သူကရှုမြင်တယ်လို့ ဆိုပါတယ်။ ဒီအခမ်းအနားကို သံဃာတွေ ရာနဲ့ချီတက်ရောက်သလို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ရခိုင်တိုင်းရင်းသားတွေ အများအပြား တက်ရောက်ခဲ့ပါတယ်။

    ၂၁ရာစုမှာ လွတ်လပ်ရေးဆုံးရှုံးနိုင်တဲ့နည်းလမ်းတွေ ပိုကျယ်ပြန့်လာတာကြောင့် လွတ်လပ်ရေး မဆုံးရှုံးဖို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီအခမ်းအနားကို ကျင်းပတာဖြစ်ပြီး အုပ်ချုပ်သူတွေအနေနဲ့ လက်တွေ့ကျတဲ့ ပြည်ထောင်စုစိတ်ဓာတ်ရှိဖို့၊ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေးပေးဖို့ ဦးဇော်အေးမောင်က တိုက်တွန်းခဲ့ပါတယ်။ ကန်တော်မင်္ဂလာပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် နာမည်ပြောင်းဖို့ကိုလည်း သူကတောင်းဆိုခဲ့ပါတယ်။

    လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးကွဲပြားခြားနားမှုကို အခြေခံပြီး အမုန်းတရားတွေ ဖြန့်ဖြူးနေတဲ့ ဦးဝီရသူက ဦးဥတ္တမဟာ အမျိုးဘာသာကို ချစ်မြတ်နိုးသူမို့ ဘူးသီးတောင်၊ မောင်တောကိုတွေ့ရင် ဘယ်လိုနေမလဲမသိဘူးလို့ အစချီပြီး ရခိုင်တိုင်းရင်းသားတွေက သူ့ကို ဦးဥတ္တမ ဝင်စားသလားလို့ ပြောပေမယ့် သူက အားကျစိတ်ရှိတာသာဖြစ်တယ်လို့ ဝါဒဖြန့်ပြောဆိုခဲ့ပါတယ်။ စစ်တွေဟာ မွတ်တွေဖြစ်နေပြီလို့ တိုက်ခိုက်စွပ်စွဲခဲ့ပြီး ဦးဥတ္တမရင်ဆိုင်ခဲ့ရတာက ကုလားဖြူတွေဖြစ်ပေမယ့် သူရင်ဆိုင်နေရတာ ကုလားမည်းတွေဖြစ်သလို ဒီလူတွေဟာ ဦးနှောက်မရှိဘူးလို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။

    နိုင်ငံတကာမျက်နှာစာမှာ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ သိက္ခာကျခဲ့ရတယ်လို့ သမ္မတဦးသိန်းစိန်က သူ့ရဲ့ ဥရောပသုံးနိုင်ငံခရီးစဉ်မှာ ဝန်ခံပြောခဲ့ပြီး တစ်ရက်အကြာမှာ မွတ်ဆလင်ဆန့်ကျင်ရေး၊ အသားအရောင်ကွဲပြားမှုကို ခွဲခြားတဲ့ ဦးဝီရသူဟာ အမုန်းတရားတွေကို ပြင်းပြင်းထန်ထန်ပြောဆိုပြီး သွေးထိုးလှုံ့ဆော်ခဲ့ပါတယ်။

     

    http://kamayutmedia.com/video/politics/1239

  • Samsung Gear S (M-Media Tech ကဏ္ဍ)

    Samsung Gear S (M-Media Tech ကဏ္ဍ)

    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    တင်ဆက်သူ- daythanix
    Samsung Gear S
    Samsung ကတော့ ပြီးခဲ့တဲ့အပတ်ထဲက ထုတ်ထုန်သစ်တွေကို မိတ်ဆက် ပြသခဲ့ပါတယ်။ ပထမတစ်ခုကတော့ Gear S လို့ခေါ်တဲ့ smartနာရီဖြစ်ပါတယ်။

    Gear S ကတော့ ဖုန်းနဲ့ချိတ်ဆက်ထားစရာမလိုပဲ 3G SIM ကဒ်ကို တိုက်ရိုက် ထည့်သုံးရမှာပါ။ ကင်မရာတော့ မပါဝင်ပါဘူး။

    screen ကတော့ ကွေးညွတ်ထားတဲ့ 2-လက်မအရွယ် SuperAMOLED screen ဖြစ်ပြီး 360 x 480 resolution ရှိပါတယ်။

    dual-core 1GHz ပရိုဆက်ဆာ အသုံးပြုထားပြီး RAMကတော့ 512MBရှိပြီး သိုလှောင်နိုင်မှု ပမာဏ 4GBရှိပါတယ်။ အောက်တိုဘာလမှာ ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကို မကြေငြာသေးပါဘူး။

  • အမေရိကန်တွင် ကလေးငါးဦးအား သတ်ဖြတ်မှုဖြင့် သံသယရှိသူ ဖခင်တစ်ဦးကို ဖမ်းဆီး

    အမေရိကန်တွင် ကလေးငါးဦးအား သတ်ဖြတ်မှုဖြင့် သံသယရှိသူ ဖခင်တစ်ဦးကို ဖမ်းဆီး

    စက်တင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    Timothy-Ray-Jones-or-Jones-Jr-jpg
    – အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားရှိ အသက် ၁ နှစ်မှ ၈ နှစ်အရွယ် ကလေးငယ် ၅ ဦး သေဆုံးမှုတွင် သံသယရှိသည့်အတွက်ကြောင့် ဖခင်ဖြစ်သူအား ဖမ်းဆီးထားသည်ဟု မစ္စစ်စီပီ အာဏာပိုင်များက ပြောကြားလိုက်သည်။

    ကလေးငယ်များမှာ ပြီးခဲ့သည့် သီတင်းပတ်က တောင်ကယ်ရိုလိုင်းနားမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ အလောင်းများကို ယမန်နေ့က အလာဘားမားရှိ ကားလမ်းတစ်ခု၏ ဘေးတွင် ပြန်လည်တွေ့ရှိခဲ့ဟု အလာဘားမား ပြည်သူ့လုံခြုံရေး ဌာနခွဲမှ တာဝန်ရှိသူ စတီဗ် ဂျာရတ်က ပြောကြားခဲ့သည်။

    တောင်ကယ်ရိုလိုင်းနားရှိ ကလေးများ၏ မိခင်ဖြစ်သူက သူမ၏ ခင်ပွန်းဟောင်းဖြစ်ပြီး ကလေးများအား အုပ်ထိန်းခွင်ရထားသူ အသက် ၃၂ နှစ်အရွယ် ဂျုံးစ် ဂျေအာကို ဆက်သွယ်၍ မရတော့သည့်အတွက်ကြောင့် ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ရာမှ ပြည်နယ်ရဲတပ်ဖွဲ့နှင့် FBI တို့က စုံစမ်းစစ်ဆးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ဂျုံးစ်မှာ မိမိအနေဖြင့် ကလေးများကိုခေါ်၍ အခြားပြည်နယ်တစ်ခုကို ပြောင်းရွှေ့တော့မည်ဟု ပြောကြားခဲ့ကြောင်း တောင်ကယ်ရိုလိုင်းနားရှိ ၎င်း၏ နေအိမ်ရှိရာ လီဇင်တန်ကောင်တီရှိ အိမ်နီးချင်းများကဆိုသည်။

    အရက်မူးပြီး ကားမောင်းနှင်မှုဖြင့် ဂျုံးစ်ကို စနေနေ့တွင် မစ္စစ်စီပီရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ပြီး ၎င်း၏ကားတွင် ရာဇ၀တ်မှုကျူးလွန်သည့် မသင်္ကာဖွယ်ရာ တွေ့ရှိရသောကြောင့် အမျိုးသားရာဇ၀တ်မှု အချက်အလက်စင်တာတွင် စုံစမ်းခဲ့ရာ တောင်ကယ်ရိုလိုင်းနားရဲတပ်ဖွဲ့မှ အလိုရှိနေသူတစ်ဦးဖြစ်သည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ဖမ်းဆီးခဲ့ပြီးနောက် ဂျုံးစ်နှင့်အတူ အလောင်းများရှိရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ခဲ့ကြပြီး မည်သည့်အတွက်ကြောင့် ကလေးငယ်များ သေဆုံးခဲ့ရသည်ကို သိရှိရခြင်း မရှိသေးပေ။

     

    ref_CNN

  • ပြည်မြို့ တိုက်ဖြူဗလီကြီးအတွင်းသို့ ပထမဆုံးအကြိမ် ၀င်ရောက်လေ့လာခွင့်ပြု

    ပြည်မြို့ တိုက်ဖြူဗလီကြီးအတွင်းသို့ ပထမဆုံးအကြိမ် ၀င်ရောက်လေ့လာခွင့်ပြု

    စက်တင်ဘာ ၁၀၊၂၀၁၄
    ဇော်မင်းထိုက်(7Days)

    Image0137
    ပြည်မြို့ရှိ ဘာသာပေါင်း စုံငြိမ်းချမ်းရေးအဖွဲ့နှင့် လူငယ် များအား စက်တင်ဘာ ၉ ရက်က ပြည်မြို့ ဆွေးနွေးဘုရားလမ်းရှိ တိုက်ဖြူဗလီကြီးအတွင်းသို့ ပထမဆုံးအကြိမ် ၀င်ရောက်လေ့လာ ခွင့် ပြုခဲ့ကြောင်း သတင်းရရှိသည်။

    တိုက်ဖြူဗလီကြီးတွင် Religion for Peace Interfaith Youth Network ၏ ဘာသာပေါင်းစုံ လပတ်အစည်းအဝေး အမှတ်စဉ် (၉) ကျင်းပပြုလုပ်ခဲ့သည်။ ဟိန္ဒူဘာသာရေးခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာသံဃာတော်များ၊ ခရစ်ယာန်ဘာ သာရေးခေါင်းဆောင်များ၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ ၀င်များတက်ရောက်ကာအကြံပြုဆွေးနွေးခဲ့ကြသည်။

    ‘‘ဘာသာပေါင်းစုံ ငြိမ်းချမ်း ရေးအဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်လာ တာ ပြည်မြို့ကတော့ အောင်မြင် မှုအရှိဆုံးလို့ ဆိုရမှာပဲ။ မေတ္တာ ကို အခြေခံထားပြီး ငြိမ်းချမ်းရေး ကိုသာ လုပ်ဆောင်ကြခြင်းဖြစ် တယ်။ မာန်ထားခြင်း၊ ၀ါကြွား ခြင်းတွေ မထားကြဘဲ လူသားအ ချင်းချင်း အတူတူထားရှိ လုပ် ဆောင်ကြတယ်။ တစ်ဦးချင်း၊ တစ် ယောက်ချင်း ပုဂ္ဂိုလ်ရေး ခိုက်ရန် ဖြစ်တာကြောင့် အသံသိုးသိုးသဲ့ သဲ့လေးတွေ ထွက်တာကလွဲလို့ အားလုံးဟာ ငြိမ်းချမ်းစွာ ရှိနေပါ တယ်’’ ဟု ဘာသာပေါင်းစုံ ငြိမ်း ချမ်းရေးအဖွဲ့မှ ဘာသာရေးဆ ရာတစ်ဦးက ပြောသည်။

    တိုက်ဖြူဗလီကြီးအတွင်းသို့ ပထမဆုံးအကြိမ် ၀င်ရောက်လေ့ လာ ခွင့်ပြုခဲ့ရာ ဘာသာကြီး လေးခု မှ ခေါင်းဆောင်များ၊ ငြိမ်းချမ်း ရေး အဖွဲ့ဝင် လူငယ်များက လေ့ လာခဲ့ကြသည်။

    တိုက်ဖြူဗလီကြီးကို ကျောင်း ကြီးအိုးတန်းရပ်ကွက် ဆွေးနွေး ဘုရားလမ်းတွင် တည်ဆောက် ထားခဲ့သည်မှာ နှစ်ပေါင်းတစ်ရာ ကျော်ရှိပြီဖြစ်ပြီး ဗလီမတည် ဆောက်မီကပင် အစ္စလာမ်ဘာသာဝင် ထွက်ရပ်ပေါက်တစ်ဦး၏ ရုပ် အလောင်း အုတ်ဂူရှိခဲ့ကြောင်း၊ ထူးခြားသည်မှာ အမျိုးသမီးများ ၀တ်ပြုဆုတောင်းရန် နေရာရှိ ကြောင်း၊ ပြည်မြို့တွင် ရှီးဟိုက် ဗလီနှစ်လုံးနှင့် ဆွန်နီဗလီခုနစ် လုံးရှိရာ တိုက်ဖြူဗလီကြီးမှာ ဆွန် နီဗလီအမျိုးအစားဖြစ်ကြောင်း သိရသည်။

    ပြည်မြို့ရှိ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၏ လပတ်အ စည်းအဝေးများကို လစဉ်ဆွေး နွေးခြင်း၊ အကြံပြုခြင်းများ ပြု လုပ်ခဲ့ရာ ငါးလခန့်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တစ်ဘာသာနှင့် တစ် ဘာသာတို့၏ အခြေခံဘာသာရေး တရားများကို လေ့လာနိုင်ရန်၊ ယုံ မှားသံသယများ ပပျောက်ပြီး မှန် မှန်ကန်ကန် သိရှိစေရန်၊ ဘာသာ ရေးစာအုပ်များ မျှဝေလေ့လာရန် ဆောင်ရွက်လျက်ရှိပြီး ဆွေးနွေးမှု အမှတ်စဉ် (၁၁) နှင့် လူငယ် ဆွေးနွေးပွဲများကို အောက်တိုဘာလအတွင်း ကမ်းနားလမ်းရှိ ဟိန္ဒူ ဘုရားရှိခိုးကျောင်း၌ ပြုလုပ်သွား ရန်ရှိကြောင်း သိရသည်။

    (7Days) မှ ကူးယူဖော်ပြသည်။
    http://www.7daydaily.com/story/20271

  • လူသတ်မှု၊ မုဒိမ်းမှုဖြင့် ထောင်ကျခဲ့သူ အမေရိကန်နှစ်ဦး နှစ်ပေါင်း ၃၀ ကြာမှ အပြစ် မရှိကြောင်းသိရ

    လူသတ်မှု၊ မုဒိမ်းမှုဖြင့် ထောင်ကျခဲ့သူ အမေရိကန်နှစ်ဦး နှစ်ပေါင်း ၃၀ ကြာမှ အပြစ် မရှိကြောင်းသိရ

    စက်တင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    2014935107420734_20
    – DNA အထောက်အထားများကို စစ်ဆေးခဲ့ပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ က လူသတ်မှု၊ မုဒိမ်းမှုတို့ဖြင့် ထောင်ဒဏ်ကျခံခဲ့ရသည့် အမေရိကန် ညီအစ်ကိုနှစ်ဦးမှာ အပြစ်မရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    မြောက်ကယ်ရိုလိုင်းနားအကျဉ်းထောင်မှ အရှည်ကြာဆုံး သေဒဏ်ကျခံနေရသူ အသက် ၅၀ အရွယ် ဟင်နရီ လီ မက်ကော်လန်နှင့် အသက် ၄၆ နှစ်အရွယ် လီဘရောင်းတို့မှာ ၁၉၈၃ ခုနှစ်က အသက် ၁၁ နှစ်အရွယ် ဆာဘရီနာ ဘူအီအား မုဒိမ်းကျင့် သတ်ဖြတ်မှုတွင် အပြစ်မရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု တရားသူကြီး ရော်ဘီဆန် ကောင်တီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ညီအစ်ကိုနှစ်စလုံးမှာ ၁၉၈၃ ခုနှစ် ဖမ်းဆီးခံရစဉ်က အသိဥာဏ်ပိုင်းဆိုင်ရာ ဆိုးရွားစွာ ပြဿနာရှိနေပြီး မှားယွင်းသောထွက်ချက်ပေးမှုကြောင့် မက်ကော်လန်အား သေဒဏ်နှင့် ဘရောင်းအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

    “အမှန်တရားရှာဖွေခြင်းရဲ့ အရေးကြီးပုံကို ဒီဖြစ်စဉ်က မီးမောင်းထိုးပြနေပါတယ်။ ဒီနေ့တော့ အမှန်တရားကို ထုတ်ဖေါ်လိုက်ပါပြီ။ ဒါပေမယ့် ဆာဘရီနာ ဘူအီနဲ့ သူ့မိသားစုအတွက်၊ လီယွန်၊ ဟင်နရီနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အနှစ်သုံးဆယ်လောက် နောက်ကျခဲ့ရပါတယ်။ သူတို့ရဲ့ ၀မ်းနည်းမှု၊ ပူဆွေးသောက ရောက်မှုတွေနဲ့၊ ဆုံးရုံးမှုတွေဟာ ထာဝရ ကျန်ရစ်နေမှာပါ” ဟု ဘရောင်း၏ ရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။

    မြောက်ကယ်ရိုလိုင်းနား ပြည်နယ်၏ ဥပဒေအရ ယခုအချိန် လူသတ်မှုကို စစ်ဆေးရာတွင် အသံသွင်းထားခြင်း သို့မဟုတ် ဗီဒီယိုရိုက်ထားရန် လိုအပ်သော်လည်း ဘရောင်းတို့ ညီအစ်နှစ်ဦး၏ ခေတ်ကာလက ထိုကဲ့သို့ သတ်မှတ်ချက် မရှိခဲ့သေးပေ။ ထောင်အတွင်း သိမ်းဆည်းထားသော အသေးစိတ်အချက်အလက်များမှာ လက်တွေ့သဘောအရ လုံးဝ မဖြစ်နိုင်ကြောင်း အာဏာပိုင်များက ၀န်ခံခဲ့သည်။

    ref_Agencies
    Photo_Reuters