သြဂုတ် ၁၉၊၂၀၁၄
M-Media
– ဂါဇာဒေသ အမြဲတမ်းအပစ်ရပ်ရေး ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်နိုင်ရန်အတွက် ၂၄ နာရီကြာ အပစ်ရပ်ရေး သက်တမ်းတိုးမှုကို အစ္စရေးနှင့် ဟားမက်စ်တို့က ယမန်နေ့တွင် သဘောတူညီခဲ့ကြသည်ဟု သိရသည်။
ဒုတိယအကြိမ် ငါးရက်တာအပစ်ရပ်ရေးမှာ ယမန်နေ့တွင် နှောင်းပိုင်းတွင် ပြည့်ခဲ့ပြီး ထိုအပစ်ရပ်ရေးအတွင်း ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ကွာဟမှုများ ရှိနေသောကြောင့် ယခုကဲ့သို့ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။
ကိုင်ရိုတွင် ဆွေးနွေးမှုများပြုလုပ်နေသည့် ပါလက်စတိုင်း တာဝန်ရှိသူတစ်ဦးကမူ ထိုကဲ့သို့ သက်တမ်းတိုးနိုင်ခဲ့ခြင်းမှာ ဆွေးနွေးညှိနှိုင်းမှုများကို အဆုံးသတ်ရန် အတွက် နှစ်ဘက်စလုံးအား အချိန် ရရှိစေခဲ့သည်ဟု ပြောကြားခဲ့သည်။
ဂါဇာရှိ ပါလက်စတိုင်းအကြီုးတန်းအရာရှိကမူ အခြခံကုန်ပစ္စည်းများ စီးဆင်းရန် အတွက် ဂါဇာနယ်ခြားအား ဖွင့်ပေးရန်နှင့် မြေထဲပင်လယ်ရှိ ရေပိုင်နက်အသုံးချခွင့် တိုးမြှင့်ပေးရေး အချက်နှစ်ချက် အတွက် ထပ်မံဆွေးနွေးရန်မှ လွဲ၍ အားလုံးနီးပါး သဘောတူညီချက်ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဟားမက်စ်က တောင်းဆိုထားသည့် ဆိပ်ကမ်း ဖွင့်ပေးရေးနှင့် လေယာဉ်ကွင်း တည်ဆောက်ခွင့်ပေးရေးတို့ကိုမူ အစ္စရေးက နောက်တစ်ဆင့်တွင်မှ ထပ်မံဆွေးနွေးမည်ဟု ပြောကြားထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Al Jazeera and agencies
Leave a Reply
You must be logged in to post a comment.