News @ M-Media

Blog

  • Facebook အား ပိတ်ပင်ရန် သင့်/မသင့်  မလေးအစိုးရ စစ်တမ်းကောက်ယူမည်

    Facebook အား ပိတ်ပင်ရန် သင့်/မသင့် မလေးအစိုးရ စစ်တမ်းကောက်ယူမည်

    သြဂုတ် ၁၄ ၊ ၂၀၁၄
    M-Media
    bill-facebook-banned-640x241
    – ပြီးခဲ့သည့် နှစ်များအတွင်း ဆိုရှယ်မီဒီယာများကို အသုံးပြု၍ စော်ကားမှုများ မြင့်တက်လာခဲ့ပြီေးနာက် Facebook အား ပိတ်ပင်ရန်သင့် မသင့်ကို မလေးရှားအစိုးရမှ လေ့လာ ဆန်းစစ်သွားမည်ဟု သိရသည်။

    Facebook ကဲ့သို့ ဆိုရှယ်မီဒီယာများကို အသုံးပြု၍ မလေးရှားလူ့အဖွဲ့အစည်း အတွင်း စော်ကားမှုများ ရှိနေပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားထားသော အမှုမှာ ၂၀၀၀ ကျော်ရှိလာခြင်းကြောင့် ထိုပြဿနာအား ကိုင်တွယ်ရန် အစိုးရက ထိုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။

    သို့သော်လည်း မလေးရှား ဆက်သွယ်ရေးနှင့် မီဒီယာ ၀န်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ အမြင်များကို စစ်တမ်းကောက်ယူသွားမည်ဖြစ်ပြီး ပြည်သူများက သဘောတူက Facebook အား ပိတ်ပင်ရန် ဆောင်ရွက်သွားမည်ဟု ၀န်ကြီး အဟ်မဒ်က သတင်းထောက်များအား သြဂုတ်လ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

    Facebook သုံးစွဲသူ ၁၅ သန်းကျော်ရှိသည့် မလေးရှားတွင် တိုင်ကြားမှု ၂၀၀၀ ကြောင့် ပိတ်ပင်ခြင်းမှာ မဖြစ်နိုင်ကြောင်း၊ Facebook ကို အသုံးပြုကြသော စီးပွားရေး လုပ်ငန်းရှင်များနှင့် သာမန်မိသားစုများမှာ နိုင်ငံရေးနှင့် ပတ်သက်မှုမရှိကြောင်း၊ ထို့ကြောင့် Facebook ပိတ်ပင်ရန် ဆောင်ရွက်ခြင်းအား ဆန်းစစ်ရန် လိုအပ်ကြောင်း အဟ်မဒ်က ထပ်လောင်းပြောကြားခဲ့သည်။

    မတော်တဆမှုကြောင့် သွေးထွက်သံယိုဖြစ်ပွားခဲ့သည့် ဓာတ်ပုံအား မလေးရှား ဘုရင်ဖြစ်သူ အဘ်ဒူလ် ဟာလင်မ် မူအဒ်ဇမ်ရှား၏ မျက်နှာဖြင့် ဖြတ်ဆက်၍ Facebook ပေါ်တွင် လွှင်တင်ခဲ့သည့် ဖြစ်ရပ်တစ်ခု မကြာသေးမီက ဖြစ်ပွားခဲ့ပြီးနောက် Facebook အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ ဝေဖန်မှုများ ပေါ်ထွက်လာပြီး ဆက်သွယ်ရေးနှင့် မီဒီယာကော်မရှင်ကလည်း ဘုရင်မင်းမြတ်အား စော်ကားခဲ့သူကို စုံစမ်းရှာဖွေနေသည်။

    မလေးရှားနိုင်ငံ ၀န်ကြီးချုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့် မဟာသီယာ မုဟမ္မဒ် ကလည်း အစိုးရအနေဖြင့် အင်တာနက်အသုံးပြုမှုကို ကန့်သတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။

    Bernama

  • လူငယ်ရုပ်ရှင်ပွဲတော်တွင် လူငယ်များရဲ့ နှလုံးခုန်သံများကို ကြားခဲ့ရဟု ဦးဇာဂနာပြော

    လူငယ်ရုပ်ရှင်ပွဲတော်တွင် လူငယ်များရဲ့ နှလုံးခုန်သံများကို ကြားခဲ့ရဟု ဦးဇာဂနာပြော

    သြဂုတ် ၁၃၊ ၂၀၁၄
    M-Media
    လမင်း
    df2c9635a2f3da185116446b869748d7e719acb910cae26541b348a1018cee18
    ရန်ကုန်  ။      ။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော မြန်မာ့လူငယ်ရုပ်ရှင်ပွဲတော်တွင် ယနေ့ခေတ် လူငယ်များ၏ နှလုံးခုန်သံကို ကြားသိခဲ့ရသည်ဟု ရန်ကုန်မြို့ Sky Star Hotel တွင် ကျင်းပပြုလုပ်သော မြန်မာလူငယ်ရုပ်ရှင်ပွဲတော် ဆုချီးမြှင့်ပွဲနှင့် နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားတွင် ဦးဇာဂနာက ယင်းကဲ့သို့ ပြောကြားခဲ့သည်။

    နိုင်ငံတစ်နိုင်ငံမှာ သြဇာအရှိဆုံးက ရုပ်ရှင်ဖြစ်ပြီး သြဇာအရှိဆုံးဖြစ်တဲ့ ရုပ်ရှင်ကို အသုံးမချတတ်ရင်တော့ တိုင်းပြည် ညံ့ဖျင်းရာရောက်သွားပါပြီး အဲ့လို အသုံးမချတတ်တဲ့ အစိုးရတွေနဲ့လည်း မတွေ့ပါရစေနဲ့ ဟု ဆက်လက်ပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ ငယ်ငယ်တုန်းက မရခဲ့တဲ့အခွင့်အရေးတွေ လုပ်ချင်ရက်နဲ့ မလုပ်ရတဲ့အရာတွေကို သူတို့ရသွားပါပြီ သူတို့လုပ်နေပါပြီ ။ လူကြီးတွေဟာ သူတို့နေရာကို လူငယ်တွေအတွက် ဖယ်ပေးရတော့မှာဖြစ်ပါတယ်။

    လူငယ်တွေကို လက်တွဲလို့ရရင်တွဲခေါ်ပါ။ တွဲလို့ မရရင် တွဲတင်ပေးပါ ” ဟု နိုင်ငံတကာလူငယ်များနေ့နှင့် ပတ်သက်ပြီး ဦးဇာဂနာမှ ပြောဆိုခဲ့သည်။သြဂုတ်လ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ရန်ကုန်မြို့Junction Square တွင်ပြသခဲ့သော ပထမဆုံးအကြိမ် လူငယ်ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သော ဇာတ်ကားများကို အကဲဖြတ်ဒိုင်များမှ ဆုံးဖြတ်ခဲ့ကြပြီး အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို Violenz Against Violence မှလည်းကောင်း၊ အကောင်းဆုံးဇာတ်လမ်းတိုဆုကို Chicken Carry မှလည်းကောင်း၊ အကောင်းဆုံးအထူးပြုလုပ်ချက်ဆုကို Save the World မှလည်းကောင်း၊ ပရိတ်သတ်မဲပေးမှုအများဆုံးဆုကို ပန်းလှိုင် ဇာတ်ကားမှ လည်းကောင်း အသီးသီးရရှိခဲ့ပါသည်။

    “မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးအနေနဲ့ လူငယ်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ အဆုံးရှုံးစေရန်အတွက် ဆောင်ရွက်နေပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မထိရောက်နိုင်သေးပေမဲ့ အကောင်းဆုံးကြိုးစားလုပ်ဆောင်နေပါတယ်။ ကျွန်တော်ခံယူထားတာကတော့ လူငယ်တွေရဲ့အနာဂတ်ကို လစ်လျူရှုတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ရေသောက်မြစ်ကို ဖျက်ဆီးတာနဲ့အတူတူပါပဲ” ဟု မြန်မာနိုင်ငံအစည်းအရုံး ဥက္ကဌ ကိုဇွဲရန်နိုင်က ပြောဆိုခဲ့သည်။

    မြန်မာနိုင်ငံလူငယ်အစည်းအရုံးကို ၂၀၁၁ ဒီဇင်ဘာလက စတင်ဖွဲ့စည်းခဲ့ပြီး မည်သည့်ပါတီ မည်သည့်အဖွဲ့အစည်း၏ လက်အောက်ခံမှ မဟုတ်ဘဲ အသက် ၁၆ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ လူငယ်များ၏ အသံများကိုလည်း ပြည်သူ့လွှတ်တော်သို့ ရောက်ရှိအောင် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

    သြဂုတ်လ ၁၂ ရက်နေ့ကို နိုင်ငံတကာ လူငယ်များနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂမှ ၁၉၉၉ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် အခမ်းအနားများ စတင်ကျင်းပခဲ့သည်။

  • ဂါဇာမှာ နောက်ထပ် ၅ ရက် အပစ်ရပ်ဖို့ အစ္စရေးနှင့် ပါလက်စတိုင်းတို့ သဘောတူ

    ဂါဇာမှာ နောက်ထပ် ၅ ရက် အပစ်ရပ်ဖို့ အစ္စရေးနှင့် ပါလက်စတိုင်းတို့ သဘောတူ

    သြဂုတ် ၁၄ ၊ ၂၀၁၄
    M-Media

    2014813213251156734_20
    ဒုတိယအကြိမ် ၃ ရက်တာ အပစ်ရပ်စဲရေး မကုန်ဆုံးခင် ဂါဇာမှာ နောက်ထပ် ၅ ရက်တာ အပစ်ခတ်ရပ်စဲဖို့ အစ္စရေးနဲ့ ဟားမက်စ်တို့ သဘောတူလိုက်ကြကြောင်း သိရပါတယ်။

    အစ္စရေးနဲ့ ပါလက်စတိုင်း စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ တွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပါတယ်။

    ပါလက်စတိုင်းပိုင်နက်အားလုံးကို ဖွင့်ပေးရန်နှင့် မတရားဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသားများအား ပြန်လည် လွှတ်ပေးရန် ပါလက်စတိုင်းတို့က တောင်းဆိုထားပြီး အစ္စရေးမှ အဆိုပါအချက်များကို လိုက်လျောမည့် ပုံစံမပြဘဲ ဂါဇာဒေသတွင် လက်နက်ကိုင် ကင်းမဲ့ဇုန်ဖြစ်ရေးကိုသာ အလိုရှိနေတာဖြစ်ပါတယ်။

    ဇူလိုင် ၈ ရက်နေ့က စတင်တဲ့ခဲ့တဲ့ အစ္စရေးရဲ့ ကျူးကျော်မှုကြောင့် ဂါဇာဒေသမှ ပါလက်စတိုင်းပြည်သူ ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှ အရပ်သားမိန်းကလေးနှင့် ကလေးငယ်များဖြစ်ကြပါတယ်။ အစ္စရေးဘက်မှ ၆၇ ဦး သေဆုံးပြီး ၆၄ ဦးက စစ်သားတွေဖြစ်ပါတယ်။

  • ဂါဇာအမြဲတမ်း အပစ်ရပ်ရေး သဘောတူညီနိုင်ဖွယ်မရှိ

    ဂါဇာအမြဲတမ်း အပစ်ရပ်ရေး သဘောတူညီနိုင်ဖွယ်မရှိ

    သြဂုတ် ၁၃ ၊ ၂၀၁၄
    M-Media

    Israel-Hamas talks tackle Gaza blockade

    – ကိုင်ရိုမြို့တွင် ပြုလုပ်နေသည့် အစ္စရေးနှင့် ဟားမက်စ်တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဂါဇာအား အစ္စရေးမှ ပိတ်ဆို့ထားမှုကို ဖွင့်ပေးရန် အသေးစိတ် ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဟု သိရသည်။

    ဂါဇာနှင့်တကွ ပိတ်ဆို့ခံထားရသည့် ပါလက်စတိုင်းပိုင်နက်အားလုံးကို ဖွင့်ပေးရန်နှင့် မတရားဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသားများအား ပြန်လည် လွှတ်ပေးရန် ပါလက်စတိုင်းတို့ဘက်က တောင်းဆိုထားသည်။

    အစ္စရေးကမူ ထိုတောင်းဆိုချက်များကို လိုက်လျောမည့် ပုံစံမျိုးမပြဘဲ ဂါဇာဒေသတွင် လက်နက်ကိုင် ကင်းမဲ့ဇုန်ဖြစ်ရေးကိုသာ လိုချင်သည်ဟု ပြောကြားထားသည်။

    အင်္ဂါနေ့က စတင်ခဲ့သည့် ၇၂ နာရီကြာ အပစ်ရပ်ရေးမှာ မနက်ဖြန်တွင် ပြည့်မည်ဖြစ်ပြီး အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက်ရရန် အလှမ်း ကွာဝေးနေခြင်းကြောင့် ဂါဇာဒေသတွင် အစ္စရေး၏ ပစ်ခတ်မှုများ ပြန်လည် မြင်တွေ့ရဖွယ်ရှိနေသည်။

    ဟားမက်စ်တို့၏ ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်သည်ဟုဆိုကာ ဇူလိုင် ၈ ရက်နေ့မှစ၍ ဂါဇာအား အစ္စရေးတို့က ကျူးကျော်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း ပါလက်စတိုင်းပြည်သူ ၂၀၀၀ ကျော် သေဆုံးခဲ့သည်။ ဂါဇာဒေသအတွင်း မြေပြင်တပ်များ ၀င်ရောက်ကျူးကျော်တိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သား ၆၀ ကျော် သေဆုံးခဲ့သည်။

    Agencies

  • မက်ဆီ၏ ဥရောပသွင်းဂိုး ရော်နယ်ဒို ဖြတ်ကျော်၊ ရာအူးလ်အား ကျော်ဖြတ်ရန် ၆ ဂိုးသာ လိုတော့

    မက်ဆီ၏ ဥရောပသွင်းဂိုး ရော်နယ်ဒို ဖြတ်ကျော်၊ ရာအူးလ်အား ကျော်ဖြတ်ရန် ၆ ဂိုးသာ လိုတော့

    သြဂုတ် ၁၃ ၊ ၂၀၁၄
    M-Media
    444334_heroa
    – ဆီးဗီးလာအသင်းအား အနိုင်ရဗိုလ်စွဲခဲ့သော စူပါဖလားပြိုင်ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့သည့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ဘာစီလိုနာအသင်းမှ ပြိုက်ဘက် မက်ဆီ၏ ဥရောပပြိုင်ပွဲ ဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

    ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်နှင့် ယူရိုပါလိဂ်ချန်ပီယံ ဆီးဗီးလားတို့ ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒို၏ ခြေစွမ်းပြမှုနှင့် အတူ ရီးယဲလ်က ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

    ၂ ဂိုး စလုံးကို ရော်နယ်ဒိုက သွင်းယူပေးခဲ့ပြီး ဥရောပပြိုင်ပွဲ စုစုပေါင်းသွင်းဂိုးမှာ ၇၀ ရှိလာပြီဖြစ်ကာ မက်ဆီ၏ ဂိုးအရေအတွက်ထက် ၂ ဂိုး သာလွန်ခဲ့သည်။ ထို့ကြောင့်ဥရောပပြိုင်ပွဲ ဂိုးအမျာဆုံးသွင်းသူများ စာရင်းတွင် အေစီမီလန်တိုက်စစ်မှူးဟောင်း အင်ဇာဂီနှင့်အတူ ဒုတိယနေရာတွင်ရှိနေကာ ထိပ်ဆုံးမှ ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်ကို မှီရန် ၆ ဂိုးသာ လိုတော့သည်။

    ထိုပွဲတွင် အသစ်ခေါ်ယူထားသည့် တိုက်စစ်မှူးများဖြစ်သော ဂျိမ်းစ်ရော်ဒရီဂက်ဇ်နှင့် တိုနီကရုစ်တို့လည်း ပါဝင်ကစားခဲ့ပြီး ကရုစ်၏ ကစားပုံနှင့် ပတ်သက်၍ နည်ပြအန်ဆယ်လော့တီက ချီးကျူးခဲ့သည်။