News @ M-Media

Blog

  • မိသားစုပြဿနာများ ဖြေရှင်းရန်အတွက် အထူးခုံရုံးသစ်များ ဆော်ဒီဖွင့်လှစ်

    မိသားစုပြဿနာများ ဖြေရှင်းရန်အတွက် အထူးခုံရုံးသစ်များ ဆော်ဒီဖွင့်လှစ်

    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    Saudi Arabia opened new court to solve family disputes, amid steps aimed at making the kingdom’s legal system faster
    – နိုင်ငံ၏ ဥပဒေရေးရာစနစ်ကို ပိုမိုမြန်ဆန်စေပြီး ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်နေသော ဆော်ဒီအာရေဗျနိုင်ငံမှာ မိသားစုဆိုင်ရာ ပြဿနာများကို အာရုံစိုက်ဖြေရှင်းရန်အတွက် အထူးခုံရုံးသစ်များကို သြဂုတ်လ တတိယပတ်အတွင်း ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ အထူးခုံရုံးများကို ရီယာ့ဒ်၊ မက္ကာ၊ ဂျစ်ဒါ၊ မဒီနာနှင့် ဒန်မန်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုခုံရုံးများတွင် ရုံးထိုင်မည့် တရားသူကြီးများနှင့် ၀န်ထမ်းများအား မိသားစု ပြဿနာများဖြစ်သည့် ကွာရှင်းခြင်း၊ ဇနီးအား စားရိတ်ထောက်ပံ့ခြင်း၊ ကလေးများအား အုပ်ထိန်းခွင့် စသည်တို့နှင့် ပတ်သက်၍ အထူးသင်တန်းများ ပေးအပ်သွားမည်ဖြစ်သည်။

ုထို့ပြင် ကုန်သွယ်ရေးရာနှင့်သက်ဆိုင်သည့် ပြဿနာများကို ဖြေရှင်းပေးမည့် အထူးခုံရုံးများကို လေးလအတွင်း ဖွင့်လှစ်သွားရန် စီစဉ်နေပြီး အဆိုပါခုံရုံးများ၌ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်သည်။

    ထိုကဲ့သို့ အထူးခုံရုံးသစ်များ ဖွင့်လှစ်ခြင်းမှာ တိုင်းပြည်၏ လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အရေးပါသောခြေလှမ်းဖြစ်ပြီ လူငယ်များ၊ ခေတ်သစ် စီးပွားရေးနှင့် ဆော်ဒီ၏ ရှေးရိုးစွဲ ယဉ်ကျေးမှုအကြား ရင်ကြားစေ့ ပေးခြင်းဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။

    ဆော်ဒီတွင် အစ္စလာမ့်ဥပဒေဖြစ်သည့် ရှရီအာ ဥပဒေကို ကျင့်သုံးသော်လည်း အစ္စလာမ့် ကျမ်းဂန်များထဲမှ ဥပဒေသများကို တရားသူကြီးများက မိမိတို့၏ကိုယ်ပိုင်ပုံစံဖြင့် ပြန်ဆိုကာ အသုံးချနေကြခြင်းဖြစ်သည်။ ထို့ပြင် လျှောက်လဲချက်များကို လက်ခံခြင်း၊ စီရင်ချက်ချခြင်း စသည်လုပ်ဆောင်မှုပိုင်းတွင်လည်း တရားသူကြီးများကသာ လုပ်ပိုင်ခွင့် အလွန်အကျွံရယူထားကြသည့် ဟု ဝေဖန်သူများလဲ ရှိပါသည်။

    _Reuters

  • တရုတ်နွယ်ဖွား မလေးရှားနိုင်ငံသား အပြာဘလော့ဂါ တစ်ဦးအား အင်တာပို ရှာဖွေနေ

    တရုတ်နွယ်ဖွား မလေးရှားနိုင်ငံသား အပြာဘလော့ဂါ တစ်ဦးအား အင်တာပို ရှာဖွေနေ

    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    alvivi5
    – မလေးရှားမှ နာမည်ကြီး အပြာ ဘလော့ဂ်ဂါတစ်ဦးဖြစ်သည့် အလ်ဗင်တန်အား နိုင်ငံသို့ ပြန်လာ၍ တရားရင်ဆိုင်ရန် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်က ရှာဖွေနေသည်ဟု သိရသည်။

    တရုတ်နွယ်ဖွား ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ်ရှိ အလ်ဗင်တန်နှင့် အသက် ၂၄ နှစ်အရွယ်ရှိ ၎င်း၏ ချစ်သူ ဗီဗီယန်လီမေလင်းတို့မှာ အပြာဓာတ်ပုံများ၊ ၎င်းတို့နှစ်ဦး ချင်တင်းနှောနေသော ဗီဒီယိုများနှင့် ၎င်းတို့၏ လိင်အင်္ဂါများ၏ ဓာတ်ပုံများကို ဘလော့ဂ်စာမျက်နှာတွင် လွှင့်တင်ခြင်းကြောင့် စင်ကာပူနှင့် မလေးရှားတို့တွင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူများဖြစ်သည်။

    စင်ကာပူအမျိုးသားတက္ကသိုလ်မှ ဥပေဒဖြင့်ဘွဲ့ရထားကြသည့် ၎င်းတို့နှစ်ဦးအားအပြာဗီဒီယိုဓာတ်ပုံများတင်ခြင်းအတွက် မလေးရှား ဗီဒီယိုဆင်ဆာ အက်ဥပဒေဖြင့် လည်းကောင်း၊ မလေး လူမျိုးတို့၏ ဥပုသ်ထွက် စားသောက်မှုကို စော်ကားသည့် ဓာတ်ပုံကို လွှင့်တင်မှုဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် လည်းကောင်း မလေးရှား တရားရုံးက တရားစွဲဆိုထားသည်။

    မလေးရှားရဲတပ်ဖွဲ့မှ အင်စပက်တာ ခါလစ်အဘူဘာကာကလည်း အလ်ဗင်တန် မလေးရှားသို့ ပြန်လည်ရောက်ရှိရန်နှင့် ၎င်း၏ နိုင်ငံကူး လက်မှတ်အား ပြန်လည် သိမ်းယူရန် အတွက် အင်တာပိုလ်နှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

    The Malaysian Insider သတင်းစာကမူ ၎င်းတို့နှစ်ဦးမှာ Documentary ရိုက်ရန်အတွက် ပြီးခဲ့သည့်မေလက စင်ကာပူသို့ထွက်သွားခဲ့ကြောင်း၊ သို့သော်လည်း စင်ကာပူတွင် ဆက်လက်ရှိနေလားဆိုသည်မှာ မသေချာကြောင်း ရေးသားဖော်ပြခဲ့သည်။

    – Agencies

  • ဒီမာရီယာအတွက် စိတ်ရှည်ကြရန် ပရိတ်သတ်များအား ဗန်ဂါးလ်သတိပေး

    ဒီမာရီယာအတွက် စိတ်ရှည်ကြရန် ပရိတ်သတ်များအား ဗန်ဂါးလ်သတိပေး

    သြဂုတ် ၂၇ ၊ ၂၀၁၄
    M-Media
    449145_heroa
    – မန်ယူသို့ ရောက်ရှိလာသည့် ဒီမာရီယာမှာ အသင်း၌ ချက်ချင်းအံဝင်မည်မဟုတ်ဘဲ အသင်းကစားကွက်နှင့် အထိုင်ကျရန် အချိန်ပေးရမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပရိတ်သတ်များအား သတိပေး ပြောကြားလိုက်သည်။

    အာဂျင်တိုင်း ကွင်းလယ်ကစားသမား ဒီမာရီယာမှာ ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၈၄ သန်းဖြင့် ယမန်နေ့က အိုးထရက်ဖို့ဒ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ လက်ရှိကစားကွက်အရ ဗန်ဂါးလ်မှာ ဒီမာရီယာအား အလယ်ကြောတစ်လျှောက်တွင် ကစားခိုင်းရန် ဆန္ဒရှိနေပြီး စိတ်ရှည်ရန်လိုအပ်သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ ကစားတဲ့ပုံစံကို ဒီမာရီယာက ကူညီမှာပါ။ သူဟာ ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ယောက်ပါ။ ဒီမာရီယာနဲ့ဆိုရင် ကျွန်တော့်ရဲ့ ကစားကွက်ကို ပြောင်းလဲနိုင်မှာဖြစ်ပြီး ဘာ့ကြောင့်လဲဆိုတော့ သူဟာ တောင်ပံနဲ့ ကွင်းလယ်ကြော နှစ်နေရာစလုံးမှာ ကစားနိုင်လို့ပါပဲ” ဟု ဗန်ဂါးလ်က Sky Sports သို့ ပြောကြားခဲ့သည်။

    ဒီမာရီယာမှာ မန်ယူတွင် နာမည်ကျော်ကစားသမားများ ၀တ်ဆင်ခဲ့သည် နံပါတ် ၇ ဂျာစီကို ၀တ်ဆင်သွားမည်ဖြစ်သည်။

    မန်ယူမှာ ယခုနှစ်ပရီးမီးယားလိဂ် ၂ ပွဲကစားပြီးချိန်တွင် နိုင်ပွဲမရသေးဘဲ ၁ မှတ်သာရရှိထားပြီး ယမန်နေ့က ကစားခဲ့သော လိဂ်ဖလားပြိုင်ပွဲ ဒုတိယအဆင့်တွင်လည်း အသင်းငယ် MK Dons ကို ၄ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

  • PR စနစ်အား ကန့်ကွက်ရန် ပြည်သူများထံမှ လက်မှတ်များကောက်ခံသွားမည်

    PR စနစ်အား ကန့်ကွက်ရန် ပြည်သူများထံမှ လက်မှတ်များကောက်ခံသွားမည်

    သြဂုတ် ၂၇၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ – လမင်း
    PR
    ရန်ကုန်။       ။ PR စနစ်အား ပြည်သူများထံမှ ကန့်ကွက် လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှု တစ်ရပ်အား ပြည်သူ့ လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ယက်မှ ဦးဆောင်ကာ PR စနစ်အား ဆန့်ကျင် သွားကြမည်ဖြစ်ကြောင်းကို ယနေ့မြန်မာဂျာနယ်လစ် ကွန်ယက်ရုံးခန်းတွင် ပြုလုပ်သော
    သတင်းစာ ရှင်းလင်းပွဲအရ သိရသည်။

    အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့တွင် ပြည်သူများက ဟန့်တားနေသည့်ကြားမှ ဥပဒေတစ်ရပ် အဖြစ် ပြဌာန်းရန်ကြိုးစားနေပြီး ပြည်သူ့အသံ လွှတ်တော်အသံ ဆိုသည့်စကားရှိပြီး ပြည်သူများ၏ ဆန္ဒကို လျစ်လျူရူနေသောကြောင့် ယခုကဲ့သို့ ပြည်သူများ၏ ဆန္ဒများကိုကောက်ယူပြီး လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်းကို ပြည်သူ့ လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ယက်မှ ဦးကြည်လင်း ကရှင်းလင်းပြောကြားခဲ့ပါသည်။

    ယင်းကွန်ယက်မှဦးဆောင်ပြီး သြဂုတ်လ ၂၈ ရက်နေ့တွင် အရပ်ဖက် လူမှု့ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တက်ကြွ လှုပ်ရှားသူများ ပြည်သူများ ပါဝင်ပြီး PR စနစ်အား ဆန့်ကျင် ကန့်ကွက် လက်မှတ်ရေးထိုးပွဲ တစ်ခုကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယနေ့သြဂုတ်လ ၂၆ ရက်နေ့မှလည်းစတင်ကာ သက်ဆိုင်ရာ နယ်မြေအလိုက် မြို့နယ်အလိုက် တာဝန်ရှိသူများမှ ပြည်သူများးထံမှ လက်မှတ်ကောက်ခံနိုင်ရန် အတွက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    “ကျွန်တော်တို့အဖွဲ့အောက်ကနေ မဟုတ်ဘဲ မိမိတို့ ကိုယ်တိုင်လုပ်မယ်ဆိုရင်လည်း လက်မှတ်တွေကို ကောက်ခံလို့ရပါတယ်။ ရရှိတဲ့ လက်မှတ်တွေကို ကျွန်တော်တို့ အဖွဲ့ကိုပို့ပေးပြီး လွှတ်တော်ကို တင်ပြသွားမှာပါ။ အဓိက လွှတ်တော်မှာ ပြည်သူတွေရဲ့လက်မှတ်တွေရောက်ရှိသွားဖို့ပါပဲ”
    ပြည်သူ့ လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ယက်မှ ကိုမြတ်ကျော်က လက်မှတ်ကောက်ခံမှုနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

    ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ယက်မှ လတ်မှတ်များကို ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေးသည် စက်တင်ဘာ ၁၅ ရက် နေ့တွင်စတင်မည်ဖြစ်ပြီး ယင်းအစည်းတစ်ပတ်အလို စက်တင်ဘာလ ၁၀ ရက်နေ့နောက်ဆုံးထားပြီး တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

    PR စနစ်သည် အမျိုးသားရေး လှုပ်ရှားမှု တာဝန်တစ်ရပ်အနေနှင့် ပြည်သူလူထုမှ ဆန့်ကျင်ကန့်ကွက်ရန် အရေးတကြီးလိုအပ်နေပြီး PR စနစ်ကို ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်မည်ကို အသေအချာသိနေသော ပါတီအဖွဲ့အစည်း လူ့ပုဂ္ဂိုလ်များမှ အာဏာနှင့် ထိုင်ခုံကို လက်မလွှတ်လိုသောကြောင့် PR အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် ဂုဏ်သိက္ခာကင်းမဲ့စွာ ပုံဖော်ကြိုးစားလာကြသည်ဟု ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ယက်မှ ဆိုထားသည်။

    PR စနစ်အား ပြည်သူ့ လှုပ်ရှားမှုမြှင့်တင်ရေးကွန်ယက်မှ ဦးဆောင်ပြီး တက်ကြွလှုပ်ရှားသူများမှ သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်အား ပြုလုပ်ခဲ့ကြသည်။

  • အစ္စရေး-ပါလက်စတိုင်း ကာလရှည် အပစ်ရပ်ရေး သဘောတူညီမှုရပြီ

    အစ္စရေး-ပါလက်စတိုင်း ကာလရှည် အပစ်ရပ်ရေး သဘောတူညီမှုရပြီ

    သြဂုတ် ၂၇ ၊ ၂၀၁၄
    M-Media

    article-2734438-20D4AE4500000578-935_964x633
    အပြစ်အခတ်ရပ်ဆဲမှု သဘောတူညီချက် ရပြီးနောက် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံနေစဉ်

    – ဂါဇာဒေသ အမြဲတမ်း အပစ်ရပ်ရေးအတွက် အီဂျစ်၏ ကြားဝင်မှုဖြင့် ကိုင်ရိုတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ နောက်ဆုံး သဘော တူညီမှု ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါအပစ်ရပ်ရေးမှာ ဂစ်နစ်စံတော်ချိန် ယမန်နေ့ ညနေ ၁၆ နာရီတွင် စတင် သက်ရောက်မည်ဖြစ်ပြီး သဘောတူညီမှုတွင် ဂါဇာကမ်းမြှောင်အား အစ္စရေးမှ ပိတ်ဆို့ထားမှုကို ချက်ခြင်း ဖွင့်ပေးရန်၊  အစ္စရေး စစ်တပ်အား နဂို တပ်စွဲထားသည့်နေရာမှ မီတာ ၂၀၀ နောက်ဆုတ်ရန်၊ ကုန်သွယ်ခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန်၊ နယ်စပ်ဝင်ပေါက် ၅ ခုအား ပြောင်းလဲရန်၊ ပင်လယ်ပြင်တွင် ငါးဖမ်းမှု ကန့်သတ်ချက်ကို ၃ မိုင်မှ ၆ မိုင်ထိ တိုးပေရန်၊ အီဂျစ်ဘက်ဝင်ပေါက် ရာဖာနယ်ခြားဒေသအား ပြန်လည်ဖွင့်ပေးရန် တို့ ပါဝင်သည်။

    ဒါအပြင် ဂါဇာဒေသမှ လေဆိပ်တည်ဆောက်ေ၇းနှင့် ပင်လယ်ဆိပ်ကမ်းတည်ဆောက်ရေးတို့ကို မူအားဖြင့် သဘောတူခဲ့ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။

    ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်ကမူ အဆိုပါ အပစ်ရပ်ရေး သဘောတူညီချက်မှာ နိုင်ငံသစ်တစ်ခုတည်ဆောင်ရေးနှင့် ကျူးကျော်သိမ်းပိုက်ခံရမူ အဆုံးသတ်ရေးအတွက် အခွင့်အရေးတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အပစ်ရပ်ရေး ဆွေးနွေးမှုတွင် ပါဝင်ခဲ့ကြသည့် အီဂျစ်၊ ကာတ၊ အမေရိကန် တို့ကိုလည်း ကျေးဇူးတင်ကြောင်း ယမန်နေ့ညပိုင်းက ပြုလုပ်ခဲ့သော မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

    အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် ပါလက်စတိုင်းပြည်သူများမှာ လမ်းမများပေါ်သို့ ထွက်၍ ၎င်းတို့၏ ပျော်ရွင်မှုကို ဖော်ထုတ်ခဲ့ကြသည်။

    အစ္စရေး အာဏာပိုင်များကလည်း ၎င်းတို့အနေဖြင့် အပစ်ရပ်ရေးကို သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။

    ဟားမက်စ်တို့က ဒုံးကျည်ဖြင့် ပစ်ခတ်မှုကို လက်တုံ့ပြန်သည်ဟုဆိုကာ ဇူလိုင်လ အစောပိုင်းမှစ၍ အစ္စရေးက ဂါဇာဒေသအား ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး သီတင်းပတ် ၇ ပတ် ကြာမြင့်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုများအတွင်း ကလေးငယ် ၄၉၀ အပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၁၄၂ ဦး သေဆုံးခဲ့သည်။

    အစ္စရေးဘက်ကမူ ၆၉ ဦး သေဆုံးခဲ့ပြီး အားလုံးနီးပါးမှာ ဂါဇာကမ်းမြှောင်သို့ ကျူးကျော်တိုက်ခိုက်သည့် အစ္စရေး စစ်သားများဖြစ်သည်။

    _ref-Al Jazeera and agencies