News @ M-Media

Blog

  • အယ်လ်ခိုင်ဒါ ကြေညာချက် မြန်မာ မွတ်စလင်တွေ အယုံအကြည်မရှိ၊ စိတ်မဝင်စားကြောင်း ဘာသာရေး အဖွဲ့ ခေါင်းဆောင် တဦးပြောကြား

    အယ်လ်ခိုင်ဒါ ကြေညာချက် မြန်မာ မွတ်စလင်တွေ အယုံအကြည်မရှိ၊ စိတ်မဝင်စားကြောင်း ဘာသာရေး အဖွဲ့ ခေါင်းဆောင် တဦးပြောကြား

    စက်တင်ဘာ ၅ ၊ ၂၀၁၄

    VOA (မြန်မာပိုင်း) မှကောက်နှုတ်ဖော်ပြသည်။

    အယ်လ်ခိုင်ဒါက ကြေညာချက်ကို ပြည်တွင်း မွတ်စလင်တွေ အယုံအကြည် မရှိသလို စိတ်လဲ မဝင်စားကြောင်း အစ္စလာမ် သာသနာရေး ကောင်စီ က တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေ ပြောကြား

    ko wana shwe
    အစ္စလာမ် သာသနာရေး ကောင်စီ က တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေ

     
    မြန်မာနိုင်ငံမှာ ရှိတဲ့ မွတ်စလင်တွေ အတွက်တော့ အခုလို အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်လာမယ်ဆိုရင် မပါဝင်ကြဖို့ နဲ့ ပြည်တွင်းမှာ နေထိုင်ကြတဲ့ မွတ်စလင်တွေက အခုလို ဘာသာရေး စစ်ပွဲ ဆင်နွဲမယ်ဆိုတဲ့ အပေါ်မှာလည်း အယုံအကြည် မရှိသလို စိတ်ဝင်စားမှုလည်း မရှိဘူးလို့ အစ္စလာမ် သာသနာရေး ကောင်စီ က တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ပြောပါတယ်။

    “ကျနော်တို့ မြန်မာပြည်ထဲမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဒါကို ကောင်းကောင်း သဘောပေါက်ပြီးသားပါ။ ကျနော်တို့ ဒီမှာကြုံတွေ့ရတဲ့ အခြေအနေ အရပ်ရပ် မှာတောင်မှ သူတို့ထိန်းသိမ်းပြီးတော့ နေတဲ့ အနေအထား ရှိပါတယ်။ ပြည်တွင်းက သူတွေအတွက်ကတော့ သဘောပေါက်ပြီးသားပါ။ ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ အစ္စလာမ် ဘာသာဝင်ဖြစ်တယ်ပေါ့ဗျာ။ ကျနော်တို့ အစ္စလာမ်ဘာသာဝင် တရားအစစ်မှာ အကြမ်းဖက်မှုကိုလေ ဘယ်သူကိုမဆို ဘယ်နေရာမှာမဆို ဘယ်အချိန်မှာမဆို ဘယ်သူပဲပြုပြု အကြမ်းဖက်မှုကို ကျနော်တို့ အနေနဲ့ လက်မခံပါဘူး။ အကြမ်းဖက်မှုကို သတိပြုမိပါတယ်။”

  • အလ်ကိုင်ဒါ အတွက် နေရာမရှိဟု အိန္ဒိယ ထိပ်တန်း မွတ်စလင်အဖွဲ့ပြောကြား

    အလ်ကိုင်ဒါ အတွက် နေရာမရှိဟု အိန္ဒိယ ထိပ်တန်း မွတ်စလင်အဖွဲ့ပြောကြား

    စက်တင်ဘာ ၅ ၊ ၂၀၁၄
    M-Media

    အိန္ဒိယတွင် အဖွဲ့ခွဲတည်ထောင်မည်ဟု အလ်ကိုင်ဒါ ၏ ပြောကြားချက်အား အိန္ဒိယ ထိပ်တန်း မွတ်စလင်အဖွဲ့ရှုတ်ချ

    zik
    Dr. Zafarul-Islam Khan

    – အလ်ကိုင်ဒါအဖွဲ့ခွဲအား အိန္ဒိယတွင် ဖွဲ့စည်းမှုဟု အလ်ကိုင်ဒါခေါင်းဆောင် အလ်-ဇ၀ါဟီရီ၏ ပြောကြားမှုအား အိန္ဒိယထိပ်တန်း မွတ်စလင်အဖွဲ့အစည်း All India Muslim Majlise Mushawarat က ရှုတ်ချလိုက်ပြီး အလ်ကိုင်ဒါ အတွက် အိန္ဒိယတွင် နေရာမရှိဟု ပြောကြားလိုက်သည်။

    ထိုအဖွဲ့မှ ယမန်နေ့ကထုတ်ပြန်ခဲ့သောကြေညာချက်တွင် အဖွဲ့အကြီးအကဲ Dr. Zafarul-Islam Khan က အလ်ကိုင်းဒါးအဖွဲ့ ခေါင်းဆောင်၏ ပြောကြားချက်ကို အိန္ဒိယရှိ မွတ်စလင် အားလုံးက ရှုတ်ချကြောင်း၊ ထိုပြောကြားချက်က အိန္ဒိယမွတ်စလင်များ အတွက် အကျိုးမဲ့စေမည်ဖြစ်ပြီး မိမိတို့၏ အရေးကိစ္စ အတွက် နိုင်ငံရပ်ခြားမှ အကြမ်းဖက်အဖွဲ့အစည်းက ၀င်ရောက် စွက်ဖက်မှုကို မလိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အိုစမာဘင်လာဒင် မရှိတော့သည့်နောက် အင်အားချိနဲ့လာသည့် အလ်ကိုင်ဒါအဖွဲ့မှာ ဆီးရီးယားနှင့် အီရတ်တို့တွင် ခေါင်းထောင်လာသည့် IS အကြမ်းဖက်အဖွဲ့၏ သြဇာအား ယှဉ်ပြိုင်နိုင်ရန် ထိုကဲ့သို့ ကြေညာခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

    ခန်းကမူ အိန္ဒိယမွတ်စလင်များမှာ နိုင်ငံကို သစ္စာစောင့်သိသူများဖြစ်ပြီး၊ နိုင်ငံအတွင်းသို့ အလ်ကိုင်းဒါးအဖွဲ့က ကျူးကျော်ဝင်ရောက်လာပါက မိမိတို့ကိုယ်တိုင် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ အိန္ဒိယမွတ်စလင်များကို အိန္ဒိယ ဖွဲ့စည်းပုံနှင့် ဥပဒေက ကာကွယ်ပေးထားပြီး အရှေ့အလယ်ပိုင်းအား ပျက်ဆီးစေခဲ့သည့် နိုင်ငံရပ်ခြား အကြမ်းဖက်အဖွဲ့၏ အကူအညီကို မလိုအပ်ကြောင်း အဆိုပါကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

     

    ref_Times Of India

  • သစ်လွင် မွတ်စလင်ကြိုဆိုပွဲအား ဇူလိုင်လနှောင်းပိုင်းတွင် ဒူဘိုင်း၌ ပြုလုပ်ခဲ့

    သစ်လွင် မွတ်စလင်ကြိုဆိုပွဲအား ဇူလိုင်လနှောင်းပိုင်းတွင် ဒူဘိုင်း၌ ပြုလုပ်ခဲ့

    စက်တင်ဘာ ၅ ၊ ၂၀၁၄
    M-Media

    87765999_3623822_mosquesheikhzadubai_2_. jpeg
    ဒူဘိုင်းမှ ဗလီဝတ်ကျောင်းတော်တခု

    – အစ္စလာမ်သာသနာတော် အတွင်းသို့ ၀င်ရောက်လာကြသည့် သစ်လွင်မွတ်စလင်များအား သာသနာနှင့် ပတ်သက်၍ ပိုမိုနားလည်စေရန်နှင့် အယူဝါဒသစ်တွင် မြဲမြံစွာရပ်တည်နိုင်ရေး ကူညီရန်အတွက် ဒူဘိုင်းရှိ အစ္စလာမ့်စင်တာတစ်ခုက သစ်လွင်မွတ်စလင် ကြိုဆိုပွဲတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ သစ်လွင်မွတ်စလင်ကြိုဆိုပွဲကို ဒါရ်အလ်ဘာဒေသရှိ အစ္စလာမ့် သတင်းအချက်အလက်စင်တာမှ စီစဉ်၍ New Muslim Retreat ခေါင်းစဉ်ဖြင့် ဇူလိုင်လနှောင်းပိုင်းက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာအပါအ၀င် ဘာသာပေါင်းစုံမှ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သူ သစ်လွင်မွတ်စလင် ၂၅၀ ကျော် တက်ရောက်ခဲ့ကြပြီး ၎င်းတို့မှာ သီရိလင်္ကာ၊ နိုက်ဂျီးရီးယား၊ ယုဂန်ဒါ၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများမှ ဖြစ်ကြသည်။

    “အခုတော့ မတူညီတဲ့ ခံစားမှုမျိုးကို ခံစားနေရပါပြီ။ ကျွန်မအတွက်တော့ အစ္စလာမ်ဟာ ငြိမ်းချမ်းခြင်းပါပဲ” ဟု ပရိုတက်စတင့် ခရစ်ယာန်မှ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သူ ဖာသွေမာက ဆိုသည်။

    ထို့ပြင် ရမ်ဇာန်ဥပုသ်လအတွင်း ဥပုသ်သီလဆောက်တည်မှုနှင့် ပတ်သက်၍လည်း Fatima က ဖွင့်ဟခဲ့သည်။

    “ဥပုသ်သီလဆောက်တည်ရတာဟာ ကျွန်မအတွက် သိပ်ခက်ပါတယ်။ ဒါပေမယ့် ခန္တီပါရမီကို ကျွန်မ ရခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားခြင်းဟာ ကျွန်မအတွက်တော့ အရာအားလုံးပြည့်စုံမှုပါပဲ”

    သစ်လွင်မွတ်စလင်များ အစ္စလာမ်နှင့်ပတ်သက်၍ ပိုမိုနားလည်စေရန်အတွက် အဆိုပါ အခမ်းအနားတွင် တရားဟောခြင်း၊ ဆွေးနွေးခြင်း တို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။

    Fatima အပါအ၀င် သစ်လွင်မွတ်စလင်အများစုမှာ မွတ်စလင်သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၏ အစ္စလာမ်သာသနာကျင့်သုံးမှုကို ကြည့်ရှု၍ ၀င်ရောက်လာခြင်းဖြစ်သည်။

    “လွတ်မြောက်မှုကို ကျွန်တော့်ရဲ့ နှလုံးသားထဲက နက်ရှိုင်းစွာ ခံစားခဲ့ရပါပြီ။ အာရပ်သူငယ်ချင်းတွေက ကျွန်တော့်ကို အားပေးခဲ့ကြပြီး အစ္စလာမ်ကို လက်မခံခင် လေ့လာမှုတွေလည်း ကျွန်တော် ပြုလုပ်ခဲ့ပါတယ်။ အမေကတော့ လက်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ တစ်နေ့နေ့မှာတော့ အမေဟာ အစ္စလာမ်ကို ကျင့်သုံးလာမှာပါ” ဟု ဖိလစ်ပိုင်မှ သစ်လွင်မွတ်စလင် ဂျွန်ရောဘတ်က ပြောကြားခဲ့သည်။

    အဆိုပါ အစ္စလာမ့်သတင်းအချက်အလက်စင်တာတွင် ယမန်နှစ်က အစ္စလာမ်သို့ သက်ဝင်ခဲ့သူ ၁၉၅၀ ရှိခဲ့ပြီး ယခုနှစ်တွင် ဇူလိုင်လအထိ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သူ အရေအတွက်မှာ ၁၂၀၀ ရှိနေပြီဖြစ်သည်။

  • ဆွီဒင်လက်ရွေးစင် အသင်းအတွက်  အီဗရာဟီမိုဗစ် ဂိုးအများဆုံးသွင်းသူ ဖြစ်လာ

    ဆွီဒင်လက်ရွေးစင် အသင်းအတွက် အီဗရာဟီမိုဗစ် ဂိုးအများဆုံးသွင်းသူ ဖြစ်လာ

    စက်တင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    452396_heroa
    – ယမန်နေ့က ကစားခဲ့သော အက်စတိုးနီးယားနှင့်ပွဲတွင်  ဂိုးသွင်းယူနိုင်ခဲ့သည့် ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာ နိုင်ငံတကာသွင်းဂိုး စံချိန်တင်နိုင်ခဲ့သည်ဟု သိရသည်။

    ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ထိုပွဲတွင် အီဗရာဟီမိုဗစ်မှာ  ၎င်း၏ နိုင်ငံတကာဂိုး ၄၉ ဂိုးနှင့် ၅၀ မြောက်အဖြစ် အနိုင်ဂိုး ၂ ဂိုး စလုံးကို သွင်းယူပေးနိုင်ခဲ့ပြီး ဆွီဒင်တိုက်စစ်မှူးဟောင်း ဆဗင်ရိုင်ဒဲလ်၏ ၄၉ ဂိုး စံချိန်ကို ချိုးဖျက်ကာ စံချိန်သစ် တင်နိုင်ခဲ့သည်။

    ဒုတိယဂိုးသွင်းယူခဲ့ပြီးနောက် အီဗရာဟီမိုဗစ်မှာ ဂျာစီချွတ်ကာ အောင်ပွဲခံခဲ့ပြီး ၎င်း၏ အောက်ခံအင်္ကျီမှ “ဂိုး ၅၀ပြည့်ပါပြီ။ ဒါကို သင်တို့ကပဲ စွမ်းဆောင်ပေးခဲ့တာပါ” ဟု ရေးသားထားသည့် စာတန်းကို ပရိတ်သတ်များအား ပြသခဲ့သည်။

    ထိုပွဲမှာ အီဗရာဟီမိုဗစ်၏ ၉၉ ပွဲမြောက် နိုင်ငံတကာပွဲဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း သြစတြီးယားနှင့်ကစားမည့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ပွဲ ၁၀၀ ပြည့်မည်ဖြစ်သည်။

    ယခင်စံချိန်ရှင် ရိုင်ဒဲလ်မှာ ၁၉၂၀ ခုနှစ်မှ ၁၉၃၄ ခုနှစ်အထိ လက်ရွေးစင်အသင်းအတွက် ၄၃ ပွဲ ကစားခဲ့ကာ ၄၉ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

  • လူမျိုး/ဘာသာမရွေး တက်နိုင်သည့် တက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်း ကျိုလီယာ မွတ်စလင် အသင်းမှ ဖွင့်လှစ်မည်

    လူမျိုး/ဘာသာမရွေး တက်နိုင်သည့် တက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်း ကျိုလီယာ မွတ်စလင် အသင်းမှ ဖွင့်လှစ်မည်

    စက်တင်ဘာ ၅၊ ၂၀၁၄
    M-Media
    လမင်း
    free tution
    ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (၁၀-တန်း) ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် ပညာဒါန သင်တန်းတစ်ရပ်ကို  ကျိုလီယာ မွတ်စလင်မ်သာသနာ့ ရန်ပုံငွေအဖွဲ့မှ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

    ၎င်းတက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းအတွက်  မည်သည့်ငွေကြေးတစ်စုံတစ်ရာမှ ပေးဆောင်ရန်မလိုအပ်ပဲ  ၀ါရင့်ဆရာ/ဆရာမများမှ သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ ၁၀-တန်းအတွက် ငွေကြေးအခက်အခဲရှိနေသော ကလေးငယ်များ အဆင်ပြေစေရန်နှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ မဟုတ်ဘဲ မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ လူမျိုးဘာသာမရွေး တက်ရောက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ကျိုလီယာမွတ်စလင်မ်သာသနာ့ရန်ပုံငွေအဖွဲ့မှ ဟာဂျီဦးလှဋ္ဌေးက ပြောသည်။

    အဆိုပါ သင်တန်းအား တစ်ပတ်လျှင် ၆-ရက်ဖြင့် နေ့လည် ၁း၃၀ နာရီမှ ညနေ ၆း၀၀ နာရီအထိ တက်ရောက်ရမည်ဖြစ်ပြီး၊ အမှတ်(၁)၊ သုခလမ်း၊ ခ-ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်ဖြစ်သည်။

    သင်တန်းကိစ္စနှင့် ပတ်သက်၍ သိလိုသည်များရှိပါက ၀၁-၅၇၇၄၇၃၊ ၀၁-၈၅၅၁၁၉၁၊ ၀၉-၂၅၉၂၉၁၅၅၃၊ ၀၉-၂၅၉၂၉၁၅၅၄၊ ၀၉-၃၂၃၄၃၀၂၄၊ ၀၉-၇၃၁၃၇၅၃၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။